(၁၈)ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များအစည်းအဝေး (ACDFM-18) ကို Video Conferencing စနစ်ဖြင့်ကျင်းပပြုလုပ်

နေပြည်တော်၊ မတ် – ၁၈

(၁၈)ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များအစည်းအဝေး 18th ASEAN Chiefs of Defence Forces Meeting (ACDFM-18) အစည်း အဝေးကို Online Video Conferencing စနစ်ဖြင့် ယနေ့နံနက်ပိုင်းတွင် ကျင်းပ ပြုလုပ်သည်။

အဆိုပါအစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ စစ်ဦးစီးအရာရှိချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး တို့တက်ရောက်ကြပြီး ဘရူနိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Major General Dato Seri Pahlawan Haji Hamzah Bin Haji Sahat နှင့် ကိုယ်စားလှယ် အဖွဲ့များ၊ ကမ္ဘောဒီးယားဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Vong Pisen နှင့် ကိုယ်စားလှယ်အဖွဲ့များ၊ အင်ဒိုနီးရှားအမျိုးသားတပ်မတော်စစ်ဦးစီးအရာရှိချုပ် Lieutenant General Ganip Warsito နှင့် ကိုယ်စားလှယ်အဖွဲ့များ၊ လာအိုအမျိုးသား ကာကွယ်ရေးဝန်ကြီးဌာန စစ်ဦးစီးဌာနယာယီအကြီးအကဲ Major General Chanthong Sontaath နှင့် ကိုယ်စားလှယ်အဖွဲ့များ၊ မလေးရှားတပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Tan Sri Dato Hj Affendi bin Buang နှင့် ကိုယ်စားလှယ်အဖွဲ့များ၊ ဖိလစ်ပိုင် တပ်မတော်မှ ဒုတိယတပ်မတော်ဦးစီးချုပ် Lieutenant General Erickson R.GloriaE နှင့် ကိုယ်စားလှယ်အဖွဲ့များ၊ စင်ကာပူတပ်မတော်ကာကွယ်ရေးဦးစီးချုပ် Lieutenant General Melvyn Ong နှင့် ကိုယ်စားလှယ်အဖွဲ့များ၊ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Chalermphon Srisawasdi နှင့် ကိုယ်စားလှယ်အဖွဲ့များ၊ ဗီယက်နမ်ပြည်သူ့ တပ်မတော် ဒုတိယစစ်ဦးစီးအရာရှိချုပ် Senior Lieutenant General Nguyen Phuong Nam နှင့် ကိုယ်စားလှယ်အဖွဲ့များတက်ရောက်ကြသည်။

ဦးစွာ(၁၈)ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များအစည်းအဝေး (ACDFM-18) ဥက္ကဋ္ဌ ဘရူနိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အဖွင့်မိန့်ခွန်း ပြောကြားသည်။

ထို့နောက် (၁၈)ကြိမ်မြောက်အာဆီယံတပ်မတော်ထောက်လှမ်းရေးမှူးချုပ်များ အစည်းအဝေး (ACDFM-18) ဥက္ကဋ္ဌ ဘရူးနိုင်ငံဘုရင့်တပ်မတော်မှ Colonel Haji Mohammad Muluddin Bin Awang Haji Latif နှင့် (၁၁)ကြိမ်မြောက် အာဆီယံ တပ်မတော်စစ်ဆင်ရေးမှူးချုပ်များ အစည်းအဝေး (11th AMOM) ဥက္ကဋ္ဌ ဘရူနိုင်း ဘုရင့်တပ်မတော်မှ Brigadier General Haji Abdul Razak bin Haji Abdul Kadir တို့က အစည်းအဝေးကျင်းပခဲ့မှု အစီရင်ခံစာများကို ဖတ်ကြားတင်ပြကြသည်။

ယင်းနောက် တက်ရောက်လာကြသည့် အာဆီယံနိုင်ငံ၊ တပ်မတော်များမှ ကိုယ်စားလှယ် များက ဂရုပြု၊ ပြင်ဆင်၊ အောင်ပွဲဝင် (We Care, We Prepare, We Prosper) ခေါင်းစဉ်အပေါ်အမြင်များအား နိုင်ငံအက္ခရာစဉ် အလိုက် အလှည့်ကျဆွေးနွေးကြသည်။ မြန်မာ့တပ်မတော်မှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆွေးနွေးရာတွင် အစည်းအဝေးသို့ပါဝင် တက်ရောက် လာကြသူများအားလုံး ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ COVID-19 ဖြစ်ပွားနေသည့် အကြပ် အတည်းကာလတွင် ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေကြောင်း၊ မိမိတို့ အာဆီယံဒေသကြီးသည် ကမ္ဘာ့ အင်အားကြီး နိုင်ငံများအင်အားပြိုင်ဆိုင်မှု၊ ပထဝီအနေအထားအရ အချက်အချာကျမှု တို့ကြောင့် လက်ရှိကာလတွင် သမားရိုးကျလုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများအပြင် ရာသီဥတု ပြောင်းလဲမှု၊ အရင်းအမြစ်ရှားပါးလာမှု၊ သဘာဝဘေးအန္တရာယ်၊ ပုံမှန်မဟုတ်သော ရွှေ့ပြောင်း အလုပ်သမားကိစ္စ၊ အစာရေစာရှားပါးမှု၊ လူမှောင်ခိုကုန်ကူးမှု၊ မူးယစ်ဆေးရောင်းဝယ် ဖောက်ကားမှု၊ သတင်းအချက်အလက်လုံခြုံရေး၊ ပင်လယ်ဓားပြမှု၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများအပါအဝင် အကြမ်းဖက်မှုနှင့် ကပ်ရောဂါကူးစက်ပြန့်ပွားမှုကဲ့သို့သော သမားရိုးကျမဟုတ်သည့် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများနှင့်လည်း ရင်ဆိုင်နေရလျက်ရှိပါ ကြောင်း။

သမားရိုးကျမဟုတ်သည့် လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများအနက် အကြမ်းဖက်ဝါဒ နှင့် COVID-19 ကမ္ဘာ့ကပ်ရောဂါသည် အာဆီယံဒေသကြီးတစ်ခုလုံးကို အဓိကကြီးမားစွာ ခြိမ်းခြောက်နေသည့် ကိစ္စရပ်များဖြစ်သည့်အတွက် နိုင်ငံတစ်နိုင်ငံချင်းအနေဖြင့် ဖြေရှင်း ခြင်းထက် နိုင်ငံအများစည်းလုံးညီညွတ်စွာ ပေါင်းစပ်ညှိနှိုင်း၍ ဖြေရှင်းခြင်းက ပိုမိုထိရောက် အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း၊ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အားနည်းချက်များနှင့် အုပ်ချုပ်ရေးဆိုင်ရာ လိုအပ်ချက်များရှိနေမှု၊ ငွေကြေးဆိုင်ရာ စီးဆင်းမှုများကို စောင့်ကြည့် ကြပ်မတ်မှုများ အပြည့်အ၀ မလုပ်ဆောင်နိုင်မှု၊ အကြမ်းဖက်သမားများ၏ အဓိက ငွေဝင် လမ်းကြောင်းဖြစ်သည့် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုများ ဒေသအတွင်း ကျယ်ပြန့်စွာဖြစ်ပေါ်နေမှု၊ မိမိတို့ အာဆီယံဒေသအတွင်း၌ အခြားသောဒေသများမှ လက်နက်အထောက်အပံ့များကို အများအပြားရရှိနိုင်မှုစသည့် အချက်များသည် အာဆီယံ ဒေသတွင်း၌ အကြမ်းဖက်ဝါဒကို ဆန့်ကျင်တွန်းလှန်ရာတွင် ထိရောက်လျင်မြန်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် အဓိကအတားအဆီး ဖြစ်နေသည့် အချက် များပင်ဖြစ်ပါကြောင်း။

လက်ရှိဖြစ်ပွားနေသော COVID-19 ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါသည် ကမ္ဘာ့လူဦး ရေ ၈ ဘီလီယံခန့်၏ ဘဝကို ပြောင်းလဲမှုများစွာဖြစ်ပေါ်စေခဲ့ပြီး သက်ဆိုင်ရာအစိုးရများ နှင့် နိုင်ငံသားများအနေဖြင့် ဘဝနေထိုင်မှုပုံစံအသစ် New normal နှင့်ပတ်သက်၍ များစွာ ထည့်သွင်းစဉ်းစားလာရလျက်ရှိပါကြောင်း၊ COVID-19 ကပ်ရောဂါ၏ ရိုက်ခတ်မှုကြောင့် ဆင်းရဲမွဲတေမှုနှုန်းမြင့်တက်လာခြင်း၊ အမျိုးသမီးများအပေါ် ရိုက်ခတ်မှုကြီးမားခြင်း၊ ပညာ ရေးဆိုင်ရာကိစ္စရပ်များ နှောင့်နှေးကြန့်ကြာရခြင်း၊ လူမှုဘဝလုံခြုံစိတ်ချရမှုကို ထိခိုက်ခြင်း၊ IDP စခန်းများရှိ ဒုက္ခသည်များအတွက် ဘေးအန္တရယ်ထူပြောလာခြင်း၊ ဆင်ခြေဖုံးဒေသ များတွင် နေထိုင်သူများအကြား ရောဂါဖြစ်ပွားနိုင်ခြေမြင့်မားလာခြင်း၊ ဝင်ငွေနည်းပါးလာ ခြင်းနှင့် အလုပ်အကိုင်များလက်လွှတ်ဆုံးရှုံးရခြင်း၊ ကမ္ဘာ့ကုန်ကူးသန်းရောင်းဝယ်မှုကျဆင်း လာခြင်း၊ စားသောက်ကုန်များရှားပါးလာခြင်းနှင့် ခရီးသွားလုပ်ငန်းများ အလွန်အမင်း ကျဆင်းလာခြင်း အစရှိသည့် လူမှုစီးပွား ကဏ္ဍများတွင် သက်ရောက်မှုကြီးမားစွာဖြစ်ပေါ် လျက်ရှိပါကြောင်း။

မိမိတို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဃဥဠှီု-၁၉ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ ကြောင့် နောက်ဆက်တွဲရိုက်ခတ်မှုများကို လျော့ချရန်နှင့်တားဆီးကာကွယ်နိုင်ရေးအတွက် မိမိတို့အနေဖြင့် နိုင်ငံအလိုက် ကျင့်သုံးလျက်ရှိသည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အဆင့်မြှင့်တင်ဆောင်ရွက်ရန်၊ လူမှု-စီးပွားကဏ္ဍတွင် ထိခိုက်ခံစားရသူများ၏ လိုအပ်ချက်နှင့် ရပိုင်ခွင့်များကို ထိရောက်စွာ ကူညီဖြည့်ဆည်းဆောင်ရွက်ပေးရန်၊ အဆိုပါထိခိုက်ခံစားခဲ့ ရသည်ကို ရေရှည်တွင် ပြန်လည်ကုစားကူညီပေးနိုင်ရေးအတွက် အစီအမံများနှင့် မူဝါဒ များချမှတ်ဆောင်ရွက်ထားရန် သက်ဆိုင်ရာနိုင်ငံများက COVID-19 ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအရေးပေါ်တုန့်ပြန်ရေးအဖွဲ့များ၊ ကော်မတီများဖွဲ့စည်း၍ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများတွင် မိမိတို့တပ်မတော်အသီးသီးကလည်း ထိရောက်စွာပူးပေါင်းပါဝင်ဆောင်ရွက် ရန် လိုအပ်မည်ဖြစ်ပါကြောင်း။

ဂရုပြု၊ ပြင်ဆင်၊ အောင်ပွဲဝင် (We Care , We Prepare, We Prosper) ဟူသည့် ယခုနှစ်အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များအစည်းအဝေး၏ ဆောင်ပုဒ် အတိုင်း မိမိတို့အနေဖြင့် သမားရိုးကျနှင့်သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာစိန်ခေါ်မှု များအားလုံး၏ အန္တရာယ်ကို ကြိုတင်မျှော်တွေး၍ ဂရုတစိုက်လေ့လာဆန်းစစ်ခြင်း၊ စိန်ခေါ်မှု များကို မိမိတို့အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ စုပေါင်းအားဖြင့် ရင်ဆိုင်ကျော်လွှားနိုင်ရေးအတွက် လိုအပ်သည့် ပူးပေါင်းဆောင်ရွက်မှုများကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်းနှင့် ပူးပေါင်း ဆောင်ရွက်မှုတို့မှတစ်ဆင့်ရရှိလာသော ရလဒ်များကို အဖွဲ့ဝင်နိုင်ငံများအချင်းချင်းမျှေ၀ ခံစား ခြင်းတို့ကို မလွဲမသွေ အကောင်အထည်ဖော်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း ဖြင့် ဆွေးနွေးပြောကြားသည်။

ဆက်လက်ပြီး အာဆီယံစစ်ဘက်ဆိုင်ရာလေ့ကျင့်ခန်း (ASEAN Military Exercise-AMX) လုပ်ငန်းစာတမ်းအားဆွေးနွေးခြင်း၊ အာဆီယံတပ်မတော်များ၏ ၂ နှစ် လုပ်ငန်းစီမံချက်(၂၀၂၁-၂၀၂၃) Two Year Working Plan(2021-2023) အား အတည် ပြုခြင်း၊ ACDFM-18 ၏ ပူးတွဲထုတ်ပြန်ကြေညာချက် Joint Statement အား အပြီးသတ် ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြပြီး Joint Statement ကို အတည်ပြုကြသည်။

ယင်းနောက် 18th ASEAN Chiefs of Defence Forces Meeting (ACDFM-18) ဥက္ကဋ္ဌ ဘရူးနိုင်ငံဘုရင့်တပ်မတော်မှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က အပိတ် မိန့်ခွန်းပြောကြားပြီး 19th ASEAN Chiefs of Defence Forces Meeting (ACDFM-19) ဥက္ကဋ္ဌ ကို အလှည့်ကျဥက္ကဋ္ဌ အဖြစ်တာဝန်ယူဆောင်ရွက်မည့် ကမ္ဘောဒီးယား ဘုရင့်တပ်မတော်မှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ ဥက္ကဋ္ဌတာဝန်များအား လွှဲပြောင်း ပေးအပ်သည်။

ထို့နောက် ကမ္ဘောဒီးယားဘုရင့်တပ်မတော်မှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က လွှဲပြောင်းလက်ခံမှုမိန့်ခွန်းပြောကြားပြီး အစည်းအဝေးအောင်မြင်စွာ ပြီးစီးခဲ့သည်။

(Zawgyi Version)

(၁၈)ႀကိမ္ေျမာက္ အာဆီယံတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္မ်ားအစည္းအေဝး (ACDFM-18) ကို Video Conferencing စနစ္ျဖင့္က်င္းပျပဳလုပ္

ေနျပည္ေတာ္၊ မတ္ – ၁၈

(၁၈)ႀကိမ္ေျမာက္ အာဆီယံတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္မ်ားအစည္းအေဝး 18th ASEAN Chiefs of Defence Forces Meeting (ACDFM-18) အစည္း အေဝးကို Online Video Conferencing စနစ္ျဖင့္ ယေန႔နံနက္ပိုင္းတြင္ က်င္းပ ျပဳလုပ္သည္။

အဆိုပါအစည္းအေဝးသို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၊ စစ္ဦးစီးအရာရွိခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္းႏွင့္ စစ္ဘက္ေရးရာလုံၿခဳံေရးအရာရွိခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦး တို႔တက္ေရာက္ၾကၿပီး ဘ႐ူႏိုင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ Major General Dato Seri Pahlawan Haji Hamzah Bin Haji Sahat ႏွင့္ ကိုယ္စားလွယ္ အဖြဲ႕မ်ား၊ ကေမာၻဒီးယားဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ General Vong Pisen ႏွင့္ ကိုယ္စားလွယ္အဖြဲ႕မ်ား၊ အင္ဒိုနီးရွားအမ်ိဳးသားတပ္မေတာ္စစ္ဦးစီးအရာရွိခ်ဳပ္ Lieutenant General Ganip Warsito ႏွင့္ ကိုယ္စားလွယ္အဖြဲ႕မ်ား၊ လာအိုအမ်ိဳးသား ကာကြယ္ေရးဝန္ႀကီးဌာန စစ္ဦးစီးဌာနယာယီအႀကီးအကဲ Major General Chanthong Sontaath ႏွင့္ ကိုယ္စားလွယ္အဖြဲ႕မ်ား၊ မေလးရွားတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ General Tan Sri Dato Hj Affendi bin Buang ႏွင့္ ကိုယ္စားလွယ္အဖြဲ႕မ်ား၊ ဖိလစ္ပိုင္ တပ္မေတာ္မွ ဒုတိယတပ္မေတာ္ဦးစီးခ်ဳပ္ Lieutenant General Erickson R.GloriaE ႏွင့္ ကိုယ္စားလွယ္အဖြဲ႕မ်ား၊ စင္ကာပူတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ Lieutenant General Melvyn Ong ႏွင့္ ကိုယ္စားလွယ္အဖြဲ႕မ်ား၊ ထိုင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ General Chalermphon Srisawasdi ႏွင့္ ကိုယ္စားလွယ္အဖြဲ႕မ်ား၊ ဗီယက္နမ္ျပည္သူ႔ တပ္မေတာ္ ဒုတိယစစ္ဦးစီးအရာရွိခ်ဳပ္ Senior Lieutenant General Nguyen Phuong Nam ႏွင့္ ကိုယ္စားလွယ္အဖြဲ႕မ်ားတက္ေရာက္ၾကသည္။

ဦးစြာ(၁၈)ႀကိမ္ေျမာက္ အာဆီယံတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္မ်ားအစည္းအေဝး (ACDFM-18) ဥကၠ႒ ဘ႐ူႏိုင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အဖြင့္မိန႔္ခြန္း ေျပာၾကားသည္။

ထို႔ေနာက္ (၁၈)ႀကိမ္ေျမာက္အာဆီယံတပ္မေတာ္ေထာက္လွမ္းေရးမႉးခ်ဳပ္မ်ား အစည္းအေဝး (ACDFM-18) ဥကၠ႒ ဘ႐ူးႏိုင္ငံဘုရင့္တပ္မေတာ္မွ Colonel Haji Mohammad Muluddin Bin Awang Haji Latif ႏွင့္ (၁၁)ႀကိမ္ေျမာက္ အာဆီယံ တပ္မေတာ္စစ္ဆင္ေရးမႉးခ်ဳပ္မ်ား အစည္းအေဝး (11th AMOM) ဥကၠ႒ ဘ႐ူႏိုင္း ဘုရင့္တပ္မေတာ္မွ Brigadier General Haji Abdul Razak bin Haji Abdul Kadir တို႔က အစည္းအေဝးက်င္းပခဲ့မႈ အစီရင္ခံစာမ်ားကို ဖတ္ၾကားတင္ျပၾကသည္။

ယင္းေနာက္ တက္ေရာက္လာၾကသည့္ အာဆီယံႏိုင္ငံ၊ တပ္မေတာ္မ်ားမွ ကိုယ္စားလွယ္ မ်ားက ဂ႐ုျပဳ၊ ျပင္ဆင္၊ ေအာင္ပြဲဝင္ (We Care, We Prepare, We Prosper) ေခါင္းစဥ္အေပၚအျမင္မ်ားအား ႏိုင္ငံအကၡရာစဥ္ အလိုက္ အလွည့္က်ေဆြးေႏြးၾကသည္။ ျမန္မာ့တပ္မေတာ္မွ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေဆြးေႏြးရာတြင္ အစည္းအေဝးသို႔ပါဝင္ တက္ေရာက္ လာၾကသူမ်ားအားလုံး ကမာၻလုံးဆိုင္ရာကပ္ေရာဂါ COVID-19 ျဖစ္ပြားေနသည့္ အၾကပ္ အတည္းကာလတြင္ ေဘးအႏၲရာယ္အေပါင္းမွ ကင္းေဝးၾကပါေစေၾကာင္း၊ မိမိတို႔ အာဆီယံေဒသႀကီးသည္ ကမာၻ႔ အင္အားႀကီး ႏိုင္ငံမ်ားအင္အားၿပိဳင္ဆိုင္မႈ၊ ပထဝီအေနအထားအရ အခ်က္အခ်ာက်မႈ တို႔ေၾကာင့္ လက္ရွိကာလတြင္ သမား႐ိုးက်လုံၿခဳံေရးဆိုင္ရာ စိန္ေခၚမႈမ်ားအျပင္ ရာသီဥတု ေျပာင္းလဲမႈ၊ အရင္းအျမစ္ရွားပါးလာမႈ၊ သဘာဝေဘးအႏၲရာယ္၊ ပုံမွန္မဟုတ္ေသာ ေ႐ႊ႕ေျပာင္း အလုပ္သမားကိစၥ၊ အစာေရစာရွားပါးမႈ၊ လူေမွာင္ခိုကုန္ကူးမႈ၊ မူးယစ္ေဆးေရာင္းဝယ္ ေဖာက္ကားမႈ၊ သတင္းအခ်က္အလက္လုံၿခဳံေရး၊ ပင္လယ္ဓားျပမႈ၊ နယ္စပ္ျဖတ္ေက်ာ္ ရာဇဝတ္မႈမ်ားအပါအဝင္ အၾကမ္းဖက္မႈႏွင့္ ကပ္ေရာဂါကူးစက္ျပန႔္ပြားမႈကဲ့သို႔ေသာ သမား႐ိုးက်မဟုတ္သည့္ လုံၿခဳံေရးဆိုင္ရာ စိန္ေခၚမႈမ်ားႏွင့္လည္း ရင္ဆိုင္ေနရလ်က္ရွိပါ ေၾကာင္း။

သမား႐ိုးက်မဟုတ္သည့္ လုံၿခဳံေရးဆိုင္ရာစိန္ေခၚမႈမ်ားအနက္ အၾကမ္းဖက္ဝါဒ ႏွင့္ COVID-19 ကမာၻ႔ကပ္ေရာဂါသည္ အာဆီယံေဒသႀကီးတစ္ခုလုံးကို အဓိကႀကီးမားစြာ ၿခိမ္းေျခာက္ေနသည့္ ကိစၥရပ္မ်ားျဖစ္သည့္အတြက္ ႏိုင္ငံတစ္ႏိုင္ငံခ်င္းအေနျဖင့္ ေျဖရွင္း ျခင္းထက္ ႏိုင္ငံအမ်ားစည္းလုံးညီၫြတ္စြာ ေပါင္းစပ္ညႇိႏႈိင္း၍ ေျဖရွင္းျခင္းက ပိုမိုထိေရာက္ ေအာင္ျမင္ႏိုင္မည္ျဖစ္ပါေၾကာင္း၊ လူဝင္မႈႀကီးၾကပ္ေရးဆိုင္ရာ အားနည္းခ်က္မ်ားႏွင့္ အုပ္ခ်ဳပ္ေရးဆိုင္ရာ လိုအပ္ခ်က္မ်ားရွိေနမႈ၊ ေငြေၾကးဆိုင္ရာ စီးဆင္းမႈမ်ားကို ေစာင့္ၾကည့္ ၾကပ္မတ္မႈမ်ား အျပည့္အ၀ မလုပ္ေဆာင္ႏိုင္မႈ၊ အၾကမ္းဖက္သမားမ်ား၏ အဓိက ေငြဝင္ လမ္းေၾကာင္းျဖစ္သည့္ မူးယစ္ေဆးဝါးေရာင္းဝယ္ေဖာက္ကားမႈမ်ား ေဒသအတြင္း က်ယ္ျပန႔္စြာျဖစ္ေပၚေနမႈ၊ မိမိတို႔ အာဆီယံေဒသအတြင္း၌ အျခားေသာေဒသမ်ားမွ လက္နက္အေထာက္အပံ့မ်ားကို အမ်ားအျပားရရွိႏိုင္မႈစသည့္ အခ်က္မ်ားသည္ အာဆီယံ ေဒသတြင္း၌ အၾကမ္းဖက္ဝါဒကို ဆန႔္က်င္တြန္းလွန္ရာတြင္ ထိေရာက္လ်င္ျမန္စြာ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ႏိုင္ရန္အတြက္ အဓိကအတားအဆီး ျဖစ္ေနသည့္ အခ်က္ မ်ားပင္ျဖစ္ပါေၾကာင္း။

လက္ရွိျဖစ္ပြားေနေသာ COVID-19 ကမာၻလုံးဆိုင္ရာကပ္ေရာဂါသည္ ကမာၻ႔လူဦး ေရ ၈ ဘီလီယံခန႔္၏ ဘဝကို ေျပာင္းလဲမႈမ်ားစြာျဖစ္ေပၚေစခဲ့ၿပီး သက္ဆိုင္ရာအစိုးရမ်ား ႏွင့္ ႏိုင္ငံသားမ်ားအေနျဖင့္ ဘဝေနထိုင္မႈပုံစံအသစ္ New normal ႏွင့္ပတ္သက္၍ မ်ားစြာ ထည့္သြင္းစဥ္းစားလာရလ်က္ရွိပါေၾကာင္း၊ COVID-19 ကပ္ေရာဂါ၏ ႐ိုက္ခတ္မႈေၾကာင့္ ဆင္းရဲမြဲေတမႈႏႈန္းျမင့္တက္လာျခင္း၊ အမ်ိဳးသမီးမ်ားအေပၚ ႐ိုက္ခတ္မႈႀကီးမားျခင္း၊ ပညာ ေရးဆိုင္ရာကိစၥရပ္မ်ား ေႏွာင့္ေႏွးၾကန႔္ၾကာရျခင္း၊ လူမႈဘဝလုံၿခဳံစိတ္ခ်ရမႈကို ထိခိုက္ျခင္း၊ IDP စခန္းမ်ားရွိ ဒုကၡသည္မ်ားအတြက္ ေဘးအႏၲရယ္ထူေျပာလာျခင္း၊ ဆင္ေျခဖုံးေဒသ မ်ားတြင္ ေနထိုင္သူမ်ားအၾကား ေရာဂါျဖစ္ပြားႏိုင္ေျချမင့္မားလာျခင္း၊ ဝင္ေငြနည္းပါးလာ ျခင္းႏွင့္ အလုပ္အကိုင္မ်ားလက္လႊတ္ဆုံးရႈံးရျခင္း၊ ကမာၻ႔ကုန္ကူးသန္းေရာင္းဝယ္မႈက်ဆင္း လာျခင္း၊ စားေသာက္ကုန္မ်ားရွားပါးလာျခင္းႏွင့္ ခရီးသြားလုပ္ငန္းမ်ား အလြန္အမင္း က်ဆင္းလာျခင္း အစရွိသည့္ လူမႈစီးပြား က႑မ်ားတြင္ သက္ေရာက္မႈႀကီးမားစြာျဖစ္ေပၚ လ်က္ရွိပါေၾကာင္း။

မိမိတို႔ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ားအေနျဖင့္ ဃဥဠႈီ-၁၉ ကမာၻလုံးဆိုင္ရာ ကပ္ေရာဂါ ေၾကာင့္ ေနာက္ဆက္တြဲ႐ိုက္ခတ္မႈမ်ားကို ေလ်ာ့ခ်ရန္ႏွင့္တားဆီးကာကြယ္ႏိုင္ေရးအတြက္ မိမိတို႔အေနျဖင့္ ႏိုင္ငံအလိုက္ က်င့္သုံးလ်က္ရွိသည့္က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ားကို အဆင့္ျမႇင့္တင္ေဆာင္႐ြက္ရန္၊ လူမႈ-စီးပြားက႑တြင္ ထိခိုက္ခံစားရသူမ်ား၏ လိုအပ္ခ်က္ႏွင့္ ရပိုင္ခြင့္မ်ားကို ထိေရာက္စြာ ကူညီျဖည့္ဆည္းေဆာင္႐ြက္ေပးရန္၊ အဆိုပါထိခိုက္ခံစားခဲ့ ရသည္ကို ေရရွည္တြင္ ျပန္လည္ကုစားကူညီေပးႏိုင္ေရးအတြက္ အစီအမံမ်ားႏွင့္ မူဝါဒ မ်ားခ်မွတ္ေဆာင္႐ြက္ထားရန္ သက္ဆိုင္ရာႏိုင္ငံမ်ားက COVID-19 ကမာၻလုံးဆိုင္ရာ ကပ္ေရာဂါအေရးေပၚတုန႔္ျပန္ေရးအဖြဲ႕မ်ား၊ ေကာ္မတီမ်ားဖြဲ႕စည္း၍ ေဆာင္႐ြက္လ်က္ရွိသည့္ လုပ္ငန္းမ်ားတြင္ မိမိတို႔တပ္မေတာ္အသီးသီးကလည္း ထိေရာက္စြာပူးေပါင္းပါဝင္ေဆာင္႐ြက္ ရန္ လိုအပ္မည္ျဖစ္ပါေၾကာင္း။

ဂ႐ုျပဳ၊ ျပင္ဆင္၊ ေအာင္ပြဲဝင္ (We Care , We Prepare, We Prosper) ဟူသည့္ ယခုႏွစ္အာဆီယံတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္မ်ားအစည္းအေဝး၏ ေဆာင္ပုဒ္ အတိုင္း မိမိတို႔အေနျဖင့္ သမား႐ိုးက်ႏွင့္သမား႐ိုးက်မဟုတ္ေသာ လုံၿခဳံေရးဆိုင္ရာစိန္ေခၚမႈ မ်ားအားလုံး၏ အႏၲရာယ္ကို ႀကိဳတင္ေမွ်ာ္ေတြး၍ ဂ႐ုတစိုက္ေလ့လာဆန္းစစ္ျခင္း၊ စိန္ေခၚမႈ မ်ားကို မိမိတို႔အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ား၏ စုေပါင္းအားျဖင့္ ရင္ဆိုင္ေက်ာ္လႊားႏိုင္ေရးအတြက္ လိုအပ္သည့္ ပူးေပါင္းေဆာင္႐ြက္မႈမ်ားကို ႀကိဳတင္ျပင္ဆင္ေဆာင္႐ြက္ျခင္းႏွင့္ ပူးေပါင္း ေဆာင္႐ြက္မႈတို႔မွတစ္ဆင့္ရရွိလာေသာ ရလဒ္မ်ားကို အဖြဲ႕ဝင္ႏိုင္ငံမ်ားအခ်င္းခ်င္းေမွ်၀ ခံစား ျခင္းတို႔ကို မလြဲမေသြ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ၾကရန္ တိုက္တြန္းေျပာၾကားလိုပါေၾကာင္း ျဖင့္ ေဆြးေႏြးေျပာၾကားသည္။

ဆက္လက္ၿပီး အာဆီယံစစ္ဘက္ဆိုင္ရာေလ့က်င့္ခန္း (ASEAN Military Exercise-AMX) လုပ္ငန္းစာတမ္းအားေဆြးေႏြးျခင္း၊ အာဆီယံတပ္မေတာ္မ်ား၏ ၂ ႏွစ္ လုပ္ငန္းစီမံခ်က္(၂၀၂၁-၂၀၂၃) Two Year Working Plan(2021-2023) အား အတည္ ျပဳျခင္း၊ ACDFM-18 ၏ ပူးတြဲထုတ္ျပန္ေၾကညာခ်က္ Joint Statement အား အၿပီးသတ္ ေဆြးေႏြးျခင္းတို႔ကို ေဆာင္႐ြက္ၾကၿပီး Joint Statement ကို အတည္ျပဳၾကသည္။

ယင္းေနာက္ 18th ASEAN Chiefs of Defence Forces Meeting (ACDFM-18) ဥကၠ႒ ဘ႐ူးႏိုင္ငံဘုရင့္တပ္မေတာ္မွ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ က အပိတ္ မိန႔္ခြန္းေျပာၾကားၿပီး 19th ASEAN Chiefs of Defence Forces Meeting (ACDFM-19) ဥကၠ႒ ကို အလွည့္က်ဥကၠ႒ အျဖစ္တာဝန္ယူေဆာင္႐ြက္မည့္ ကေမာၻဒီးယား ဘုရင့္တပ္မေတာ္မွ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ထံသို႔ ဥကၠ႒တာဝန္မ်ားအား လႊဲေျပာင္း ေပးအပ္သည္။

ထို႔ေနာက္ ကေမာၻဒီးယားဘုရင့္တပ္မေတာ္မွ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ က လႊဲေျပာင္းလက္ခံမႈမိန႔္ခြန္းေျပာၾကားၿပီး အစည္းအေဝးေအာင္ျမင္စြာ ၿပီးစီးခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။