တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ H.E. Mr. Wang Yi အားလက်ခံတွေ့ဆုံ

နေပြည်တော်၊ ဇန်နဝါရီ – ၁၂

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ H.E. Mr. Wang Yi အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံ သည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေး ဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံအမတ်ကြီး H.E. Mr. Chen Hai ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Qian Keming၊ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Wu Jianghao နှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် မိတ်ဆွေကောင်း၊ အိမ်နီးချင်း ကောင်း၊ မဟာဗျူဟာမိတ်ဖက်နိုင်ငံများဖြစ်ကာ ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် နှစ်နိုင်ငံ အေးအတူ ပူအမျှ အသိုက်အဝန်း ထူထောင်နိုင်ရေး ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက် လျက်ရှိသည့် အခြေအနေများ၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံသို့ လာရောက် ခဲ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ H.E. Mr. Xi Jinping ၏ ခရီးစဉ်တွင် နှစ်ဖက်သဘော တူညီချက်များအား ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည့်အခြေအနေများ၊ နှစ်နိုင်ငံ အေးအတူပူအမျှ အသိုက်အဝန်းထူထောင်ရာတွင် လိုအပ်သည်များကို အပြန်အလှန် ထောက်ပံ့ကူညီခြင်းသည် အရေးကြီးသည့်အခြေအနေများ၊ မြန်မာ့တပ်မတော်နှင့် ပတ်သက်သည့်ကဏ္ဍများ၌လည်း အဓိကပူးပေါင်း၍ စွမ်းရည်မြှင့်တင်ပေးမည့်ကိစ္စရပ်များ၊ တရုတ်နိုင်ငံတွင် COVID-19 ရောဂါစတင် ဖြစ်ပွားသည့် ကာလအတွင်း မြန်မာ့တပ်မတော်မှ တရုတ်နိုင်ငံသို့ ရောဂါကာကွယ်ရေး အထောက်အကူပြု ဆေးနှင့်ဆေးပစ္စည်းများ လျင်မြန်စွာ ပေးပို့လှူဒါန်းခဲ့သည့် အခြေအနေများနှင့် တရုတ်ကွန်မြူနစ်ပါတီနှင့် တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်မှလည်း ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များစေလွှတ်၍ ရောဂါကာကွယ်ရေး အထောက်အကူပြု ဆေးနှင့်ဆေးပစ္စည်းများလှူဒါန်းကာ အပြန်အလှန် ကူညီဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ လက်ရှိတွင်လည်း မြန်မာနိုင်ငံ၏ COVID-19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးနှင့်တိုက်ဖျက်ရေးလုပ်ငန်းများတွင် တရုတ်နိုင်ငံမှ ဆက်လက်ကူညီပေးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအတွက် COVID-19 ရောဂါ ကာကွယ်ဆေး အလုံး ၃ သိန်းကူညီပေးသွား မည့်အခြေအနေများ၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ငြိမ်အေးချမ်းရေး၊ စည်းလုံး ညီညွတ်ရေးနှင့် ဖွံးဖြိုးတိုးတက်ရေးတို့ လိုအပ်မှုနှင့် မြန်မာ့တပ်မတော်အနေဖြင့် တည်ငြိမ်အေးချမ်းရေးအတွက် အဓိကတာဝန်ယူဆောင်ရွက် နေသည့်အခြေအနေနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ဖွံ့ဖြိုးတိုးတက်ရေးကိုပါ ပူးပေါင်း ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ တည်ငြိမ်အေးချမ်းမှုရှိမှသာလျင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက် ရေးကို ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် တပ်မတော်အနေဖြင့် နိုင်ငံတော်မှအကြမ်းဖက် ဟု သတ်မှတ်ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများရှိသည့် နေရာများမှအပ ကျန်နေရာများတွင် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်မှစ၍ ရပ်ဆိုင်းပေးခဲ့သည့် အခြေအနေများနှင့် ဆက်လက်၍လည်း ထာ၀ရငြိမ်းချမ်းရေးရရှိရေးအတွက် အလေးထား ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ ဘင်္ဂလားဒေရှ့်နိုင်ငံတွင်ရောက်ရှိနေသည့် နေရပ်စွန့်ခွာနေသူများနှင့် ပတ်သက်၍ မြန်မာ-တရုတ်-ဘင်္ဂလားဒေရှ့် သုံးနိုင်ငံ ညှိနှိုင်း ဆွေးနွေးမှုများ ဆောင်ရွက်မည့်အခြေအနေများ။

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်တွင် မြန်မာနိုင်ငံ၏ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ခဲ့သည့်အခြေအနေများ၊ ပါတီစုံဒီမိုကရေစီစနစ် ဖော်ဆောင်ရာ၌ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲဖြစ်ရေးသည် ဒီမိုကရေစီ၏ အနှစ်သာရ ဖြစ်ကြောင်းနှင့် ပြုလုပ်ပြီးခဲ့သည့် ရွေးကောက်ပွဲ၌ မဲစာရင်းများနှင့် ပတ်သက်၍ အမှားအယွင်း များရှိခဲ့ပြီး မဲမသမာမှုများရှိနိုင်သဖြင့် မဲစာရင်းများအား စိစစ်တွေ့ရှိချက်နှင့်စပ်လျဉ်း၍ တပ်မတော်မှ ထုတ်ပြန်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် စည်းကမ်း၊ ဥပဒေများ အတိုင်း ဒီမိုကရေစီမယိမ်းယိုင်အောင် ဆက်လက်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုနယ်ပယ်ပေါင်းစုံမှ စီမံကိန်းများသည် နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်ဆောင်ရွက်နေခြင်းဖြစ်သဖြင့် ပူးပေါင်းဆောင်ရွက်မှုများအောင်မြင်စေရေး တပ်မတော်မှ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွားမည့် အခြေအနေများအား ခင်မင်ရင်းနှီးစွာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးတို့သည် အမှတ်တရဓာတ်ပုံရိုက်ခဲ့ကြပြီး ခင်မင်ရင်းနှီးစွာ နှုတ်ဆက်ခဲ့ကြသည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ၊ ႏိုင္ငံေတာ္ေကာင္စီဝင္ႏွင့္ ႏိုင္ငံျခားေရးဝန္ႀကီးျဖစ္သူ H.E. Mr. Wang Yi အားလက္ခံေတြ႕ဆုံ

ေနျပည္ေတာ္၊ ဇန္နဝါရီ – ၁၂

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ တ႐ုတ္ျပည္သူ႔ သမၼတႏိုင္ငံ၊ ႏိုင္ငံေတာ္ေကာင္စီဝင္ႏွင့္ ႏိုင္ငံျခားေရးဝန္ႀကီးျဖစ္သူ H.E. Mr. Wang Yi အား ယေန႔နံနက္ပိုင္းတြင္ ေနျပည္ေတာ္ရွိ ေဇယ်ာသီရိဗိမာန္ ဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆုံ သည္။

အဆိုပါေတြ႕ဆုံပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီး ခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ထြန္းထြန္းေနာင္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ၊ ႏိုင္ငံေတာ္ေကာင္စီဝင္ႏွင့္ ႏိုင္ငံျခားေရး ဝန္ႀကီးႏွင့္အတူ ျမန္မာႏိုင္ငံဆိုင္ရာတ႐ုတ္ႏိုင္ငံသံအမတ္ႀကီး H.E. Mr. Chen Hai ၊ စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး H.E. Mr. Qian Keming၊ လက္ေထာက္ႏိုင္ငံျခားေရးဝန္ႀကီး H.E. Mr. Wu Jianghao ႏွင့္ အဆင့္ျမင့္အရာရွိႀကီးမ်ား တက္ေရာက္ၾကသည္။

ထိုသို႔ေတြ႕ဆုံရာတြင္ တ႐ုတ္ႏိုင္ငံႏွင့္ ျမန္မာႏိုင္ငံတို႔သည္ မိတ္ေဆြေကာင္း၊ အိမ္နီးခ်င္း ေကာင္း၊ မဟာဗ်ဴဟာမိတ္ဖက္ႏိုင္ငံမ်ားျဖစ္ကာ ရွိရင္းစြဲခ်စ္ၾကည္ရင္းႏွီးမႈႏွင့္ ႏွစ္ႏိုင္ငံ ေအးအတူ ပူအမွ် အသိုက္အဝန္း ထူေထာင္ႏိုင္ေရး ပူးေပါင္းေဆာင္႐ြက္မႈမ်ားကို တိုးျမႇင့္ေဆာင္႐ြက္ လ်က္ရွိသည့္ အေျခအေနမ်ား၊ ၂၀၂၀ ျပည့္ႏွစ္ ဇန္နဝါရီလအတြင္း ျမန္မာႏိုင္ငံသို႔ လာေရာက္ ခဲ့သည့္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ သမၼတ H.E. Mr. Xi Jinping ၏ ခရီးစဥ္တြင္ ႏွစ္ဖက္သေဘာ တူညီခ်က္မ်ားအား ဆက္လက္အေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြားမည့္အေျခအေနမ်ား၊ ႏွစ္ႏိုင္ငံ ေအးအတူပူအမွ် အသိုက္အဝန္းထူေထာင္ရာတြင္ လိုအပ္သည္မ်ားကို အျပန္အလွန္ ေထာက္ပံ့ကူညီျခင္းသည္ အေရးႀကီးသည့္အေျခအေနမ်ား၊ ျမန္မာ့တပ္မေတာ္ႏွင့္ ပတ္သက္သည့္က႑မ်ား၌လည္း အဓိကပူးေပါင္း၍ စြမ္းရည္ျမႇင့္တင္ေပးမည့္ကိစၥရပ္မ်ား၊ တ႐ုတ္ႏိုင္ငံတြင္ COVID-19 ေရာဂါစတင္ ျဖစ္ပြားသည့္ ကာလအတြင္း ျမန္မာ့တပ္မေတာ္မွ တ႐ုတ္ႏိုင္ငံသို႔ ေရာဂါကာကြယ္ေရး အေထာက္အကူျပဳ ေဆးႏွင့္ေဆးပစၥည္းမ်ား လ်င္ျမန္စြာ ေပးပို႔လႉဒါန္းခဲ့သည့္ အေျခအေနမ်ားႏွင့္ တ႐ုတ္ကြန္ျမဴနစ္ပါတီႏွင့္ တ႐ုတ္ျပည္သူ႔ လြတ္ေျမာက္ေရးတပ္မေတာ္မွလည္း ေဆးဘက္ဆိုင္ရာ ကြၽမ္းက်င္ပညာရွင္မ်ားေစလႊတ္၍ ေရာဂါကာကြယ္ေရး အေထာက္အကူျပဳ ေဆးႏွင့္ေဆးပစၥည္းမ်ားလႉဒါန္းကာ အျပန္အလွန္ ကူညီေဆာင္႐ြက္လ်က္ရွိသည့္ အေျခအေနမ်ား၊ လက္ရွိတြင္လည္း ျမန္မာႏိုင္ငံ၏ COVID-19 ေရာဂါ ကာကြယ္ ထိန္းခ်ဳပ္ ကုသေရးႏွင့္တိုက္ဖ်က္ေရးလုပ္ငန္းမ်ားတြင္ တ႐ုတ္ႏိုင္ငံမွ ဆက္လက္ကူညီေပးသြားမည္ျဖစ္ၿပီး ျမန္မာႏိုင္ငံအတြက္ COVID-19 ေရာဂါ ကာကြယ္ေဆး အလုံး ၃ သိန္းကူညီေပးသြား မည့္အေျခအေနမ်ား၊ တိုင္းျပည္ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ တည္ၿငိမ္ေအးခ်မ္းေရး၊ စည္းလုံး ညီၫြတ္ေရးႏွင့္ ဖြံးၿဖိဳးတိုးတက္ေရးတို႔ လိုအပ္မႈႏွင့္ ျမန္မာ့တပ္မေတာ္အေနျဖင့္ တည္ၿငိမ္ေအးခ်မ္းေရးအတြက္ အဓိကတာဝန္ယူေဆာင္႐ြက္ ေနသည့္အေျခအေနႏွင့္ တည္ၿငိမ္ေအးခ်မ္းေရးအတြက္ ဖြံ႕ၿဖိဳးတိုးတက္ေရးကိုပါ ပူးေပါင္း ေဆာင္႐ြက္ႏိုင္မည့္အေျခအေနမ်ား၊ တည္ၿငိမ္ေအးခ်မ္းမႈရွိမွသာလ်င္ တိုင္းျပည္ဖြံ႕ၿဖိဳးတိုးတက္ ေရးကို ပိုမိုေဆာင္႐ြက္ႏိုင္မည္ျဖစ္သည့္အတြက္ တပ္မေတာ္အေနျဖင့္ ႏိုင္ငံေတာ္မွအၾကမ္းဖက္ ဟု သတ္မွတ္ေၾကညာထားေသာ အၾကမ္းဖက္အဖြဲ႕အစည္းမ်ားရွိသည့္ ေနရာမ်ားမွအပ က်န္ေနရာမ်ားတြင္ စစ္ေရးဆိုင္ရာ လႈပ္ရွားမႈမ်ားကို ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ ၂၁ ရက္မွစ၍ ရပ္ဆိုင္းေပးခဲ့သည့္ အေျခအေနမ်ားႏွင့္ ဆက္လက္၍လည္း ထာ၀ရၿငိမ္းခ်မ္းေရးရရွိေရးအတြက္ အေလးထား ေဆာင္႐ြက္လ်က္ရွိသည့္အေျခအေနမ်ား၊ ဘဂၤလားေဒရွ႕္ႏိုင္ငံတြင္ေရာက္ရွိေနသည့္ ေနရပ္စြန႔္ခြာေနသူမ်ားႏွင့္ ပတ္သက္၍ ျမန္မာ-တ႐ုတ္-ဘဂၤလားေဒရွ႕္ သုံးႏိုင္ငံ ညႇိႏႈိင္း ေဆြးေႏြးမႈမ်ား ေဆာင္႐ြက္မည့္အေျခအေနမ်ား။

၂၀၂၀ ျပည့္ႏွစ္၊ ႏိုဝင္ဘာလ ၈ ရက္တြင္ ျမန္မာႏိုင္ငံ၏ ပါတီစုံဒီမိုကေရစီ အေထြေထြ ေ႐ြးေကာက္ပြဲ က်င္းပျပဳလုပ္ခဲ့သည့္အေျခအေနမ်ား၊ ပါတီစုံဒီမိုကေရစီစနစ္ ေဖာ္ေဆာင္ရာ၌ လြတ္လပ္၍တရားမွ်တေသာ ေ႐ြးေကာက္ပြဲျဖစ္ေရးသည္ ဒီမိုကေရစီ၏ အႏွစ္သာရ ျဖစ္ေၾကာင္းႏွင့္ ျပဳလုပ္ၿပီးခဲ့သည့္ ေ႐ြးေကာက္ပြဲ၌ မဲစာရင္းမ်ားႏွင့္ ပတ္သက္၍ အမွားအယြင္း မ်ားရွိခဲ့ၿပီး မဲမသမာမႈမ်ားရွိႏိုင္သျဖင့္ မဲစာရင္းမ်ားအား စိစစ္ေတြ႕ရွိခ်က္ႏွင့္စပ္လ်ဥ္း၍ တပ္မေတာ္မွ ထုတ္ျပန္ေဆာင္႐ြက္လ်က္ရွိသည့္ အေျခအေနမ်ားႏွင့္ စည္းကမ္း၊ ဥပေဒမ်ား အတိုင္း ဒီမိုကေရစီမယိမ္းယိုင္ေအာင္ ဆက္လက္ေဆာင္႐ြက္ႏိုင္မည့္ အေျခအေနမ်ား၊ ႏွစ္ႏိုင္ငံပူးေပါင္းေဆာင္႐ြက္မႈနယ္ပယ္ေပါင္းစုံမွ စီမံကိန္းမ်ားသည္ ႏွစ္ႏိုင္ငံ ဖြံ႕ၿဖိဳးတိုးတက္မႈကို ဦးတည္ေဆာင္႐ြက္ေနျခင္းျဖစ္သျဖင့္ ပူးေပါင္းေဆာင္႐ြက္မႈမ်ားေအာင္ျမင္ေစေရး တပ္မေတာ္မွ လိုအပ္သည္မ်ားကို ကူညီေဆာင္႐ြက္ေပးသြားမည့္ အေျခအေနမ်ားအား ခင္မင္ရင္းႏွီးစြာ က်ယ္က်ယ္ျပန႔္ျပန႔္ ေဆြးေႏြးခဲ့ၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ၊ ႏိုင္ငံေတာ္ေကာင္စီဝင္ႏွင့္ ႏိုင္ငံျခားေရးဝန္ႀကီးတို႔သည္ အမွတ္တရဓာတ္ပုံ႐ိုက္ခဲ့ၾကၿပီး ခင္မင္ရင္းႏွီးစြာ ႏႈတ္ဆက္ခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။