နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကျိုင်းတုံ မြို့ရှောင်လမ်းဖောက်လုပ်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

နေပြည်တော် မတ် ၂၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် ယနေ့ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ဦးစိုင်းလုံးဆိုင်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကာကွယ်ရေးဦးစီး ချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း တို့လိုက်ပါ၍ ကျိုင်းတုံမြို့ရှောင်လမ်းဖောက်လုပ် နေမှုအခြေအနေများအား သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် အား ရှမ်းပြည်နယ်(အရှေ့ပိုင်း) လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးရဲလင်းက မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ် လမ်းကြောင်းပေါ်ရှိ ကျိုင်းတုံမြို့ရှောင် (ကတ္တရာ-ကွန်ကရစ်) လမ်း၊ လမ်းအရှည် ၁၀ ကီလိုမီတာ၊ အကျယ် ၇ မီတာကိုဖောက်လုပ်လျက်ရှိသည့် အခြေအနေများ၊ လက်ရှိအချိန်တွင် ၁.၂၃ ကီလို မီတာထိ ဖောက်လုပ်ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေ အနေများကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က (ကတ္တရာ-ကွန်ကရစ်)လမ်း ခင်းကျင်းရာတွင် သတ်မှတ်ချက်များနှင့် ပြည့်မီစွာ ခင်းကျင်းရေး၊ လမ်းကြောင်းပေါ်တွင် ရေတင်ကျန်ပြီး လမ်းပျက်စီးမှုမရှိစေရေး အတွက် လမ်းကြောင်းတစ်လျှောက် ရေနုတ်မြောင်းဖောက်လုပ်မှုကို လမ်းအနိမ့် အမြင့်အလိုက် ထားရှိသင့်သည့်မြောင်းအကျယ်ပမာဏကို တွက်ချက်လုပ်ဆောင် နိုင်ရေးနှင့် ကျိုင်းတုံမြို့၏ ရာသီဥတုအခြေအနေကို ချိန်ထိုးကိုက်ညှိ၍ တွက်ချက် ဖောက် လုပ်နိုင်ရေး၊ လမ်းကြောင်းပေါ်တွင် ဆောင်ရွက်ရန်လိုအပ်သည့် တံတားများကို ပုံစံ ဒီဇိုင်းရေးဆွဲထားရှိရေး လိုအပ်သည်များကို ပြန်လည်ဆွေးနွေးမှာကြားသည်။

ထို့နောက် မြို့ရှောင်လမ်းဖောက်လုပ်ထားမည့် လျာထားမြေသားလမ်းကြောင်း ပေါ်တွင် ယာဉ်ယန္တရားများအသုံးပြု၍ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဆွေး နွေးမှာကြားခဲ့သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျိုင်းတုံမြို့ကျက်သရေဆောင် မဟာမုနိဘုရားကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုကြရာ ဂေါပကအဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြ သည်။ ထို့နောက် မဟာမြတ်မုနိဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ဆီမီးနှင့် ရွှေသင်္ကန်းများ ကပ်လှူပူဇော်ပြီး ဘက်စုံအလှူငွေများ ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့က လက်ခံရယူခဲ့ကြသည်။ ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တန်ဆောင်မုန်း လပြည့်နေ့တွင်ကျရောက်မည့် မဟာမြတ်မုနိဘုရားကြီး ရာပြည့်ပွဲတော်အတွက် လိုအပ်သည်များကို ပြင်ဆင်လုပ်ဆောင်ထားရှိရန် ဂေါပကအဖွဲ့နှင့် တာဝန်ရှိသူ များအား မှာကြားခဲ့သည်။

(Zawgyi Version)

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ က်ိဳင္းတုံ ၿမိဳ႕ေရွာင္လမ္းေဖာက္လုပ္ေနမႈ အေျခအေနမ်ားအား ၾကည့္ရႈစစ္ေဆး

ေနျပည္ေတာ္ မတ္ ၂၉

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ သည္ ယေန႔ညေနပိုင္းတြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဝင္မ်ားျဖစ္ၾကသည့္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္းႏွင့္ ဦးစိုင္းလုံးဆိုင္၊ ေကာင္စီတြဲဖက္အတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦး၊ ကာကြယ္ေရးဦးစီး ခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး မိုးေအာင္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီး မ်ား၊ ႀတိဂံေဒသတိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္မႉးခ်ဳပ္ မ်ိဳးမင္းထြန္း တို႔လိုက္ပါ၍ က်ိဳင္းတုံၿမိဳ႕ေရွာင္လမ္းေဖာက္လုပ္ ေနမႈအေျခအေနမ်ားအား သြားေရာက္ၾကည့္ရႈ စစ္ေဆးသည္။

ဦးစြာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ အား ရွမ္းျပည္နယ္(အေရွ႕ပိုင္း) လမ္းဦးစီးဌာနမွ ၫႊန္ၾကားေရးမႉး(ၿမိဳ႕ျပ) ဦးရဲလင္းက မိတၳီလာ-ေတာင္ႀကီး-က်ိဳင္းတုံ-တာခ်ီလိတ္ လမ္းေၾကာင္းေပၚရွိ က်ိဳင္းတုံၿမိဳ႕ေရွာင္ (ကတၱရာ-ကြန္ကရစ္) လမ္း၊ လမ္းအရွည္ ၁၀ ကီလိုမီတာ၊ အက်ယ္ ၇ မီတာကိုေဖာက္လုပ္လ်က္ရွိသည့္ အေျခအေနမ်ား၊ လက္ရွိအခ်ိန္တြင္ ၁.၂၃ ကီလို မီတာထိ ေဖာက္လုပ္ၿပီးစီးမႈအေျခအေနမ်ားႏွင့္ ဆက္လက္ေဆာင္႐ြက္မည့္ အေျခ အေနမ်ားကို ရွင္းလင္းတင္ျပသည္။

ရွင္းလင္းတင္ျပမႈမ်ားအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က (ကတၱရာ-ကြန္ကရစ္)လမ္း ခင္းက်င္းရာတြင္ သတ္မွတ္ခ်က္မ်ားႏွင့္ ျပည့္မီစြာ ခင္းက်င္းေရး၊ လမ္းေၾကာင္းေပၚတြင္ ေရတင္က်န္ၿပီး လမ္းပ်က္စီးမႈမရွိေစေရး အတြက္ လမ္းေၾကာင္းတစ္ေလွ်ာက္ ေရႏုတ္ေျမာင္းေဖာက္လုပ္မႈကို လမ္းအနိမ့္ အျမင့္အလိုက္ ထားရွိသင့္သည့္ေျမာင္းအက်ယ္ပမာဏကို တြက္ခ်က္လုပ္ေဆာင္ ႏိုင္ေရးႏွင့္ က်ိဳင္းတုံၿမိဳ႕၏ ရာသီဥတုအေျခအေနကို ခ်ိန္ထိုးကိုက္ညႇိ၍ တြက္ခ်က္ ေဖာက္ လုပ္ႏိုင္ေရး၊ လမ္းေၾကာင္းေပၚတြင္ ေဆာင္႐ြက္ရန္လိုအပ္သည့္ တံတားမ်ားကို ပုံစံ ဒီဇိုင္းေရးဆြဲထားရွိေရး လိုအပ္သည္မ်ားကို ျပန္လည္ေဆြးေႏြးမွာၾကားသည္။

ထို႔ေနာက္ ၿမိဳ႕ေရွာင္လမ္းေဖာက္လုပ္ထားမည့္ လ်ာထားေျမသားလမ္းေၾကာင္း ေပၚတြင္ ယာဥ္ယႏၲရားမ်ားအသုံးျပဳ၍ လုပ္ငန္းေဆာင္႐ြက္ေနမႈအေျခအေနမ်ားအား ေမာ္ေတာ္ယာဥ္မ်ားျဖင့္ လွည့္လည္ၾကည့္ရႈစစ္ေဆးခဲ့ၿပီး လိုအပ္သည္မ်ား ညႇိႏႈိင္းေဆြး ေႏြးမွာၾကားခဲ့သည္။

ယင္းေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ က်ိဳင္းတုံၿမိဳ႕က်က္သေရေဆာင္ မဟာမုနိဘုရားႀကီးသို႔ သြားေရာက္ဖူးေျမာ္ၾကည္ညိဳၾကရာ ေဂါပကအဖြဲ႕ဝင္မ်ားက ႀကိဳဆိုႏႈတ္ဆက္ၾက သည္။ ထို႔ေနာက္ မဟာျမတ္မုနိဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီးအား ဖူးေျမာ္ၾကည္ညိဳ၍ ပန္း၊ ေရခ်မ္း၊ ဆီမီးႏွင့္ ေ႐ႊသကၤန္းမ်ား ကပ္လႉပူေဇာ္ၿပီး ဘက္စုံအလႉေငြမ်ား ေပးအပ္လႉဒါန္းရာ ေဂါပကအဖြဲ႕က လက္ခံရယူခဲ့ၾကသည္။ ယင္းေနာက္ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က တန္ေဆာင္မုန္း လျပည့္ေန႔တြင္က်ေရာက္မည့္ မဟာျမတ္မုနိဘုရားႀကီး ရာျပည့္ပြဲေတာ္အတြက္ လိုအပ္သည္မ်ားကို ျပင္ဆင္လုပ္ေဆာင္ထားရွိရန္ ေဂါပကအဖြဲ႕ႏွင့္ တာဝန္ရွိသူ မ်ားအား မွာၾကားခဲ့သည္။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။