နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)ဥက္ကဋ္ဌ Mr. Peter Maurer အားလက်ခံတွေ့ဆုံ

နေပြည်တော်၊ ဇွန် ၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)ဥက္ကဋ္ဌ Mr. Peter Maurer အားယနေ့ နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင်၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထို့သို့တွေ့ဆုံစဉ် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) အနေဖြင့် မြန်မာနိုင်ငံ၌ ရှေးယခင်ကတည်းကပင် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့ပြီး ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများ၊ COVID-19 ရောဂါမဖြစ်ပွားမီ ကာလက လုပ်ဆောင်ခဲ့သည့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက် လုပ်ဆောင်နိုင် မည့် အခြေအနေများ၊ မြန်မာ့တပ်မတော်အနေဖြင့် ဥပဒေဆိုင်ရာသင်တန်းများတွင် (ICRC)နှင့် ပတ်သက်သည့် သင်ခန်းစာများကို ထည့်သွင်းသင်ကြားပေးလျက်ရှိသည့် အခြေအနေများ၊ မြန်မာနိုင်ငံအစိုးရ၊ တပ်မတော်နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) တို့အကြား ပူးပေါင်းဆောင်ရွက်မှုများတွင် အောင်မြင်မှုများရရှိခဲ့ပြီး ဆက်လက်၍ လည်း တိုးမြှင့်ဆောင်ရွက်သွားမည့်အခြေအနေများအား ခင်မင်ရင်းနှီးစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်၊ ဦးကိုကိုလှိုင်၊ ဒေါက်တာသက်ခိုင်ဝင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်မြင့်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး အပြည်ပြည်ဆိုင်ရာ ကြက်ခြေ နီကော်မတီ(ICRC) ဥက္ကဋ္ဌနှင့်အတူ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Ms. Christine Cipolla ၊ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Stephan Sakalian တို့ တက်ရောက်ခဲ့ကြသည်။

 

(Zawgyi Version)

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ အျပည္ျပည္ဆိုင္ရာၾကက္ေျခနီေကာ္မတီ(ICRC)ဥကၠ႒ Mr. Peter Maurer အားလက္ခံေတြ႕ဆုံ

ေနျပည္ေတာ္၊ ဇြန္ ၃

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ အျပည္ျပည္ဆိုင္ရာၾကက္ေျခနီေကာ္မတီ (ICRC)ဥကၠ႒ Mr. Peter Maurer အားယေန႔ နံနက္ပိုင္းတြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒႐ုံး သံတမန္ေဆာင္၊ ဧည့္ခန္းမ၌ လက္ခံေတြ႕ဆုံသည္။

ထို႔သို႔ေတြ႕ဆုံစဥ္ အျပည္ျပည္ဆိုင္ရာၾကက္ေျခနီေကာ္မတီ (ICRC) အေနျဖင့္ ျမန္မာႏိုင္ငံ၌ ေရွးယခင္ကတည္းကပင္ ပူးေပါင္းေဆာင္႐ြက္မႈမ်ား လုပ္ေဆာင္ခဲ့ၿပီး ဆက္လက္ေဆာင္႐ြက္သြားမည့္ အေျခအေနမ်ား၊ COVID-19 ေရာဂါမျဖစ္ပြားမီ ကာလက လုပ္ေဆာင္ခဲ့သည့္ ပူးေပါင္းေဆာင္႐ြက္မႈမ်ားကို ဆက္လက္ လုပ္ေဆာင္ႏိုင္ မည့္ အေျခအေနမ်ား၊ ျမန္မာ့တပ္မေတာ္အေနျဖင့္ ဥပေဒဆိုင္ရာသင္တန္းမ်ားတြင္ (ICRC)ႏွင့္ ပတ္သက္သည့္ သင္ခန္းစာမ်ားကို ထည့္သြင္းသင္ၾကားေပးလ်က္ရွိသည့္ အေျခအေနမ်ား၊ ျမန္မာႏိုင္ငံအစိုးရ၊ တပ္မေတာ္ႏွင့္ အျပည္ျပည္ဆိုင္ရာ ၾကက္ေျခနီ ေကာ္မတီ (ICRC) တို႔အၾကား ပူးေပါင္းေဆာင္႐ြက္မႈမ်ားတြင္ ေအာင္ျမင္မႈမ်ားရရွိခဲ့ၿပီး ဆက္လက္၍ လည္း တိုးျမႇင့္ေဆာင္႐ြက္သြားမည့္အေျခအေနမ်ားအား ခင္မင္ရင္းႏွီးစြာ အျမင္ခ်င္း ဖလွယ္ေဆြးေႏြးခဲ့ၾကသည္။

ေတြ႕ဆုံပြဲသို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္အတူ ျပည္ေထာင္စုဝန္ႀကီးမ်ားျဖစ္ၾကသည့္ ဦးဝဏၰေမာင္လြင္၊ ဦးကိုကိုလႈိင္၊ ေဒါက္တာသက္ခိုင္ဝင္း၊ ျမန္မာႏိုင္ငံၾကက္ေျခနီအသင္းဥကၠ႒ ေဒါက္တာ ေမာင္ေမာင္ျမင့္ႏွင့္ တာဝန္ရွိသူမ်ား တက္ေရာက္ၾကၿပီး အျပည္ျပည္ဆိုင္ရာ ၾကက္ေျခ နီေကာ္မတီ(ICRC) ဥကၠ႒ႏွင့္အတူ အာရွႏွင့္ပစိဖိတ္ေဒသဆိုင္ရာ ၫႊန္ၾကားေရးမႉး Ms. Christine Cipolla ၊ ျမန္မာႏိုင္ငံဆိုင္ရာ ဌာေနကိုယ္စားလွယ္ Mr. Stephan Sakalian တို႔ တက္ေရာက္ခဲ့ၾကသည္။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။