နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တိုင်းဒေသကြီးနှင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေး

နေပြည်တော်၊ ဧပြီ – ၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများအား နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီဝင် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နေပြည်တော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်၊ ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်၊ ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခင်မောင်ဦး၊ ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦး၊ ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးငွန်ဆန်းအောင်၊ စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်း၊ တနင်္သာရီတိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်၊ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း၊ မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင့်လွင်၊ မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်ကို၊ မွန်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်း၊ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာ အောင်ကျော်မင်း၊ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုး၊ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း၊ ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်း၊ ပအိုဝ့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တားသိန်းဇော်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆွေ၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ် နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသများတွင် ရောက်ရှိပြီးဖြစ်သည့် COVID -19 ကာကွယ်ဆေးများ ပြည်သူများအမြန်ဆုံးထိုးနှံနိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ CDM ပြုလုပ်မှုများကြောင့် ကျန်းမာရေးဝန်ထမ်းလိုအပ်လျက်ရှိသည့် ဒေသများတွင် နယ်မြေခံ တပ်များမှ ဆေးမှူးများ၊ သူနာပြုများနှင့်ပေါင်းစပ်၍ ပြည်သူများ COVID-19 ကာကွယ်ဆေး ထိုးနှံနိုင်ရန်အတွက် ဆောင်ရွက်ပေးရန်လိုကြောင်း၊ ကမ္ဘာပေါ်တွင် COVID-19 ကြောင့်သေဆုံး မှုနှုန်း လျော့နည်းမှုမရှိသေးကြောင်း၊ မိမိတို့နိုင်ငံတွင် ရောဂါကူးစက်မှုနှုန်းနှင့်သေဆုံးမှု လျော့နည်းလာသော်လည်း မပေါ့ဆရန်လိုပြီး ရောဂါကာကွယ်ရေးအတွက် ဆောင်ရွက်သင့်သည် များကို ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ COVID-19 ကာကွယ်ဆေးထိုးထားသော်လည်း ရောဂါကူးစက်နိုင်သေးသဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် COVID-19 စည်းမျဉ်းစည်းကမ်းများနှင့်အညီ နေထိုင်ဆောင်ရွက်ကြရန်လိုကြောင်း၊ နှစ်သစ်ကူး ကာလမတိုင်မီ COVID-19 ရောဂါကာကွယ်ဆေး အလုံးရေ ၅ သိန်း ဆက်လက်ထိုးနှံရန် ရှိကြောင်း။

ပြည်သူများစီးပွားရေးကောင်းမွန်မှသာ စိတ်ချမ်းသာစွာဖြင့် နေထိုင်နိုင်ကြမည်ဖြစ်ကြောင်း၊ ပြည်သူများဝင်ငွေရရှိစေရန် စက်ရုံအလုပ်ရုံများ၊ လုပ်ငန်းများ ပြန်လည်လည်ပတ်ရန်လိုသဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဖြည့်ဆည်းပေးနိုင်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေး ရန်လိုကြောင်း၊ COVID-19 ဖြစ်ပွားမှုကြောင့် စီးပွားရေးထိခိုက်မှုများဖြစ်ပေါ်နေချိန်တွင် ဆူပူမှုများ ကြောင့် စီးပွားရေးထိခိုက်မှုများ မရှိအောင် ဆောင်ရွက်ရန်လိုကြောင်း၊ ပြည်သူများ အလုပ် အကိုင်များရရှိ၍ ဝင်ငွေကောင်းမွန်အောင်ဆောင်ရွက်ရန်လိုကြောင်း၊ ပြည်သူများ စီးပွားရေး ကောင်းမွန်မှသာ တိုင်းပြည်တိုးတက် အေးချမ်းမည်ဖြစ်ကြောင်း။

ပညာသင်ကြားရေးနှင့်ပတ်သက်ပြီး မိမိတို့နိုင်ငံတွင် ၂၀၁၉ ခုနှစ်အတွင်း ကောက်ခံထား သည့် စာရင်းများအရလုံးဝကျောင်းမနေဘူးသူ ၃ ဒသမ ၇ သန်းရှိကြောင်း၊ အဆိုပါ ကျောင်း မနေဘူးသူများသည် ပြည်နယ်များမှအများဆုံးဖြစ်ကြောင်း၊ မိမိတို့တာဝန်ယူ ဆောင်ရွက် နေရသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များ၊ ကိုယ်အုပ်ချုပ် ခွင့်ရဒေသများအတွင်းရှိ ပြည်သူပြည်သားများ ပညာတတ်များဖြစ်အောင် ဆောင်ရွက်ပေးရန်လို ကြောင်း၊ ပညာသင်ကြားရေးသည် လူမှုရေးကိစ္စဖြစ်ပြီး ပြည်သူများစာတတ်မြောက်ရေး အတွက် စာဖတ်ဝိုင်းများပြုလုပ်ပေးရန်လိုကြောင်း၊ ပြီးခဲ့သည့် ငါးနှစ်တာကာလအတွင်း ရဟန်း သံဃာတော်များအနေဖြင့် ဘာသာရေးနှင့်ပတ်သက်၍ စိတ်မချမ်းမြေ့မှုများ ဖြစ်ပေါ်ခဲ့ရသည်ကို တွေ့ရှိရကြောင်း၊ ရဟန်းသံဃာများ စိတ်လက်ချမ်းသာစွာ ဘာသာရေးဆိုင်ရာ ကိစ္စရပ်များအား ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် ဗုဒ္ဓဘာသာ ကိုးကွယ်မှု ၈၇ ရာခိုင်နှုန်းရှိပြီး ဂုဏ်ထူးဝိသေသနှင့်လျော်ညီသည့် ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံ တစ်ခုဖြစ်ကြောင်း၊ အခြားဘာသာဝင်များကိုလည်း စိတ်ချမ်းမြေ့စွာဖြင့် သက်ဆိုင်ရာဘာသာရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ကူညီဆောင်ရွက်ပေးရန်လိုကြောင်း၊ အခုအခါ မိမိတို့နိုင်ငံရှိ လူငယ်အများစုသည် ယဉ်ကျေးမှုများပျက်ပြားလာပြီး မိမိ၏မိဘကိုပင်စွန့်လွှတ်ခြင်း၊ ဘုန်းတော် ကြီးများနှင့် ဆရာ၊ ဆရာမများကို ရိုင်းစိုင်းစွာစော်ကားခြင်းများအထိ ပြုလုပ်လာသည်ကို တွေ့ရှိရကြောင်း၊ မိမိတို့နိုင်ငံရှိ လူငယ်များစာရိတ္တကောင်းမွန်ရေးနှင့် ယဉ်ကျေးလိမ္မာမှုရှိစေရေး ပြန်လည်တည့် မတ်ပေးရန်လိုကြောင်း၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး (YMBA)မှလည်း လူငယ်များ ယဉ်ကျေးလိမ္မာရေးနှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာပညာရပ်များ တတ်ကျွမ်း စေရေးအတွက်လည်း သင်တန်းများဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်သူများ ဘာသာတရားများနှင့်အညီ ယဉ်ကျေးလိမ္မာမှုရှိစေရေး တာဝန်ရှိသူများက ဝိုင်းဝန်းထိန်းသိမ်း ပေးရန်လိုကြောင်း။

နိုင်ငံစီးပွားရေးကောင်းမွန်မှသာမိမိတို့နိုင်ငံ၏ငွေကြေးတန်ဖိုး ခိုင်မာလာမည်ဖြစ်ကြောင်း၊ ကုန်သွယ်မှုလိုငွေပြနေခြင်းများကြောင့် ယခုအခါမိမိတို့ငွေကြေးတန်ဖိုးကျဆင်း နေသည်ကို တွေ့ရကြောင်း၊ နိုင်ငံစီးပွားတိုးတက် ကောင်းမွန်ရေးအတွက် ကုန်ထုတ်လုပ်မှုလုပ်ငန်များ ဆောင်ရွက်၍ ထုတ်ကုန်များထုတ်လုပ်ပြီး ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် မိမိတို့ဒေသများနှင့် ကိုက်ညီသည့် ထုတ်ကုန်များထုတ်လုပ် ခြင်းဖြင့် ကုန်သွယ်မှု တိုးတက်လာမည်ဖြစ်ကြောင်း၊ သယံဇာတများထုတ်ယူသုံးစွဲခြင်းထက် စိုက်ပျိုးမွေးမြူ ရေးထုတ်ကုန်များအား ပြည်ပနိုင်ငံများသို့တင်ပို့၍ စီးပွားရေးကောင်းမွန်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ အလားတူ သမဝါယမလုပ်ငန်းများကိုလည်း ဆောင်ရွက်ရန်လို ကြောင်း၊ အခြားနိုင်ငံများတွင်လည်း သမဝါယမစနစ်ဖြင့် စီးပွားရေးလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံတွင်ရှိပြီးဖြစ်သည့် မြေခံ၊ ရေခံနှင့် လူ့စွမ်းအားအရင်းအမြစ်များအား အသုံးချရန်လိုကြောင်း၊ အခြေခံလူတန်းစားများ အလုပ် အကိုင် ရရှိအောင် ဆောင်ရွက်ပေးပြီး စီးပွားရေးတိုးတက်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့အစိုးရအနေဖြင့် မူဝါဒများ ချမှတ်ပေးမည်သာဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဖွံ့ဖြိုးတိုးတက်‌ရေးအတွက် တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်ရန် လိုကြောင်းမှာကြား သည်။

ထို့နောက် တက်ရောက်လာကြသည့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသစီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌများက မိမိတို့တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်း ဆူပူဆန္ဒပြမှုများ ဖြစ်ပွား ခဲ့မှုနှင့်ဆူပူမှုများလျော့နည်းလာမှု၊ ကျန်းမာရေးဝန်ထမ်းအချို့ CDM ပြုလုပ်မှုကြောင့် ပြည်သူများ ကျန်းမာရေးလုပ်ငန်းများဆောင်ရွက်မှု အခက်အခဲဖြစ်ပေါ်ခဲ့သဖြင့် နယ်မြေခံတပ်မတော်ဆေးရုံ များမှ ဆေးမှူများ၊ သူနာပြုများဖြင့်ပူးပေါင်း၍ ပြည်သူများကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်း များ ဆောင်ရွက်ပေးနေမှုနှင့် ပိတ်ထားသည့်ဆေးရုံအချို့ပြန်လည် ဖွင့်လှစ်နိုင်ရေးဆောင်ရွက် နေမှု၊ ပြည်သူများ၏ကျန်းမာရေး၊ အုပ်ချုပ်ရေးနှင့် ဘာသာရေးဆိုင်ရာများ ဆောင်ရွက်ပေးနေမှု၊ ဘဏ်များဖွင့်လှစ်နေမှု၊ COVID-19 ရောဂါကာကွယ်ရေးဆောင်ရွက်နေမှု၊ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ နယ်စပ်ဒေသကုန်သွယ်ရေးဆောင်ရွက်နေမှု၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန် အောင်ဆောင်ရွက်နေမှု၊ ပြည်သူများမှတ်ပုံတင်ရရှိရေး ဆောင်ရွက်ပေးနေမှု၊ စက်ရုံအလုပ်ရုံ အနည်းငယ်မှအပ ကျန်သည့်စက်ရုံအလုပ်ရုံများ ပြန်လည်လည်ပတ်နေမှု၊ တိုက်ပွဲရှောင်ပြည်သူများ အား ထောက်ပံ့ပေးနေမှုနှင့် နေရပ်ပြန်နိုင်ရေး ဆောင်ရွက်ပေးနေမှုအခြေအနေများအား ရှင်းလင်းတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က ကိုဗစ်ကာလဖြစ်သည့်အတွက်သင်္ကြန်ပွဲတော်နှင့်ပတ်သက်ပြီး သင်္ကြန်မဏ္ဍပ်များ ဆောက် လုပ်ခွင့်မပြုဘဲ စည်းကမ်းများနှင့်အညီ ရေပက်ကစားခြင်းအား ခွင့်ပြုပေးမည်ဖြစ်ကြောင်း၊ အားကစားပွဲများကိုလည်း တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ပြင်ပအားကစားပွဲများ ကျင်းပပြုလုပ်ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် ကျန်းမာကြံ့ခိုင်မှုနှင့် စိတ်ဓာတ်မြင့်မား မှုများ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ စီးပွားရေးနှင့်ပတ်သက်၍ One Village ၊ One Product ဆိုသည့်အတိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တန်ဖိုးမြင့်ထုတ်ကုန်ပစ္စည်းများအား အရည်အသွေးမီစွာဖြင့် ထုတ်လုပ်စေလိုကြောင်း၊ ထိုသို့ထုတ်လုပ်နိုင်ပါက ခရီးသွားလုပ်ငန်း များနှင့် ပြည်ပပို့ကုန်များ တိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ ဒေသအလိုက် စီးပွားရေးဖွံ့ဖြိုးရေးဇုန်နှင့် စက်မှုဇုန်များဖွင့်လှစ်၍ လုပ်ငန်းများအား ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် ကြပ်မတ်ဆောင်ရွက်ကြစေလိုကြောင်းဖြင့် မှာကြားခဲ့သည်။

 

(Zawgyi Version)

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒မ်ား၊ ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရတိုင္းႏွင့္ ေဒသစီမံအုပ္ခ်ဳပ္ေရးအဖြဲ႕ ဥကၠ႒မ်ားႏွင့္ေတြ႕ဆုံ၍ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္၊ ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးဆိုင္ရာမ်ား ေဆြးေႏြး

ေနျပည္ေတာ္၊ ဧၿပီ – ၆

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ သည္ ယေန႔မြန္းလြဲပိုင္းတြင္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒မ်ား၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတိုင္းႏွင့္ ေဒသစီမံအုပ္ခ်ဳပ္ေရးအဖြဲ႕ ဥကၠ႒မ်ားအား ေနျပည္ေတာ္ရွိ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒႐ုံး အစည္းအေဝးခန္းမ၌ ေတြ႕ဆုံ၍ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္၊ ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးဆိုင္ရာကိစၥရပ္မ်ားႏွင့္စပ္လ်ဥ္း၍ ေဆြးေႏြးသည္။

ေတြ႕ဆုံပြဲသို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဒုတိယဥကၠ႒ ဒုတိယတပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း၊ ေကာင္စီဝင္ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္၊ ေကာင္စီအတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေအာင္လင္းေဒြး၊ ေကာင္စီ တြဲဖက္အတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦး၊ ေနျပည္ေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒ ေဒါက္တာ ေမာင္ေမာင္ႏိုင္၊ ကခ်င္ျပည္နယ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ဦးခက္ထိန္နန္၊ ကယားျပည္နယ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ဦးခင္ေမာင္ဦး၊ ကရင္ျပည္နယ္ စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒ ဦးေစာျမင့္ဦး၊ ခ်င္းျပည္နယ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ဦးငြန္ဆန္းေအာင္၊ စစ္ကိုင္းတိုင္းေဒသႀကီး စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ဦးေမာင္ေမာင္လင္း၊ တနသၤာရီတိုင္း ေဒသႀကီး စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ဦးတင္ေအာင္၊ ပဲခူးတိုင္းေဒသႀကီး စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒ ဦးမ်ိဳးေဆြဝင္း၊ မေကြးတိုင္းေဒသႀကီး စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ဦးတင့္လြင္၊ မႏၲေလးတိုင္းေဒသႀကီး စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ဦးေမာင္ကို၊ မြန္ျပည္နယ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒ ဦးေဇာ္လင္းထြန္း၊ ရခိုင္ျပည္နယ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ေဒါက္တာ ေအာင္ေက်ာ္မင္း၊ ရန္ကုန္တိုင္းေဒသႀကီး စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ဦးလွစိုး၊ ရွမ္းျပည္နယ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ေဒါက္တာေက်ာ္ထြန္း၊ ဧရာဝတီတိုင္းေဒသႀကီး စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒ ဦးရဲျမင့္၊ နာဂကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ စီမံအုပ္ခ်ဳပ္ေရးအဖြဲ႕ဥကၠ႒ ဦးထြန္းထြန္းဝင္း၊ ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ စီမံအုပ္ခ်ဳပ္ေရးအဖြဲ႕ဥကၠ႒ ဦးအာကာလင္း၊ ပအိုဝ့္ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရေဒသ စီမံအုပ္ခ်ဳပ္ေရးအဖြဲ႕ဥကၠ႒ ဦးခြန္ရဲေထြး၊ ပေလာင္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ စီမံအုပ္ခ်ဳပ္ေရးအဖြဲ႕ဥကၠ႒ တားသိန္းေဇာ္၊ ကိုးကန႔္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ စီမံအုပ္ခ်ဳပ္ေရး အဖြဲ႕ဥကၠ႒ ဦးျမင့္ေဆြ၊ “ဝ” ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတိုင္း စီမံအုပ္ခ်ဳပ္ေရးအဖြဲ႕ဥကၠ႒ ဦးညီနပ္ ႏွင့္ တာဝန္ရွိသူမ်ား တက္ေရာက္ၾကသည္။

ဦးစြာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ က တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ား၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ေရးေဒသမ်ားတြင္ ေရာက္ရွိၿပီးျဖစ္သည့္ COVID -19 ကာကြယ္ေဆးမ်ား ျပည္သူမ်ားအျမန္ဆုံးထိုးႏွံႏိုင္ေရး ေဆာင္႐ြက္ရန္လိုေၾကာင္း၊ CDM ျပဳလုပ္မႈမ်ားေၾကာင့္ က်န္းမာေရးဝန္ထမ္းလိုအပ္လ်က္ရွိသည့္ ေဒသမ်ားတြင္ နယ္ေျမခံ တပ္မ်ားမွ ေဆးမႉးမ်ား၊ သူနာျပဳမ်ားႏွင့္ေပါင္းစပ္၍ ျပည္သူမ်ား COVID-19 ကာကြယ္ေဆး ထိုးႏွံႏိုင္ရန္အတြက္ ေဆာင္႐ြက္ေပးရန္လိုေၾကာင္း၊ ကမာၻေပၚတြင္ COVID-19 ေၾကာင့္ေသဆုံး မႈႏႈန္း ေလ်ာ့နည္းမႈမရွိေသးေၾကာင္း၊ မိမိတို႔ႏိုင္ငံတြင္ ေရာဂါကူးစက္မႈႏႈန္းႏွင့္ေသဆုံးမႈ ေလ်ာ့နည္းလာေသာ္လည္း မေပါ့ဆရန္လိုၿပီး ေရာဂါကာကြယ္ေရးအတြက္ ေဆာင္႐ြက္သင့္သည္ မ်ားကို ဆက္လက္ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ COVID-19 ကာကြယ္ေဆးထိုးထားေသာ္လည္း ေရာဂါကူးစက္ႏိုင္ေသးသျဖင့္ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနမွ ထုတ္ျပန္ထားသည့္ COVID-19 စည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္အညီ ေနထိုင္ေဆာင္႐ြက္ၾကရန္လိုေၾကာင္း၊ ႏွစ္သစ္ကူး ကာလမတိုင္မီ COVID-19 ေရာဂါကာကြယ္ေဆး အလုံးေရ ၅ သိန္း ဆက္လက္ထိုးႏွံရန္ ရွိေၾကာင္း။

ျပည္သူမ်ားစီးပြားေရးေကာင္းမြန္မွသာ စိတ္ခ်မ္းသာစြာျဖင့္ ေနထိုင္ႏိုင္ၾကမည္ျဖစ္ေၾကာင္း၊ ျပည္သူမ်ားဝင္ေငြရရွိေစရန္ စက္႐ုံအလုပ္႐ုံမ်ား၊ လုပ္ငန္းမ်ား ျပန္လည္လည္ပတ္ရန္လိုသျဖင့္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အလိုက္ ျဖည့္ဆည္းေပးႏိုင္သည္မ်ားကို ျဖည့္ဆည္းေဆာင္႐ြက္ေပး ရန္လိုေၾကာင္း၊ COVID-19 ျဖစ္ပြားမႈေၾကာင့္ စီးပြားေရးထိခိုက္မႈမ်ားျဖစ္ေပၚေနခ်ိန္တြင္ ဆူပူမႈမ်ား ေၾကာင့္ စီးပြားေရးထိခိုက္မႈမ်ား မရွိေအာင္ ေဆာင္႐ြက္ရန္လိုေၾကာင္း၊ ျပည္သူမ်ား အလုပ္ အကိုင္မ်ားရရွိ၍ ဝင္ေငြေကာင္းမြန္ေအာင္ေဆာင္႐ြက္ရန္လိုေၾကာင္း၊ ျပည္သူမ်ား စီးပြားေရး ေကာင္းမြန္မွသာ တိုင္းျပည္တိုးတက္ ေအးခ်မ္းမည္ျဖစ္ေၾကာင္း။

ပညာသင္ၾကားေရးႏွင့္ပတ္သက္ၿပီး မိမိတို႔ႏိုင္ငံတြင္ ၂၀၁၉ ခုႏွစ္အတြင္း ေကာက္ခံထား သည့္ စာရင္းမ်ားအရလုံးဝေက်ာင္းမေနဘူးသူ ၃ ဒသမ ၇ သန္းရွိေၾကာင္း၊ အဆိုပါ ေက်ာင္း မေနဘူးသူမ်ားသည္ ျပည္နယ္မ်ားမွအမ်ားဆုံးျဖစ္ေၾကာင္း၊ မိမိတို႔တာဝန္ယူ ေဆာင္႐ြက္ ေနရသည့္ တိုင္းေဒသႀကီးႏွင့္ျပည္နယ္မ်ား၊ ကိုယ္အုပ္ခ်ဳပ္ ခြင့္ရေဒသမ်ားအတြင္းရွိ ျပည္သူျပည္သားမ်ား ပညာတတ္မ်ားျဖစ္ေအာင္ ေဆာင္႐ြက္ေပးရန္လို ေၾကာင္း၊ ပညာသင္ၾကားေရးသည္ လူမႈေရးကိစၥျဖစ္ၿပီး ျပည္သူမ်ားစာတတ္ေျမာက္ေရး အတြက္ စာဖတ္ဝိုင္းမ်ားျပဳလုပ္ေပးရန္လိုေၾကာင္း၊ ၿပီးခဲ့သည့္ ငါးႏွစ္တာကာလအတြင္း ရဟန္း သံဃာေတာ္မ်ားအေနျဖင့္ ဘာသာေရးႏွင့္ပတ္သက္၍ စိတ္မခ်မ္းေျမ့မႈမ်ား ျဖစ္ေပၚခဲ့ရသည္ကို ေတြ႕ရွိရေၾကာင္း၊ ရဟန္းသံဃာမ်ား စိတ္လက္ခ်မ္းသာစြာ ဘာသာေရးဆိုင္ရာ ကိစၥရပ္မ်ားအား ေဆာင္႐ြက္ႏိုင္ေရးအတြက္ ဝိုင္းဝန္းေဆာင္႐ြက္ေပးရန္လိုေၾကာင္း၊ မိမိတို႔ႏိုင္ငံတြင္ ဗုဒၶဘာသာ ကိုးကြယ္မႈ ၈၇ ရာခိုင္ႏႈန္းရွိၿပီး ဂုဏ္ထူးဝိေသသႏွင့္ေလ်ာ္ညီသည့္ ေထရဝါဒဗုဒၶဘာသာႏိုင္ငံ တစ္ခုျဖစ္ေၾကာင္း၊ အျခားဘာသာဝင္မ်ားကိုလည္း စိတ္ခ်မ္းေျမ့စြာျဖင့္ သက္ဆိုင္ရာဘာသာေရး လုပ္ငန္းမ်ား ေဆာင္႐ြက္ႏိုင္ေရး ကူညီေဆာင္႐ြက္ေပးရန္လိုေၾကာင္း၊ အခုအခါ မိမိတို႔ႏိုင္ငံရွိ လူငယ္အမ်ားစုသည္ ယဥ္ေက်းမႈမ်ားပ်က္ျပားလာၿပီး မိမိ၏မိဘကိုပင္စြန႔္လႊတ္ျခင္း၊ ဘုန္းေတာ္ ႀကီးမ်ားႏွင့္ ဆရာ၊ ဆရာမမ်ားကို ႐ိုင္းစိုင္းစြာေစာ္ကားျခင္းမ်ားအထိ ျပဳလုပ္လာသည္ကို ေတြ႕ရွိရေၾကာင္း၊ မိမိတို႔ႏိုင္ငံရွိ လူငယ္မ်ားစာရိတၱေကာင္းမြန္ေရးႏွင့္ ယဥ္ေက်းလိမၼာမႈရွိေစေရး ျပန္လည္တည့္ မတ္ေပးရန္လိုေၾကာင္း၊ ဗုဒၶဘာသာကလ်ာဏယုဝအသင္းႀကီး (YMBA)မွလည္း လူငယ္မ်ား ယဥ္ေက်းလိမၼာေရးႏွင့္ အသက္ေမြးဝမ္းေၾကာင္းဆိုင္ရာပညာရပ္မ်ား တတ္ကြၽမ္း ေစေရးအတြက္လည္း သင္တန္းမ်ားဖြင့္လွစ္ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း၊ ျပည္သူမ်ား ဘာသာတရားမ်ားႏွင့္အညီ ယဥ္ေက်းလိမၼာမႈရွိေစေရး တာဝန္ရွိသူမ်ားက ဝိုင္းဝန္းထိန္းသိမ္း ေပးရန္လိုေၾကာင္း။

ႏိုင္ငံစီးပြားေရးေကာင္းမြန္မွသာမိမိတို႔ႏိုင္ငံ၏ေငြေၾကးတန္ဖိုး ခိုင္မာလာမည္ျဖစ္ေၾကာင္း၊ ကုန္သြယ္မႈလိုေငြျပေနျခင္းမ်ားေၾကာင့္ ယခုအခါမိမိတို႔ေငြေၾကးတန္ဖိုးက်ဆင္း ေနသည္ကို ေတြ႕ရေၾကာင္း၊ ႏိုင္ငံစီးပြားတိုးတက္ ေကာင္းမြန္ေရးအတြက္ ကုန္ထုတ္လုပ္မႈလုပ္ငန္မ်ား ေဆာင္႐ြက္၍ ထုတ္ကုန္မ်ားထုတ္လုပ္ၿပီး ျပည္ပႏိုင္ငံမ်ားသို႔ တင္ပို႔ႏိုင္ရန္လိုေၾကာင္း၊ တိုင္းေဒသႀကီးႏွင့္ျပည္နယ္အလိုက္ မိမိတို႔ေဒသမ်ားႏွင့္ ကိုက္ညီသည့္ ထုတ္ကုန္မ်ားထုတ္လုပ္ ျခင္းျဖင့္ ကုန္သြယ္မႈ တိုးတက္လာမည္ျဖစ္ေၾကာင္း၊ သယံဇာတမ်ားထုတ္ယူသုံးစြဲျခင္းထက္ စိုက္ပ်ိဳးေမြးျမဴ ေရးထုတ္ကုန္မ်ားအား ျပည္ပႏိုင္ငံမ်ားသို႔တင္ပို႔၍ စီးပြားေရးေကာင္းမြန္ေအာင္ ေဆာင္႐ြက္ရန္လိုေၾကာင္း၊ အလားတူ သမဝါယမလုပ္ငန္းမ်ားကိုလည္း ေဆာင္႐ြက္ရန္လို ေၾကာင္း၊ အျခားႏိုင္ငံမ်ားတြင္လည္း သမဝါယမစနစ္ျဖင့္ စီးပြားေရးလုပ္ငန္းမ်ားကို ေအာင္ျမင္စြာေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ မိမိတို႔ႏိုင္ငံတြင္ရွိၿပီးျဖစ္သည့္ ေျမခံ၊ ေရခံႏွင့္ လူ႔စြမ္းအားအရင္းအျမစ္မ်ားအား အသုံးခ်ရန္လိုေၾကာင္း၊ အေျခခံလူတန္းစားမ်ား အလုပ္ အကိုင္ ရရွိေအာင္ ေဆာင္႐ြက္ေပးၿပီး စီးပြားေရးတိုးတက္ေအာင္ ေဆာင္႐ြက္ရန္လိုေၾကာင္း၊ မိမိတို႔အစိုးရအေနျဖင့္ မူဝါဒမ်ား ခ်မွတ္ေပးမည္သာျဖစ္ၿပီး တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အလိုက္ ဖြံ႕ၿဖိဳးတိုးတက္‌ေရးအတြက္ တာဝန္ရွိသူမ်ားက ဆက္လက္ေဆာင္႐ြက္ရန္ လိုေၾကာင္းမွာၾကား သည္။

ထို႔ေနာက္ တက္ေရာက္လာၾကသည့္ ေနျပည္ေတာ္ေကာင္စီဥကၠ႒၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒မ်ား၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတိုင္းႏွင့္ ေဒသစီမံအုပ္ခ်ဳပ္ ေရးအဖြဲ႕ ဥကၠ႒မ်ားက မိမိတို႔တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားအတြင္း ဆူပူဆႏၵျပမႈမ်ား ျဖစ္ပြား ခဲ့မႈႏွင့္ဆူပူမႈမ်ားေလ်ာ့နည္းလာမႈ၊ က်န္းမာေရးဝန္ထမ္းအခ်ိဳ႕ CDM ျပဳလုပ္မႈေၾကာင့္ ျပည္သူမ်ား က်န္းမာေရးလုပ္ငန္းမ်ားေဆာင္႐ြက္မႈ အခက္အခဲျဖစ္ေပၚခဲ့သျဖင့္ နယ္ေျမခံတပ္မေတာ္ေဆး႐ုံ မ်ားမွ ေဆးမႉမ်ား၊ သူနာျပဳမ်ားျဖင့္ပူးေပါင္း၍ ျပည္သူမ်ားက်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္း မ်ား ေဆာင္႐ြက္ေပးေနမႈႏွင့္ ပိတ္ထားသည့္ေဆး႐ုံအခ်ိဳ႕ျပန္လည္ ဖြင့္လွစ္ႏိုင္ေရးေဆာင္႐ြက္ ေနမႈ၊ ျပည္သူမ်ား၏က်န္းမာေရး၊ အုပ္ခ်ဳပ္ေရးႏွင့္ ဘာသာေရးဆိုင္ရာမ်ား ေဆာင္႐ြက္ေပးေနမႈ၊ ဘဏ္မ်ားဖြင့္လွစ္ေနမႈ၊ COVID-19 ေရာဂါကာကြယ္ေရးေဆာင္႐ြက္ေနမႈ၊ စီးပြားေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ေနမႈ၊ နယ္စပ္ေဒသကုန္သြယ္ေရးေဆာင္႐ြက္ေနမႈ၊ လမ္းပန္းဆက္သြယ္ေရး ေကာင္းမြန္ ေအာင္ေဆာင္႐ြက္ေနမႈ၊ ျပည္သူမ်ားမွတ္ပုံတင္ရရွိေရး ေဆာင္႐ြက္ေပးေနမႈ၊ စက္႐ုံအလုပ္႐ုံ အနည္းငယ္မွအပ က်န္သည့္စက္႐ုံအလုပ္႐ုံမ်ား ျပန္လည္လည္ပတ္ေနမႈ၊ တိုက္ပြဲေရွာင္ျပည္သူမ်ား အား ေထာက္ပံ့ေပးေနမႈႏွင့္ ေနရပ္ျပန္ႏိုင္ေရး ေဆာင္႐ြက္ေပးေနမႈအေျခအေနမ်ားအား ရွင္းလင္းတင္ျပၾကရာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က လိုအပ္သည္မ်ား ညႇိႏႈိင္းျဖည့္ဆည္း ေဆာင္႐ြက္ေပးသည္။

ယင္းေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ က ကိုဗစ္ကာလျဖစ္သည့္အတြက္သၾကၤန္ပြဲေတာ္ႏွင့္ပတ္သက္ၿပီး သၾကၤန္မ႑ပ္မ်ား ေဆာက္ လုပ္ခြင့္မျပဳဘဲ စည္းကမ္းမ်ားႏွင့္အညီ ေရပက္ကစားျခင္းအား ခြင့္ျပဳေပးမည္ျဖစ္ေၾကာင္း၊ အားကစားပြဲမ်ားကိုလည္း တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားအလိုက္ ျပင္ပအားကစားပြဲမ်ား က်င္းပျပဳလုပ္ရန္လိုေၾကာင္း၊ ထိုသို႔ေဆာင္႐ြက္ျခင္းျဖင့္ က်န္းမာႀကံ့ခိုင္မႈႏွင့္ စိတ္ဓာတ္ျမင့္မား မႈမ်ား ျဖစ္ေပၚလာမည္ျဖစ္ေၾကာင္း၊ စီးပြားေရးႏွင့္ပတ္သက္၍ One Village ၊ One Product ဆိုသည့္အတိုင္း တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အလိုက္ တန္ဖိုးျမင့္ထုတ္ကုန္ပစၥည္းမ်ားအား အရည္အေသြးမီစြာျဖင့္ ထုတ္လုပ္ေစလိုေၾကာင္း၊ ထိုသို႔ထုတ္လုပ္ႏိုင္ပါက ခရီးသြားလုပ္ငန္း မ်ားႏွင့္ ျပည္ပပို႔ကုန္မ်ား တိုးတက္ေကာင္းမြန္လာမည္ျဖစ္ေၾကာင္း၊ ေဒသအလိုက္ စီးပြားေရးဖြံ႕ၿဖိဳးေရးဇုန္ႏွင့္ စက္မႈဇုန္မ်ားဖြင့္လွစ္၍ လုပ္ငန္းမ်ားအား ထိထိေရာက္ေရာက္ ေဆာင္႐ြက္ႏိုင္ရန္ ၾကပ္မတ္ေဆာင္႐ြက္ၾကေစလိုေၾကာင္းျဖင့္ မွာၾကားခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။