နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ Republic of the Tatarstan၊ Kazan မြို့တော်ရှိ PJSC “Kazan Helicopters”ထုတ်လုပ်ရေးအလုပ်ရုံသို့ သွားရောက်ကြည့်ရှုလေ့လာ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ Republic of the Tatarstan၊ Kazan မြို့တော်ရှိ PJSC “Kazan Helicopters”ထုတ်လုပ်ရေးအလုပ်ရုံသို့ သွားရောက်ကြည့်ရှုလေ့လာ

နေပြည်တော် ဇွန် – ၂၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်သံမှူး ဗိုလ်မှူးချုပ် ကျော်စိုးမိုးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ဇွန် ၂၅ ရက် ဒေသစံတော်ချိန် ဒေသစံတော်ချိန် ညနေပိုင်းတွင် Republic of the Tatastan၊ Kazan မြို့တော်ရှိ PJSC “Kazan Helicopters”ထုတ်လုပ်ရေးအလုပ်ရုံသို့ သွားရောက်ကြည့်ရှု လေ့လာသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် PJSC “Kazan Helicopters”ထုတ်လုပ်ရေးအလုပ်ရုံသို့ ရောက်ရှိကြရာ လက်ထောက်အလုပ်အမှုဆောင်ဒါရိုက်တာ Mr.Kiyamov Marat Rinatovich နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး ရဟတ်ယာဉ် ထုတ်လုပ် မှုအဆင့်ဆင့်အား လိုက်လံရှင်းလင်းပြသရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေး ခဲ့သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် Simulator ဖြင့် ရဟတ်ယာဉ်စမ်းသပ်မောင်းနှင်ခန်းသို့ ရောက်ရှိ လေ့လာပြီး ကိုယ်တိုင်စမ်းသပ်မောင်းနှင်ခဲ့သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် လက်ထောက်အလုပ်အမှုဆောင်ဒါရိုက်တာ တို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်လဲလှယ်ခဲ့ကြသည်။

အဆိုပါ PJSC “Kazan Helicopters”ထုတ်လုပ်ရေးအလုပ်ရုံသည် ၁၉၄၀ ပြည့် နှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး Rostec Cooperation မှ ပိုင်ဆိုင်သည့် Russian Helicopters ကုမ္ပဏီ၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း၊ ယနေ့ အချိန် ကာလအထိ Mi-4၊ Mi-8၊ Mi-14၊ Mi-17 နှင့် Ansat အမျိုးအစား ရဟတ်ယာဉ်ပေါင်း ၁၂၀၀၀ ကျော် ထုတ်လုပ်ခဲ့ပြီး နိုင်ငံပေါင်း ၁၀၀ သို့ တင်ပို့ ရောင်းချနိုင်ခဲ့ကြောင်း၊ Kazan ရဟတ်ယာဉ်ထုတ်လုပ်ရေး အလုပ်ရုံသည် ၂၀၀၇ ခုနှစ်တွင် အဓိက ရှယ်ယာရှင် ဖြစ်လာမည့် Russian Helicopters ဖက်စပ်ကုမ္ပဏီသို့ ဝင်ရောက်ခဲ့ပြီး Mi-38 အလတ်စား ဘက်စုံသုံး ရဟတ်ယာဉ်အတွက် ရှေ့ပြေးတည်ဆောက်ခြင်းနှင့် အများ အပြားထုတ်လုပ်ခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်းနှင့် ၁၉၄၅ ခုနှစ်မှ စတင်ကာ ၂၀၂၀ ပြည့်နှစ်အထိ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုတံဆိပ်ပေါင်း ၂၇ ခုကျော် ရရှိထားပြီးဖြစ်သည်။

(Zawgyi Version)

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္သည့္ ကိုယ္စားလွယ္အဖြဲ႕ Republic of the Tatarstan၊ Kazan ၿမိဳ႕ေတာ္ရွိ PJSC “Kazan Helicopters”ထုတ္လုပ္ေရးအလုပ္႐ုံသို႔ သြားေရာက္ၾကည့္ရႈေလ့လာ

ေနျပည္ေတာ္ ဇြန္ – ၂၅

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္သည့္ ကိုယ္စားလွယ္အဖြဲ႕သည္ စစ္သံမႉး ဗိုလ္မႉးခ်ဳပ္ ေက်ာ္စိုးမိုးႏွင့္ တာဝန္ရွိသူမ်ား လိုက္ပါ၍ ဇြန္ ၂၅ ရက္ ေဒသစံေတာ္ခ်ိန္ ေဒသစံေတာ္ခ်ိန္ ညေနပိုင္းတြင္ Republic of the Tatastan၊ Kazan ၿမိဳ႕ေတာ္ရွိ PJSC “Kazan Helicopters”ထုတ္လုပ္ေရးအလုပ္႐ုံသို႔ သြားေရာက္ၾကည့္ရႈ ေလ့လာသည္။

ဦးစြာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ PJSC “Kazan Helicopters”ထုတ္လုပ္ေရးအလုပ္႐ုံသို႔ ေရာက္ရွိၾကရာ လက္ေထာက္အလုပ္အမႈေဆာင္ဒါ႐ိုက္တာ Mr.Kiyamov Marat Rinatovich ႏွင့္ တာဝန္ရွိသူမ်ားက ႀကိဳဆိုႏႈတ္ဆက္ၾကၿပီး ရဟတ္ယာဥ္ ထုတ္လုပ္ မႈအဆင့္ဆင့္အား လိုက္လံရွင္းလင္းျပသရာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က သိရွိလိုသည္မ်ားကို ျပန္လည္ေမးျမန္းေဆြးေႏြး ခဲ့သည္။ ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္သည္ Simulator ျဖင့္ ရဟတ္ယာဥ္စမ္းသပ္ေမာင္းႏွင္ခန္းသို႔ ေရာက္ရွိ ေလ့လာၿပီး ကိုယ္တိုင္စမ္းသပ္ေမာင္းႏွင္ခဲ့သည္။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ လက္ေထာက္အလုပ္အမႈေဆာင္ဒါ႐ိုက္တာ တို႔သည္ အမွတ္တရ လက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္လဲလွယ္ခဲ့ၾကသည္။

အဆိုပါ PJSC “Kazan Helicopters”ထုတ္လုပ္ေရးအလုပ္႐ုံသည္ ၁၉၄၀ ျပည့္ ႏွစ္တြင္ စတင္တည္ေထာင္ခဲ့ျခင္းျဖစ္ၿပီး Rostec Cooperation မွ ပိုင္ဆိုင္သည့္ Russian Helicopters ကုမၸဏီ၏ အစိတ္အပိုင္းတစ္ခုျဖစ္ေၾကာင္း၊ ယေန႔ အခ်ိန္ ကာလအထိ Mi-4၊ Mi-8၊ Mi-14၊ Mi-17 ႏွင့္ Ansat အမ်ိဳးအစား ရဟတ္ယာဥ္ေပါင္း ၁၂၀၀၀ ေက်ာ္ ထုတ္လုပ္ခဲ့ၿပီး ႏိုင္ငံေပါင္း ၁၀၀ သို႔ တင္ပို႔ ေရာင္းခ်ႏိုင္ခဲ့ေၾကာင္း၊ Kazan ရဟတ္ယာဥ္ထုတ္လုပ္ေရး အလုပ္႐ုံသည္ ၂၀၀၇ ခုႏွစ္တြင္ အဓိက ရွယ္ယာရွင္ ျဖစ္လာမည့္ Russian Helicopters ဖက္စပ္ကုမၸဏီသို႔ ဝင္ေရာက္ခဲ့ၿပီး Mi-38 အလတ္စား ဘက္စုံသုံး ရဟတ္ယာဥ္အတြက္ ေရွ႕ေျပးတည္ေဆာက္ျခင္းႏွင့္ အမ်ား အျပားထုတ္လုပ္ျခင္းမ်ားကိုလည္း ေဆာင္႐ြက္လ်က္ရွိေၾကာင္းႏွင့္ ၁၉၄၅ ခုႏွစ္မွ စတင္ကာ ၂၀၂၀ ျပည့္ႏွစ္အထိ ဂုဏ္ျပဳမွတ္တမ္းလႊာႏွင့္ ဆုတံဆိပ္ေပါင္း ၂၇ ခုေက်ာ္ ရရွိထားၿပီးျဖစ္သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။