တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Asian Fame Media ၏ ပေါ်ပြူလာနယူးစ်ဂျာနယ်မှ မေးမြန်းမှုများအား Video Teleconference မှတစ်ဆင့် လက်ခံတွေ့ဆုံဖြေကြားမှုများအပိုင်း(၇)

နေပြည်တော်၊ နိုဝင်ဘာ-၄

မေး။    ကျွန်မတို့ရဲ့ဖြစ်နေတဲ့နိုင်ငံရေးဟာ Geopolitic အရရော၊ ပြည်ပက စွက်ဖက်မှုအရရော ကိုယ့်နိုင်ငံသားအချင်းချင်း မသင့်မမြတ် ဖြစ်နေကြတာတွေကိုရော ဗိုလ်ချုပ်မှူးကြီး ဘယ်လိုများ ပြောချင်ပါသလဲရှင်။

ဖြေ။     ညီညွတ်စေချင်တာပေါ့ဗျာ။ မြဝတီသတင်းစာမှာ စာရေးဆရာ ကျော်အောင်ရေးတဲ့ အရေးကြီးပြီ သွေးစည်းကြစို့ဆိုတဲ့ အခန်းဆက်ဝတ္ထုကိုထည့်ထားတယ်။ အမျိုးသားစာပေဆုရခဲ့တဲ့ဝတ္ထုဖြစ်တယ်။ တကယ်ရည်ရွယ်ချက်ရှိရှိထည့်တာပါ။ ကျွန်တော်တို့အားလုံး ညီညီညွတ်ညွတ်ဖြစ်စေချင်လို့ အဲ့ဝတ္ထုကိုအခန်းဆက်ဝတ္ထုအနေနဲ့ မြဝတီသတင်းစာမှာ ကျွန်တော်ထည့်ထားတာပါ။ ဒီဝတ္ထုကို ကျွန်တော်ရွေးပေးလိုက်တာဖြစ်တယ်။ ကျွန်တော်တို့အားလုံး၊ တိုင်းရင်းသားအားလုံး ညီညွတ်ဖို့လိုပါတယ်။ ခေါင်းစဉ်မှာတော့ အရေးကြီးပြီသွေးစည်းကြစို့ဆိုပေမယ့်လည်း တကယ်တော့ အရေးကြီးကြီး၊ မကြီးကြီး ကျွန်တော်တို့တိုင်းရင်းသားအားလုံး သွေးစည်းညီညွတ်ဖို့လိုအပ်တယ်။ ကျွန်တော်တို့က နိုင်ငံကြီးနှစ်နိုင်ငံကြားထဲမှာ ကြားညပ်နေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ကျွန်တော်တို့အပေါ်မှာ စိတ်ဝင်စားတဲ့နိုင်ငံတွေများစွာရှိတယ်။ ဒါငြင်းလို့မရဘူး။ သမိုင်းဖြစ်ရပ်တွေကတွေ့ရမယ်။ လက်ရှိနိုင်ငံတကာ ဖြစ်စဉ်များကတွေ့ရလိမ့်မယ်။ အဲ့ဒီတော့ ဒီလိုမျိုးနေရာမှာကျွန်တော်တို့ မညီညွတ်လို့ရှိရင် ကျွန်တော်တို့တိုင်းပြည် ဘယ်အားရှိနိုင်မလဲ။ တိုင်းပြည်ရဲ့အားက ပြည်တွင်းမှာပဲရှိတယ်။ ပြည်ပကအားမရှိဘူး။ ကျွန်တော်တို့ တိုင်းပြည်အင်အားသည် ပြည်တွင်းမှာပဲရှိတယ်။ ပြည်သူလူထုရဲ့အင်အားပဲရှိတယ်။ ပြည်သူလူထုရဲ့ စည်းလုံးညီညွတ်တဲ့ အင်အားပဲရှိတယ်။ ဒီအင်အားကို ခိုင်ခိုင်မာမာတည်ဆောက်ထားနိုင်မှသာ တိုင်းပြည်ရဲ့မျှော်မှန်းထားတဲ့ဒီမိုကရေစီနိုင်ငံတစ်ခုအနေနဲ့ ခိုင်ခိုင်မာမာရှိနေလိမ့်မယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ဒီအပေါ်မှာ အငြင်းပွားနေရင်တော့ ကျွန်တော်တို့ ဘယ်လိုနည်းနဲ့မှ ခိုင်ခိုင်မာမာဖြစ်နိုင်တဲ့ ဒီမိုကရေစီကို ရောက်နိုင်မှာမဟုတ်ဘူးလို့ ကျွန်တော်ပြောချင်ပါတယ်။

မေး။    နောက်တခုအနေနဲ့ အခုနက ဗိုလ်ချုပ်မှူးကြီး ပြောသွားခဲ့သလို လူမှုကွန်ရက်တွေပေါ်မှာ ဆိုးဆိုးရွားရွားပြောဆိုနေကြတာတွေ၊ Hate Speech တွေလည်း ပါကောင်းပါနိုင်ပါတယ်။ တချို့တွေက အဖွဲ့အစည်းအယောင်ဆောင်ပြီး ကိုယ်စားပြုပြောနေတာတွေရှိသလို၊ တချို့ကလည်း ရိုးရိုးသားသားပြောနေတာတွေလည်း ရှိကောင်းရှိနိုင်ပါတယ်၊ Social Media ပေါ်မှာ ကြည့်လိုက်ရင် လူတွေက Postive Attitude နည်းနေတဲ့ပုံစံမျိုးဖြစ်လာတာကို တွေ့လာရပါတယ်။ ကျွန်မတို့တိုင်းပြည်အနေနဲ့ ယဉ်ကျေးမှုအဆင့်အတန်းအရ စိတ်ဓာတ်အဆင့်အတန်းအရ အဲ့လောက်နိမ့်ကျနေတာမဟုတ်ဘဲ ဘာဖြစ်လို့ Online တွေပေါ်မှာ Negative ဆန်တဲ့ပုံစံတွေကို ဘယ်လိုမျိုးလုပ်လို့ရနိုင်မလဲ၊ ဒါတွေကရော ဘာကြောင့်ဖြစ်လာရတာလည်း ဆိုတာကို ဗိုလ်ချုပ်မှူးကြီးအနေနဲ့ပြောပြပေးပါရှင်။

ဖြေ။     ဒါကတော့ လူအများစုတော့ မဟုတ်ဘူးဗျ။ အနည်းစုလို့ ကျွန်တော်ကတော့ ယူဆတယ်။ လူနည်းစုကနေတင်နေကြတာ။ တင်ခွင့်ရတဲ့လူတွေကနေတင်နေကြတာ။ တင်ခွင့်မရတဲ့ လူကတော့တင်မှာမဟုတ်ဘူး။ ဒီလိုလေးရှိတာပေါ့ နောက်တစ်စုကတော့ ယဉ်ကျေးမှုဆိုတာ ဘာသာရေးကအခြေခံပြီးလာတာ။ ကျွန်တော့်အမြင်အရပြောရရင် ဗုဒ္ဓယဉ်ကျေးမှုဆိုတာနဲ့ ဗုဒ္ဓဘာသာ၊ မြန်မာ့ယဉ်ကျေးမှုကလည်း ဗုဒ္ဓဘာသာကိုမူတည်ပြီး ဖြစ်လာတဲ့ယဉ်ကျေးမှုဖြစ်တယ်။ ဒီလိုပဲ ခရစ်ယာန်ဘာသာကိုးကွယ်တဲ့ နိုင်ငံတွေမှာဆိုလည်း သူတို့ရဲ့ ယဉ်ကျေးမှုတွေရှိမယ်။ အစ္စလာမ်ဘာသာကိုးကွယ်တဲ့ နိုင်ငံတွေမှာဆိုရင်လည်း သူတို့ယဉ်ကျေးမှုတွေရှိမယ်။ သူတို့ကိုးကွယ်တဲ့ဘာသာကို အခြေခံတဲ့ယဉ်ကျေးမှုတွေရှိတယ်။ ကျွန်တော်တို့လည်း ယဉ်ကျေးမှုဆိုတာ သိပ်ပြီးအရေးကြီးတာဖြစ်တယ်။ စောစောကပြောတဲ့ Hate Speech တို့ဆိုတာကလည်း လုပ်လို့ရတဲ့လူအနည်းစုကလုပ်နေကြတာ။ ဒါတွေကို ထိန်းသိမ်း၊ ထိန်းကျောင်းပေးဖို့လိုတာပေါ့။ လုပ်တာကတော့လူအနည်းစုပဲ ဒါပေမဲ့မြင်တဲ့အခါကြတော့ ကြည့်တဲ့လူအများစုကမြင်တာ။ အဲ့တော့ခံစားရတာက လူအများစုက ခံစားရတာ။ လုပ်တာကလူနည်းစုကလုပ်တာ။ ဒီလူအနည်းစုကိုဖော်ထုတ်ပြီး ထိန်းသိမ်းပေးဖို့လိုတယ်။ အဲ့လိုမထိန်းနိုင်သမျှကာလပတ်လုံးကတော့ ဒီပြဿနာတွေရှိနေဦးမှာပဲ။ ကျွန်တော်တို့ကို ဘာလို့မထိန်းလဲလို့မေးစရာရှိတယ်။ သိတာပဲ၊ မြင်နေရတာပဲ၊ လုပ်ဖို့လိုတာပေါ့။ အဲဒီလိုမလုပ်တဲ့အတွက်ကြောင့် အခုရွေးကောက်ပွဲကိုပဲကြည့် သက်ရောက်မှုတွေ အများကြီးဖြစ်လာတယ်။ သတင်းတွေဖတ်ကြည့်ရင် တွေ့ပါလိမ့်မယ်။ ကျွန်တော်လည်းအမြဲတမ်းကြည့် တာတော့မဟုတ်ဘူး။ ကိုယ့်အလုပ်တာဝန်နဲ့ တခြားဟာတွေရှိသေးတယ်။ တချို့ Report တွေကို တခါတလေကျတော့ ဖတ်ကြည့်တာရှိတယ်။ တခါတလေအကြောင်းကိစ္စရှိလို့ ဖွင့်ဖတ်ကြည့်လိုက်ရင် တက်လာတာတွေကိုတွေ့နေရတာတွေရှိတယ်။ တခါတလေကျတော့ ခေါင်းစဉ်ဖတ်ကြည့်လိုက်တာနဲ့ကို တော်တော်စိတ်ပျက်သွားရတာတွေရှိတယ်။ ဖတ်ချင်စိတ်ကိုကုန်သွားတယ်။ တစ်ကယ်တမ်းကတော့ ကောင်းတဲ့ဖက်ကိုသွားမယ်ဆိုရင် အင်မတန်ကို အကျိုးပြုတဲ့လုပ်ငန်းတစ်ခုပါ။ အခုက တစ်လွဲဖြစ်နေတာတွေကို ဝမ်းနည်းဖွယ်ရာတွေ့ရတယ်။ ဒီလိုတော့မဖြစ်စေချင်ဘူး။ လူအနည်းစုကလုပ်တဲ့ဟာကို လူအများစုက ခံစားနေရတာဖြစ်တယ်။ ဒါတွေကို ထိန်းဖို့တော့လိုတယ်။ ဒါကို ဘယ်သူထိန်းမလည်း။ ထိန်းနိုင်တဲ့လူထိန်းပါ။ မဟုတ်ဘူးလား။

(ZawGyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ Asian Fame Media ၏ ေပၚျပဴလာနယူးစ္ဂ်ာနယ္မွ ေမးျမန္းမႈမ်ားအား Video Teleconference မွတစ္ဆင့္ လက္ခံေတြ႕ဆုံေျဖၾကားမႈမ်ားအပိုင္း(၇)

ေနျပည္ေတာ္၊ ႏိုဝင္ဘာ-၄

ေမး။   ကြၽန္မတို႔ရဲ႕ျဖစ္ေနတဲ့ႏိုင္ငံေရးဟာ Geopolitic အရေရာ၊ ျပည္ပက စြက္ဖက္မႈအရေရာ ကိုယ့္ႏိုင္ငံသားအခ်င္းခ်င္း မသင့္မျမတ္ ျဖစ္ေနၾကတာေတြကိုေရာ ဗိုလ္ခ်ဳပ္မႉးႀကီး ဘယ္လိုမ်ား ေျပာခ်င္ပါသလဲရွင္။

ေျဖ။   ညီၫြတ္ေစခ်င္တာေပါ့ဗ်ာ။ ျမဝတီသတင္းစာမွာ စာေရးဆရာ ေက်ာ္ေအာင္ေရးတဲ့ အေရးႀကီးၿပီ ေသြးစည္းၾကစို႔ဆိုတဲ့ အခန္းဆက္ဝတၳဳကိုထည့္ထားတယ္။ အမ်ိဳးသားစာေပဆုရခဲ့တဲ့ဝတၳဳျဖစ္တယ္။ တကယ္ရည္႐ြယ္ခ်က္ရွိရွိထည့္တာပါ။ ကြၽန္ေတာ္တို႔အားလုံး ညီညီၫြတ္ၫြတ္ျဖစ္ေစခ်င္လို႔ အဲ့ဝတၳဳကိုအခန္းဆက္ဝတၳဳအေနနဲ႔ ျမဝတီသတင္းစာမွာ ကြၽန္ေတာ္ထည့္ထားတာပါ။ ဒီဝတၳဳကို ကြၽန္ေတာ္ေ႐ြးေပးလိုက္တာျဖစ္တယ္။ ကြၽန္ေတာ္တို႔အားလုံး၊ တိုင္းရင္းသားအားလုံး ညီၫြတ္ဖို႔လိုပါတယ္။ ေခါင္းစဥ္မွာေတာ့ အေရးႀကီးၿပီေသြးစည္းၾကစို႔ဆိုေပမယ့္လည္း တကယ္ေတာ့ အေရးႀကီးႀကီး၊ မႀကီးႀကီး ကြၽန္ေတာ္တို႔တိုင္းရင္းသားအားလုံး ေသြးစည္းညီၫြတ္ဖို႔လိုအပ္တယ္။ ကြၽန္ေတာ္တို႔က ႏိုင္ငံႀကီးႏွစ္ႏိုင္ငံၾကားထဲမွာ ၾကားညပ္ေနတဲ့ ႏိုင္ငံတစ္ႏိုင္ငံျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔အေပၚမွာ စိတ္ဝင္စားတဲ့ႏိုင္ငံေတြမ်ားစြာရွိတယ္။ ဒါျငင္းလို႔မရဘူး။ သမိုင္းျဖစ္ရပ္ေတြကေတြ႕ရမယ္။ လက္ရွိႏိုင္ငံတကာ ျဖစ္စဥ္မ်ားကေတြ႕ရလိမ့္မယ္။ အဲ့ဒီေတာ့ ဒီလိုမ်ိဳးေနရာမွာကြၽန္ေတာ္တို႔ မညီၫြတ္လို႔ရွိရင္ ကြၽန္ေတာ္တို႔တိုင္းျပည္ ဘယ္အားရွိႏိုင္မလဲ။ တိုင္းျပည္ရဲ႕အားက ျပည္တြင္းမွာပဲရွိတယ္။ ျပည္ပကအားမရွိဘူး။ ကြၽန္ေတာ္တို႔ တိုင္းျပည္အင္အားသည္ ျပည္တြင္းမွာပဲရွိတယ္။ ျပည္သူလူထုရဲ႕အင္အားပဲရွိတယ္။ ျပည္သူလူထုရဲ႕ စည္းလုံးညီၫြတ္တဲ့ အင္အားပဲရွိတယ္။ ဒီအင္အားကို ခိုင္ခိုင္မာမာတည္ေဆာက္ထားႏိုင္မွသာ တိုင္းျပည္ရဲ႕ေမွ်ာ္မွန္းထားတဲ့ဒီမိုကေရစီႏိုင္ငံတစ္ခုအေနနဲ႔ ခိုင္ခိုင္မာမာရွိေနလိမ့္မယ္။ ဒါ့ေၾကာင့္ ကြၽန္ေတာ္တို႔ ဒီအေပၚမွာ အျငင္းပြားေနရင္ေတာ့ ကြၽန္ေတာ္တို႔ ဘယ္လိုနည္းနဲ႔မွ ခိုင္ခိုင္မာမာျဖစ္ႏိုင္တဲ့ ဒီမိုကေရစီကို ေရာက္ႏိုင္မွာမဟုတ္ဘူးလို႔ ကြၽန္ေတာ္ေျပာခ်င္ပါတယ္။

ေမး။   ေနာက္တခုအေနနဲ႔ အခုနက ဗိုလ္ခ်ဳပ္မႉးႀကီး ေျပာသြားခဲ့သလို လူမႈကြန္ရက္ေတြေပၚမွာ ဆိုးဆိုး႐ြား႐ြားေျပာဆိုေနၾကတာေတြ၊ Hate Speech ေတြလည္း ပါေကာင္းပါႏိုင္ပါတယ္။ တခ်ိဳ႕ေတြက အဖြဲ႕အစည္းအေယာင္ေဆာင္ၿပီး ကိုယ္စားျပဳေျပာေနတာေတြရွိသလို၊ တခ်ိဳ႕ကလည္း ႐ိုး႐ိုးသားသားေျပာေနတာေတြလည္း ရွိေကာင္းရွိႏိုင္ပါတယ္၊ Social Media ေပၚမွာ ၾကည့္လိုက္ရင္ လူေတြက Postive Attitude နည္းေနတဲ့ပုံစံမ်ိဳးျဖစ္လာတာကို ေတြ႕လာရပါတယ္။ ကြၽန္မတို႔တိုင္းျပည္အေနနဲ႔ ယဥ္ေက်းမႈအဆင့္အတန္းအရ စိတ္ဓာတ္အဆင့္အတန္းအရ အဲ့ေလာက္နိမ့္က်ေနတာမဟုတ္ဘဲ ဘာျဖစ္လို႔ Online ေတြေပၚမွာ Negative ဆန္တဲ့ပုံစံေတြကို ဘယ္လိုမ်ိဳးလုပ္လို႔ရႏိုင္မလဲ၊ ဒါေတြကေရာ ဘာေၾကာင့္ျဖစ္လာရတာလည္း ဆိုတာကို ဗိုလ္ခ်ဳပ္မႉးႀကီးအေနနဲ႔ေျပာျပေပးပါရွင္။

ေျဖ။   ဒါကေတာ့ လူအမ်ားစုေတာ့ မဟုတ္ဘူးဗ်။ အနည္းစုလို႔ ကြၽန္ေတာ္ကေတာ့ ယူဆတယ္။ လူနည္းစုကေနတင္ေနၾကတာ။ တင္ခြင့္ရတဲ့လူေတြကေနတင္ေနၾကတာ။ တင္ခြင့္မရတဲ့ လူကေတာ့တင္မွာမဟုတ္ဘူး။ ဒီလိုေလးရွိတာေပါ့ ေနာက္တစ္စုကေတာ့ ယဥ္ေက်းမႈဆိုတာ ဘာသာေရးကအေျခခံၿပီးလာတာ။ ကြၽန္ေတာ့္အျမင္အရေျပာရရင္ ဗုဒၶယဥ္ေက်းမႈဆိုတာနဲ႔ ဗုဒၶဘာသာ၊ ျမန္မာ့ယဥ္ေက်းမႈကလည္း ဗုဒၶဘာသာကိုမူတည္ၿပီး ျဖစ္လာတဲ့ယဥ္ေက်းမႈျဖစ္တယ္။ ဒီလိုပဲ ခရစ္ယာန္ဘာသာကိုးကြယ္တဲ့ ႏိုင္ငံေတြမွာဆိုလည္း သူတို႔ရဲ႕ ယဥ္ေက်းမႈေတြရွိမယ္။ အစၥလာမ္ဘာသာကိုးကြယ္တဲ့ ႏိုင္ငံေတြမွာဆိုရင္လည္း သူတို႔ယဥ္ေက်းမႈေတြရွိမယ္။ သူတို႔ကိုးကြယ္တဲ့ဘာသာကို အေျခခံတဲ့ယဥ္ေက်းမႈေတြရွိတယ္။ ကြၽန္ေတာ္တို႔လည္း ယဥ္ေက်းမႈဆိုတာ သိပ္ၿပီးအေရးႀကီးတာျဖစ္တယ္။ ေစာေစာကေျပာတဲ့ Hate Speech တို႔ဆိုတာကလည္း လုပ္လို႔ရတဲ့လူအနည္းစုကလုပ္ေနၾကတာ။ ဒါေတြကို ထိန္းသိမ္း၊ ထိန္းေက်ာင္းေပးဖို႔လိုတာေပါ့။ လုပ္တာကေတာ့လူအနည္းစုပဲ ဒါေပမဲ့ျမင္တဲ့အခါၾကေတာ့ ၾကည့္တဲ့လူအမ်ားစုကျမင္တာ။ အဲ့ေတာ့ခံစားရတာက လူအမ်ားစုက ခံစားရတာ။ လုပ္တာကလူနည္းစုကလုပ္တာ။ ဒီလူအနည္းစုကိုေဖာ္ထုတ္ၿပီး ထိန္းသိမ္းေပးဖို႔လိုတယ္။ အဲ့လိုမထိန္းႏိုင္သမွ်ကာလပတ္လုံးကေတာ့ ဒီျပႆနာေတြရွိေနဦးမွာပဲ။ ကြၽန္ေတာ္တို႔ကို ဘာလို႔မထိန္းလဲလို႔ေမးစရာရွိတယ္။ သိတာပဲ၊ ျမင္ေနရတာပဲ၊ လုပ္ဖို႔လိုတာေပါ့။ အဲဒီလိုမလုပ္တဲ့အတြက္ေၾကာင့္ အခုေ႐ြးေကာက္ပြဲကိုပဲၾကည့္ သက္ေရာက္မႈေတြ အမ်ားႀကီးျဖစ္လာတယ္။ သတင္းေတြဖတ္ၾကည့္ရင္ ေတြ႕ပါလိမ့္မယ္။ ကြၽန္ေတာ္လည္းအၿမဲတမ္းၾကည့္ တာေတာ့မဟုတ္ဘူး။ ကိုယ့္အလုပ္တာဝန္နဲ႔ တျခားဟာေတြရွိေသးတယ္။ တခ်ိဳ႕ Report ေတြကို တခါတေလက်ေတာ့ ဖတ္ၾကည့္တာရွိတယ္။ တခါတေလအေၾကာင္းကိစၥရွိလို႔ ဖြင့္ဖတ္ၾကည့္လိုက္ရင္ တက္လာတာေတြကိုေတြ႕ေနရတာေတြရွိတယ္။ တခါတေလက်ေတာ့ ေခါင္းစဥ္ဖတ္ၾကည့္လိုက္တာနဲ႔ကို ေတာ္ေတာ္စိတ္ပ်က္သြားရတာေတြရွိတယ္။ ဖတ္ခ်င္စိတ္ကိုကုန္သြားတယ္။ တစ္ကယ္တမ္းကေတာ့ ေကာင္းတဲ့ဖက္ကိုသြားမယ္ဆိုရင္ အင္မတန္ကို အက်ိဳးျပဳတဲ့လုပ္ငန္းတစ္ခုပါ။ အခုက တစ္လြဲျဖစ္ေနတာေတြကို ဝမ္းနည္းဖြယ္ရာေတြ႕ရတယ္။ ဒီလိုေတာ့မျဖစ္ေစခ်င္ဘူး။ လူအနည္းစုကလုပ္တဲ့ဟာကို လူအမ်ားစုက ခံစားေနရတာျဖစ္တယ္။ ဒါေတြကို ထိန္းဖို႔ေတာ့လိုတယ္။ ဒါကို ဘယ္သူထိန္းမလည္း။ ထိန္းႏိုင္တဲ့လူထိန္းပါ။ မဟုတ္ဘူးလား။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။