နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး (၄/၂၀၂၁)သို့ တက်ရောက် အမှာစကားပြောကြား

နေပြည်တော် မတ် ၃၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး (၄/၂၀၂၁)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ပြည်ထောင်စုဝန်ကြီး များဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးဝင်းရှိန်၊ ဦးအောင်နိုင်ဦး၊ ဦးကိုကိုလှိုင်၊ ဦးချစ်နိုင်၊ ဦးတင်ထွဋ်ဦး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦး၊ ဦးမြင့်ကြိုင်၊ ဒေါက်တာပွင့်ဆန်း၊ ဒေါက်တာညွန့်ဖေ၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဦးရွှေလေး၊ ဒေါက်တာ သက်သက်ခိုင်၊ ဦးမောင်မောင်အုန်း၊ ဦးစောထွန်းအောင်မြင့်နှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာဒေါ်သီတာဦးတို့ တက် ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၁) မှတ်တမ်းကို အတည်ပြုသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားရာတွင် အစိုးရတစ်ရပ်အနေဖြင့် ပြည်သူလူထု၏ စားဝတ်နေရေး အဆင်ပြေ စေရေးနှင့် တိုင်းပြည်၏စီးပွားရေး တိုးတက်အောင် ဆောင်ရွက်ရေးအတွက် အဓိက တာဝန်ရှိကြောင်း၊ မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ကို ချမှတ်၍ အသေးစိတ် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ရေရှည်ဆောင်ရွက်ရမည့် ကိစ္စများ ဖြစ်သော်လည်း အချိန်တိုကာလအတွင်း မိမိတို့ကော်မတီအနေဖြင့် စဉ်းစား ဆုံးဖြတ် ‌အကောင်အထည် ဖော်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ တိုင်းပြည် တည် ဆောက်ရာတွင် ဦးတည်ချက် စိတ်ကူးကို ဦးစွာတည်ဆောက်ပြီး ဖြစ်နိုင်သည်များကို နည်းလမ်းပေါင်းစုံမှ အကောင်အထည်ဖော် တည်ဆောက်ရခြင်းဖြစ်ကြောင်း။

ပြည်သူတစ်ဦးချင်းစီ၏ စားဝတ်နေရေး ပြည့်စုံကောင်းမွန်ရန်နှင့် အေးချမ်းစွာ နေနိုင်ရေးအတွက် တရားဥပဒေစိုးမိုးရေး ကိစ္စရပ်များကို ဆောင်ရွက်ပြီး ပြည်သူလူထု ကိုယ်၏ချမ်းသာခြင်း၊ စိတ်၏ချမ်းသာခြင်းဖြင့် ပြည့်စုံအောင် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ ထို့ပြင် ပြည်သူများ၏စားဝတ်နေရေးနှင့် စီးပွားရေးတိုးတက်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ပြီး ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများ သာမက လုပ်ငန်းဆက်စပ်ဆောင်ရွက်ရသည့် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ အနေဖြင့်လည်း ပူးပေါင်း‌ညှိနှိုင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အလားတူ တိုင်းပြည် ၏ စားဝတ်နေရေး ဖူလုံရန်မဖြစ်မနေ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ “အူမတောင့်မှ သီလစောင့်မည်” ဆိုသည့်အတိုင်း စားရေးသည်အရေးကြီးသဖြင့် ဝမ်းစာဖူလုံရေး သည်အရေးကြီးကြောင်း၊ ကမ္ဘာပေါ်တွင် အဓိကစားသုံးသည်မှာ ဆန်နှင့်ဂျုံဖြစ် ကြောင်း၊ မိမိတို့တိုင်းပြည်ရှိ မြေသယံဇာတများကို အသုံးပြု၍ ဆန်၊ ပဲ၊ ဆီနှင့် အခြား ဒေသနှင့်ကိုက်ညီသော သီးနှံများကို ရွေးချယ်စိုက်ပျိုးရန်လို ကြောင်း။

မိမိတို့ နိုင်ငံတွင် ဆီဖူလုံမှုရှိသော်လည်း စားသုံးရန်နှင့် စက်မှုလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ပြည်ပနိုင်ငံများမှ စားအုန်းဆီ တင်သွင်းနေရမှုများ ရှိကြောင်း၊ မိမိတို့နိုင်ငံရှိ ဆီအုန်းစိုက်ပျိုးမှုများကို တနင်္သာရီတိုင်းအောက်ပိုင်းတွင် အောင်မြင် အောင် ပြုလုပ်၍ ပြည်ပမှဆီတင်သွင်းမှုများကို လျှော့ချနိုင်ပါက နိုင်ငံခြား ငွေသုံး စွဲမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ဆီများကြိတ်ခွဲထုတ်လုပ်ရာတွင်လည်း နည်းပညာ လိုအပ်ချက် များရှိသဖြင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများအား ဖိတ်ခေါ် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ၏ စီးပွားရေးကို အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံ၏ တစ်နိုင်ငံလုံး ဆန်ဖူလုံမှုအနေဖြင့် ၁၃၃ ရာခိုင်နှုန်း ရှိသော်လည်း ချင်းပြည်နယ်တွင် ၄၀ ရာခိုင်နှုန်း၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၆၂ ရာခိုင်နှုန်း၊ မန္တလေးတိုင်းဒေသကြီးတွင် ၇၀ ရာခိုင်နှုန်း ၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၆၈ ရာခိုင် နှုန်းသာ ဖူလုံမှုရှိကြောင်း၊ ဒေသအလိုက် စားသောက်ကုန်များ ဖူလုံအောင် စိုက်ပျိုး ထုတ်လုပ်၍ ပြင်ပသွင်းကုန်များလျှော့ချခြင်းဖြင့် ငွေကြေးသုံးစွဲမှုကို လျှော့ချ နိုင်ကြောင်း၊ ထို့ကြောင့် ဒေသတွင်းငွေကြေးပိုင်ဆိုင်မှုများပြားလာပြီး သုံးလိုအားနှင့် ဝယ်လိုအား ကောင်းမွန်လာမည်ဖြစ်သဖြင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း၊ ဒေသအလိုက် ဝမ်းစာဖူလုံအောင်ဆောင်ရွက်ခြင်းဖြင့် ငွေကြေးလည်ပတ်မှု ကောင်းမွန်လာပြီး ဒေသစီးပွားရေး တိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ စားကုန်၊ သောက်ကုန်၊ သုံးကုန်များကို ပြည်တွင်း၌သာထုတ်လုပ်ခြင်းဖြင့် နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချ နိုင်မည်ဖြစ်ကြောင်း၊ တိုင်းပြည်ကြွယ်ဝချမ်းသာမှုသည် ဘဏ္ဍာငွေ ပိုင်ဆိုင်မှု၊ GDP မြင့်မားမှု၊ လုပ်ငန်းလည်ပတ်သုံးစွဲငွေကြေးများပြားမှုနှင့် နိုင်ငံပိုင်အရန် ငွေကြေး ပိုင်ဆိုင်မှုတို့အပေါ်တွင်မူတည်ကြောင်း။

နိုင်ငံ၏စီးပွားရေးကောင်းမွန်ရန်အတွက် အဓိကအခြေခံလိုအပ်ချက်ဖြစ်သော လူ့စွမ်းအား အရင်းအမြစ်များသည် ပညာရည်မြင့်မားရန်နှင့် ကျန်းမာရေးကောင်းမွန် နေရန်လိုအပ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် မိမိတို့ကော်မတီမှ ရှိပြီး မဟာဗျူဟာများအပေါ်မူတည်၍ ကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့သည် နိုင်ငံတော်အတွက် အရေးကြီးသည့်အဖွဲ့အစည်းဖြစ်ပြီး ကာလတိုအတွင်း ဆောင်ရွက်ရခြင်းဖြစ်သော်လည်း ရရှိသည့် အချိန်ကာလအတွင်း တိုင်းပြည်တိုးတက် ရေးအတွက် သာမန်မျှမစဉ်းစားဘဲ ထဲထဲဝင်ဝင် စဉ်းစားဆောင်ရွက်သွားရန်လိုကြောင်း၊ ယခင်အစိုးရကာလကျန်ရှိသည့် လုပ်ငန်းများကိုလည်း မှန်မှန်ကန်ကန်ဖြင့် ဆက်လက် ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက် ရန်လိုကြောင်း မှာကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီး များက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြဆွေးနွေး၍ အတည်ပြုချက် ရယူကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ဘဏ္ဍာငွေအရအသုံး စာရင်း လျာထားရာတွင် အမှန်တကယ် ရငွေ၊ သုံးငွေများကို သေချာစွာ စိစစ်ရန်လိုအပ်ပြီး မဖောင်းပွရန်လိုအပ် ကြောင်း၊ ထို့ပြင် အမှန်တကယ် လိုအပ်သည် ကိုသာ လျာထားရန် လိုအပ်ပြီး တိုင်းပြည် အတွက် အရှုံးမဖြစ်စေလိုကြောင်း၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ စည်းစနစ်တကျ သုံးစွဲရန်လိုကြောင်း၊ လျှပ်စစ်ဓာတ်အား ဝယ်ယူရေးနှင့်ပတ်သက်၍ တိုင်းပြည်နစ်နာမှု မရှိစေရေး စိစစ်ဆောင်ရွက် ရန်လိုကြောင်း၊ လျှပ်စစ်ကဏ္ဍတွင် ပုဂ္ဂလိကကဏ္ဍကို အားပေးလိုကြောင်း၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်ဓာတ်အားသည် အရေးကြီးသည့် လိုအပ်ချက် တစ်ခုဖြစ်ကြောင်း၊ နွေရာသီတွင် လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေးအတွက် ရေအားလျှပ်စစ်အပြင် ဆိုလာ စနစ်ဖြင့် ဓာတ်အားရရှိရေး ပေါင်းစပ် ဆောင်ရွက် လျက်ရှိကြောင်း၊ ကာလတိုအတွင်း ဒေသအလိုက် လျှပ်စစ်ဓာတ်အား အလုံ အလောက်ရရှိနိုင်ရေး ဦးစားပေးဆောင်ရွက် စေလိုကြောင်း။

နိုင်ငံခြားသားများအမြဲတမ်းနေထိုင်ခွင့်နှင့်ပတ်သက်၍ ဆောင်ရွက်ရာတွင် တိုင်းပြည်အတွက် အမှန်တကယ်အကျိုး ရှိမည့်သူများဖြစ်ရန်လိုပြီး တရားဥပဒေနှင့် အညီ နေထိုင်ခြင်း ရှိ/ မရှိ သေချာစွာ စိစစ်ဆောင်ရွက်ရန်လိုကြောင်း၊ ပြည်ပရောက် မြန်မာနိုင်ငံသားများကို မြန်မာနိုင်ငံသားအဖြစ် ပြန်လည်လက်ခံရာတွင်လည်း ၎င်းတို့ အနေဖြင့် နိုင်ငံတော်အပေါ် သစ္စာရှိရန်လိုပြီး Dual Citizen မဖြစ်ရန် လိုအပ်ကြောင်း၊ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ သေချာစွာစိစစ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

လမ်းအသုံးပြုခ ကောက်ခံခြင်းနှင့်ပတ်သက်၍ အသက်သာဆုံးဖြစ်အောင် ဆောင်ရွက်ပေးထားကြောင်း၊ လမ်းမကြီးများ ဥပဒေအရ လမ်းနယ်များ စနစ်တကျ ရှိရန် လိုအပ်သဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ကုမ္ပဏီများက မှန်မှန်ကန်ကန် ထိန်းသိမ်းဆောင်ရွက်ရန်လိုကြောင်း၊ လမ်းညွှန်အမှတ်အသားများကို စည်းကမ်းနှင့် အညီ ပြည့်စုံစွာတပ်ဆင်ထားရန်လိုကြောင်း၊ လမ်းနယ်များနှင့် စိုက်ပျိုးမြေများတွင် အဆောက်အဦများ ဆောက်လုပ်လျက်ရှိပြီး လယ်မြေများ၊ စိုက်ပျိုးမြေများကို လည်း အခြားနည်းများဖြင့် အသုံးချဆောင်ရွက်လျက်ရှိသည်ကို တွေ့ရကြောင်း၊ ယင်းတို့ကို စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ပြည်တွင်းခရီးသွား လုပ်ငန်းများကို ခွင့်ပြုပေးထားပြီးဖြစ်ပြီး ထုတ်ပြန်ထားသည့် COVID – 19 ဆိုင်ရာ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက် ကြရန်လိုကြောင်း၊ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို ပြည်သူများ နားလည်သဘောပေါက် သိရှိအောင် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် အသိပညာပေး အစီအစဉ်များ ဆောင်ရွက်ပေးရန်လိုကြောင်း။

ဒေသဝမ်းစာဖူလုံရေးအတွက် ဒေသနှင့်ကိုက်ညီသည့် မျိုးနှင့် စိုက်ပျိုးနည်း စနစ်များကို သုတေသနပြု ရှာဖွေဖော်ထုတ်ဆောင်ရွက်ပေးရန်လိုကြောင်း၊ ဒေသဝမ်းစာ မဖူလုံသော တိုင်းဒေသကြီးနှင့် ပြည်နယ်များကို ဦးစားပေးပြီး သုတေသနပြု ဆောင်ရွက်ရန်လိုကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးတွင် သုတေသနနှင့် ဖွံ့ဖြိုးရေး (R & D) မှာ အလေးထား ဆောင်ရွက်ရန်လိုသဖြင့် ကုန်သွယ်ရေး၊ စီးပွားရေးလုပ်ငန်းများတွင် လည်း သုတေသနလုပ်ငန်းများပြုလုပ်၍ နည်းလမ်းရှာဖွေ ဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းများ အောင်မြင်မည်ဖြစ် ကြောင်းဖြင့် မှာကြားခဲ့သည်။

 

(Zawgyi Version)

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ စီမံခန႔္ခြဲေရးေကာ္မတီအစည္းအေဝး (၄/၂၀၂၁)သို႔ တက္ေရာက္ အမွာစကားေျပာၾကား

ေနျပည္ေတာ္ မတ္ ၃၁

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ စီမံခန႔္ခြဲေရးေကာ္မတီ အစည္းအေဝး (၄/၂၀၂၁)ကို ယေန႔မြန္းလြဲပိုင္းတြင္ ေနျပည္ေတာ္ရွိ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒႐ုံး အစည္းအေဝးခန္းမ၌ က်င္းပရာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ တက္ေရာက္ အမွာစကားေျပာၾကားသည္။

အစည္းအေဝးသို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဒုတိယဥကၠ႒၊ ဒုတိယ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)၊ ဒုတိယ ဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း၊ ေကာင္စီဝင္ ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ျပည္ေထာင္စုဝန္ႀကီး မ်ားျဖစ္ၾကသည့္ ဦးဝဏၰေမာင္လြင္၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ထြန္းထြန္းေနာင္၊ ဦးဝင္းရွိန္၊ ဦးေအာင္ႏိုင္ဦး၊ ဦးကိုကိုလႈိင္၊ ဦးခ်စ္ႏိုင္၊ ဦးတင္ထြဋ္ဦး၊ ဗိုလ္ခ်ဳပ္ႀကီးတင္ေအာင္စန္း၊ ဦးခင္ေမာင္ရီ၊ ဦးေအာင္သန္းဦး၊ ဦးျမင့္ႀကိဳင္၊ ေဒါက္တာပြင့္ဆန္း၊ ေဒါက္တာၫြန႔္ေဖ၊ ေဒါက္တာသက္ခိုင္ဝင္း၊ ဦးေ႐ႊေလး၊ ေဒါက္တာ သက္သက္ခိုင္၊ ဦးေမာင္ေမာင္အုန္း၊ ဦးေစာထြန္းေအာင္ျမင့္ႏွင့္ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ ေဒါက္တာေဒၚသီတာဦးတို႔ တက္ ေရာက္ၾကသည္။

ဦးစြာ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီ စီမံခန႔္ခြဲေရးေကာ္မတီ အစည္းအေဝးအမွတ္စဥ္ (၃/၂၀၂၁) မွတ္တမ္းကို အတည္ျပဳသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒က အဖြင့္အမွာစကား ေျပာၾကားရာတြင္ အစိုးရတစ္ရပ္အေနျဖင့္ ျပည္သူလူထု၏ စားဝတ္ေနေရး အဆင္ေျပ ေစေရးႏွင့္ တိုင္းျပည္၏စီးပြားေရး တိုးတက္ေအာင္ ေဆာင္႐ြက္ေရးအတြက္ အဓိက တာဝန္ရွိေၾကာင္း၊ မိမိတို႔ႏိုင္ငံ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီအေနျဖင့္ ေရွ႕လုပ္ငန္းစဥ္(၅)ရပ္ႏွင့္ ဦးတည္ခ်က္(၉)ရပ္ကို ခ်မွတ္၍ အေသးစိတ္ စီမံေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ေရရွည္ေဆာင္႐ြက္ရမည့္ ကိစၥမ်ား ျဖစ္ေသာ္လည္း အခ်ိန္တိုကာလအတြင္း မိမိတို႔ေကာ္မတီအေနျဖင့္ စဥ္းစား ဆုံးျဖတ္ ‌အေကာင္အထည္ ေဖာ္ေဆာင္႐ြက္ရန္ျဖစ္ေၾကာင္း၊ တိုင္းျပည္ တည္ ေဆာက္ရာတြင္ ဦးတည္ခ်က္ စိတ္ကူးကို ဦးစြာတည္ေဆာက္ၿပီး ျဖစ္ႏိုင္သည္မ်ားကို နည္းလမ္းေပါင္းစုံမွ အေကာင္အထည္ေဖာ္ တည္ေဆာက္ရျခင္းျဖစ္ေၾကာင္း။

ျပည္သူတစ္ဦးခ်င္းစီ၏ စားဝတ္ေနေရး ျပည့္စုံေကာင္းမြန္ရန္ႏွင့္ ေအးခ်မ္းစြာ ေနႏိုင္ေရးအတြက္ တရားဥပေဒစိုးမိုးေရး ကိစၥရပ္မ်ားကို ေဆာင္႐ြက္ၿပီး ျပည္သူလူထု ကိုယ္၏ခ်မ္းသာျခင္း၊ စိတ္၏ခ်မ္းသာျခင္းျဖင့္ ျပည့္စုံေအာင္ ေဆာင္႐ြက္ေပးရမည္ ျဖစ္ေၾကာင္း၊ ထို႔ျပင္ ျပည္သူမ်ား၏စားဝတ္ေနေရးႏွင့္ စီးပြားေရးတိုးတက္ေအာင္ ေဆာင္႐ြက္ေပးရမည္ျဖစ္ၿပီး ထိုသို႔ေဆာင္႐ြက္ရာတြင္ သက္ဆိုင္ရာဝန္ႀကီးဌာနမ်ား သာမက လုပ္ငန္းဆက္စပ္ေဆာင္႐ြက္ရသည့္ ဝန္ႀကီးဌာနမ်ား၊ အဖြဲ႕အစည္းမ်ား အေနျဖင့္လည္း ပူးေပါင္း‌ညႇိႏႈိင္း ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ အလားတူ တိုင္းျပည္ ၏ စားဝတ္ေနေရး ဖူလုံရန္မျဖစ္မေန ေဆာင္႐ြက္ေပးရမည္ျဖစ္ေၾကာင္း၊ “အူမေတာင့္မွ သီလေစာင့္မည္” ဆိုသည့္အတိုင္း စားေရးသည္အေရးႀကီးသျဖင့္ ဝမ္းစာဖူလုံေရး သည္အေရးႀကီးေၾကာင္း၊ ကမာၻေပၚတြင္ အဓိကစားသုံးသည္မွာ ဆန္ႏွင့္ဂ်ဳံျဖစ္ ေၾကာင္း၊ မိမိတို႔တိုင္းျပည္ရွိ ေျမသယံဇာတမ်ားကို အသုံးျပဳ၍ ဆန္၊ ပဲ၊ ဆီႏွင့္ အျခား ေဒသႏွင့္ကိုက္ညီေသာ သီးႏွံမ်ားကို ေ႐ြးခ်ယ္စိုက္ပ်ိဳးရန္လို ေၾကာင္း။

မိမိတို႔ ႏိုင္ငံတြင္ ဆီဖူလုံမႈရွိေသာ္လည္း စားသုံးရန္ႏွင့္ စက္မႈလုပ္ငန္းမ်ားတြင္ အသုံးျပဳရန္အတြက္ ျပည္ပႏိုင္ငံမ်ားမွ စားအုန္းဆီ တင္သြင္းေနရမႈမ်ား ရွိေၾကာင္း၊ မိမိတို႔ႏိုင္ငံရွိ ဆီအုန္းစိုက္ပ်ိဳးမႈမ်ားကို တနသၤာရီတိုင္းေအာက္ပိုင္းတြင္ ေအာင္ျမင္ ေအာင္ ျပဳလုပ္၍ ျပည္ပမွဆီတင္သြင္းမႈမ်ားကို ေလွ်ာ့ခ်ႏိုင္ပါက ႏိုင္ငံျခား ေငြသုံး စြဲမႈကို ေလွ်ာ့ခ်ႏိုင္မည္ျဖစ္ေၾကာင္း၊ ဆီမ်ားႀကိတ္ခြဲထုတ္လုပ္ရာတြင္လည္း နည္းပညာ လိုအပ္ခ်က္ မ်ားရွိသျဖင့္ ျပည္ပရင္းႏွီးျမႇဳပ္ႏွံမႈမ်ားအား ဖိတ္ေခၚ ေဆာင္႐ြက္ျခင္းျဖင့္ ႏိုင္ငံ၏ စီးပြားေရးကို အေထာက္အကူ ျပဳႏိုင္မည္ျဖစ္ေၾကာင္း။

မိမိတို႔ႏိုင္ငံ၏ တစ္ႏိုင္ငံလုံး ဆန္ဖူလုံမႈအေနျဖင့္ ၁၃၃ ရာခိုင္ႏႈန္း ရွိေသာ္လည္း ခ်င္းျပည္နယ္တြင္ ၄၀ ရာခိုင္ႏႈန္း၊ တနသၤာရီတိုင္းေဒသႀကီးတြင္ ၆၂ ရာခိုင္ႏႈန္း၊ မႏၲေလးတိုင္းေဒသႀကီးတြင္ ၇၀ ရာခိုင္ႏႈန္း ၊ ရန္ကုန္တိုင္းေဒသႀကီးတြင္ ၆၈ ရာခိုင္ ႏႈန္းသာ ဖူလုံမႈရွိေၾကာင္း၊ ေဒသအလိုက္ စားေသာက္ကုန္မ်ား ဖူလုံေအာင္ စိုက္ပ်ိဳး ထုတ္လုပ္၍ ျပင္ပသြင္းကုန္မ်ားေလွ်ာ့ခ်ျခင္းျဖင့္ ေငြေၾကးသုံးစြဲမႈကို ေလွ်ာ့ခ် ႏိုင္ေၾကာင္း၊ ထို႔ေၾကာင့္ ေဒသတြင္းေငြေၾကးပိုင္ဆိုင္မႈမ်ားျပားလာၿပီး သုံးလိုအားႏွင့္ ဝယ္လိုအား ေကာင္းမြန္လာမည္ျဖစ္သျဖင့္ လူမႈစီးပြားဘဝမ်ား ဖြံ႕ၿဖိဳးတိုးတက္လာမည္ ျဖစ္ေၾကာင္း၊ ေဒသအလိုက္ ဝမ္းစာဖူလုံေအာင္ေဆာင္႐ြက္ျခင္းျဖင့္ ေငြေၾကးလည္ပတ္မႈ ေကာင္းမြန္လာၿပီး ေဒသစီးပြားေရး တိုးတက္ေကာင္းမြန္လာမည္ျဖစ္ေၾကာင္း၊ စားကုန္၊ ေသာက္ကုန္၊ သုံးကုန္မ်ားကို ျပည္တြင္း၌သာထုတ္လုပ္ျခင္းျဖင့္ ႏိုင္ငံျခားေငြသုံးစြဲမႈ ေလွ်ာ့ခ် ႏိုင္မည္ျဖစ္ေၾကာင္း၊ တိုင္းျပည္ႂကြယ္ဝခ်မ္းသာမႈသည္ ဘ႑ာေငြ ပိုင္ဆိုင္မႈ၊ GDP ျမင့္မားမႈ၊ လုပ္ငန္းလည္ပတ္သုံးစြဲေငြေၾကးမ်ားျပားမႈႏွင့္ ႏိုင္ငံပိုင္အရန္ ေငြေၾကး ပိုင္ဆိုင္မႈတို႔အေပၚတြင္မူတည္ေၾကာင္း။

ႏိုင္ငံ၏စီးပြားေရးေကာင္းမြန္ရန္အတြက္ အဓိကအေျခခံလိုအပ္ခ်က္ျဖစ္ေသာ လူ႔စြမ္းအား အရင္းအျမစ္မ်ားသည္ ပညာရည္ျမင့္မားရန္ႏွင့္ က်န္းမာေရးေကာင္းမြန္ ေနရန္လိုအပ္ေၾကာင္း၊ ထိုသို႔ ေဆာင္႐ြက္ႏိုင္ရန္အတြက္ မိမိတို႔ေကာ္မတီမွ ရွိၿပီး မဟာဗ်ဴဟာမ်ားအေပၚမူတည္၍ ေကာင္အထည္ေဖာ္ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ မိမိတို႔သည္ ႏိုင္ငံေတာ္အတြက္ အေရးႀကီးသည့္အဖြဲ႕အစည္းျဖစ္ၿပီး ကာလတိုအတြင္း ေဆာင္႐ြက္ရျခင္းျဖစ္ေသာ္လည္း ရရွိသည့္ အခ်ိန္ကာလအတြင္း တိုင္းျပည္တိုးတက္ ေရးအတြက္ သာမန္မွ်မစဥ္းစားဘဲ ထဲထဲဝင္ဝင္ စဥ္းစားေဆာင္႐ြက္သြားရန္လိုေၾကာင္း၊ ယခင္အစိုးရကာလက်န္ရွိသည့္ လုပ္ငန္းမ်ားကိုလည္း မွန္မွန္ကန္ကန္ျဖင့္ ဆက္လက္ ေဆာင္႐ြက္ႏိုင္ေရး သက္ဆိုင္ရာဝန္ႀကီးဌာနအလိုက္ ေပါင္းစပ္ညႇိႏႈိင္း၍ ေဆာင္႐ြက္ ရန္လိုေၾကာင္း မွာၾကားသည္။

ထို႔ေနာက္ အစည္းအေဝးသို႔ တက္ေရာက္လာၾကသည့္ ျပည္ေထာင္စုဝန္ႀကီး မ်ားက သက္ဆိုင္ရာက႑အလိုက္ ရွင္းလင္းတင္ျပေဆြးေႏြး၍ အတည္ျပဳခ်က္ ရယူၾကသည္။

ယင္းေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒က ဘ႑ာေငြအရအသုံး စာရင္း လ်ာထားရာတြင္ အမွန္တကယ္ ရေငြ၊ သုံးေငြမ်ားကို ေသခ်ာစြာ စိစစ္ရန္လိုအပ္ၿပီး မေဖာင္းပြရန္လိုအပ္ ေၾကာင္း၊ ထို႔ျပင္ အမွန္တကယ္ လိုအပ္သည္ ကိုသာ လ်ာထားရန္ လိုအပ္ၿပီး တိုင္းျပည္ အတြက္ အရႈံးမျဖစ္ေစလိုေၾကာင္း၊ လုပ္ထုံး လုပ္နည္းမ်ားႏွင့္အညီ စည္းစနစ္တက် သုံးစြဲရန္လိုေၾကာင္း၊ လွ်ပ္စစ္ဓာတ္အား ဝယ္ယူေရးႏွင့္ပတ္သက္၍ တိုင္းျပည္နစ္နာမႈ မရွိေစေရး စိစစ္ေဆာင္႐ြက္ ရန္လိုေၾကာင္း၊ လွ်ပ္စစ္က႑တြင္ ပုဂၢလိကက႑ကို အားေပးလိုေၾကာင္း၊ တိုင္းျပည္ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ လွ်ပ္စစ္ဓာတ္အားသည္ အေရးႀကီးသည့္ လိုအပ္ခ်က္ တစ္ခုျဖစ္ေၾကာင္း၊ ေႏြရာသီတြင္ လွ်ပ္စစ္ဓာတ္အား လုံေလာက္စြာရရွိေရးအတြက္ ေရအားလွ်ပ္စစ္အျပင္ ဆိုလာ စနစ္ျဖင့္ ဓာတ္အားရရွိေရး ေပါင္းစပ္ ေဆာင္႐ြက္ လ်က္ရွိေၾကာင္း၊ ကာလတိုအတြင္း ေဒသအလိုက္ လွ်ပ္စစ္ဓာတ္အား အလုံ အေလာက္ရရွိႏိုင္ေရး ဦးစားေပးေဆာင္႐ြက္ ေစလိုေၾကာင္း။

ႏိုင္ငံျခားသားမ်ားအၿမဲတမ္းေနထိုင္ခြင့္ႏွင့္ပတ္သက္၍ ေဆာင္႐ြက္ရာတြင္ တိုင္းျပည္အတြက္ အမွန္တကယ္အက်ိဳး ရွိမည့္သူမ်ားျဖစ္ရန္လိုၿပီး တရားဥပေဒႏွင့္ အညီ ေနထိုင္ျခင္း ရွိ/ မရွိ ေသခ်ာစြာ စိစစ္ေဆာင္႐ြက္ရန္လိုေၾကာင္း၊ ျပည္ပေရာက္ ျမန္မာႏိုင္ငံသားမ်ားကို ျမန္မာႏိုင္ငံသားအျဖစ္ ျပန္လည္လက္ခံရာတြင္လည္း ၎တို႔ အေနျဖင့္ ႏိုင္ငံေတာ္အေပၚ သစၥာရွိရန္လိုၿပီး Dual Citizen မျဖစ္ရန္ လိုအပ္ေၾကာင္း၊ ၁၉၈၂ ခုႏွစ္ ႏိုင္ငံသားဥပေဒအရ ေသခ်ာစြာစိစစ္ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း။

လမ္းအသုံးျပဳခ ေကာက္ခံျခင္းႏွင့္ပတ္သက္၍ အသက္သာဆုံးျဖစ္ေအာင္ ေဆာင္႐ြက္ေပးထားေၾကာင္း၊ လမ္းမႀကီးမ်ား ဥပေဒအရ လမ္းနယ္မ်ား စနစ္တက် ရွိရန္ လိုအပ္သျဖင့္ သက္ဆိုင္ရာဝန္ႀကီးဌာနမ်ားႏွင့္ ကုမၸဏီမ်ားက မွန္မွန္ကန္ကန္ ထိန္းသိမ္းေဆာင္႐ြက္ရန္လိုေၾကာင္း၊ လမ္းၫႊန္အမွတ္အသားမ်ားကို စည္းကမ္းႏွင့္ အညီ ျပည့္စုံစြာတပ္ဆင္ထားရန္လိုေၾကာင္း၊ လမ္းနယ္မ်ားႏွင့္ စိုက္ပ်ိဳးေျမမ်ားတြင္ အေဆာက္အဦမ်ား ေဆာက္လုပ္လ်က္ရွိၿပီး လယ္ေျမမ်ား၊ စိုက္ပ်ိဳးေျမမ်ားကို လည္း အျခားနည္းမ်ားျဖင့္ အသုံးခ်ေဆာင္႐ြက္လ်က္ရွိသည္ကို ေတြ႕ရေၾကာင္း၊ ယင္းတို႔ကို စနစ္တက် ၾကပ္မတ္ေဆာင္႐ြက္သြားရန္ လိုအပ္ေၾကာင္း၊ ျပည္တြင္းခရီးသြား လုပ္ငန္းမ်ားကို ခြင့္ျပဳေပးထားၿပီးျဖစ္ၿပီး ထုတ္ျပန္ထားသည့္ COVID – 19 ဆိုင္ရာ သတ္မွတ္စည္းကမ္းခ်က္မ်ားႏွင့္အညီ လိုက္နာေဆာင္႐ြက္ ၾကရန္လိုေၾကာင္း၊ သတ္မွတ္ထားသည့္ စည္းမ်ဥ္းစည္းကမ္းမ်ားကို ျပည္သူမ်ား နားလည္သေဘာေပါက္ သိရွိေအာင္ ျပန္ၾကားေရးဝန္ႀကီးဌာနအေနျဖင့္ အသိပညာေပး အစီအစဥ္မ်ား ေဆာင္႐ြက္ေပးရန္လိုေၾကာင္း။

ေဒသဝမ္းစာဖူလုံေရးအတြက္ ေဒသႏွင့္ကိုက္ညီသည့္ မ်ိဳးႏွင့္ စိုက္ပ်ိဳးနည္း စနစ္မ်ားကို သုေတသနျပဳ ရွာေဖြေဖာ္ထုတ္ေဆာင္႐ြက္ေပးရန္လိုေၾကာင္း၊ ေဒသဝမ္းစာ မဖူလုံေသာ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားကို ဦးစားေပးၿပီး သုေတသနျပဳ ေဆာင္႐ြက္ရန္လိုေၾကာင္း၊ ဖြံ႕ၿဖိဳးတိုးတက္ေရးတြင္ သုေတသနႏွင့္ ဖြံ႕ၿဖိဳးေရး (R & D) မွာ အေလးထား ေဆာင္႐ြက္ရန္လိုသျဖင့္ ကုန္သြယ္ေရး၊ စီးပြားေရးလုပ္ငန္းမ်ားတြင္ လည္း သုေတသနလုပ္ငန္းမ်ားျပဳလုပ္၍ နည္းလမ္းရွာေဖြ ေဆာင္႐ြက္ျခင္းျဖင့္ လုပ္ငန္းမ်ား ေအာင္ျမင္မည္ျဖစ္ ေၾကာင္းျဖင့္ မွာၾကားခဲ့သည္။

 

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။