နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း နှင့် ဒေသ စီမံအုပ်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော် ဧပြီ ၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး သဘင်ဆောင်၌ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ဒေသစီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌများအား တွေ့ဆုံအမှာစကားပြောကြားသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ မန်းငြိမ်း မောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော် တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာဗညားအောင်မိုး၊ ဦးရွှေကြိမ်း၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးနှင့် တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးသန်းကျော်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟို ဘဏ်ဥက္ကဋ္ဌ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံလူ့အခွင့် အရေးကော်မရှင်ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေး အဖွဲ့ဝင်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတိုင်းနှင့် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် နိုင်ငံအား အရေးပေါ်အခြေအနေကြေညာ၍ နိုင်ငံတော်၏တာဝန်ကို ရယူခဲ့ရမှု၊ လက်ရှိဆောင်ရွက်နေမှုအခြေအနေနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် အခြေအနေတို့နှင့် စပ်လျဉ်း၍ ပြောကြားလိုကြောင်း၊ နိုင်ငံတော်၏ တာဝန်ကိုရယူခဲ့ရမှုနှင့်စပ်လျဉ်း၍ ပြောကြားရာတွင် ၂၀၂ဝခုနှစ် အထွေထွေရွေးကောက်ပွဲ၌ ဖြစ်ပေါ်ခဲ့သော မဲမသာမှုဖြစ်စဉ် ဖြစ်ပွားခဲ့မှုကြောင့် အခြေခံ၍ နိုင်ငံတော်ဝန်ကိုရယူခဲ့ရခြင်းဖြစ်ကြောင်း။ မိမိတို့နိုင်ငံတွင် ၂၀၁၀ ခုနှစ်၊ ၂၀၁၅ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်တို့တွင် အထွေထွေ ရွေးကောက်ပွဲများကျင်းပခဲ့ကြောင်း၊ ၂၀၁၀ ခုနှစ်တွင် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိခဲ့ ကြောင်း၊ အဆိုပါရွေးကောက်ပွဲသည် မိမိတို့နိုင်ငံအတွက် ပထမဆုံး အတွေ့ အကြုံဖြစ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနေဖြင့် အဓိကအတိုက်အခံ ပါတီကြီးများ မရှိသည့်အတွက် အနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းအချိန်တွင် NLD ပါတီ အနေဖြင့် အတိုက်အခံပါတီအနေဖြင့် ရပ်တည်ခဲ့သော်လည်း သပိတ်မှောက်၍ ဝင်ရောက် ယှဉ်ပြိုင်ခြင်းမရှိခဲ့ကြောင်း၊ ၂၀၁၀ ခုနှစ်တွင် အနိုင်ရခဲ့သည့် ပါတီအနေဖြင့် အစိုးရဖွဲ့ပြီး နောက်ပိုင်း ဒီမိုကရေစီစနစ်တွင် ပါတီစုံပါဝင်နိုင်ရေးအတွက် နိုင်ငံရေးပါတီများမှတ်ပုံတင် ခြင်းဥပဒေ ပုဒ်မ ၆(ဂ)ကိုပြင်ဆင်ပေးခဲ့ပြီး ပုဒ်မ ၁၀ (င)ကို ပယ်ဖျက်ပေးခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရခဲ့ သည့်အတွက် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား လွှတ်တော်က ကော်မတီတစ်ခု၏ ဥက္ကဋ္ဌအဖြစ် တာဝန်ကိုပေး အပ်နေရာပေးခဲ့ကြောင်း။ ထိုစဉ်က နိုင်ငံတော်သမ္မတဖြစ်သည့် ဦးသိန်းစိန်အနေဖြင့်လည်း တတ်နိုင်သမျှ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် နိုင်ငံတကာဆက်ဆံရေးကဏ္ဍများကို ကြိုးစား လုပ်ဆောင်ခဲ့ကြောင်း၊ သို့သော်လည်း ရင်ဆိုင်ရသည့်ပြဿနာများ ကြီးမားပါကြောင်း၊ လုံခြုံရေးအပိုင်းတွင် ရခိုင်ပြည်နယ်အရေးကိစ္စ၊ ရှမ်းပြည်(မြောက်ပိုင်း) လောက်ကိုင် အရေးကိစ္စ၊ ကချင်ပြည်နယ်တွင် လိုင်ဇာအရေးကိစ္စများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ရွေးကောက်ပွဲ ရလဒ်ဖြင့် ပေါ်ပေါက်လာသည့် အစိုးရအပေါ် ပြည်သူလူထုအနေဖြင့် အားမလိုအားမရဖြစ် ခဲ့သည်ကို တွေ့ရကြောင်း၊

သို့ဖြစ်၍ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီသည် ပြောင်းလဲချိန် တန်ပြီဆိုသည့် ကြွေးကြော်သံဖြင့် စည်းရုံးဆောင်ရွက်ခဲ့ပြီး ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ကြောင်း၊ ပြည်သူလူထုအနေဖြင့် NLD ပါတီအပေါ် မျှော်လင့်ခဲ့သော်လည်း ဘာသာရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာ အလွဲအမှားများကြောင့် ဗုဒ္ဓဘာသာနှင့်ပတ်သက်ပြီး မိမိတို့နိုင်ငံတွင် ၈၀ ရခိုင်နှုန်းကျော်ရှိသည့် ဗုဒ္ဓဘာသာ ဝင်များ စိတ်နှလုံးမအေးချမ်းမှု များဖြစ်ခဲ့ရ ကြောင်း၊ သို့သော်လည်း မိမိတို့တပ်မတော် အနေဖြင့် ရွေးကောက်ပွဲရလဒ်ဖြင့် ဖြစ်ပေါ်လာသည့် အစိုးရနှင့် ပူးပေါင်းဆောင်ရွက် ခဲ့ကြောင်း၊ ရွေးကောက်ပွဲအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါတီခေါင်းဆောင် များက အာဏာလွှဲပြောင်းရေးကိစ္စနှင့်ပတ်သက်၍ မိမိနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် မိမိအနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် အညီသာ ဆောင် ရွက်ရန်ပြောကြားခဲ့ကြောင်း။ သို့သော်လည်း လွှတ်တော်ကျင်းပသည့်အခါ နိုင်ငံတော်အတိုင်ပင်ခံဥပဒေကို ပြဋ္ဌာန်းခဲ့ကြောင်း၊ ယင်းဥပဒေကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၁၇ ၏ ပေးထားချက် အပေါ် အခြေခံပြီး နိုင်ငံတော်အတိုင်ပင်ခံဥပဒေကို ဆောင်ရွက်ခဲ့သည်ကို တွေ့ရကြောင်း၊ ယင်းဥပဒေကို ပြဋ္ဌာန်းခြင်းမပြုရန် အကြံပြုပြောကြားခဲ့ကြောင်း၊ သို့သော်လည်း မိမိတို့ နေဖြင့် ဒီမိုကရေစီစနစ်အရ အများဆန္ဒကိုလိုက်လျောခဲ့ကြောင်း၊ နိုင်ငံတော် အတိုင်ပင်ခံ ဥပဒေပြဋ္ဌာန်းပြီးနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကို ခန့်အပ်၍ နိုင်ငံတော်အဆင့် ဝါစဉ် ထုတ်ပြန်သည့်အခါ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတတို့အကြားတွင် အဆင့် ထားရှိ ထုတ်ပြန်ခဲ့ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သမ္မတနှင့် ဒုတိယသမ္မတများ၏ အရည် အချင်းသတ်မှတ်ချက်များ ရှိပြီးဖြစ်ကြောင်း၊ ယင်းမှာ ဥပဒေကို ကျော်လွန်၍ လုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း။ NLD ပါတီ အစိုးရတာဝန်ယူပြီး ၂ နှစ်၊ ၃ နှစ်ကြာသည့်အခါ ပြည်သူလူထုက အားမလို အားမရဖြစ်လာသည်ကို တွေ့ရကြောင်း၊ ဒီမိုကရေစီစနစ်တွင် ငြိမ်းချမ်းရေးရရှိရန် အရေးကြီးကြောင်း၊ သမ္မတ ဦးသိန်းစိန် အစိုးရအနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းများကို ၂၀၁၁ ခုနှစ် ဩဂုတ်တွင် စတင်ဖိတ်ခေါ် ဆောင်ရွက်ခဲ့ရာ လေးနှစ်အကြာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် NCA ကို လက်မှတ် ရေး ထိုးနိုင်ခဲ့ကြောင်း။ NLD အစိုးရသည် ငြိမ်းချမ်းရေးဆောင်ရွက်ရန် ဆောင်ရွက်ခဲ့ကြောင်း၊ မိမိတို့ နိုင်ငံ၌ လက်နက်ကိုင် တိုင်းရင်းသား တစ်ဖွဲ့ချင်းစီ၏ ဆောင်ရွက်မှု၊ သမိုင်းကြောင်း၊

အယူအဆများ မတူညီသည်ကိုတွေ့ရကြောင်း၊ ငြိမ်းချမ်းရေးဆောင်ရွက်ရာတွင် စိတ်ရှည်သည်းခံပြီး ဆောင်ရွက် ရန်လိုအပ်ကြောင်း၊ NLD ပါတီအစိုးရ တာဝန်ယူခဲ့သည့် ကာလတွင် ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း အချို့ကိုလက်မှတ်ရေးထိုး နိုင်ခဲ့သော် လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖော်ဆောင်မှုနှင့်ပတ်သက်၍ စိတ်ပျက်မှု များဖြစ်ပေါ်ခဲ့သည့်အတွက် ငြိမ်းချမ်းရေးတွင် ထင်သလောက် အောင်မြင်မှုမရှိခဲ့ကြောင်း။ မိမိအနေဖြင့် ငြိမ်းချမ်းရေးသည် အရေးကြီးသော်လည်း စီးပွားရေးကဏ္ဍတိုးတက် ကောင်းမွန်ပါက ငြိမ်းချမ်းရေးဖော်ဆောင်မှုတွင် ပိုမိုလျင်မြန်မှုရှိလာနိုင်မည်ဖြစ်သဖြင့် စီးပွားရေးကို ဦးစားပေးဆောင်ရွက်ရန် တိုက်တွန်းပြောကြားခဲ့ကြောင်း၊ NLD အစိုးရ လက်ထက်တွင် နိုင်ငံတကာ အကူအညီ အထောက်အပံ့များစွာ ရရှိခဲ့ကြောင်း၊ သို့သော် လည်း ဘဏ္ဍာနှစ်အလိုက် ပြည်ထောင်စုဘဏ္ဍာငွေနှင့် ကုန်သွယ်မှု လိုငွေများ နှစ်စဉ်ဖြစ်ပေါ်ခဲ့ကြောင်း၊ သို့ဖြစ်၍ ၂၀၁၈ ခုနှစ်တွင် ပြည်သူလူထုအနေဖြင့် No Vote လှုပ်ရှားမှုများကို ဆောင်ရွက်လာသည်ကိုတွေ့ရကြောင်း၊ ဥပမာအနေဖြင့် ၂၀၁၉ ခုနှစ် ရန်ကုန်မြို့တော်စည်ပင်သာယာရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ၏ ၁၄ ရာခိုင်နှုန်း သာ မဲပေးခဲ့သည်ကို တွေ့ရကြောင်း၊ အချို့မြို့နယ်များတွင် ၄ ရာခိုင်နှုန်းခန့်သာ မဲပေးခဲ့သည်များရှိကြောင်း၊ ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲသည် အရေးကြီး ပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် တပ်မိသားစုများနှင့် တွေ့ဆုံသည့်အခါတိုင်း မဲပေး ရန် တိုက်တွန်းပြောကြားခဲ့ကြောင်း၊ သတင်းထုတ်ပြန်၍ No Vote မလုပ်ရန် ပြည်သူ လူထုအားလည်း အသိပေးခဲ့ကြောင်း။

နိုင်ငံရေးတွင် စစ်မှန်ရိုးသားသည့် နိုင်ငံရေး၊ တရားမျှတမှုရှိသည် နိုင်ငံရေးကိုသာ ဆောင်ရွက်ရန် ၂၀၁၈ ခုနှစ် တတိယအကြိမ် NCA နှစ်ပတ်လည် အထူးအစည်းအဝေး တွင် စတင်ပြောကြားခဲ့ကြောင်း၊ နောင်ကျင်းပသည့် အစည်းအဝေးများ၊ တွေ့ဆုံပွဲများ၌ လည်း လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ရိုးသားသည့် နိုင်ငံရေး ဖြစ်စေရေး၊ နိုင်ငံရေးလက်စားချေမှုမျိုး မဆောင်ရွက်စေရေး ပြောကြားခဲ့ ကြောင်း၊ ၂၀၂၀ ခုနှစ် တွင် COVID -19 ရောဂါဖြစ်ပွားခဲ့ ကြောင်း၊ COVID -19 ရောဂါကြောင့် မဲဆွယ် စည်းရုံးရေးလုပ်ငန်းများဆောင်ရွက်ရန် စည်းမျဉ်းစည်းကမ်းများ ထုတ်ပြန်ခဲ့မှုပေါ် မိမိတို့ အနေဖြင့် နားလည်ကြောင်း၊ သို့သော်လည်း အာဏာရပါတီ၏ စည်းမျဉ်းစည်း ကမ်းချိုးဖောက်ပြီး မဲဆွယ်စည်းရုံးရေးဆောင်ရွက်မှုကို သက်ဆိုင်ရာအဖွဲ့ အစည်းများက မျက်နှာသာပေး ဆောင်ရွက်ခဲ့ပြီး အခြားနိုင်ငံရေးပါတီများကို ကန့်သတ် မှုများ ဆောင်ရွက်ခဲ့ကြောင်း၊ ယင်းအချိန်တွင် အဓိကယှဉ်ပြိုင်ကြမည့် NLD ပါတီ၊ USDP ပါတီ နှင့် UDP ပါတီတို့အနက် ကိုယ်စားလှယ် ၁၁၂၉ ဦး ဝင်ရောက်ယှဉ်ပြိုင်မည့် UDP ပါတီကို စစ်ဆေးမှုများဆောင်ရွက်ခဲ့ပြီး ဥပဒေနှင့်မညီသည့်အတွက် ဖျက်သိမ်းခဲ့ကြောင်း၊ တပ်မတော်နေဖြင့် ရွေးကောက်ပွဲတွင် ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးအတွက် လုံခြုံရေးကိစ္စများကို ဆောင်ရွက်ပေးခဲ့ကြောင်း၊ NLD ပါတီသည် ရွေးကောက်ပွဲအနိုင်ရရှိ ရေးအတွက် မဲမသမာမှုများ ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ မြို့နယ် ၃၁၅ မြို့နယ်တွင် မဲမသမာမှုဟုယူဆရသည့် အရေအတွက် ၁၀ သန်းကျော်ကို စစ်ဆေးတွေ့ရှိရ ကြောင်း၊ မဲစာရင်း ဖောင်းပွအောင်လုပ်မှုသည် ဆိုးရွားသည့် လုပ်ရပ်ဖြစ်ပြီး ရိုးရိုးသားသားဖြင့် လုပ်ဆောင်လျှင် မဲနိုင်မည်ဖြစ်သော်လည်း ရိုးရိုးဖြေပါက အောင်မြင် မည့်စာမေးပွဲကို မတန်တဆအမှတ်လိုချင်သဖြင့် မသမာသည့်နည်းဖြင့် လုပ်ဆောင် သည်နှင့် တူနေပါ ကြောင်း။ ယင်းကိစ္စကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရှင်းလင်းပေးရန် ပြောကြားခဲ့သော်လည်း ဖြေရှင်းဆောင်ရွက်ပေးမှုမရှိခဲ့ကြောင်း၊ တပ်တွင်းမဲရုံများ ပြင်ပ၌ ထားရှိရန်ကိစ္စကိုလည်း မိမိအနေဖြင့် ချက်ချင်းသဘောတူခဲ့ကြောင်း၊

သို့သော်လည်း တပ်မဲရုံများပါဝင်သည့် မြို့နယ်၏ မဲစာရင်းအားကြည့်ရှုရန် တောင်းခံသည့်အခါ မပေးခဲ့ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အသစ်ဖွဲ့စည်းပြီးနောက် ယနေ့အထိ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၀ ခုမှ မြို့နယ် ၉၈ မြို့နယ်တွင် မဲစာရင်းများ စစ်ဆေးဆောင်ရွက်ခဲ့ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်မဲစာရင်းနှင့် လဝကမဲစာရင်း ၄ သန်းလောက်ကွာခြား နေသည်ကိုတွေ့ရကြောင်း၊ နိုင်ငံသားစိစစ် ရေးကတ်မရှိဘဲ မဲပေးထားသူ ၁ သန်း ကျော် ရှိပြီး ၉၈ မြို့နယ်အတွင်း မဲလက်မှတ်များ ရေတွက်ကြည့်ချိန်တွင် ထုတ်ယူမှု ၁၄ သန်း ကျော်ရှိသော်လည်း အသုံးပြုမှု ၉ သန်းကျော်ရှိကြောင်း၊ မဲလက်မှတ် ၅ သောင်းကျော် ပျောက်ဆုံး နေသည်ကိုတွေ့ရကြောင်း၊ တပ်မတော်မှတွေ့ရှိခဲ့သည့် မဲမသမာမှုနှင့် စပ်လျဉ်း၍ ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေးကို ခေါ်ယူ၍ ဖြေရှင်းပေးရန် စာပို့ခဲ့သော်လည်း ဥပဒေအရ ဆောင်ရွက်၍မရဟု အကြောင်းပြခဲ့ကြောင်း၊ အဓိကမှာ လွှတ်တော် ကျင်းပမှုကိုရက်ရွှေ့ပေးရန် တတိယအဖွဲ့အစည်းတစ်ခု အပါအဝင် စစ်ဆေးရေးအဖွဲ့ဖြင့် မဲစာရင်းစစ်ဆေးရန် တောင်းဆိုခဲ့သော်လည်း လက်မခံခဲ့ပါကြောင်း၊ သို့ဖြစ်၍ ယာယီသမ္မတ၏ တာဝန်ပေးချက်အရ အရေးပေါ်အခြေအနေ ကြေညာပြီး နိုင်ငံတော်တာဝန်ကို ယူခဲ့ခြင်းသာဖြစ်ကြောင်း၊ အာဏာသိမ်းခြင်းမဟုတ် ကြောင်း၊ ခေတ္တတာဝန်ယူထိန်းသိမ်းခြင်းဖြစ်သည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီနှင့် အစိုးရအဖွဲ့တွင်လည်း အရပ်သားများဖြင့် သာအများဆုံးဖွဲ့စည်းထား ကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လည်း အလားတူဖြစ်ကြောင်း၊ ခရိုင် အုပ်ချုပ်ရေး၊ မြို့နယ်အုပ်ချုပ်ရေးများတွင်လည်း အလားတူ တာဝန်ခွဲဝေပေးထားခြင်းဖြစ် ကြောင်း၊ အစိုးရတစ်ရပ်ဆိုသည်မှာ နိုင်ငံတော်ကို ကောင်းမွန်အောင်နှင့် အာမခံချက်ပေး နိုင်အောင် လုပ်ဆောင်ရန် တာဝန်ရှိ ကြောင်း။

ဖေဖော်ဝါရီ ၃ ရက်ကစပြီး ဆန္ဒပြဖော်ထုတ်မှုများရှိခဲ့ကြောင်း၊ နောက်ပိုင်း တွင် ဆူပူမှု၊ အကြမ်းဖက်မှု၊ တိုက်ခိုက်မှု၊ လူသတ်မှု၊ လုယက်ဖျက်ဆီးမှု၊ မီးရှို့မှုများ လုပ်ဆောင်လာကြောင်း၊ သို့ဖြစ်၍ မိမိတို့အနေဖြင့် ဒီမိုကရေစီနည်းလမ်းအရသာ ဖြေရှင်း ဆောင်ရွက်ခဲ့ကြောင်း၊ ကျည်အစစ်ဖြင့် ပစ်ခတ်မှုမျိုးဆောင်ရွက်ခြင်းမပြုဘဲ ရာဘာကျည် ဖြင့်သာ ခြောက်လှန့်ပစ်ခတ်ခဲ့ကြောင်း၊ ဆူပူမှုအကြမ်းဖက်မှုဖြစ်စဉ်တွင် လုံခြုံရေး တာဝန်ထမ်းဆောင်သည့် ရဲတပ်ဖွဲ့ဝင် ၁၆ ဦးသေဆုံးပြီး ၂၆၀ ကျော် ထိခိုက်ဒဏ်ရာရ ရှိခဲ့ကြောင်း၊ ၎င်းတို့သည် တိုင်းပြည်တရားဥပဒေစိုးမိုးရေးအတွက် တာဝန်ထမ်း ဆောင် ရင်းသေဆုံး၊ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင်ဆူပူဆန္ဒပြသူ ၂၄၈ ဦးသေဆုံးခဲ့သည့် အတွက် သေမှုသေခင်းဖွင့်လှစ်ထားကြောင်း၊ ဆန္ဒပြသူများထံမှ ပစ္စတိုသေနတ်၊ ပွိုင့်တူးတူး၊ လေသေနတ်၊ လက်ပစ်ဗုံး၊ လက်လုပ်ဗုံး၊ အခြားလက်နက်ပစ္စည်းတွေကိုသုံးလာကြောင်း၊ ယင်းကို မီဒီယာများက အဖြစ်မှန်ကို မဖော်ပြဘဲ ရိုးရိုးသားသားဆန္ဒပြမှုအဖြစ် ပုံဖေါ်နေကြောင်း၊ ပြည်တွင်း မီဒီယာများကို ထိန်းသိမ်းနိုင်သော်လည်း အွန်လိုင်းနှင့် နိုင်ငံတကာသတင်းများကို မထိန်းသိမ်းနိုင်ကြောင်း၊ CDM လှုပ်ရှားမှုသည် နိုင်ငံဖျက်သည့်လှုပ်ရှားမှုဖြစ်ကြောင်း၊ CDM လှုပ်ရှားမှုကို Country Destroyer Movement ဟု ပြောလို ကြောင်း၊ အိမ်နီးချင်း နိုင်ငံများနှင့် နိုင်ငံတကာတွင်လည်း ဆန္ဒပြမှုများရှိသော်လည်း စီးပွားရေး လုပ်ငန်းများ ပျက်စီးအောင်မလုပ်ဆောင်ကြကြောင်း၊ သို့သော်လည်း မိမိတို့နိုင်ငံ၌ ဆေးရုံ၊ ကျောင်း၊ လမ်း၊ ရုံးဌာနများ စက်ရုံ အလုပ်ရုံများ လည်ပတ်၍မရအောင် CDM ဆောက်ရွက်မှုသည် တိုင်းပြည်ပျက်စီးအောင် ဆောင်ရွက်ခြင်းသာဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ပြည်သူလူထုအား အရေးပေါ် ဆေးကုသပေးလျက်ရှိကြောင်း၊ တပ်မတော် ဆေးရုံများ တွင် လာရောက်ကုသသူ ၁၁၀၀၀၀ ကျော်ရှိပြီး အတွင်းလူနာ ၃၅၀၀၀ ကျော်ရှိကြောင်း၊ လက်ရှိတွင် ၄၀၀၀ ကျော် ကုသပေး လျက်ရှိပြီး မွေးလူနာ ၆၉၀၀ ကျော်ကိုလည်း အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ကြောင်း။

ပညာရေးဝန်ကြီးဌာနအနေဖြင့် စာသင်ကျောင်းများ အမြန်ပြန်လည်ဖွင့်လှစ်နိုင် ရေးကိုလည်း ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းများ ပြန်လည်မဖွင့် လှစ်နိုင်ပါက တိုင်းပြည်အတွက် များစွာနစ်နာပါကြောင်း၊ ဒီမိုကရေစီအစိုးရ သက်တမ်း နှစ်ဆက်တွင် ဝန်ထမ်းများကြား NGO ၊ INGO များက စည်းကမ်းမဲ့ ဒီမိုကရေစီပုံစံ များဖြစ်အောင် ရိုက်သွင်းခဲ့ကြောင်း၊ ဆူပူအကြမ်းဖက်သူများအနေဖြင့် ထမိန်များတွင် ဘုန်းတော်ကြီးပုံများ ချိတ်ဆွဲဆောင်ရွက်မှုများသည် သာသနာတော်အပေါ် စော်ကားခြင်း ဖြစ်ကြောင်း၊ ဆေးရုံများ ပိတ်ထားသည့်အတွက် ပြည်သူများ ဒုက္ခရောက်ရကြောင်း၊ ယင်းကို တပ်မတော်အနေဖြင့် တတ်နိုင်သလောက် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ၂၀၁၅ ခုနှစ် နာဂဒေသသို့ သမ္မတဦးသိန်းစိန်နှင့် ရောက်ရှိခဲ့စဉ်က နာဂဒေသ၌ ဆရာဝန်များလိုအပ် ချက်များရှိကြောင်း၊ တပ်မတော်အနေဖြင့် ဆရာဝန်အရာရှိ ၄၄ ယောက်လွှတ် စေလွှတ်ပေးခဲ့ကြောင်းသိရသဖြင့် ပညာရေး နှင့်ပတ်သက်ပြီး တန်းစဉ်ကူးပြောင်းမှုများကိုကြည့်သည့်အခါ ၁၉၉၇ ခုနှစ်တွင် ၁၅၉၂၁၁၉ ဦး ကျောင်းနေခဲ့သော်လည်း ၅ တန်းတက်သည့် အချိန်တွင် ၃၄ ဒသမ ၇၁ ရာခိုင်နှုန်းသာတက်ရောက်နိုင်ခဲ့ကြောင်း၊ ၆၅ ရာခိုင်နှုန်မှာ ၅ တန်းတွင်သာရပ်သွားပြီး ဆယ်တန်းရောက်အချိန်တွင်၁၇ရာခိုင်နှုန်းကျော်သာ ကျန်ရှိတော့ပါကြောင်း။ ပညာရေးစနစ်၌ တန်းစဉ်ကူးပြောင်းမှု၊ အတန်းပညာတတ်မြောက်မှု များစွာနည်း ပါးသည် ကိုတွေ့ရကြောင်း၊ အခြေခံပညာအထက်တန်း စာမေးပွဲ အောင်မြင်မှုမှာလည်း ရာခိုင်နှုန်း များစွာနည်းပါကြောင်း၊ အခြေခံပညာ အထက်တန်းစာမေးပွဲ အောင်မြင်မှု နည်းပါးရခြင်းမှာ ယခင်နဝမတန်း သင်ခန်းစာများကို တတ်မြောက်ခဲ့မှု နည်းပါးခဲ့၍ဖြစ်နိုင်ကြောင်း၊ ထို့ကြောင့်စဉ် ဆက်မပြတ် လေ့လာအကဲဖြတ်၍ အတန်းတင်ပေးသည့် စနစ်အပေါ် ပြန်လည် ဆန်းစစ်ရန် လိုအပ်နိုင်ကြောင်း၊ သို့ဖြစ်၍ ပညာရေးနှင့် ပတ်သက်ပြီး အမှန်တကယ်စာတတ်အောင် ဆောင်ရွက်ရ မည်ဖြစ်ပါကြောင်း၊ ထို့အတွက် ပညာရေး၊ ကျန်းမာရေးနှင့် နိုင်ငံ့ဝန်ထမ်းများ၏ အခန်း ကဏ္ဍမြှင့်တင်ပေးနိုင်ရန် ဆရာဆရာများကို အရည်အချင်းနှင့်အညီ ခံစားခွင့် များရရှိ အောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဆရာဝန်များ လည်းအလားတူဖြစ်ပါ ကြောင်း၊ ဝန်ထမ်းများကိုလည်း သင့်လျော်သည့် ခံစားခွင့်ရအောင် ဆောင်ရွက်ပေးရမည်ဖြစ် ပါကြောင်း။ ဘဏ္ဍာငွေသုံးစွဲမှုများကိုလည်း အတတ်နိုင်ဆုံးချွေတာဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ပြည်သူလူထုအတွက် အရေးကြီးသည့် ကျန်းမာရေး၊ ပညာရေးနှင့် လုံခြုံရေး ကဏ္ဍများတွင် လုံလောက်သောငွေကြေး သုံးစွဲနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

မိမိတို့တာဝန်ယူချိန်တွင် ရှေ့တွင်တာဝန်ယူခဲ့သည့် ဒီမိုကရေစီအစိုးရ နှစ်ရပ် ဆောင်ရွက်ခဲ့သည်ကို သင်ခန်းစာယူရပြီးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မဲအောင် နိုင်မှုအတွက် ငွေကြေးထောက်ပံ့မှုများ ဆောင်ရွက်ခဲ့သည်ကို တွေ့ရကြောင်း၊ လုပ်ငန်းရှင် များ ကလည်း အာဏာရှိသည့်သူများကို ချဉ်းကပ်ရာတွင် အဂတိနှင့် ညိစွန်းနေသည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့် အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများအနေဖြင့် ကိုယ့်ကို ကိုယ်အလို မလိုက်စေချင်ကြောင်း၊ ဥပဒေနှင့်အညီသာဆောင်ရွက်စေလိုကြောင်း၊ ရောင့်ရဲ တင်းတိမ်စိတ်နှင့် ဆောင်ရွက်ရန်လိုကြောင်း။ တစ်နိုင်ငံလုံး လူမှုစီးပွားဘ၀ မြင့်တက်လာစေရေးအတွက် ဆင်းရဲချမ်းသာ ကွာဟမှုလျှော့ချရန်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ ဖွံ့ဖြိုးတိုးတက်မှုညီမျှအောင် ဆောင်ရွက်ရန်၊ မြို့ပြနှင့် ကျေးလက် ကွာဟမှုလျှော့ချရန်လို အပ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန် အခြေခံကျသည့် အဓိကလိုအပ်ချက် ၄ ချက်ရှိကြောင်း၊ ၎င်းတို့မှာ လျှပ်စစ်ဓာတ်အားရရှိရေး၊ လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေး၊ ဆက်သွယ် စနစ် ရေးကောင်းမွန်စေရေးနှင့် လူသားအရင်းအမြစ်များ တိုးတက်ကောင်းမွန်စေရေး တို့ဖြစ်ကြောင်း၊ ၎င်းလုပ်ငန်းများကို ဦးစားပေးလုပ်ဆောင်သွားရန် လိုအပ်ကြောင်း၊ ပိတ်ထားသည့် ဆေးရုံများနှင့် စက်ရုံ၊ အလုပ်ရုံများ အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး လုပ်ဆောင်သွားရန် လိုအပ်ကြောင်း၊ စီးပွားရေးကောင်းမွန်မှသာ နိုင်ငံတကာနယ်ပယ် တွင်လည်း ဝင်ဆန့်မည်ဖြစ်သည့်အတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်လုပ်ဆောင်သွားရ မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်နေပြည်သူများဖြစ်ပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နေကြရ သူများဖြစ်သဖြင့် ၎င်းလုပ်ငန်းများကို တိုးတက်အောင် အားပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း။

မြေပေါ်မြေအောက် သဘာ၀ သယံဇာတများ ထုတ်ယူရောင်းချမှုကို ထိန်းသိမ်း သွားရမည်ဖြစ်ကြောင်း၊ သစ်တောများစိမ်းလန်းစိုပြည်စေရေးအတွက် တစ်ပင်စိုက် တစ်ပင်ရှင်စနစ်ဖြင့် သစ်တောများစိုက်ပျိုးခြင်းကို အမျိုးသားရေးတာဝန်တစ်ရပ်နေဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နောင်အနာဂတ်တွင် သဘာဝသယံဇာတ ပစ္စည်း များကို တန်ဘိုးမြင့်ထုတ်ကုန် အချောထည်များအဖြစ်သာ တင်ပို့ရောင်းချခွင့်ပြုသွား မည်ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အား တိုးတက်ရရှိရေးကိုလည်း ဆောင်ရွက်သွား ရမည်ဖြစ်ပြီး ဆိုလာနည်းပညာဖြင့် လျှပ်စစ်ထုတ်ယူနိုင်ရေးကို ခွင့်ပြုပေးလျက်ရှိကြောင်း၊ စိုက်ပျိုးရေရရှိရေးအတွက် မြစ်ရေတင်လုပ်ငန်းများကို ပေါင်းစပ်ဆောင်ရွက်သွား ရမည်ဖြစ် ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်း လုပ်ဆောင်သူများကို သက်ဆိုင်ရာဝန်ကြီး ဌာနများမှ တာဝန်ရှိသူများက အားပေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စနစ်တကျစီမံဆောင်ရွက် သွားရမည် ဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ တက္ကသိုလ်များတစ်ခု စီသာရှိသဖြင့် ကောလိပ်များ၊ သိပံကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း။ ပြည်သူလူထု၏ အကျိုးစီးပွားကို မိမိတို့အနေဖြင့် ဖော်ဆောင်ပေးနိုင်မှသာ ပြည်သူလူထုက မိမိတို့အစိုးရအဖွဲ့ကို ယုံကြည်လာမည်ဖြစ်ကြောင်း၊ ပြည်သူလူထု အကျိုးကို ဖော်ဆောင်ပေးရန်နှင့် အာမခံချက် ပေးနိုင်အောင်ဆက်လက်လုပ် ဆောင်သွား မည်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံအနေဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို ဆက်လက် အကောင် အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ပြည်သူလူထုအား ဒီမိုကရေစီ အသိ၊ အမြင်နှင့် ဖက်ဒရယ်အသိ၊ အမြင်ရှိအောင် တာဝန်ရှိသူများအနေဖြင့် ရှင်းလင်း ပြောကြားရမည်ဖြစ်ကြောင်း၊ ဒို့တာဝန်အရေးသုံးပါကို ထိခိုက်ခံ၍ မရကြောင်း၊ ဖွံ့ဖြိုး တိုးတက်ရေး၊ တည်ငြိမ်းအေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ် အသိအမြင်ရှိရေးတို့ကို မိမိတို့တာဝန်ယူသည့်ကာလအတွင်း ဆောင်ရွက်နိုင်မှသာ မှတ်ကျောက်တင်ခံရမည့် အစိုးရတစ်ရပ်ဖြစ်လာမည်ဖြစ်ကြောင်း၊ ဥပဒေအသိ ပညာရှင်များ၊ စီးပွားရေးအသိပညာရှင်များ ပိုမိုများပြားလာစေရေးအတွက် တက္ကသိုလ်၊ ကောလိပ် အဆင့်အလိုက် ဥပဒေဘွဲ့၊ စီးပွားရေးဘွဲ့ သင်တန်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတကာဆက်ဆံရေးနှင့် ပတ်သက်၍လည်း မိမိတို့နိုင်ငံအနေဖြင့် လွတ်လပ်ပြီးဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒ၊ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာတူယှဉ်တွဲနေထိုင် ရေးမူများဖြင့်သာ ကျင့်သုံးဆောင်ရွက်လျက်ရှိကြောင်း၊ သို့ဖြစ်၍ အိမ်နီးချင်းနိုင်ငံများနှင့် ဆက်စပ်နေသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိသူများအနေဖြင့် နှစ်နိုင်ငံချစ်ကြည်ရေးကို ရှေးရှု၍ ဆောင်ရွက်ရန်လိုအပ် ကြောင်း၊ နိုင်ငံအားလုံးသည် မိတ်ဆွေနိုင်ငံများဖြစ်ကြောင်း၊ သို့သော် အချို့သောနိုင်ငံ များ၏ ဝင်ရောက်စွက်ဖက်မှုများရှိ၍ နိုင်ငံတကာဆက်ဆံရေးအား သတိထားဆောင် ရွက်ရမည်ဖြစ်ကြောင်း မှာကြားသည်။

 

(Zawgyi Version)

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ျပည္ေထာင္စုအဆင့္ပုဂၢိဳလ္မ်ား၊ ျပည္ေထာင္စုဝန္ႀကီးမ်ား၊ ေနျပည္ေတာ္ေကာင္စီဥကၠ႒၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒မ်ားႏွင့္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ တိုင္း ႏွင့္ ေဒသ စီမံအုပ္အုပ္ခ်ဳပ္ေရးအဖြဲ႕ဥကၠ႒မ်ားအား ေတြ႕ဆုံအမွာစကားေျပာၾကား

ေနျပည္ေတာ္ ဧၿပီ ၆

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္သည္ ယေန႔နံနက္ ၁၀ နာရီတြင္ ေနျပည္ေတာ္ရွိ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ႐ုံး သဘင္ေဆာင္၌ ျပည္ေထာင္စုအဆင့္ပုဂၢိဳလ္မ်ား၊ ျပည္ေထာင္စုဝန္ႀကီးမ်ား၊ ေနျပည္ေတာ္ေကာင္စီဥကၠ႒၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒မ်ား၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ တိုင္းႏွင့္ ေဒသစီမံအုပ္ခ်ဳပ္ ေရးအဖြဲ႕ဥကၠ႒မ်ားအား ေတြ႕ဆုံအမွာစကားေျပာၾကားသည္။

ေတြ႕ဆုံပြဲသို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္အတူ ေကာင္စီဒုတိယဥကၠ႒၊ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္း၊ ေကာင္စီအဖြဲ႕ဝင္မ်ား ျဖစ္ၾကသည့္ ဗိုလ္ခ်ဳပ္ႀကီးျမထြန္းဦး၊ ဗိုလ္ခ်ဳပ္ႀကီးတင္ေအာင္စန္း၊ ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီးမိုးျမင့္ထြန္း၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီးစိုးထြဋ္၊ မန္းၿငိမ္း ေမာင္၊ ဦးသိန္းၫြန႔္၊ ဦးခင္ေမာင္ေဆြ၊ ေဒၚေအးႏုစိန္၊ Jeng Phang ေနာ္ ေတာင္၊ ဦးေမာင္းဟာ၊ ဦးစိုင္းလုံးဆိုင္၊ ေစာဒန္နီယယ္၊ ေဒါက္တာဗညားေအာင္မိုး၊ ဦးေ႐ႊႀကိမ္း၊ အတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီးေအာင္လင္းေဒြးႏွင့္ တြဲဖက္အတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီးရဲဝင္းဦး၊ ျပည္ေထာင္စုတရားသူႀကီးခ်ဳပ္ ဦးထြန္းထြန္းဦး၊ ႏိုင္ငံေတာ္ ဖြဲ႕စည္းပုံ အေျခခံဥပေဒဆိုင္ရာခုံ႐ုံးဥကၠ႒ ဦးသန္းေက်ာ္၊ ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္ဥကၠ႒ ဦးသိန္းစိုး၊ ျပည္ေထာင္စုဝန္ႀကီးမ်ား၊ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္၊ ျပည္ေထာင္စုစာရင္းစစ္ခ်ဳပ္၊ ျပည္ေထာင္စုရာထူးဝန္အဖြဲ႕ဥကၠ႒၊ ျမန္မာႏိုင္ငံေတာ္ဗဟို ဘဏ္ဥကၠ႒၊ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္ဥကၠ႒၊ ျမန္မာႏိုင္ငံလူ႔အခြင့္ အေရးေကာ္မရွင္ဥကၠ႒၊ ေနျပည္ေတာ္ေကာင္စီဥကၠ႒၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္စီမံ အုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒မ်ား၊ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၏ အႀကံေပး အဖြဲ႕ဝင္မ်ား၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ ရတိုင္းႏွင့္ ေဒသစီမံအုပ္ခ်ဳပ္ေရးအဖြဲ႕ ဥကၠ႒မ်ား၊ ဒုတိယဝန္ႀကီးမ်ားႏွင့္ တာဝန္ရွိသူမ်ား တက္ေရာက္ၾကသည္။

ေတြ႕ဆုံပြဲတြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ ေရးဦးစီးခ်ဳပ္က အမွာစကားေျပာၾကားရာတြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ အေနျဖင့္ ႏိုင္ငံအား အေရးေပၚအေျခအေနေၾကညာ၍ ႏိုင္ငံေတာ္၏တာဝန္ကို ရယူခဲ့ရမႈ၊ လက္ရွိေဆာင္႐ြက္ေနမႈအေျခအေနႏွင့္ ေရွ႕ဆက္ေဆာင္႐ြက္သြားမည့္ အေျခအေနတို႔ႏွင့္ စပ္လ်ဥ္း၍ ေျပာၾကားလိုေၾကာင္း၊ ႏိုင္ငံေတာ္၏ တာဝန္ကိုရယူခဲ့ရမႈႏွင့္စပ္လ်ဥ္း၍ ေျပာၾကားရာတြင္ ၂၀၂ဝခုႏွစ္ အေထြေထြေ႐ြးေကာက္ပြဲ၌ ျဖစ္ေပၚခဲ့ေသာ မဲမသာမႈျဖစ္စဥ္ ျဖစ္ပြားခဲ့မႈေၾကာင့္ အေျခခံ၍ ႏိုင္ငံေတာ္ဝန္ကိုရယူခဲ့ရျခင္းျဖစ္ေၾကာင္း။ မိမိတို႔ႏိုင္ငံတြင္ ၂၀၁၀ ခုႏွစ္၊ ၂၀၁၅ ခုႏွစ္ႏွင့္ ၂၀၂၀ ျပည့္ႏွစ္တို႔တြင္ အေထြေထြ ေ႐ြးေကာက္ပြဲမ်ားက်င္းပခဲ့ေၾကာင္း၊ ၂၀၁၀ ခုႏွစ္တြင္ ျပည္ခိုင္ၿဖိဳးပါတီက အႏိုင္ရရွိခဲ့ ေၾကာင္း၊ အဆိုပါေ႐ြးေကာက္ပြဲသည္ မိမိတို႔ႏိုင္ငံအတြက္ ပထမဆုံး အေတြ႕ အႀကဳံျဖစ္ၿပီး ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီအေနျဖင့္ အဓိကအတိုက္အခံ ပါတီႀကီးမ်ား မရွိသည့္အတြက္ အႏိုင္ရရွိခဲ့ျခင္းျဖစ္ေၾကာင္း၊ ယင္းအခ်ိန္တြင္ NLD ပါတီ အေနျဖင့္ အတိုက္အခံပါတီအေနျဖင့္ ရပ္တည္ခဲ့ေသာ္လည္း သပိတ္ေမွာက္၍ ဝင္ေရာက္ ယွဥ္ၿပိဳင္ျခင္းမရွိခဲ့ေၾကာင္း၊ ၂၀၁၀ ခုႏွစ္တြင္ အႏိုင္ရခဲ့သည့္ ပါတီအေနျဖင့္ အစိုးရဖြဲ႕ၿပီး ေနာက္ပိုင္း ဒီမိုကေရစီစနစ္တြင္ ပါတီစုံပါဝင္ႏိုင္ေရးအတြက္ ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ ျခင္းဥပေဒ ပုဒ္မ ၆(ဂ)ကိုျပင္ဆင္ေပးခဲ့ၿပီး ပုဒ္မ ၁၀ (င)ကို ပယ္ဖ်က္ေပးခဲ့ေၾကာင္း၊ ၂၀၁၂ ခုႏွစ္ၾကားျဖတ္ေ႐ြးေကာက္ပြဲတြင္ NLD ပါတီ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ရာ အႏိုင္ရခဲ့ သည့္အတြက္ ပါတီဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္အား လႊတ္ေတာ္က ေကာ္မတီတစ္ခု၏ ဥကၠ႒အျဖစ္ တာဝန္ကိုေပး အပ္ေနရာေပးခဲ့ေၾကာင္း။ ထိုစဥ္က ႏိုင္ငံေတာ္သမၼတျဖစ္သည့္ ဦးသိန္းစိန္အေနျဖင့္လည္း တတ္ႏိုင္သမွ် ႏိုင္ငံေရး၊ စီးပြားေရး၊ အုပ္ခ်ဳပ္ေရးႏွင့္ ႏိုင္ငံတကာဆက္ဆံေရးက႑မ်ားကို ႀကိဳးစား လုပ္ေဆာင္ခဲ့ေၾကာင္း၊ သို႔ေသာ္လည္း ရင္ဆိုင္ရသည့္ျပႆနာမ်ား ႀကီးမားပါေၾကာင္း၊ လုံၿခဳံေရးအပိုင္းတြင္ ရခိုင္ျပည္နယ္အေရးကိစၥ၊ ရွမ္းျပည္(ေျမာက္ပိုင္း) ေလာက္ကိုင္ အေရးကိစၥ၊ ကခ်င္ျပည္နယ္တြင္ လိုင္ဇာအေရးကိစၥမ်ား ျဖစ္ေပၚခဲ့ေၾကာင္း၊ ေ႐ြးေကာက္ပြဲ ရလဒ္ျဖင့္ ေပၚေပါက္လာသည့္ အစိုးရအေပၚ ျပည္သူလူထုအေနျဖင့္ အားမလိုအားမရျဖစ္ ခဲ့သည္ကို ေတြ႕ရေၾကာင္း၊

သို႔ျဖစ္၍ ၂၀၁၅ ခုႏွစ္ အေထြေထြေ႐ြးေကာက္ပြဲတြင္ NLD ပါတီသည္ ေျပာင္းလဲခ်ိန္ တန္ၿပီဆိုသည့္ ေႂကြးေၾကာ္သံျဖင့္ စည္း႐ုံးေဆာင္႐ြက္ခဲ့ၿပီး ေ႐ြးေကာက္ပြဲတြင္ အႏိုင္ရရွိခဲ့ေၾကာင္း၊ ျပည္သူလူထုအေနျဖင့္ NLD ပါတီအေပၚ ေမွ်ာ္လင့္ခဲ့ေသာ္လည္း ဘာသာေရးႏွင့္ စီမံခန႔္ခြဲေရးဆိုင္ရာ အလြဲအမွားမ်ားေၾကာင့္ ဗုဒၶဘာသာႏွင့္ပတ္သက္ၿပီး မိမိတို႔ႏိုင္ငံတြင္ ၈၀ ရခိုင္ႏႈန္းေက်ာ္ရွိသည့္ ဗုဒၶဘာသာ ဝင္မ်ား စိတ္ႏွလုံးမေအးခ်မ္းမႈ မ်ားျဖစ္ခဲ့ရ ေၾကာင္း၊ သို႔ေသာ္လည္း မိမိတို႔တပ္မေတာ္ အေနျဖင့္ ေ႐ြးေကာက္ပြဲရလဒ္ျဖင့္ ျဖစ္ေပၚလာသည့္ အစိုးရႏွင့္ ပူးေပါင္းေဆာင္႐ြက္ ခဲ့ေၾကာင္း၊ ေ႐ြးေကာက္ပြဲအၿပီးတြင္ ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ ပါတီေခါင္းေဆာင္ မ်ားက အာဏာလႊဲေျပာင္းေရးကိစၥႏွင့္ပတ္သက္၍ မိမိႏွင့္ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း၊ ထိုသို႔ ေတြ႕ဆုံေဆြးေႏြးရာတြင္ မိမိအေနျဖင့္ ဖြဲ႕စည္းပုံအေျခခံ ဥပေဒႏွင့္ အညီသာ ေဆာင္ ႐ြက္ရန္ေျပာၾကားခဲ့ေၾကာင္း။ သို႔ေသာ္လည္း လႊတ္ေတာ္က်င္းပသည့္အခါ ႏိုင္ငံေတာ္အတိုင္ပင္ခံဥပေဒကို ျပ႒ာန္းခဲ့ေၾကာင္း၊ ယင္းဥပေဒကို ဖြဲ႕စည္းပုံအေျခခံဥပေဒ ပုဒ္မ ၂၁၇ ၏ ေပးထားခ်က္ အေပၚ အေျခခံၿပီး ႏိုင္ငံေတာ္အတိုင္ပင္ခံဥပေဒကို ေဆာင္႐ြက္ခဲ့သည္ကို ေတြ႕ရေၾကာင္း၊ ယင္းဥပေဒကို ျပ႒ာန္းျခင္းမျပဳရန္ အႀကံျပဳေျပာၾကားခဲ့ေၾကာင္း၊ သို႔ေသာ္လည္း မိမိတို႔ ေနျဖင့္ ဒီမိုကေရစီစနစ္အရ အမ်ားဆႏၵကိုလိုက္ေလ်ာခဲ့ေၾကာင္း၊ ႏိုင္ငံေတာ္ အတိုင္ပင္ခံ ဥပေဒျပ႒ာန္းၿပီးေနာက္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ကို ခန႔္အပ္၍ ႏိုင္ငံေတာ္အဆင့္ ဝါစဥ္ ထုတ္ျပန္သည့္အခါ ႏိုင္ငံေတာ္သမၼတႏွင့္ ဒုတိယသမၼတတို႔အၾကားတြင္ အဆင့္ ထားရွိ ထုတ္ျပန္ခဲ့ေၾကာင္း၊ ဖြဲ႕စည္းပုံအေျခခံဥပေဒတြင္ သမၼတႏွင့္ ဒုတိယသမၼတမ်ား၏ အရည္ အခ်င္းသတ္မွတ္ခ်က္မ်ား ရွိၿပီးျဖစ္ေၾကာင္း၊ ယင္းမွာ ဥပေဒကို ေက်ာ္လြန္၍ လုပ္ေဆာင္ ခဲ့ျခင္းျဖစ္ေၾကာင္း။ NLD ပါတီ အစိုးရတာဝန္ယူၿပီး ၂ ႏွစ္၊ ၃ ႏွစ္ၾကာသည့္အခါ ျပည္သူလူထုက အားမလို အားမရျဖစ္လာသည္ကို ေတြ႕ရေၾကာင္း၊ ဒီမိုကေရစီစနစ္တြင္ ၿငိမ္းခ်မ္းေရးရရွိရန္ အေရးႀကီးေၾကာင္း၊ သမၼတ ဦးသိန္းစိန္ အစိုးရအေနျဖင့္ ၿငိမ္းခ်မ္းေရး လုပ္ငန္းမ်ားကို ၂၀၁၁ ခုႏွစ္ ဩဂုတ္တြင္ စတင္ဖိတ္ေခၚ ေဆာင္႐ြက္ခဲ့ရာ ေလးႏွစ္အၾကာတြင္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ားႏွင့္ NCA ကို လက္မွတ္ ေရး ထိုးႏိုင္ခဲ့ေၾကာင္း။ NLD အစိုးရသည္ ၿငိမ္းခ်မ္းေရးေဆာင္႐ြက္ရန္ ေဆာင္႐ြက္ခဲ့ေၾကာင္း၊ မိမိတို႔ ႏိုင္ငံ၌ လက္နက္ကိုင္ တိုင္းရင္းသား တစ္ဖြဲ႕ခ်င္းစီ၏ ေဆာင္႐ြက္မႈ၊ သမိုင္းေၾကာင္း၊

အယူအဆမ်ား မတူညီသည္ကိုေတြ႕ရေၾကာင္း၊ ၿငိမ္းခ်မ္းေရးေဆာင္႐ြက္ရာတြင္ စိတ္ရွည္သည္းခံၿပီး ေဆာင္႐ြက္ ရန္လိုအပ္ေၾကာင္း၊ NLD ပါတီအစိုးရ တာဝန္ယူခဲ့သည့္ ကာလတြင္ ျပည္ေထာင္စုသေဘာတူစာခ်ဳပ္အစိတ္အပိုင္း အခ်ိဳ႕ကိုလက္မွတ္ေရးထိုး ႏိုင္ခဲ့ေသာ္ လည္း တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ားအေနျဖင့္ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ေဖာ္ေဆာင္မႈႏွင့္ပတ္သက္၍ စိတ္ပ်က္မႈ မ်ားျဖစ္ေပၚခဲ့သည့္အတြက္ ၿငိမ္းခ်မ္းေရးတြင္ ထင္သေလာက္ ေအာင္ျမင္မႈမရွိခဲ့ေၾကာင္း။ မိမိအေနျဖင့္ ၿငိမ္းခ်မ္းေရးသည္ အေရးႀကီးေသာ္လည္း စီးပြားေရးက႑တိုးတက္ ေကာင္းမြန္ပါက ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈတြင္ ပိုမိုလ်င္ျမန္မႈရွိလာႏိုင္မည္ျဖစ္သျဖင့္ စီးပြားေရးကို ဦးစားေပးေဆာင္႐ြက္ရန္ တိုက္တြန္းေျပာၾကားခဲ့ေၾကာင္း၊ NLD အစိုးရ လက္ထက္တြင္ ႏိုင္ငံတကာ အကူအညီ အေထာက္အပံ့မ်ားစြာ ရရွိခဲ့ေၾကာင္း၊ သို႔ေသာ္ လည္း ဘ႑ာႏွစ္အလိုက္ ျပည္ေထာင္စုဘ႑ာေငြႏွင့္ ကုန္သြယ္မႈ လိုေငြမ်ား ႏွစ္စဥ္ျဖစ္ေပၚခဲ့ေၾကာင္း၊ သို႔ျဖစ္၍ ၂၀၁၈ ခုႏွစ္တြင္ ျပည္သူလူထုအေနျဖင့္ No Vote လႈပ္ရွားမႈမ်ားကို ေဆာင္႐ြက္လာသည္ကိုေတြ႕ရေၾကာင္း၊ ဥပမာအေနျဖင့္ ၂၀၁၉ ခုႏွစ္ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေ႐ြးေကာက္ပြဲတြင္ မဲေပးပိုင္ခြင့္ရွိသူ၏ ၁၄ ရာခိုင္ႏႈန္း သာ မဲေပးခဲ့သည္ကို ေတြ႕ရေၾကာင္း၊ အခ်ိဳ႕ၿမိဳ႕နယ္မ်ားတြင္ ၄ ရာခိုင္ႏႈန္းခန႔္သာ မဲေပးခဲ့သည္မ်ားရွိေၾကာင္း၊ ဒီမိုကေရစီစနစ္တြင္ ေ႐ြးေကာက္ပြဲသည္ အေရးႀကီး ပါေၾကာင္း၊ ထို႔ေၾကာင့္ မိမိအေနျဖင့္ တပ္မိသားစုမ်ားႏွင့္ ေတြ႕ဆုံသည့္အခါတိုင္း မဲေပး ရန္ တိုက္တြန္းေျပာၾကားခဲ့ေၾကာင္း၊ သတင္းထုတ္ျပန္၍ No Vote မလုပ္ရန္ ျပည္သူ လူထုအားလည္း အသိေပးခဲ့ေၾကာင္း။

ႏိုင္ငံေရးတြင္ စစ္မွန္႐ိုးသားသည့္ ႏိုင္ငံေရး၊ တရားမွ်တမႈရွိသည္ ႏိုင္ငံေရးကိုသာ ေဆာင္႐ြက္ရန္ ၂၀၁၈ ခုႏွစ္ တတိယအႀကိမ္ NCA ႏွစ္ပတ္လည္ အထူးအစည္းအေဝး တြင္ စတင္ေျပာၾကားခဲ့ေၾကာင္း၊ ေနာင္က်င္းပသည့္ အစည္းအေဝးမ်ား၊ ေတြ႕ဆုံပြဲမ်ား၌ လည္း လြတ္လပ္၍ တရားမွ်တေသာ ေ႐ြးေကာက္ပြဲ က်င္းပႏိုင္ေရး ႐ိုးသားသည့္ ႏိုင္ငံေရး ျဖစ္ေစေရး၊ ႏိုင္ငံေရးလက္စားေခ်မႈမ်ိဳး မေဆာင္႐ြက္ေစေရး ေျပာၾကားခဲ့ ေၾကာင္း၊ ၂၀၂၀ ခုႏွစ္ တြင္ COVID -19 ေရာဂါျဖစ္ပြားခဲ့ ေၾကာင္း၊ COVID -19 ေရာဂါေၾကာင့္ မဲဆြယ္ စည္း႐ုံးေရးလုပ္ငန္းမ်ားေဆာင္႐ြက္ရန္ စည္းမ်ဥ္းစည္းကမ္းမ်ား ထုတ္ျပန္ခဲ့မႈေပၚ မိမိတို႔ အေနျဖင့္ နားလည္ေၾကာင္း၊ သို႔ေသာ္လည္း အာဏာရပါတီ၏ စည္းမ်ဥ္းစည္း ကမ္းခ်ိဳးေဖာက္ၿပီး မဲဆြယ္စည္း႐ုံးေရးေဆာင္႐ြက္မႈကို သက္ဆိုင္ရာအဖြဲ႕ အစည္းမ်ားက မ်က္ႏွာသာေပး ေဆာင္႐ြက္ခဲ့ၿပီး အျခားႏိုင္ငံေရးပါတီမ်ားကို ကန႔္သတ္ မႈမ်ား ေဆာင္႐ြက္ခဲ့ေၾကာင္း၊ ယင္းအခ်ိန္တြင္ အဓိကယွဥ္ၿပိဳင္ၾကမည့္ NLD ပါတီ၊ USDP ပါတီ ႏွင့္ UDP ပါတီတို႔အနက္ ကိုယ္စားလွယ္ ၁၁၂၉ ဦး ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ UDP ပါတီကို စစ္ေဆးမႈမ်ားေဆာင္႐ြက္ခဲ့ၿပီး ဥပေဒႏွင့္မညီသည့္အတြက္ ဖ်က္သိမ္းခဲ့ေၾကာင္း၊ တပ္မေတာ္ေနျဖင့္ ေ႐ြးေကာက္ပြဲတြင္ ျပည္သူမ်ား လုံၿခဳံစိတ္ခ်စြာ မဲေပးႏိုင္ေရးအတြက္ လုံၿခဳံေရးကိစၥမ်ားကို ေဆာင္႐ြက္ေပးခဲ့ေၾကာင္း၊ NLD ပါတီသည္ ေ႐ြးေကာက္ပြဲအႏိုင္ရရွိ ေရးအတြက္ မဲမသမာမႈမ်ား ေဆာင္႐ြက္ခဲ့သည္ကို ေတြ႕ရွိရေၾကာင္း၊ ၿမိဳ႕နယ္ ၃၁၅ ၿမိဳ႕နယ္တြင္ မဲမသမာမႈဟုယူဆရသည့္ အေရအတြက္ ၁၀ သန္းေက်ာ္ကို စစ္ေဆးေတြ႕ရွိရ ေၾကာင္း၊ မဲစာရင္း ေဖာင္းပြေအာင္လုပ္မႈသည္ ဆိုး႐ြားသည့္ လုပ္ရပ္ျဖစ္ၿပီး ႐ိုး႐ိုးသားသားျဖင့္ လုပ္ေဆာင္လွ်င္ မဲႏိုင္မည္ျဖစ္ေသာ္လည္း ႐ိုး႐ိုးေျဖပါက ေအာင္ျမင္ မည့္စာေမးပြဲကို မတန္တဆအမွတ္လိုခ်င္သျဖင့္ မသမာသည့္နည္းျဖင့္ လုပ္ေဆာင္ သည္ႏွင့္ တူေနပါ ေၾကာင္း။ ယင္းကိစၥကို ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္အေနျဖင့္ ရွင္းလင္းေပးရန္ ေျပာၾကားခဲ့ေသာ္လည္း ေျဖရွင္းေဆာင္႐ြက္ေပးမႈမရွိခဲ့ေၾကာင္း၊ တပ္တြင္းမဲ႐ုံမ်ား ျပင္ပ၌ ထားရွိရန္ကိစၥကိုလည္း မိမိအေနျဖင့္ ခ်က္ခ်င္းသေဘာတူခဲ့ေၾကာင္း၊

သို႔ေသာ္လည္း တပ္မဲ႐ုံမ်ားပါဝင္သည့္ ၿမိဳ႕နယ္၏ မဲစာရင္းအားၾကည့္ရႈရန္ ေတာင္းခံသည့္အခါ မေပးခဲ့ေၾကာင္း၊ ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္အသစ္ဖြဲ႕စည္းၿပီးေနာက္ ယေန႔အထိ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ ၁၀ ခုမွ ၿမိဳ႕နယ္ ၉၈ ၿမိဳ႕နယ္တြင္ မဲစာရင္းမ်ား စစ္ေဆးေဆာင္႐ြက္ခဲ့ရာ ၿမိဳ႕နယ္ေ႐ြးေကာက္ပြဲေကာ္မရွင္မဲစာရင္းႏွင့္ လဝကမဲစာရင္း ၄ သန္းေလာက္ကြာျခား ေနသည္ကိုေတြ႕ရေၾကာင္း၊ ႏိုင္ငံသားစိစစ္ ေရးကတ္မရွိဘဲ မဲေပးထားသူ ၁ သန္း ေက်ာ္ ရွိၿပီး ၉၈ ၿမိဳ႕နယ္အတြင္း မဲလက္မွတ္မ်ား ေရတြက္ၾကည့္ခ်ိန္တြင္ ထုတ္ယူမႈ ၁၄ သန္း ေက်ာ္ရွိေသာ္လည္း အသုံးျပဳမႈ ၉ သန္းေက်ာ္ရွိေၾကာင္း၊ မဲလက္မွတ္ ၅ ေသာင္းေက်ာ္ ေပ်ာက္ဆုံး ေနသည္ကိုေတြ႕ရေၾကာင္း၊ တပ္မေတာ္မွေတြ႕ရွိခဲ့သည့္ မဲမသမာမႈႏွင့္ စပ္လ်ဥ္း၍ ကာကြယ္ေရးႏွင့္လုံၿခဳံေရးေကာင္စီအစည္းအေဝးကို ေခၚယူ၍ ေျဖရွင္းေပးရန္ စာပို႔ခဲ့ေသာ္လည္း ဥပေဒအရ ေဆာင္႐ြက္၍မရဟု အေၾကာင္းျပခဲ့ေၾကာင္း၊ အဓိကမွာ လႊတ္ေတာ္ က်င္းပမႈကိုရက္ေ႐ႊ႕ေပးရန္ တတိယအဖြဲ႕အစည္းတစ္ခု အပါအဝင္ စစ္ေဆးေရးအဖြဲ႕ျဖင့္ မဲစာရင္းစစ္ေဆးရန္ ေတာင္းဆိုခဲ့ေသာ္လည္း လက္မခံခဲ့ပါေၾကာင္း၊ သို႔ျဖစ္၍ ယာယီသမၼတ၏ တာဝန္ေပးခ်က္အရ အေရးေပၚအေျခအေန ေၾကညာၿပီး ႏိုင္ငံေတာ္တာဝန္ကို ယူခဲ့ျခင္းသာျဖစ္ေၾကာင္း၊ အာဏာသိမ္းျခင္းမဟုတ္ ေၾကာင္း၊ ေခတၱတာဝန္ယူထိန္းသိမ္းျခင္းျဖစ္သည့္အတြက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီႏွင့္ အစိုးရအဖြဲ႕တြင္လည္း အရပ္သားမ်ားျဖင့္ သာအမ်ားဆုံးဖြဲ႕စည္းထား ေၾကာင္း၊ ျပည္နယ္ႏွင့္ တိုင္းေဒသႀကီးမ်ားတြင္လည္း အလားတူျဖစ္ေၾကာင္း၊ ခ႐ိုင္ အုပ္ခ်ဳပ္ေရး၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမ်ားတြင္လည္း အလားတူ တာဝန္ခြဲေဝေပးထားျခင္းျဖစ္ ေၾကာင္း၊ အစိုးရတစ္ရပ္ဆိုသည္မွာ ႏိုင္ငံေတာ္ကို ေကာင္းမြန္ေအာင္ႏွင့္ အာမခံခ်က္ေပး ႏိုင္ေအာင္ လုပ္ေဆာင္ရန္ တာဝန္ရွိ ေၾကာင္း။

ေဖေဖာ္ဝါရီ ၃ ရက္ကစၿပီး ဆႏၵျပေဖာ္ထုတ္မႈမ်ားရွိခဲ့ေၾကာင္း၊ ေနာက္ပိုင္း တြင္ ဆူပူမႈ၊ အၾကမ္းဖက္မႈ၊ တိုက္ခိုက္မႈ၊ လူသတ္မႈ၊ လုယက္ဖ်က္ဆီးမႈ၊ မီးရႈိ႕မႈမ်ား လုပ္ေဆာင္လာေၾကာင္း၊ သို႔ျဖစ္၍ မိမိတို႔အေနျဖင့္ ဒီမိုကေရစီနည္းလမ္းအရသာ ေျဖရွင္း ေဆာင္႐ြက္ခဲ့ေၾကာင္း၊ က်ည္အစစ္ျဖင့္ ပစ္ခတ္မႈမ်ိဳးေဆာင္႐ြက္ျခင္းမျပဳဘဲ ရာဘာက်ည္ ျဖင့္သာ ေျခာက္လွန႔္ပစ္ခတ္ခဲ့ေၾကာင္း၊ ဆူပူမႈအၾကမ္းဖက္မႈျဖစ္စဥ္တြင္ လုံၿခဳံေရး တာဝန္ထမ္းေဆာင္သည့္ ရဲတပ္ဖြဲ႕ဝင္ ၁၆ ဦးေသဆုံးၿပီး ၂၆၀ ေက်ာ္ ထိခိုက္ဒဏ္ရာရ ရွိခဲ့ေၾကာင္း၊ ၎တို႔သည္ တိုင္းျပည္တရားဥပေဒစိုးမိုးေရးအတြက္ တာဝန္ထမ္း ေဆာင္ ရင္းေသဆုံး၊ ဒဏ္ရာရရွိခဲ့ျခင္းျဖစ္ေၾကာင္း၊ ထို႔ျပင္ဆူပူဆႏၵျပသူ ၂၄၈ ဦးေသဆုံးခဲ့သည့္ အတြက္ ေသမႈေသခင္းဖြင့္လွစ္ထားေၾကာင္း၊ ဆႏၵျပသူမ်ားထံမွ ပစၥတိုေသနတ္၊ ပြိဳင့္တူးတူး၊ ေလေသနတ္၊ လက္ပစ္ဗုံး၊ လက္လုပ္ဗုံး၊ အျခားလက္နက္ပစၥည္းေတြကိုသုံးလာေၾကာင္း၊ ယင္းကို မီဒီယာမ်ားက အျဖစ္မွန္ကို မေဖာ္ျပဘဲ ႐ိုး႐ိုးသားသားဆႏၵျပမႈအျဖစ္ ပုံေဖၚေနေၾကာင္း၊ ျပည္တြင္း မီဒီယာမ်ားကို ထိန္းသိမ္းႏိုင္ေသာ္လည္း အြန္လိုင္းႏွင့္ ႏိုင္ငံတကာသတင္းမ်ားကို မထိန္းသိမ္းႏိုင္ေၾကာင္း၊ CDM လႈပ္ရွားမႈသည္ ႏိုင္ငံဖ်က္သည့္လႈပ္ရွားမႈျဖစ္ေၾကာင္း၊ CDM လႈပ္ရွားမႈကို Country Destroyer Movement ဟု ေျပာလို ေၾကာင္း၊ အိမ္နီးခ်င္း ႏိုင္ငံမ်ားႏွင့္ ႏိုင္ငံတကာတြင္လည္း ဆႏၵျပမႈမ်ားရွိေသာ္လည္း စီးပြားေရး လုပ္ငန္းမ်ား ပ်က္စီးေအာင္မလုပ္ေဆာင္ၾကေၾကာင္း၊ သို႔ေသာ္လည္း မိမိတို႔ႏိုင္ငံ၌ ေဆး႐ုံ၊ ေက်ာင္း၊ လမ္း၊ ႐ုံးဌာနမ်ား စက္႐ုံ အလုပ္႐ုံမ်ား လည္ပတ္၍မရေအာင္ CDM ေဆာက္႐ြက္မႈသည္ တိုင္းျပည္ပ်က္စီးေအာင္ ေဆာင္႐ြက္ျခင္းသာျဖစ္ေၾကာင္း၊ တပ္မေတာ္အေနျဖင့္ ျပည္သူလူထုအား အေရးေပၚ ေဆးကုသေပးလ်က္ရွိေၾကာင္း၊ တပ္မေတာ္ ေဆး႐ုံမ်ား တြင္ လာေရာက္ကုသသူ ၁၁၀၀၀၀ ေက်ာ္ရွိၿပီး အတြင္းလူနာ ၃၅၀၀၀ ေက်ာ္ရွိေၾကာင္း၊ လက္ရွိတြင္ ၄၀၀၀ ေက်ာ္ ကုသေပး လ်က္ရွိၿပီး ေမြးလူနာ ၆၉၀၀ ေက်ာ္ကိုလည္း ေအာင္ျမင္စြာ ေမြးဖြားေပးႏိုင္ခဲ့ေၾကာင္း။

ပညာေရးဝန္ႀကီးဌာနအေနျဖင့္ စာသင္ေက်ာင္းမ်ား အျမန္ျပန္လည္ဖြင့္လွစ္ႏိုင္ ေရးကိုလည္း ႀကိဳးစားေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ေက်ာင္းမ်ား ျပန္လည္မဖြင့္ လွစ္ႏိုင္ပါက တိုင္းျပည္အတြက္ မ်ားစြာနစ္နာပါေၾကာင္း၊ ဒီမိုကေရစီအစိုးရ သက္တမ္း ႏွစ္ဆက္တြင္ ဝန္ထမ္းမ်ားၾကား NGO ၊ INGO မ်ားက စည္းကမ္းမဲ့ ဒီမိုကေရစီပုံစံ မ်ားျဖစ္ေအာင္ ႐ိုက္သြင္းခဲ့ေၾကာင္း၊ ဆူပူအၾကမ္းဖက္သူမ်ားအေနျဖင့္ ထမိန္မ်ားတြင္ ဘုန္းေတာ္ႀကီးပုံမ်ား ခ်ိတ္ဆြဲေဆာင္႐ြက္မႈမ်ားသည္ သာသနာေတာ္အေပၚ ေစာ္ကားျခင္း ျဖစ္ေၾကာင္း၊ ေဆး႐ုံမ်ား ပိတ္ထားသည့္အတြက္ ျပည္သူမ်ား ဒုကၡေရာက္ရေၾကာင္း၊ ယင္းကို တပ္မေတာ္အေနျဖင့္ တတ္ႏိုင္သေလာက္ ကူညီေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း၊ ၂၀၁၅ ခုႏွစ္ နာဂေဒသသို႔ သမၼတဦးသိန္းစိန္ႏွင့္ ေရာက္ရွိခဲ့စဥ္က နာဂေဒသ၌ ဆရာဝန္မ်ားလိုအပ္ ခ်က္မ်ားရွိေၾကာင္း၊ တပ္မေတာ္အေနျဖင့္ ဆရာဝန္အရာရွိ ၄၄ ေယာက္လႊတ္ ေစလႊတ္ေပးခဲ့ေၾကာင္းသိရသျဖင့္ ပညာေရး ႏွင့္ပတ္သက္ၿပီး တန္းစဥ္ကူးေျပာင္းမႈမ်ားကိုၾကည့္သည့္အခါ ၁၉၉၇ ခုႏွစ္တြင္ ၁၅၉၂၁၁၉ ဦး ေက်ာင္းေနခဲ့ေသာ္လည္း ၅ တန္းတက္သည့္ အခ်ိန္တြင္ ၃၄ ဒသမ ၇၁ ရာခိုင္ႏႈန္းသာတက္ေရာက္ႏိုင္ခဲ့ေၾကာင္း၊ ၆၅ ရာခိုင္ႏႈန္မွာ ၅ တန္းတြင္သာရပ္သြားၿပီး ဆယ္တန္းေရာက္အခ်ိန္တြင္၁၇ရာခိုင္ႏႈန္းေက်ာ္သာ က်န္ရွိေတာ့ပါေၾကာင္း။ ပညာေရးစနစ္၌ တန္းစဥ္ကူးေျပာင္းမႈ၊ အတန္းပညာတတ္ေျမာက္မႈ မ်ားစြာနည္း ပါးသည္ ကိုေတြ႕ရေၾကာင္း၊ အေျခခံပညာအထက္တန္း စာေမးပြဲ ေအာင္ျမင္မႈမွာလည္း ရာခိုင္ႏႈန္း မ်ားစြာနည္းပါေၾကာင္း၊ အေျခခံပညာ အထက္တန္းစာေမးပြဲ ေအာင္ျမင္မႈ နည္းပါးရျခင္းမွာ ယခင္နဝမတန္း သင္ခန္းစာမ်ားကို တတ္ေျမာက္ခဲ့မႈ နည္းပါးခဲ့၍ျဖစ္ႏိုင္ေၾကာင္း၊ ထို႔ေၾကာင့္စဥ္ ဆက္မျပတ္ ေလ့လာအကဲျဖတ္၍ အတန္းတင္ေပးသည့္ စနစ္အေပၚ ျပန္လည္ ဆန္းစစ္ရန္ လိုအပ္ႏိုင္ေၾကာင္း၊ သို႔ျဖစ္၍ ပညာေရးႏွင့္ ပတ္သက္ၿပီး အမွန္တကယ္စာတတ္ေအာင္ ေဆာင္႐ြက္ရ မည္ျဖစ္ပါေၾကာင္း၊ ထို႔အတြက္ ပညာေရး၊ က်န္းမာေရးႏွင့္ ႏိုင္ငံ့ဝန္ထမ္းမ်ား၏ အခန္း က႑ျမႇင့္တင္ေပးႏိုင္ရန္ ဆရာဆရာမ်ားကို အရည္အခ်င္းႏွင့္အညီ ခံစားခြင့္ မ်ားရရွိ ေအာင္ ေဆာင္႐ြက္ေပးရမည္ျဖစ္ေၾကာင္း၊ ဆရာဝန္မ်ား လည္းအလားတူျဖစ္ပါ ေၾကာင္း၊ ဝန္ထမ္းမ်ားကိုလည္း သင့္ေလ်ာ္သည့္ ခံစားခြင့္ရေအာင္ ေဆာင္႐ြက္ေပးရမည္ျဖစ္ ပါေၾကာင္း။ ဘ႑ာေငြသုံးစြဲမႈမ်ားကိုလည္း အတတ္ႏိုင္ဆုံးေခြၽတာေဆာင္႐ြက္ရမည္ျဖစ္ ေၾကာင္း၊ ျပည္သူလူထုအတြက္ အေရးႀကီးသည့္ က်န္းမာေရး၊ ပညာေရးႏွင့္ လုံၿခဳံေရး က႑မ်ားတြင္ လုံေလာက္ေသာေငြေၾကး သုံးစြဲႏိုင္ေရး ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း။

မိမိတို႔တာဝန္ယူခ်ိန္တြင္ ေရွ႕တြင္တာဝန္ယူခဲ့သည့္ ဒီမိုကေရစီအစိုးရ ႏွစ္ရပ္ ေဆာင္႐ြက္ခဲ့သည္ကို သင္ခန္းစာယူရၿပီးေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္း၊ မဲေအာင္ ႏိုင္မႈအတြက္ ေငြေၾကးေထာက္ပံ့မႈမ်ား ေဆာင္႐ြက္ခဲ့သည္ကို ေတြ႕ရေၾကာင္း၊ လုပ္ငန္းရွင္ မ်ား ကလည္း အာဏာရွိသည့္သူမ်ားကို ခ်ဥ္းကပ္ရာတြင္ အဂတိႏွင့္ ညိစြန္းေနသည္ကို ေတြ႕ရပါေၾကာင္း၊ ထို႔ေၾကာင့္ အစိုးရအဖြဲ႕ဝင္မ်ားႏွင့္ တာဝန္ရွိသူမ်ားအေနျဖင့္ ကိုယ့္ကို ကိုယ္အလို မလိုက္ေစခ်င္ေၾကာင္း၊ ဥပေဒႏွင့္အညီသာေဆာင္႐ြက္ေစလိုေၾကာင္း၊ ေရာင့္ရဲ တင္းတိမ္စိတ္ႏွင့္ ေဆာင္႐ြက္ရန္လိုေၾကာင္း။ တစ္ႏိုင္ငံလုံး လူမႈစီးပြားဘ၀ ျမင့္တက္လာေစေရးအတြက္ ဆင္းရဲခ်မ္းသာ ကြာဟမႈေလွ်ာ့ခ်ရန္၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ား ဖြံ႕ၿဖိဳးတိုးတက္မႈညီမွ်ေအာင္ ေဆာင္႐ြက္ရန္၊ ၿမိဳ႕ျပႏွင့္ ေက်းလက္ ကြာဟမႈေလွ်ာ့ခ်ရန္လို အပ္ေၾကာင္း၊ ႏိုင္ငံတစ္ႏိုင္ငံ ဖြံ႕ၿဖိဳးတိုးတက္ရန္ အေျခခံက်သည့္ အဓိကလိုအပ္ခ်က္ ၄ ခ်က္ရွိေၾကာင္း၊ ၎တို႔မွာ လွ်ပ္စစ္ဓာတ္အားရရွိေရး၊ လမ္းပန္းဆက္သြယ္မႈေကာင္းမြန္ေရး၊ ဆက္သြယ္ စနစ္ ေရးေကာင္းမြန္ေစေရးႏွင့္ လူသားအရင္းအျမစ္မ်ား တိုးတက္ေကာင္းမြန္ေစေရး တို႔ျဖစ္ေၾကာင္း၊ ၎လုပ္ငန္းမ်ားကို ဦးစားေပးလုပ္ေဆာင္သြားရန္ လိုအပ္ေၾကာင္း၊ ပိတ္ထားသည့္ ေဆး႐ုံမ်ားႏွင့္ စက္႐ုံ၊ အလုပ္႐ုံမ်ား အျမန္ဆုံးျပန္လည္ဖြင့္လွစ္ႏိုင္ေရး လုပ္ေဆာင္သြားရန္ လိုအပ္ေၾကာင္း၊ စီးပြားေရးေကာင္းမြန္မွသာ ႏိုင္ငံတကာနယ္ပယ္ တြင္လည္း ဝင္ဆန႔္မည္ျဖစ္သည့္အတြက္ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ရန္လုပ္ေဆာင္သြားရ မည္ျဖစ္ေၾကာင္း၊ မိမိတို႔ႏိုင္ငံ၏ ၇၀ ရာခိုင္ႏႈန္းသည္ ေက်းလက္ေနျပည္သူမ်ားျဖစ္ၿပီး စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရးကို အေျခခံသည့္ စီးပြားေရးလုပ္ငန္းမ်ားကို လုပ္ကိုင္ေနၾကရ သူမ်ားျဖစ္သျဖင့္ ၎လုပ္ငန္းမ်ားကို တိုးတက္ေအာင္ အားေပးေဆာင္႐ြက္ရမည္ ျဖစ္ေၾကာင္း။

ေျမေပၚေျမေအာက္ သဘာ၀ သယံဇာတမ်ား ထုတ္ယူေရာင္းခ်မႈကို ထိန္းသိမ္း သြားရမည္ျဖစ္ေၾကာင္း၊ သစ္ေတာမ်ားစိမ္းလန္းစိုျပည္ေစေရးအတြက္ တစ္ပင္စိုက္ တစ္ပင္ရွင္စနစ္ျဖင့္ သစ္ေတာမ်ားစိုက္ပ်ိဳးျခင္းကို အမ်ိဳးသားေရးတာဝန္တစ္ရပ္ေနျဖင့္ ေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္း၊ ေနာင္အနာဂတ္တြင္ သဘာဝသယံဇာတ ပစၥည္း မ်ားကို တန္ဘိုးျမင့္ထုတ္ကုန္ အေခ်ာထည္မ်ားအျဖစ္သာ တင္ပို႔ေရာင္းခ်ခြင့္ျပဳသြား မည္ျဖစ္ေၾကာင္း၊ လွ်ပ္စစ္ဓာတ္အား တိုးတက္ရရွိေရးကိုလည္း ေဆာင္႐ြက္သြား ရမည္ျဖစ္ၿပီး ဆိုလာနည္းပညာျဖင့္ လွ်ပ္စစ္ထုတ္ယူႏိုင္ေရးကို ခြင့္ျပဳေပးလ်က္ရွိေၾကာင္း၊ စိုက္ပ်ိဳးေရရရွိေရးအတြက္ ျမစ္ေရတင္လုပ္ငန္းမ်ားကို ေပါင္းစပ္ေဆာင္႐ြက္သြား ရမည္ျဖစ္ ေၾကာင္း၊ စိုက္ပ်ိဳးေရးလုပ္ငန္း လုပ္ေဆာင္သူမ်ားကို သက္ဆိုင္ရာဝန္ႀကီး ဌာနမ်ားမွ တာဝန္ရွိသူမ်ားက အားေပးေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္း၊ သို႔ျဖစ္၍ စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရးက႑ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ စနစ္တက်စီမံေဆာင္႐ြက္ သြားရမည္ ျဖစ္ေၾကာင္း၊ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးဆိုင္ရာ တကၠသိုလ္မ်ားတစ္ခု စီသာရွိသျဖင့္ ေကာလိပ္မ်ား၊ သိပံေက်ာင္းမ်ား ဖြင့္လွစ္ႏိုင္ေရးအတြက္ ေဆာင္႐ြက္သြား ရမည္ျဖစ္ေၾကာင္း။ ျပည္သူလူထု၏ အက်ိဳးစီးပြားကို မိမိတို႔အေနျဖင့္ ေဖာ္ေဆာင္ေပးႏိုင္မွသာ ျပည္သူလူထုက မိမိတို႔အစိုးရအဖြဲ႕ကို ယုံၾကည္လာမည္ျဖစ္ေၾကာင္း၊ ျပည္သူလူထု အက်ိဳးကို ေဖာ္ေဆာင္ေပးရန္ႏွင့္ အာမခံခ်က္ ေပးႏိုင္ေအာင္ဆက္လက္လုပ္ ေဆာင္သြား မည္ျဖစ္ေၾကာင္း။

မိမိတို႔ႏိုင္ငံအေနျဖင့္ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္စနစ္ကို ဆက္လက္ အေကာင္ အထည္ေဖာ္ ေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္း၊ သို႔ျဖစ္၍ ျပည္သူလူထုအား ဒီမိုကေရစီ အသိ၊ အျမင္ႏွင့္ ဖက္ဒရယ္အသိ၊ အျမင္ရွိေအာင္ တာဝန္ရွိသူမ်ားအေနျဖင့္ ရွင္းလင္း ေျပာၾကားရမည္ျဖစ္ေၾကာင္း၊ ဒို႔တာဝန္အေရးသုံးပါကို ထိခိုက္ခံ၍ မရေၾကာင္း၊ ဖြံ႕ၿဖိဳး တိုးတက္ေရး၊ တည္ၿငိမ္းေအးခ်မ္းေရး၊ တရားဥပေဒစိုးမိုးေရး၊ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္ စနစ္ အသိအျမင္ရွိေရးတို႔ကို မိမိတို႔တာဝန္ယူသည့္ကာလအတြင္း ေဆာင္႐ြက္ႏိုင္မွသာ မွတ္ေက်ာက္တင္ခံရမည့္ အစိုးရတစ္ရပ္ျဖစ္လာမည္ျဖစ္ေၾကာင္း၊ ဥပေဒအသိ ပညာရွင္မ်ား၊ စီးပြားေရးအသိပညာရွင္မ်ား ပိုမိုမ်ားျပားလာေစေရးအတြက္ တကၠသိုလ္၊ ေကာလိပ္ အဆင့္အလိုက္ ဥပေဒဘြဲ႕၊ စီးပြားေရးဘြဲ႕ သင္တန္းမ်ား တိုးခ်ဲ႕ဖြင့္လွစ္ႏိုင္ေရး ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း၊ ႏိုင္ငံတကာဆက္ဆံေရးႏွင့္ ပတ္သက္၍လည္း မိမိတို႔ႏိုင္ငံအေနျဖင့္ လြတ္လပ္ၿပီးဘက္မလိုက္ေသာ ႏိုင္ငံျခားေရးမူဝါဒ၊ ႏိုင္ငံအခ်င္းခ်င္း ၿငိမ္းခ်မ္းစြာတူယွဥ္တြဲေနထိုင္ ေရးမူမ်ားျဖင့္သာ က်င့္သုံးေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ သို႔ျဖစ္၍ အိမ္နီးခ်င္းႏိုင္ငံမ်ားႏွင့္ ဆက္စပ္ေနသည့္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားမွ တာဝန္ရွိသူမ်ားအေနျဖင့္ ႏွစ္ႏိုင္ငံခ်စ္ၾကည္ေရးကို ေရွးရႈ၍ ေဆာင္႐ြက္ရန္လိုအပ္ ေၾကာင္း၊ ႏိုင္ငံအားလုံးသည္ မိတ္ေဆြႏိုင္ငံမ်ားျဖစ္ေၾကာင္း၊ သို႔ေသာ္ အခ်ိဳ႕ေသာႏိုင္ငံ မ်ား၏ ဝင္ေရာက္စြက္ဖက္မႈမ်ားရွိ၍ ႏိုင္ငံတကာဆက္ဆံေရးအား သတိထားေဆာင္ ႐ြက္ရမည္ျဖစ္ေၾကာင္း မွာၾကားသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။