မွန်မြတ်သည့်လက်ဆင့်ကမ်းအမွေကိုထိန်းသိမ်းပြီး တပ်မတော်နှင့်နိုင်ငံ့ဂုဏ်ကို ဆက်လက် မြှင့်တင်ဆောင်ရွက်သွားကြရန် နေပြည်တော် မတ် ၁၃ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၁၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ခေတ်မီ တပ်မတော်ဖြစ်စေရေးဆောင်ရွက်ခဲ့မှုနှင့်ပတ်သက်၍ ပြန်လည်သုံးသပ်ဆွေးနွေးမှာ ကြားခြင်းအား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ဇေယျာသီရိဗိမာန်၊ သဘင်ဆောင် ခန်းမ၌ ကျင်းပပြုလုပ်သည်။ အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကော်မရှင်အတွင်းရေးမှူး ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်း၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင် ကာကွယ် ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များတက်ရောက်ကြပြီး တိုင်းစစ်ဌာနချုပ်များအလိုက်မှ တိုင်းမှူးများ၊ (ကြည်း၊ ရေ၊ လေ) တပ်ဌာနချုပ်များ အလိုက် ဌာနချုပ်မှူးများနှင့် စစ်ဆင်ရေး ကွပ်ကဲရေးမှူးများက Video Conferencing ဖြင့်တက်ရောက်ကြသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်ထမ်းဆောင်ခဲ့ရမှုနှင့်ခေတ်မီတပ်မတော်ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ပေးခဲ့မှုထိုသို့ အမှာစကားပြောကြားရာတွင် နိုင်ငံတော်