စိန့်မေရီကယ်သီဒြယ်ဘုရားရှိခိုးကျောင်းနှင့် ဇဖါရ်ရှားဂူဗိမာန်တို့သို့ တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက COVID-19 ရောဂါ ကာကွယ်၊ကုသ၊ထိန်းချုပ်ရေး အထောက် အကူပြုပစ္စည်းများနှင့် အလှူငွေများ ပေးအပ်လှူဒါန်း

 

နေပြည်တော်၊ ဒီဇင်ဘာ – ၂၃

မိမိတို့ လူသားများကိုးကွယ်ဆည်းကပ်နေကြသည့် ဘာသာတရားတိုင်းသည် လူသားများအတွက် လောကီကောင်းကျိုး၊ လောကုတ္တရာကောင်းကျိုး၊ ငြိမ်းချမ်းမှုနှင့် မေတ္တာတရားများကိုသာ ညွှန်ပြနေသည်ကို တွေ့မြင်ရပါကြောင်း၊ လူသားတိုင်းက မှန်မှန်ကန်ကန် လိုက်နာကြမည်ဆိုပါက မိမိတို့ နေထိုင်သည့် ကမ္ဘာ၊ မိမိတို့နေထိုင်သည့် နိုင်ငံနှင့် လူ့အသိုက်အဝန်းသည် မေတ္တာနှင့်ယှဉ်သော နှလုံးသား၊ နားလည်သည်းခံ ခွင့်လွှတ်သော စိတ်ထားများနှင့် ငြိမ်းချမ်းသာယာသော လူ့အဖွဲ့အစည်းကြီးတစ်ခုအဖြစ် ရပ်တည်နိုင်မည်မှာ ဧကန်မလွဲဖြစ်ပါကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တစ်ထောင် မြို့နယ်၊ စိန့်မေရီကယ်သီဒြယ်ဘုရားရှိခိုးကျောင်းအနီးရှိ ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ် သာသနာ ဂိုဏ်းချုပ် ကာဒီနယ်ချားလ်စ်ဘို၏ကျောင်းနှင့် ဒဂုံမြို့နယ်ရှိ ဇဖါရ်ရှားဂူ ဗိမာန်သို့ သွားရောက်၍ တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက လှူဒါန်းသည့် COVID-19 ရောဂါ ကာကွယ်၊ကုသ၊ထိန်းချုပ်ရေး အထောက်အကူပြုပစ္စည်းများနှင့် အလှူငွေများ ပေးအပ်လှူဒါန်းရာတွင် ထည့်သွင်းပြောကြားသည်။


အဆိုပါ လှူဒါန်းပွဲများသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ် (ရုံး)ကြည်းမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ကက်သလစ် ဂိုဏ်းချုပ် ကာဒီနယ်ချားလ်စ်ဘို၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဇဖာရ်ရှားဂူဗိမာန် ကြီးကြပ် ရေးကော်မတီမှ ဟာဂျီဦးအေးလွင် နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စိန့်မေရီကယ်သီဒြယ် ဘုရားရှိခိုးကျောင်းနှင့် ဇဖါရ်ရှားဂူဗိမာန်တို့သို့ ရောက်ရှိကြရာ ကက်သလစ် ဂိုဏ်ချုပ် ကာဒီနယ်ချားလ်စ်ဘိုနှင့် သင်းအုပ်ဆရာကြီးများ၊ ဟာဂျီဦးအေးလွင်နှင့် အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ကတ်သလစ်ဆရာတော်ကျောင်း ခန်းမတွင် မိသားစုများက ခရစ္စမတ် ဃမေသူ သီချင်းများဖြင့် ဖျော်ဖြေကြပြီး ကတ်သလစ် ဂိုဏ်းချုပ် ကာဒီနယ်ချားလ်စ်ဘိုက ခရစ္စမတ်သတင်းကောင်း မျှဝေသည်။ ယင်းနောက် ဇဖါရ်ရှားဂူဗိမာန်ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် ဇဖါရ်ရှားသခင်ကြီး ၏ ဂူဗိမာန်ဗလီတော်ကျောင်းဆောင်သို့ ရောက်ရှိဂါရဝပြုခွင့်ရသဖြင့် များစွာ ဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်း၊ ဘာသာ သာသနာ၏ ချစ်ခင်လေးစားမှုသည် ပိုမိုနက်ရှိုင်းမှု ကိုဖြစ်ပေါ်စေပါကြောင်း၊ ကမ္ဘာတည်သရွေ့ထိန်းသိမ်းဆောင်ရွက်နိုင်ပါစေကြောင်းဖြင့် ရေးသား၍ လက်မှတ်ရေးထိုးသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အဆိုပါအခမ်းအနားများ တွင် လှူဒါန်းမှု ပြုလုပ်ရခြင်းအကြောင်းနှင့် ဘာသာရေးဆိုင်ရာများနှင့်ပတ်သက်၍ ပြောကြားရာ၌ ကက်သလစ်ဂိုဏ်းချုပ် ကာဒီနယ်ချားလ်စ်ဘို၊ ဇဖာရ်ရှားဂူဗိမာန် ကြီးကြပ်ရေးကော်မတီမှ ဟာဂျီဦးအေးလွင် တို့နှင့် အဖွဲ့ဝင်များအားလုံး စိတ်၏ချမ်း သာခြင်း၊ ကိုယ်၏ချမ်းသာခြင်းဖြင့် ပြည့်စုံပါစေဟု ဦးစွာ နှုတ်ခွန်း ဆက်သပါကြောင်း၊ COVID-19 ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ယခုကဲ့သို့ ရောက်ရှိလှူဒါန်းနိုင် ခဲ့သဖြင့်လည်း ဝမ်းသာမိပါကြောင်း၊ COVID-19 ရောဂါကြောင့် လူမှုစီးပွားဘ၀ ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ဘာသာတရားတိုင်း၏ အဆုံးအမသည် ငြိမ်းချမ်းမှုနှင့် အေးချမ်းမှုကို ဖော်ညွှန်းလျက်ရှိသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာဘာသာတရားများ၏ အဆုံးအမ၊ စည်းကမ်းများနှင့်အညီ ညီညွတ်သည့် စိတ်ဓာတ်နှင့် ဝိုင်းဝန်း ကျော်လွှားကြရမည်ဖြစ်ကြောင်း၊ စည်းလုံးညီညွတ် မှသာလျင် တိုင်းပြည်အတွက် အထောက်အကူဖြစ်မည်ဖြစ်ပြီး လူမျိုးဘာသာမခွဲခြားဘဲ မြန်မာဆိုသည့်စိတ်ဖြင့် ယုံယုံကြည်ကြည်လက်တွဲဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ် ကြောင်းဖြင့် ပြောကြားသည်။


ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဘာသာသာသနာနှင့် ပတ်သက် ၍ ပြောကြားရာတွင်]]ကမ္ဘာမှာ ကိုးကွယ်ရာဘာသာ အသီးသီးရှိပါတယ်။ ကိုးကွယ်ခြင်း၊ ဆည်းကပ်ခြင်းဆိုတာမှာ ယုံကြည်ခြင်း၊ လေးစားခြင်းနဲ့ တန်ဖိုးထားခြင်းတွေ ပါဝင်ပါတယ်။ ဘာသာတရားကို ကိုးကွယ်ဆည်းကပ်ခြင်းကတော့ ဒါ့ထက်ပိုပြီး လေးနက်ပါတယ်။ ယုံကြည်၊ လေးစား၊ တန်ဖိုးထားတာအပြင် ဘာသာတရားရဲ့အဆုံးအမ တွေကို လိုက်နာခြင်း၊ ကျင့်ကြံရမှာတွေကို ကျင့်ကြံခြင်းဆိုတဲ့ လက်တွေ့လုပ်ဆောင်မှုတွေ လည်း ပါဝင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ လူသားတွေ ကိုးကွယ်ဆည်းကပ် နေကြတဲ့ ဘာသာတရားတိုင်းဟာ လူသားတို့အတွက် လောကီကောင်းကျိုး၊ လောကုတ္တရာ ကောင်းကျိုး၊ ငြိမ်းချမ်းမှုနဲ့ မေတ္တာတရားတို့ကိုသာ ညွှန်ပြနေတာကို တွေ့ရပါတယ်။ ဒါတွေကို လူသားတိုင်းက မှန်မှန်ကန်ကန်သာလိုက်နာမယ်ဆိုရင် ကျွန်တော်တို့ နေထိုင်တဲ့ ကမ္ဘာ၊ ကျွန်တော်တို့နေထိုင်တဲ့နိုင်ငံနဲ့ လူ့အသိုက်အဝန်းဟာ မေတ္တာ နှင့်ယှဉ်တဲ့ နှလုံးသား၊ နားလည်သည်းခံခွင့်လွှတ်တဲ့ စိတ်ထားများနဲ့ငြိမ်းချမ်းသာယာတဲ့ လူ့အဖွဲ့ အစည်းကြီးတစ်ခုအဖြစ် ရပ်တည်နိုင်မှာ ဧကန်မလွဲ ဖြစ်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆက်လက်ပြောကြားရာတွင် မိမိတို့ မြန်မာနိုင်ငံတွင် လူဦးရေအများစုကိုးကွယ်ရာ ဗုဒ္ဓဘာသာနှင့်အတူ ခရစ်ယာန်၊ မွတ်ဆလင်၊ ဟိန္ဒူနှင့် အခြားဘာသာဝင်များသည် နှစ်ပေါင်းများစွာကတည်းက အချင်းချင်းစည်းလုံးညီညွတ်စွာဖြင့် အမိနိုင်ငံတော် ကောင်းကျိုးကို ဆောင်ရွက်ခဲ့ကြ ပါကြောင်း၊ ဘာသာတရား အသီးသီး၏ မွန်မြတ်သည့် အဆုံးအမများအောက်တွင် ညီရင်းအကို၊ မောင်ရင်းနှမစိတ်ဓာတ် အစဉ်အလာကောင်းများနှင့် နေထိုင် လျက်ရှိကြပါ ကြောင်း၊ လက်ရှိတွင် COVID-19 ရောဂါ ဖြစ်ပေါ်လျက်ရှိသဖြင့် လူတိုင်းစည်းကမ်း စနစ်တကျဖြင့် နေထိုင်သွားလာကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် COVID-19 ရောဂါ ကာကွယ်၊ကုသ၊ထိန်းချုပ်ရေး အထောက်အကူပြုပစ္စည်းများကို ပေးအပ်နိုင ်ရန်ယူဆောင်လာခဲ့ပါကြောင်း၊ အရေအတွက်အားဖြင့် မများသော်လည်း လူတစ်ဦး တစ်ယောက်၊ အစုအဖွဲ့တစ်ခုအတွက် အထိုက်အလျောက် အထောက်အကူဖြစ်စေနိုင် မည်ဟုယုံကြည်ပါကြောင်း၊ ထို့ပြင် အခြားလိုအပ်သည့်နေရာများတွင် အသုံးပြုနိုင်ရေး အတွက်လည်း အလှူငွေများကို ပေးအပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း၊ မိမိတို့ အနေဖြင့် ကောင်းမွန်သည့်၊ အေးချမ်းသည့် ပတ်ဝန်းကျင်ကို ညီညီညွတ်ညွတ်ဖြင့် ဖန်တီးကြရ မည်ဖြစ်ကြောင်း၊ တူညီသည့်အမြင်ထားရှိကြရန်အဓိကအရေးကြီးပြီး တူညီသည့်အမြင် မရှိပါက ပြန့်ကျဲနေသည့်ပုံရိပ် Shape ကိုသာရရှိနိုင်မည်ဖြစ်ကာ တူညီသည့်အမြင်ရှိမှသာ လျင် ခိုင်မာသည့် Crystal အဖြစ် ရရှိနိုင်မည်ဖြစ်ကြောင်း၊ တူညီသည့်ရည်မှန်းချက်များကို အောင်မြင်အောင်ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်းနှင့် သက်ဆိုင်ရာ ဘာသာတရားများ၏ အဆုံးအမများနှင့်အညီ ဘာသာအားလုံးအနေဖြင့် ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ပြီး ပေါင်းစည်းညီညွတ်သောအားဖြင့် ကြုံတွေ့လာသည့် အခက်အခဲ များကို ရင်ဆိုင်ကျော်လွှားနိုင်ကြပါစေကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကတ်သလစ်ကျောင်း ဆရာတော် မိသားစုအား ခရစ္စမတ် အထိမ်းအမှတ်ကိတ်ကို လက်ဆောင်ပေးအပ်သည်။ ဆက်လက်ပြီး တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများကလှူဒါန်းသည့် COVID-19 ရောဂါ ကာကွယ်၊ကုသ၊ထိန်းချုပ်ရေး အထောက်အကူပြုပစ္စည်းများကို ဘာသာရေး အသင်းအဖွဲ့တစ်ခုလျင် Surgical Mask ၁၀၀၀၀ ခု၊ KN-95 Mask ၅၀၀ ခု၊ Face Shield ၂၅၀ ခု၊ Examination Gloves ၁၀၀၀ ခု၊ Hand Gel 500 ml ၅၀ ဘူး၊ Hand Sanitizer 500 ml ၁၀၀ ဘူး၊ စားသောက်ဖွယ်ရာများနှင့် ဘာသာရေးအသင်းအဖွဲ့တစ်ခု လျင် အလှူငွေကျပ်သိန်း ၂၀၀ တို့ကိုပေးအပ်လှူဒါန်းရာ ကက်သလစ်ဂိုဏ်းချုပ် ကာဒီနယ်ချားလ်စ်ဘို၊ ဟာဂျီဦးအေးလွင်နှင့် အဖွဲ့ဝင်များက အသီးသီး လက်ခံရယူခဲ့ ကြသည်။ ယင်းနောက် ကတ်သလစ်ဂိုဏ်းချုပ် ကာဒီနယ်ချားလ်စ်ဘိုက တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား ခရစ္စမတ်လက်ဆောင်နှင့် ဟာဂျီ ဦးအေးလွင် က ဂုဏ်ပြုမှတ်တမ်းလွှာတို့ကို ပြန်လည်ပေးအပ်ခဲ့ကြသည်။


ယင်းနောက် ကက်သလစ်ဂိုဏ်းချုပ် ကာဒီနယ်ချားလ်စ်ဘို၊ လက်ထောက်ဆရာ တော် ဂျွန်စောယောဟန်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဇဖာရ်ရှားဂူဗိမာန် ကြီးကြပ်ရေး ကော်မတီမှ ဟာဂျီဦးအေးလွင် တို့က ခရစ္စမတ်နှုတ်ခွန်းဆက်စကား၊ ကျေးဇူးတင်စကား နှင့် ဆုတောင်းစကားများ အသီးသီးပြန်လည်ပြောကြားကြရာတွင် ယခုကဲ့သို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား လက်ခံကြိုဆိုခွင့်ရပြီး COVID-19 ရောဂါ ကာကွယ်၊ကုသ၊ ထိန်းချုပ်ရေး အထောက်အကူပြုပစ္စည်းများနှင့် လက်ဆောင်ပစ္စည်းများကို ပေးအပ်သည့် အတွက် များစွာကျေးဇူးတင်ဂုဏ်ယူရပါကြောင်း၊ မိမိတို့ မမြင်ရသည့် COVID-19 ရောဂါကို အစိုးရနှင့် တပ်မတော်တို့က ကျရာအခန်းကဏ္ဍမှ တက်ညီလက်ညီ ပါဝင် တွန်းလှန်နေကြသည်ကို တွေ့ရှိရပြီး အောင်မြင်ပါစေဟု ဆန္ဒပြု ဆုတောင်းပါကြောင်း၊ စည်းလုံးညီညွတ်သည့်နိုင်ငံသည် ပြည်သူပြည်သားများအတွက် ကောင်းကျိုး ကို ဆောင်ကြဉ်းပေးနိုင်ပါကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြားခဲ့သကဲ့သို့ ပင် မိမိတို့အနေဖြင့် မတူကွဲပြားမှုများကြားမှ တူညီမှုကို တည်ဆောက်နိုင်လျင် အောင်မြင်မှုကို ရရှိနိုင်မည်ဖြစ်ပါကြောင်းနှင့် ယခုကဲ့သို့လာရောက်ပေးအပ်သည့် ပစ္စည်းများ၏ တန်ဖိုးထက် လာရောက်ပေးအပ်သည့် တပ်မတော်၏ မေတ္တာကို မိမိတို့ အနေဖြင့် ခံစားမိပါကြောင်းဖြင့် ပြောကြားခဲ့ကြသည်။

လှူဒါန်းပွဲများအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် စိန့်မေရီကယ်သီဒြယ်ဘုရားရှိခိုးကျောင်းနှင့် ဇဖာရ်ရှားဂူဗိမာန်များအတွင်း လှည့်လည် ကြည့်ရှုလေ့လာခဲ့ကြသည်။

(Zawgyi Version)

စိန႔္ေမရီကယ္သီျဒယ္ဘုရားရွိခိုးေက်ာင္းႏွင့္ ဇဖါရ္ရွားဂူဗိမာန္တို႔သို႔ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ားက COVID-19 ေရာဂါ ကာကြယ္၊ကုသ၊ထိန္းခ်ဳပ္ေရး အေထာက္ အကူျပဳပစၥည္းမ်ားႏွင့္ အလႉေငြမ်ား ေပးအပ္လႉဒါန္း

ေနျပည္ေတာ္၊ ဒီဇင္ဘာ – ၂၃

မိမိတို႔ လူသားမ်ားကိုးကြယ္ဆည္းကပ္ေနၾကသည့္ ဘာသာတရားတိုင္းသည္ လူသားမ်ားအတြက္ ေလာကီေကာင္းက်ိဳး၊ ေလာကုတၱရာေကာင္းက်ိဳး၊ ၿငိမ္းခ်မ္းမႈႏွင့္ ေမတၱာတရားမ်ားကိုသာ ၫႊန္ျပေနသည္ကို ေတြ႕ျမင္ရပါေၾကာင္း၊ လူသားတိုင္းက မွန္မွန္ကန္ကန္ လိုက္နာၾကမည္ဆိုပါက မိမိတို႔ ေနထိုင္သည့္ ကမာၻ၊ မိမိတို႔ေနထိုင္သည့္ ႏိုင္ငံႏွင့္ လူ႔အသိုက္အဝန္းသည္ ေမတၱာႏွင့္ယွဥ္ေသာ ႏွလုံးသား၊ နားလည္သည္းခံ ခြင့္လႊတ္ေသာ စိတ္ထားမ်ားႏွင့္ ၿငိမ္းခ်မ္းသာယာေသာ လူ႔အဖြဲ႕အစည္းႀကီးတစ္ခုအျဖစ္ ရပ္တည္ႏိုင္မည္မွာ ဧကန္မလြဲျဖစ္ပါေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ယေန႔တြင္ ရန္ကုန္တိုင္းေဒသႀကီး၊ ဗိုလ္တစ္ေထာင္ ၿမိဳ႕နယ္၊ စိန႔္ေမရီကယ္သီျဒယ္ဘုရားရွိခိုးေက်ာင္းအနီးရွိ ရန္ကုန္ကက္သလစ္ဂိုဏ္းခ်ဳပ္ သာသနာ ဂိုဏ္းခ်ဳပ္ ကာဒီနယ္ခ်ားလ္စ္ဘို၏ေက်ာင္းႏွင့္ ဒဂုံၿမိဳ႕နယ္ရွိ ဇဖါရ္ရွားဂူ ဗိမာန္သို႔ သြားေရာက္၍ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ားက လႉဒါန္းသည့္ COVID-19 ေရာဂါ ကာကြယ္၊ကုသ၊ထိန္းခ်ဳပ္ေရး အေထာက္အကူျပဳပစၥည္းမ်ားႏွင့္ အလႉေငြမ်ား ေပးအပ္လႉဒါန္းရာတြင္ ထည့္သြင္းေျပာၾကားသည္။

အဆိုပါ လႉဒါန္းပြဲမ်ားသို႔ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (႐ုံး)ၾကည္းမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉး၊ ကက္သလစ္ ဂိုဏ္းခ်ဳပ္ ကာဒီနယ္ခ်ားလ္စ္ဘို၊ ျမန္မာႏိုင္ငံလုံးဆိုင္ရာ ဇဖာရ္ရွားဂူဗိမာန္ ႀကီးၾကပ္ ေရးေကာ္မတီမွ ဟာဂ်ီဦးေအးလြင္ ႏွင့္ အဖြဲ႕ဝင္မ်ား တက္ေရာက္ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ စိန႔္ေမရီကယ္သီျဒယ္ ဘုရားရွိခိုးေက်ာင္းႏွင့္ ဇဖါရ္ရွားဂူဗိမာန္တို႔သို႔ ေရာက္ရွိၾကရာ ကက္သလစ္ ဂိုဏ္ခ်ဳပ္ ကာဒီနယ္ခ်ားလ္စ္ဘိုႏွင့္ သင္းအုပ္ဆရာႀကီးမ်ား၊ ဟာဂ်ီဦးေအးလြင္ႏွင့္ အဖြဲ႕ဝင္မ်ားက ႀကိဳဆိုႏႈတ္ဆက္ၾကသည္။ ထို႔ေနာက္ ကတ္သလစ္ဆရာေတာ္ေက်ာင္း ခန္းမတြင္ မိသားစုမ်ားက ခရစၥမတ္ ဃေမသူ သီခ်င္းမ်ားျဖင့္ ေဖ်ာ္ေျဖၾကၿပီး ကတ္သလစ္ ဂိုဏ္းခ်ဳပ္ ကာဒီနယ္ခ်ားလ္စ္ဘိုက ခရစၥမတ္သတင္းေကာင္း မွ်ေဝသည္။ ယင္းေနာက္ ဇဖါရ္ရွားဂူဗိမာန္ဧည့္သည္ေတာ္မွတ္တမ္းစာအုပ္တြင္ ဇဖါရ္ရွားသခင္ႀကီး ၏ ဂူဗိမာန္ဗလီေတာ္ေက်ာင္းေဆာင္သို႔ ေရာက္ရွိဂါရဝျပဳခြင့္ရသျဖင့္ မ်ားစြာ ဂုဏ္ယူ ဝမ္းေျမာက္မိပါေၾကာင္း၊ ဘာသာ သာသနာ၏ ခ်စ္ခင္ေလးစားမႈသည္ ပိုမိုနက္ရႈိင္းမႈ ကိုျဖစ္ေပၚေစပါေၾကာင္း၊ ကမာၻတည္သေ႐ြ႕ထိန္းသိမ္းေဆာင္႐ြက္ႏိုင္ပါေစေၾကာင္းျဖင့္ ေရးသား၍ လက္မွတ္ေရးထိုးသည္။

ဆက္လက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အဆိုပါအခမ္းအနားမ်ား တြင္ လႉဒါန္းမႈ ျပဳလုပ္ရျခင္းအေၾကာင္းႏွင့္ ဘာသာေရးဆိုင္ရာမ်ားႏွင့္ပတ္သက္၍ ေျပာၾကားရာ၌ ကက္သလစ္ဂိုဏ္းခ်ဳပ္ ကာဒီနယ္ခ်ားလ္စ္ဘို၊ ဇဖာရ္ရွားဂူဗိမာန္ ႀကီးၾကပ္ေရးေကာ္မတီမွ ဟာဂ်ီဦးေအးလြင္ တို႔ႏွင့္ အဖြဲ႕ဝင္မ်ားအားလုံး စိတ္၏ခ်မ္း သာျခင္း၊ ကိုယ္၏ခ်မ္းသာျခင္းျဖင့္ ျပည့္စုံပါေစဟု ဦးစြာ ႏႈတ္ခြန္း ဆက္သပါေၾကာင္း၊ COVID-19 ေရာဂါ ျဖစ္ပြားေနသည့္ ကာလအတြင္း ယခုကဲ့သို႔ ေရာက္ရွိလႉဒါန္းႏိုင္ ခဲ့သျဖင့္လည္း ဝမ္းသာမိပါေၾကာင္း၊ COVID-19 ေရာဂါေၾကာင့္ လူမႈစီးပြားဘ၀ ဆုံးရႈံးမႈမ်ားျဖစ္ေပၚခဲ့ေၾကာင္း၊ ဘာသာတရားတိုင္း၏ အဆုံးအမသည္ ၿငိမ္းခ်မ္းမႈႏွင့္ ေအးခ်မ္းမႈကို ေဖာ္ၫႊန္းလ်က္ရွိသည္ကို ေတြ႕ရွိရမည္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ သက္ဆိုင္ရာဘာသာတရားမ်ား၏ အဆုံးအမ၊ စည္းကမ္းမ်ားႏွင့္အညီ ညီၫြတ္သည့္ စိတ္ဓာတ္ႏွင့္ ဝိုင္းဝန္း ေက်ာ္လႊားၾကရမည္ျဖစ္ေၾကာင္း၊ စည္းလုံးညီၫြတ္ မွသာလ်င္ တိုင္းျပည္အတြက္ အေထာက္အကူျဖစ္မည္ျဖစ္ၿပီး လူမ်ိဳးဘာသာမခြဲျခားဘဲ ျမန္မာဆိုသည့္စိတ္ျဖင့္ ယုံယုံၾကည္ၾကည္လက္တြဲေဆာင္႐ြက္ၾကရန္ လိုအပ္မည္ျဖစ္ ေၾကာင္းျဖင့္ ေျပာၾကားသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ဘာသာသာသနာႏွင့္ ပတ္သက္ ၍ ေျပာၾကားရာတြင္]]ကမာၻမွာ ကိုးကြယ္ရာဘာသာ အသီးသီးရွိပါတယ္။ ကိုးကြယ္ျခင္း၊ ဆည္းကပ္ျခင္းဆိုတာမွာ ယုံၾကည္ျခင္း၊ ေလးစားျခင္းနဲ႔ တန္ဖိုးထားျခင္းေတြ ပါဝင္ပါတယ္။ ဘာသာတရားကို ကိုးကြယ္ဆည္းကပ္ျခင္းကေတာ့ ဒါ့ထက္ပိုၿပီး ေလးနက္ပါတယ္။ ယုံၾကည္၊ ေလးစား၊ တန္ဖိုးထားတာအျပင္ ဘာသာတရားရဲ႕အဆုံးအမ ေတြကို လိုက္နာျခင္း၊ က်င့္ႀကံရမွာေတြကို က်င့္ႀကံျခင္းဆိုတဲ့ လက္ေတြ႕လုပ္ေဆာင္မႈေတြ လည္း ပါဝင္မွာျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ လူသားေတြ ကိုးကြယ္ဆည္းကပ္ ေနၾကတဲ့ ဘာသာတရားတိုင္းဟာ လူသားတို႔အတြက္ ေလာကီေကာင္းက်ိဳး၊ ေလာကုတၱရာ ေကာင္းက်ိဳး၊ ၿငိမ္းခ်မ္းမႈနဲ႔ ေမတၱာတရားတို႔ကိုသာ ၫႊန္ျပေနတာကို ေတြ႕ရပါတယ္။ ဒါေတြကို လူသားတိုင္းက မွန္မွန္ကန္ကန္သာလိုက္နာမယ္ဆိုရင္ ကြၽန္ေတာ္တို႔ ေနထိုင္တဲ့ ကမာၻ၊ ကြၽန္ေတာ္တို႔ေနထိုင္တဲ့ႏိုင္ငံနဲ႔ လူ႔အသိုက္အဝန္းဟာ ေမတၱာ ႏွင့္ယွဥ္တဲ့ ႏွလုံးသား၊ နားလည္သည္းခံခြင့္လႊတ္တဲ့ စိတ္ထားမ်ားနဲ႔ၿငိမ္းခ်မ္းသာယာတဲ့ လူ႔အဖြဲ႕ အစည္းႀကီးတစ္ခုအျဖစ္ ရပ္တည္ႏိုင္မွာ ဧကန္မလြဲ ျဖစ္ပါတယ္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ဆက္လက္ေျပာၾကားရာတြင္ မိမိတို႔ ျမန္မာႏိုင္ငံတြင္ လူဦးေရအမ်ားစုကိုးကြယ္ရာ ဗုဒၶဘာသာႏွင့္အတူ ခရစ္ယာန္၊ မြတ္ဆလင္၊ ဟိႏၵဴႏွင့္ အျခားဘာသာဝင္မ်ားသည္ ႏွစ္ေပါင္းမ်ားစြာကတည္းက အခ်င္းခ်င္းစည္းလုံးညီၫြတ္စြာျဖင့္ အမိႏိုင္ငံေတာ္ ေကာင္းက်ိဳးကို ေဆာင္႐ြက္ခဲ့ၾက ပါေၾကာင္း၊ ဘာသာတရား အသီးသီး၏ မြန္ျမတ္သည့္ အဆုံးအမမ်ားေအာက္တြင္ ညီရင္းအကို၊ ေမာင္ရင္းႏွမစိတ္ဓာတ္ အစဥ္အလာေကာင္းမ်ားႏွင့္ ေနထိုင္ လ်က္ရွိၾကပါ ေၾကာင္း၊ လက္ရွိတြင္ COVID-19 ေရာဂါ ျဖစ္ေပၚလ်က္ရွိသျဖင့္ လူတိုင္းစည္းကမ္း စနစ္တက်ျဖင့္ ေနထိုင္သြားလာၾကရန္ လိုအပ္မည္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ COVID-19 ေရာဂါ ကာကြယ္၊ကုသ၊ထိန္းခ်ဳပ္ေရး အေထာက္အကူျပဳပစၥည္းမ်ားကို ေပးအပ္ႏိုင ္ရန္ယူေဆာင္လာခဲ့ပါေၾကာင္း၊ အေရအတြက္အားျဖင့္ မမ်ားေသာ္လည္း လူတစ္ဦး တစ္ေယာက္၊ အစုအဖြဲ႕တစ္ခုအတြက္ အထိုက္အေလ်ာက္ အေထာက္အကူျဖစ္ေစႏိုင္ မည္ဟုယုံၾကည္ပါေၾကာင္း၊ ထို႔ျပင္ အျခားလိုအပ္သည့္ေနရာမ်ားတြင္ အသုံးျပဳႏိုင္ေရး အတြက္လည္း အလႉေငြမ်ားကို ေပးအပ္လႉဒါန္းသြားမည္ျဖစ္ေၾကာင္း၊ မိမိတို႔ အေနျဖင့္ ေကာင္းမြန္သည့္၊ ေအးခ်မ္းသည့္ ပတ္ဝန္းက်င္ကို ညီညီၫြတ္ၫြတ္ျဖင့္ ဖန္တီးၾကရ မည္ျဖစ္ေၾကာင္း၊ တူညီသည့္အျမင္ထားရွိၾကရန္အဓိကအေရးႀကီးၿပီး တူညီသည့္အျမင္ မရွိပါက ျပန႔္က်ဲေနသည့္ပုံရိပ္ Shape ကိုသာရရွိႏိုင္မည္ျဖစ္ကာ တူညီသည့္အျမင္ရွိမွသာ လ်င္ ခိုင္မာသည့္ Crystal အျဖစ္ ရရွိႏိုင္မည္ျဖစ္ေၾကာင္း၊ တူညီသည့္ရည္မွန္းခ်က္မ်ားကို ေအာင္ျမင္ေအာင္ႀကိဳးပမ္းေဆာင္႐ြက္သြားၾကရန္ တိုက္တြန္းလိုေၾကာင္းႏွင့္ သက္ဆိုင္ရာ ဘာသာတရားမ်ား၏ အဆုံးအမမ်ားႏွင့္အညီ ဘာသာအားလုံးအေနျဖင့္ ၿငိမ္းခ်မ္းစြာ အတူ ယွဥ္တြဲေနထိုင္ၿပီး ေပါင္းစည္းညီၫြတ္ေသာအားျဖင့္ ႀကဳံေတြ႕လာသည့္ အခက္အခဲ မ်ားကို ရင္ဆိုင္ေက်ာ္လႊားႏိုင္ၾကပါေစေၾကာင္းျဖင့္ ေျပာၾကားသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ကတ္သလစ္ေက်ာင္း ဆရာေတာ္ မိသားစုအား ခရစၥမတ္ အထိမ္းအမွတ္ကိတ္ကို လက္ေဆာင္ေပးအပ္သည္။ ဆက္လက္ၿပီး တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ားကလႉဒါန္းသည့္ COVID-19 ေရာဂါ ကာကြယ္၊ကုသ၊ထိန္းခ်ဳပ္ေရး အေထာက္အကူျပဳပစၥည္းမ်ားကို ဘာသာေရး အသင္းအဖြဲ႕တစ္ခုလ်င္ Surgical Mask ၁၀၀၀၀ ခု၊ KN-95 Mask ၅၀၀ ခု၊ Face Shield ၂၅၀ ခု၊ Examination Gloves ၁၀၀၀ ခု၊ Hand Gel 500 ml ၅၀ ဘူး၊ Hand Sanitizer 500 ml ၁၀၀ ဘူး၊ စားေသာက္ဖြယ္ရာမ်ားႏွင့္ ဘာသာေရးအသင္းအဖြဲ႕တစ္ခု လ်င္ အလႉေငြက်ပ္သိန္း ၂၀၀ တို႔ကိုေပးအပ္လႉဒါန္းရာ ကက္သလစ္ဂိုဏ္းခ်ဳပ္ ကာဒီနယ္ခ်ားလ္စ္ဘို၊ ဟာဂ်ီဦးေအးလြင္ႏွင့္ အဖြဲ႕ဝင္မ်ားက အသီးသီး လက္ခံရယူခဲ့ ၾကသည္။ ယင္းေနာက္ ကတ္သလစ္ဂိုဏ္းခ်ဳပ္ ကာဒီနယ္ခ်ားလ္စ္ဘိုက တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားအား ခရစၥမတ္လက္ေဆာင္ႏွင့္ ဟာဂ်ီ ဦးေအးလြင္ က ဂုဏ္ျပဳမွတ္တမ္းလႊာတို႔ကို ျပန္လည္ေပးအပ္ခဲ့ၾကသည္။

ယင္းေနာက္ ကက္သလစ္ဂိုဏ္းခ်ဳပ္ ကာဒီနယ္ခ်ားလ္စ္ဘို၊ လက္ေထာက္ဆရာ ေတာ္ ဂြၽန္ေစာေယာဟန္ႏွင့္ ျမန္မာႏိုင္ငံလုံးဆိုင္ရာ ဇဖာရ္ရွားဂူဗိမာန္ ႀကီးၾကပ္ေရး ေကာ္မတီမွ ဟာဂ်ီဦးေအးလြင္ တို႔က ခရစၥမတ္ႏႈတ္ခြန္းဆက္စကား၊ ေက်းဇူးတင္စကား ႏွင့္ ဆုေတာင္းစကားမ်ား အသီးသီးျပန္လည္ေျပာၾကားၾကရာတြင္ ယခုကဲ့သို႔ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္အား လက္ခံႀကိဳဆိုခြင့္ရၿပီး COVID-19 ေရာဂါ ကာကြယ္၊ကုသ၊ ထိန္းခ်ဳပ္ေရး အေထာက္အကူျပဳပစၥည္းမ်ားႏွင့္ လက္ေဆာင္ပစၥည္းမ်ားကို ေပးအပ္သည့္ အတြက္ မ်ားစြာေက်းဇူးတင္ဂုဏ္ယူရပါေၾကာင္း၊ မိမိတို႔ မျမင္ရသည့္ COVID-19 ေရာဂါကို အစိုးရႏွင့္ တပ္မေတာ္တို႔က က်ရာအခန္းက႑မွ တက္ညီလက္ညီ ပါဝင္ တြန္းလွန္ေနၾကသည္ကို ေတြ႕ရွိရၿပီး ေအာင္ျမင္ပါေစဟု ဆႏၵျပဳ ဆုေတာင္းပါေၾကာင္း၊ စည္းလုံးညီၫြတ္သည့္ႏိုင္ငံသည္ ျပည္သူျပည္သားမ်ားအတြက္ ေကာင္းက်ိဳး ကို ေဆာင္ၾကဥ္းေပးႏိုင္ပါေၾကာင္း၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ေျပာၾကားခဲ့သကဲ့သို႔ ပင္ မိမိတို႔အေနျဖင့္ မတူကြဲျပားမႈမ်ားၾကားမွ တူညီမႈကို တည္ေဆာက္ႏိုင္လ်င္ ေအာင္ျမင္မႈကို ရရွိႏိုင္မည္ျဖစ္ပါေၾကာင္းႏွင့္ ယခုကဲ့သို႔လာေရာက္ေပးအပ္သည့္ ပစၥည္းမ်ား၏ တန္ဖိုးထက္ လာေရာက္ေပးအပ္သည့္ တပ္မေတာ္၏ ေမတၱာကို မိမိတို႔ အေနျဖင့္ ခံစားမိပါေၾကာင္းျဖင့္ ေျပာၾကားခဲ့ၾကသည္။

လႉဒါန္းပြဲမ်ားအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားသည္ စိန႔္ေမရီကယ္သီျဒယ္ဘုရားရွိခိုးေက်ာင္းႏွင့္ ဇဖာရ္ရွားဂူဗိမာန္မ်ားအတြင္း လွည့္လည္ ၾကည့္ရႈေလ့လာခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။