နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ Novosibirsk မြို့သို့ ရောက်ရှိ၊ Novosibirsk State Academic Opera and Ballet Theatre ၊ Higher Military Command School နှင့် Russian Academy of Science (Siberian Branch) များသို့ သွားရောက်လေ့လာ

နေပြည်တော် ဇွန် – ၂၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်သံမှူး ဗိုလ်မှူးချုပ် ကျော်စိုးမိုးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ဇွန် ၂၆ ရက် ဒေသစံတော်ချိန် ညနေပိုင်းတွင် Republic of the Tatarstan၊ Kazan လေဆိပ်မှ Novosibirskမြို့သို့ ထွက်ခွာကြရာ တာဝန်ရှိသူများက လေဆိပ်တွင် ပို့‌ဆောင်နှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် နှင့် အဖွဲ့ဝင်များသည် Novosibirskမြို့၊ Tolmachevo လေဆိပ်သို့ ရောက်ရှိ ကြရာ Siberian ဒေသဒုတိယအုပ်ချုပ်ရေးမှူး Mr. Petuhov Yuri Frogravich နှင့် တာဝန်ရှိသူများ က ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် Novosibirskမြို့၊ Metro စနစ်တွင် ဘူတာရုံ ၁၃ ခုရှိသည့်အနက် တစ်ခုအပါအဝင်ဖြစ်သော ၁၉၉၁ ခုနှစ်တွင် စတင် ဖွင့်လှစ်ခဲ့သည့် Polschad Marksa ဘူတာသို့ ရောက်ရှိကြပြီး ၎င်းဘူတာမှ Lenin Square ဘူတာအထိ မြေအောက်ရထားစီးနင်းလိုက်ပါခဲ့၍ မြေအောက်ရထား စနစ်များ၊ ဘူတာရုံများအား ကြည့်ရှုလေ့လာကြသည်။

ယင်းနောက် ခေတ္တတည်းခိုမည့် Marriott Hotel အနီးရှိ ရှေးဟောင်းသမိုင်းဝင် Novosibirsk State Academic Opera and Ballet Theatre သို့ ရောက်ရှိ လေ့လာကြရာ ပြဇာတ်ရုံ အုပ်ချုပ်ရေးအဖွဲ့အကြံပေး Mr. Vroskly Valen Arkagievich က ပြဇာတ်ရုံ ကို ၁၉၃၁ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၁၉၄၅ ခုနှစ် မေလ ၁၂ နေ့တွင် ဖွင့်ပွဲပြုလုပ်ခဲ့သည့် အခြေအနေများ၊ ၁၉၄၁ ခုနှစ်တွင် ဖွင့်လှစ်ရန်စီစဉ်ထား ခဲ့သော်လည်း ဒုတိယကမ္ဘာစစ်ဖြစ်ပွားနေသည့်အတွက် ၁၉၄၅ ခုနှစ် မေလ ၉ ရက်နေ့ စစ်ကြီးပြီးဆုံးသည့်နောက်ပိုင်းတွင် ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး ပြဇာတ် ရုံများ အနက်တစ်ခုဖြစ်ကာ ရုရှားနိုင်ငံတွင် အကြီးဆုံးဖြစ်သည့် အခြေအနေများနှင့် ပြဇာတ်ရုံဆိုင်ရာ အချက်အလက်များအား လိုက်လံရှင်းလင်းပြသခဲ့ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သိရှိလိုသည်များ ကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် အဖွဲ့ဝင်များသည် ယနေ့ဒေသစံတော်ချိန် နံနက်ပိုင်းတွင် Higher Military Command School သွားရောက်လေ့လာကြည့်ရှုကြရာ ကျောင်းအုပ်ကြီး Colonel Markochin Segeri Gregorivich နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြ သည်။ ယင်းနောက် နိုင်ငံတော်အတွက် အသက်စွန့်လွှတ်တာဝန် ထမ်းဆောင်ခဲ့ကြ သည့် သူရဲကောင်းဆုတံဆိပ်ရရှိသူများကို ဂုဏ်ပြုထားသည့် သူရဲကောင်းရုပ်တုများ အား ဂုဏ်ပြုပန်းခြင်းဖြင့် အလေးပြုပြီး လေ့လာကြည့်ရှုကြသည်။

ထို့နောက် ကျောင်းခန်းမတွင် ကိုယ်စားလှယ်အဖွဲ့ဝင်များအား အပြန်အလှန် မိတ်ဆက်ပေးပြီး ကျောင်းအုပ်ကြီးက ကျောင်းသမိုင်းအကျဉ်းနှင့် ကျောင်းမှ သင်ကြား ပေးလျက်ရှိသည့်ဘာသာရပ်များ၊ ပြည်ပမှသင်တန်းသားများ လာရောက်သင်ကြား နေမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျောင်းအတွင်း လှည့်လည်၍ စစ်ဘက်ဆိုင်ရာထောက်လှမ်းရေးနှင့် လုံခြုံရေး ပင်မ စာသင်ဆောင်၊ ကျောင်းပြခန်းများ၊ သင်ကြားမှု၊ သင်ယူမှု အထောက်အကူ ပစ္စည်း များ၊ နိုင်ငံတကာမှစစ်ဘက်ဆိုင်ရာအသုံးအဆောင်ပစ္စည်းပြခန်းများ၊ သင်တန်းသား များ ကိုယ်တိုင်တီထွင်ထားရှိသည့် ကင်းထောက်ခြင်းဆိုင်ရာ အထောက်အကူပြု ပစ္စည်းများ၊ ရေငုပ်သင်ခန်းစာသင်ကြားမှုသင်တန်းခန်းမနှင့် လက်နက်ငယ် ပစ်ခတ်မှု Simulator ခန်းမတို့ရှိ သင်တန်းသားများ လေ့ကျင့်နေမှုတို့ကို လိုက်လံကြည့် ရှုလေ့လာကြရာ ပြခန်းများအလိုက်တာဝန်ရှိသူများကရှင်းလင်းပြသကြသည်။ လက် နက်ငယ်ပစ်ခတ်မှု Simulator ခန်းမသို့ ရောက်ရှိစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်အရာရှိကြီးများ၊ ကိုယ်စား လှယ်အဖွဲ့ဝင်များနှင့် အမျိုးသမီးအရာရှိများသည် ကိုယ်တိုင်လက်တွေ့စမ်းသပ် ပစ် ခတ်ခဲ့ကြသည်။

ထို့ပြင် သင်တန်းတက်ရောက်လျက်ရှိကြသည့် နိုင်ငံအသီးသီးမှ ထူးချွန် သင်တန်းသားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်စကားပြောကြားပြီး အမှတ်တရ စုပေါင်းဓာတ်ပုံများ ရိုက်ကြသည်။

ဆက်လက်ပြီး Higher Military Command School အတွင်း မော်တော်ယာဉ် များဖြင့် လှည့်လည်ကြည့်ရှုကြပြီး လက်တွေ့ပစ်ခတ်မှု စက်ပစ်ကွင်းသို့ ရောက်ရှိ လေ့လာကြည့်ရှုကြသည်။ ထိုသို့လေ့လာစဉ် ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ၊ သင်တန်းသားများက လက်နက်ငယ်နှင့် စနိုက်ပါ အမျိုးအစားမျိုးစုံတို့ကို လက်တွေ့ ရှင်းလင်းပစ်ခတ်ပြသခြင်းများ ပြုလုပ်ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်အရာရှိကြီးများ၊ ကိုယ်စားလှယ် အဖွဲ့ဝင်များနှင့် အမျိုးသမီးအရာရှိများသည် ကိုယ်တိုင်ပါဝင်လက်တွေ့စမ်းသပ် ပစ်ခတ်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ကျောင်းအုပ်ကြီးတို့သည် ကျောင်းခန်းမတွင် အပြန်အလှန်ဆွေးနွေးကြ ပြီး အထိမ်းအမှတ်တံဆိပ်နှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်လဲ လှယ်ခဲ့ကြသည်။

Novosibirsk Academgorodok ဒေသတွင်ရှိသော Novosibirsk Higher Military Command School ကို ၁၉၇၆ ခုနှစ်တွင် Novosibirsk Higher Military Political School-NVVPOU အဖြစ်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ဆိုဗီယက်ပြည်ထောင်စု သိပ္ပံအကယ်ဒမီ၏ ရူပဗေဒနှင့် သင်္ချာပညာရပ်များကို အခြေခံသင်ကြားပေးသည့် ဆိုက်ဘေးရီယားဌာနခွဲဖြစ်ကြောင်း၊ ၁၉၈၀ ပြည့်နှစ်ကာလများတွင် နိုင်ငံအတွင်း အကြီးမားဆုံးသောစစ်ဘက်ဆိုင်ရာ ပညာရေးအဖွဲ့အစည်းဖြစ်ခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ရုရားဖက်ဒရေးရှင်းနိုင်ငံ၏ စစ်ဘက်ဆိုင်ရာအကယ်ဒမီဌာနခွဲ တစ်ခုဖြစ်လာခဲ့ကြောင်း၊ သင်တန်းသားများကို တိုက်ပွဲဝင်အသင့်ဖြစ်စေရန် စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများ၊ တပ်ရင်း၊ တပ်ဖွဲ့များအတွက် အုပ်ချုပ်ထောက်ပံ့မှု၊ စစ်ဆင်ရေး စီမံခန့်ခွဲ မှု၊ လက်နက်အမျိုးမျိုးပစ်ခတ်လေ့ကျင့်မှုနှင့် စစ်သုံးယာဉ်များ မောင်းနှင်ရေး သင်ခန်း စာများကို သင်ကြားပေးလျက်ရှိသည့်အပြင် လေကြောင်းချီလေ့ကျင့်မှုများ၊ တောင်ပေါ် ချီတက်လေ့ကျင့်မှုများ၊ လေထီးခုန်ခြင်း၊ မြေပြင်နှင့် ရေအောက်တွင် တိတ်ဆိတ်စွာ ချီတက် တိုက်ခိုက်ခြင်းသင်ခန်းစာများကို ကျွမ်းကျင်ပိုင်နိုင်စေရန် သင်ကြားလေ့ကျင့် ပေးလျက်ရှိကြောင်း၊ ၂၀၁၅ ခုနှစ်တွင် အဆိုပါ တက္ကသိုလ်သည် သင်ကြားရေးနှင့် စီမံ ခန့်ခွဲမှု အပိုင်းတွင် တက္ကသိုလ်ကောင်စီ၏ ဆုံးဖြတ်ချက်ဖြင့် လွတ်လပ်စွာ စီမံ ဆောင်ရွက်ခွင့်ရရှိခဲ့ပြီး Novosibirsk Higher Military Command School ဟု လူသိများလာခဲ့ကြောင်း သိရှိရသည်။

ထို့နောက် ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် Russian Academy of Science (Siberian Branch) သို့ ရောက်ရှိလေ့လာကြရာ Vice-Chairman, Academician Dr. Vasily M. FOMIN ဦးဆောင်သော သိပ္ပံပညာရှင်များနှင့် တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြပြီး အစည်းအဝေးခန်းမတွင် သိပ္ပံနှင့်နည်းပညာရပ်ဆိုင်ရာများ၊ သုတေ သန လုပ်ငန်းများနှင့် အခြားပညာရပ်ဆိုင်ရာနယ်ပယ် အသီးသီးတွင် ကျွမ်းကျင်ပညာ ရှင်များ ပေါ်ထွက်လာရေး သင်ကြားပို့ချပေးနေမှုအခြေအနေများနှင့် ပညာရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရနှင့် ရုရှားသိပ္ပံအကယ်ဒမီတို့အကြား သိပ္ပံနှင့် နည်းပညာဆိုင်ရာ ပူးတွဲသုတေ သနပြုလုပ်ရေးနှင့် သင်တန်းသားများ စေလွှတ်ရေးဆိုင်ရာများကို ရှင်းလင်း ပြောကြား သည်။ ရှင်းလင်းမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ပြီး ရုရှား နိုင်ငံ တွင် ပညာသင်ယူခဲ့သည့် Doctor of Science ဘွဲ့ရရှိထားသူများ၊ Ph.D ဘွဲ့ရရှိ ထားသူများနှင့် ရုရှားစစ်ဘက်ဆိုင်ရာအင်ဂျင်နီယာ ဗိုလ်လောင်းသင်တန်းကျောင်း ဆင်း အရာရှိများကို မိတ်ဆက်ပေးသည်။

 

ယင်းနောက် သိပ္ပံနှင့်နည်းပညာဘာသာရပ်အလိုက် သုတေသနတွေ့ရှိချက် ဆိုင်ရာပြခန်းများ၊ ဓါတုဗေဒ၊ ရူပဗေဒ၊ အသုံးချသင်္ချာနှင့် သတင်းအချက်အလက် နည်းပညာဘာသာရပ်၊ ဇီဝဗေဒ၊ Nano နည်းပညာဆိုင်ရာ တီထွင်ဖန်တီးမှုများ၊ ဘူမိဗေဒ ဆိုင်ရာဖော်ထုတ် တွေ့ရှိချက်များ၊ ခေတ်အလိုက် ရုရှားသိပ္ပံပညာရှင်များ ရေးသားပြုစုခဲ့သည့် သိပ္ပံပညာရပ်ဆိုင်ရာ စာအုပ်စာတမ်းများကို Vice-Chairman, Academician Dr. Vasily M. FOMIN ဦးဆောင်သော သိပ္ပံပညာရှင်များနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသခဲ့ကြသည်။ ရှင်းလင်းပြသမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က သိရှိလို သည်များကို ပြန်လည်မေးမြန်ဆွေးနွေးခဲ့သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးပြီး Acade-mician Dr. Vasily M. FOMIN နှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန် အလှန် လဲလှယ်ခဲ့ကြကာ အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များသည် တပ်မ ၄၁ ယာယီတပ်မမှူး Col Perepelisa Vladimir Angrevich နှင့် Novosibirsk ဒုတိယမြို့တော်ဝန်တို့က တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုနေ့လည်စာကို အတူတကွသုံးဆောင်ခဲ့ကြသည်။ နေ့လယ်စာ သုံးဆောင်နေစဉ်အတွင်း Novosibirsk တပ်နယ်ကိုယ်စားပြုတေးဂီတနှင့် အနုပညာရှင်အဖွဲ့က ရိုးရာတေးသီချင်း၊ အကအလှများဖြင့် သီဆိုဖျော်ဖြေ တင်ဆက် ခဲ့ကြကြောင်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

 

Zawgyi Version

 

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္သည့္ ကိုယ္စားလွယ္အဖြဲ႕ Novosibirsk ၿမိဳ႕သို႔ ေရာက္ရွိ၊ Novosibirsk State Academic Opera and Ballet Theatre ၊ Higher Military Command School ႏွင့္ Russian Academy of Science (Siberian Branch) မ်ားသို႔ သြားေရာက္ေလ့လာ

ေနျပည္ေတာ္ ဇြန္ – ၂၇

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္သည့္ ကိုယ္စားလွယ္အဖြဲ႕သည္ စစ္သံမႉး ဗိုလ္မႉးခ်ဳပ္ ေက်ာ္စိုးမိုးႏွင့္ တာဝန္ရွိသူမ်ားလိုက္ပါ၍ ဇြန္ ၂၆ ရက္ ေဒသစံေတာ္ခ်ိန္ ညေနပိုင္းတြင္ Republic of the Tatarstan၊ Kazan ေလဆိပ္မွ Novosibirskၿမိဳ႕သို႔ ထြက္ခြာၾကရာ တာဝန္ရွိသူမ်ားက ေလဆိပ္တြင္ ပို႔‌ေဆာင္ႏႈတ္ဆက္ၾကသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ႏွင့္ အဖြဲ႕ဝင္မ်ားသည္ Novosibirskၿမိဳ႕၊ Tolmachevo ေလဆိပ္သို႔ ေရာက္ရွိ ၾကရာ Siberian ေဒသဒုတိယအုပ္ခ်ဳပ္ေရးမႉး Mr. Petuhov Yuri Frogravich ႏွင့္ တာဝန္ရွိသူမ်ား က ႀကိဳဆိုႏႈတ္ဆက္ၾကသည္။ ယင္းေနာက္ Novosibirskၿမိဳ႕၊ Metro စနစ္တြင္ ဘူတာ႐ုံ ၁၃ ခုရွိသည့္အနက္ တစ္ခုအပါအဝင္ျဖစ္ေသာ ၁၉၉၁ ခုႏွစ္တြင္ စတင္ ဖြင့္လွစ္ခဲ့သည့္ Polschad Marksa ဘူတာသို႔ ေရာက္ရွိၾကၿပီး ၎ဘူတာမွ Lenin Square ဘူတာအထိ ေျမေအာက္ရထားစီးနင္းလိုက္ပါခဲ့၍ ေျမေအာက္ရထား စနစ္မ်ား၊ ဘူတာ႐ုံမ်ားအား ၾကည့္ရႈေလ့လာၾကသည္။

ယင္းေနာက္ ေခတၱတည္းခိုမည့္ Marriott Hotel အနီးရွိ ေရွးေဟာင္းသမိုင္းဝင္ Novosibirsk State Academic Opera and Ballet Theatre သို႔ ေရာက္ရွိ ေလ့လာၾကရာ ျပဇာတ္႐ုံ အုပ္ခ်ဳပ္ေရးအဖြဲ႕အႀကံေပး Mr. Vroskly Valen Arkagievich က ျပဇာတ္႐ုံ ကို ၁၉၃၁ ခုႏွစ္တြင္ စတင္ေဆာက္လုပ္ခဲ့ၿပီး ၁၉၄၅ ခုႏွစ္ ေမလ ၁၂ ေန႔တြင္ ဖြင့္ပြဲျပဳလုပ္ခဲ့သည့္ အေျခအေနမ်ား၊ ၁၉၄၁ ခုႏွစ္တြင္ ဖြင့္လွစ္ရန္စီစဥ္ထား ခဲ့ေသာ္လည္း ဒုတိယကမာၻစစ္ျဖစ္ပြားေနသည့္အတြက္ ၁၉၄၅ ခုႏွစ္ ေမလ ၉ ရက္ေန႔ စစ္ႀကီးၿပီးဆုံးသည့္ေနာက္ပိုင္းတြင္ ဖြင့္လွစ္ႏိုင္ခဲ့ျခင္းျဖစ္ၿပီး ကမာၻ႔အႀကီးဆုံး ျပဇာတ္ ႐ုံမ်ား အနက္တစ္ခုျဖစ္ကာ ႐ုရွားႏိုင္ငံတြင္ အႀကီးဆုံးျဖစ္သည့္ အေျခအေနမ်ားႏွင့္ ျပဇာတ္႐ုံဆိုင္ရာ အခ်က္အလက္မ်ားအား လိုက္လံရွင္းလင္းျပသခဲ့ရာ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က သိရွိလိုသည္မ်ား ကို ျပန္လည္ေမးျမန္းေဆြးေႏြးခဲ့သည္။

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ႏွင့္ အဖြဲ႕ဝင္မ်ားသည္ ယေန႔ေဒသစံေတာ္ခ်ိန္ နံနက္ပိုင္းတြင္ Higher Military Command School သြားေရာက္ေလ့လာၾကည့္ရႈၾကရာ ေက်ာင္းအုပ္ႀကီး Colonel Markochin Segeri Gregorivich ႏွင့္ တာဝန္ရွိသူမ်ားက ႀကိဳဆိုႏႈတ္ဆက္ၾက သည္။ ယင္းေနာက္ ႏိုင္ငံေတာ္အတြက္ အသက္စြန႔္လႊတ္တာဝန္ ထမ္းေဆာင္ခဲ့ၾက သည့္ သူရဲေကာင္းဆုတံဆိပ္ရရွိသူမ်ားကို ဂုဏ္ျပဳထားသည့္ သူရဲေကာင္း႐ုပ္တုမ်ား အား ဂုဏ္ျပဳပန္းျခင္းျဖင့္ အေလးျပဳၿပီး ေလ့လာၾကည့္ရႈၾကသည္။

ထို႔ေနာက္ ေက်ာင္းခန္းမတြင္ ကိုယ္စားလွယ္အဖြဲ႕ဝင္မ်ားအား အျပန္အလွန္ မိတ္ဆက္ေပးၿပီး ေက်ာင္းအုပ္ႀကီးက ေက်ာင္းသမိုင္းအက်ဥ္းႏွင့္ ေက်ာင္းမွ သင္ၾကား ေပးလ်က္ရွိသည့္ဘာသာရပ္မ်ား၊ ျပည္ပမွသင္တန္းသားမ်ား လာေရာက္သင္ၾကား ေနမႈအေျခအေနမ်ားကို ရွင္းလင္းေျပာၾကားသည္။ ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ ေရးေကာင္စီ ဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ ေက်ာင္းအတြင္း လွည့္လည္၍ စစ္ဘက္ဆိုင္ရာေထာက္လွမ္းေရးႏွင့္ လုံၿခဳံေရး ပင္မ စာသင္ေဆာင္၊ ေက်ာင္းျပခန္းမ်ား၊ သင္ၾကားမႈ၊ သင္ယူမႈ အေထာက္အကူ ပစၥည္း မ်ား၊ ႏိုင္ငံတကာမွစစ္ဘက္ဆိုင္ရာအသုံးအေဆာင္ပစၥည္းျပခန္းမ်ား၊ သင္တန္းသား မ်ား ကိုယ္တိုင္တီထြင္ထားရွိသည့္ ကင္းေထာက္ျခင္းဆိုင္ရာ အေထာက္အကူျပဳ ပစၥည္းမ်ား၊ ေရငုပ္သင္ခန္းစာသင္ၾကားမႈသင္တန္းခန္းမႏွင့္ လက္နက္ငယ္ ပစ္ခတ္မႈ Simulator ခန္းမတို႔ရွိ သင္တန္းသားမ်ား ေလ့က်င့္ေနမႈတို႔ကို လိုက္လံၾကည့္ ရႈေလ့လာၾကရာ ျပခန္းမ်ားအလိုက္တာဝန္ရွိသူမ်ားကရွင္းလင္းျပသၾကသည္။ လက္ နက္ငယ္ပစ္ခတ္မႈ Simulator ခန္းမသို႔ ေရာက္ရွိစဥ္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား၊ ကိုယ္စား လွယ္အဖြဲ႕ဝင္မ်ားႏွင့္ အမ်ိဳးသမီးအရာရွိမ်ားသည္ ကိုယ္တိုင္လက္ေတြ႕စမ္းသပ္ ပစ္ ခတ္ခဲ့ၾကသည္။

ထို႔ျပင္ သင္တန္းတက္ေရာက္လ်က္ရွိၾကသည့္ ႏိုင္ငံအသီးသီးမွ ထူးခြၽန္ သင္တန္းသားမ်ားႏွင့္ ရင္းရင္းႏွီးႏွီးေတြ႕ဆုံႏႈတ္ဆက္စကားေျပာၾကားၿပီး အမွတ္တရ စုေပါင္းဓာတ္ပုံမ်ား ႐ိုက္ၾကသည္။

ဆက္လက္ၿပီး Higher Military Command School အတြင္း ေမာ္ေတာ္ယာဥ္ မ်ားျဖင့္ လွည့္လည္ၾကည့္ရႈၾကၿပီး လက္ေတြ႕ပစ္ခတ္မႈ စက္ပစ္ကြင္းသို႔ ေရာက္ရွိ ေလ့လာၾကည့္ရႈၾကသည္။ ထိုသို႔ေလ့လာစဥ္ ေက်ာင္းအုပ္ႀကီးႏွင့္ တာဝန္ရွိသူမ်ား၊ သင္တန္းသားမ်ားက လက္နက္ငယ္ႏွင့္ စႏိုက္ပါ အမ်ိဳးအစားမ်ိဳးစုံတို႔ကို လက္ေတြ႕ ရွင္းလင္းပစ္ခတ္ျပသျခင္းမ်ား ျပဳလုပ္ၾကရာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား၊ ကိုယ္စားလွယ္ အဖြဲ႕ဝင္မ်ားႏွင့္ အမ်ိဳးသမီးအရာရွိမ်ားသည္ ကိုယ္တိုင္ပါဝင္လက္ေတြ႕စမ္းသပ္ ပစ္ခတ္ၾကသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ ေက်ာင္းအုပ္ႀကီးတို႔သည္ ေက်ာင္းခန္းမတြင္ အျပန္အလွန္ေဆြးေႏြးၾက ၿပီး အထိမ္းအမွတ္တံဆိပ္ႏွင့္ အမွတ္တရလက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္လဲ လွယ္ခဲ့ၾကသည္။

Novosibirsk Academgorodok ေဒသတြင္ရွိေသာ Novosibirsk Higher Military Command School ကို ၁၉၇၆ ခုႏွစ္တြင္ Novosibirsk Higher Military Political School-NVVPOU အျဖစ္တည္ေထာင္ခဲ့ျခင္းျဖစ္ၿပီး ဆိုဗီယက္ျပည္ေထာင္စု သိပၸံအကယ္ဒမီ၏ ႐ူပေဗဒႏွင့္ သခ်ၤာပညာရပ္မ်ားကို အေျခခံသင္ၾကားေပးသည့္ ဆိုက္ေဘးရီယားဌာနခြဲျဖစ္ေၾကာင္း၊ ၁၉၈၀ ျပည့္ႏွစ္ကာလမ်ားတြင္ ႏိုင္ငံအတြင္း အႀကီးမားဆုံးေသာစစ္ဘက္ဆိုင္ရာ ပညာေရးအဖြဲ႕အစည္းျဖစ္ခဲ့ၿပီး ၂၀၀၉ ခုႏွစ္တြင္ ႐ုရားဖက္ဒေရးရွင္းႏိုင္ငံ၏ စစ္ဘက္ဆိုင္ရာအကယ္ဒမီဌာနခြဲ တစ္ခုျဖစ္လာခဲ့ေၾကာင္း၊ သင္တန္းသားမ်ားကို တိုက္ပြဲဝင္အသင့္ျဖစ္ေစရန္ စြမ္းေဆာင္ရည္ျမႇင့္တင္ေရး သင္တန္းမ်ား၊ တပ္ရင္း၊ တပ္ဖြဲ႕မ်ားအတြက္ အုပ္ခ်ဳပ္ေထာက္ပံ့မႈ၊ စစ္ဆင္ေရး စီမံခန႔္ခြဲ မႈ၊ လက္နက္အမ်ိဳးမ်ိဳးပစ္ခတ္ေလ့က်င့္မႈႏွင့္ စစ္သုံးယာဥ္မ်ား ေမာင္းႏွင္ေရး သင္ခန္း စာမ်ားကို သင္ၾကားေပးလ်က္ရွိသည့္အျပင္ ေလေၾကာင္းခ်ီေလ့က်င့္မႈမ်ား၊ ေတာင္ေပၚ ခ်ီတက္ေလ့က်င့္မႈမ်ား၊ ေလထီးခုန္ျခင္း၊ ေျမျပင္ႏွင့္ ေရေအာက္တြင္ တိတ္ဆိတ္စြာ ခ်ီတက္ တိုက္ခိုက္ျခင္းသင္ခန္းစာမ်ားကို ကြၽမ္းက်င္ပိုင္ႏိုင္ေစရန္ သင္ၾကားေလ့က်င့္ ေပးလ်က္ရွိေၾကာင္း၊ ၂၀၁၅ ခုႏွစ္တြင္ အဆိုပါ တကၠသိုလ္သည္ သင္ၾကားေရးႏွင့္ စီမံ ခန႔္ခြဲမႈ အပိုင္းတြင္ တကၠသိုလ္ေကာင္စီ၏ ဆုံးျဖတ္ခ်က္ျဖင့္ လြတ္လပ္စြာ စီမံ ေဆာင္႐ြက္ခြင့္ရရွိခဲ့ၿပီး Novosibirsk Higher Military Command School ဟု လူသိမ်ားလာခဲ့ေၾကာင္း သိရွိရသည္။

ထို႔ေနာက္ ညေနပိုင္းတြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ Russian Academy of Science (Siberian Branch) သို႔ ေရာက္ရွိေလ့လာၾကရာ Vice-Chairman, Academician Dr. Vasily M. FOMIN ဦးေဆာင္ေသာ သိပၸံပညာရွင္မ်ားႏွင့္ တာဝန္ရွိသူမ်ားက ႀကိဳဆို ႏႈတ္ဆက္ၾကၿပီး အစည္းအေဝးခန္းမတြင္ သိပၸံႏွင့္နည္းပညာရပ္ဆိုင္ရာမ်ား၊ သုေတ သန လုပ္ငန္းမ်ားႏွင့္ အျခားပညာရပ္ဆိုင္ရာနယ္ပယ္ အသီးသီးတြင္ ကြၽမ္းက်င္ပညာ ရွင္မ်ား ေပၚထြက္လာေရး သင္ၾကားပို႔ခ်ေပးေနမႈအေျခအေနမ်ားႏွင့္ ပညာေရးဆိုင္ရာ ကိစၥရပ္မ်ားတြင္ ပူးေပါင္းေဆာင္႐ြက္ႏိုင္ေရး၊ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ အစိုးရႏွင့္ ႐ုရွားသိပၸံအကယ္ဒမီတို႔အၾကား သိပၸံႏွင့္ နည္းပညာဆိုင္ရာ ပူးတြဲသုေတ သနျပဳလုပ္ေရးႏွင့္ သင္တန္းသားမ်ား ေစလႊတ္ေရးဆိုင္ရာမ်ားကို ရွင္းလင္း ေျပာၾကား သည္။ ရွင္းလင္းမႈမ်ားအေပၚ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က သိရွိလိုသည္မ်ားကို ျပန္လည္ေမးျမန္းေဆြးေႏြးခဲ့ၿပီး ႐ုရွား ႏိုင္ငံ တြင္ ပညာသင္ယူခဲ့သည့္ Doctor of Science ဘြဲ႕ရရွိထားသူမ်ား၊ Ph.D ဘြဲ႕ရရွိ ထားသူမ်ားႏွင့္ ႐ုရွားစစ္ဘက္ဆိုင္ရာအင္ဂ်င္နီယာ ဗိုလ္ေလာင္းသင္တန္းေက်ာင္း ဆင္း အရာရွိမ်ားကို မိတ္ဆက္ေပးသည္။

ယင္းေနာက္ သိပၸံႏွင့္နည္းပညာဘာသာရပ္အလိုက္ သုေတသနေတြ႕ရွိခ်က္ ဆိုင္ရာျပခန္းမ်ား၊ ဓါတုေဗဒ၊ ႐ူပေဗဒ၊ အသုံးခ်သခ်ၤာႏွင့္ သတင္းအခ်က္အလက္ နည္းပညာဘာသာရပ္၊ ဇီဝေဗဒ၊ Nano နည္းပညာဆိုင္ရာ တီထြင္ဖန္တီးမႈမ်ား၊ ဘူမိေဗဒ ဆိုင္ရာေဖာ္ထုတ္ ေတြ႕ရွိခ်က္မ်ား၊ ေခတ္အလိုက္ ႐ုရွားသိပၸံပညာရွင္မ်ား ေရးသားျပဳစုခဲ့သည့္ သိပၸံပညာရပ္ဆိုင္ရာ စာအုပ္စာတမ္းမ်ားကို Vice-Chairman, Academician Dr. Vasily M. FOMIN ဦးေဆာင္ေသာ သိပၸံပညာရွင္မ်ားႏွင့္ တာဝန္ရွိသူမ်ားက လိုက္လံရွင္းလင္း ျပသခဲ့ၾကသည္။ ရွင္းလင္းျပသမႈမ်ားအေပၚ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္က သိရွိလို သည္မ်ားကို ျပန္လည္ေမးျမန္ေဆြးေႏြးခဲ့သည္။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္သည္ ဧည့္သည္ေတာ္မွတ္တမ္းစာအုပ္တြင္ လက္မွတ္ေရးထိုးၿပီး Acade-mician Dr. Vasily M. FOMIN ႏွင့္ အမွတ္တရလက္ေဆာင္ပစၥည္းမ်ား အျပန္ အလွန္ လဲလွယ္ခဲ့ၾကကာ အမွတ္တရစုေပါင္း ဓာတ္ပုံ႐ိုက္ၾကသည္။

ယင္းေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ ကိုယ္စားလွယ္အဖြဲ႕ဝင္မ်ားသည္ တပ္မ ၄၁ ယာယီတပ္မမႉး Col Perepelisa Vladimir Angrevich ႏွင့္ Novosibirsk ဒုတိယၿမိဳ႕ေတာ္ဝန္တို႔က တည္ခင္းဧည့္ခံသည့္ ဂုဏ္ျပဳေန႔လည္စာကို အတူတကြသုံးေဆာင္ခဲ့ၾကသည္။ ေန႔လယ္စာ သုံးေဆာင္ေနစဥ္အတြင္း Novosibirsk တပ္နယ္ကိုယ္စားျပဳေတးဂီတႏွင့္ အႏုပညာရွင္အဖြဲ႕က ႐ိုးရာေတးသီခ်င္း၊ အကအလွမ်ားျဖင့္ သီဆိုေဖ်ာ္ေျဖ တင္ဆက္ ခဲ့ၾကေၾကာင္းႏွင့္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က ဂုဏ္ျပဳခ်ီးျမႇင့္ေငြမ်ား ေပးအပ္ခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။