တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ပေကျင်းမြို့ရှိ ဗုဒ္ဓမြတ်စွယ် တော်သို့သွားရောက်ဖူးမြော်ကြည်ညို

ေနျပည္ေတာ္၊ ႏုိ၀င္ဘာ – ၂၃

တ႐ုတ္ျပည္သူ႕သမၼတႏုိင္ငံ၊ ဗဟုိစစ္ေကာ္မရွင္အဖြဲ႕၀င္ႏွင့္ ပူးတြဲစစ္ဦးစီးဌာန စစ္ဦးစီးခ်ဳပ္ Gen. Li Zuocheng ၏ဖိတ္ၾကားခ်က္အရ ေပက်င္းၿမိဳ႕တြင္ ခ်စ္ၾကည္ေရး ခရီးေရာက္ရွိေနသည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ သည္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ တ႐ုတ္ႏုိင္ငံဆုိင္ရာ ျမန္မာႏုိင္ငံသံအမတ္ႀကီး ဦးသစ္လင္းအုန္း၊ ျမန္မာစစ္သံ(ၾကည္း၊ေရ၊ေလ) ဗုိလ္မွဴးခ်ဳပ္ တင့္ဆန္းတုိ႔လုိက္ပါၿပီးယေန႔နံနက္ပုိင္းတြင္ Ling Guang Si ဘုရားေက်ာင္းရွိ ဗုဒၶျမတ္စြယ္ ေတာ္သုိ႔ သြားေရာက္ဖူးေျမာ္ၾကည္ညိဳသည္။

 ဦးစြာတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ႏွင့္ အဖြဲ႕ ၀င္မ်ားသည္ Ling Guang Si ဘုရားေက်ာင္းသုိ႔ေရာက္ရွိၿပီး ဒုတိယေက်ာင္းထုိင္ ဆရာေတာ္ Yan Dao အားဖူးေျမာ္၍ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေက်ာက္စိမ္း ဗုဒၶဆင္းတုေတာ္၊ လွဴဖြယ္ပစၥည္းမ်ားႏွင့္ န၀ကမၼအလွဴေငြမ်ားဆက္ကပ္လွဴဒါန္းသည္။ ထုိ႔ေနာက္ ဆရာေတာ္က ဗုဒၶ႐ုပ္ပြားေတာ္ျမတ္အား ဓမၼလက္ေဆာင္အျဖစ္ ျပန္လည္ ေပးအပ္သည္။

ယင္းေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ ဗုဒၶျမတ္စြယ္ေတာ္ေစတီ အတြင္းရွိ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္အား ပန္း၊ ေရခ်မ္း၊ သစ္သီးမ်ား ကပ္လွဴပူေဇာ္ၿပီး ဗုဒၶျမတ္စြယ္ေတာ္အားဖူးေျမာ္ၾကည္ညိဳ သည္။ ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ Ling Guang Si ဘုရားေက်ာင္းအတြင္းလွည့္လည္ ၾကည့္႐ႈၾကသည္။

ဗုဒၶျမတ္စြယ္ေတာ္သည္ ေပက်င္းၿမိဳ႕၏ အေနာက္ဘက္ေတာင္တန္းေပၚ တြင္ တည္ရွိၿပီး ဗုဒၶဘုရားရွင္ပရိနိဗၺာန္ျပဳၿပီးေနာက္ ၾကြင္းက်န္ရစ္ေသာစြယ္ေတာ္ႏွစ္ဆူ အနက္မွတစ္ဆူျဖစ္သည္။ ဗုဒၶျမတ္စြယ္ေတာ္ေစတီမွာ အျမင့္ ၂၁ မီတာရွိ အ႒ဂံပုံစံဘုံ ၁၃ ဆင့္ျဖင့္ တည္ထားျဖစ္ၿပီး ေစတီေတာ္အတြင္းရွိေက်ာင္းေဆာင္၌ ဗုဒၶျမတ္စြယ္ေတာ္ ကိန္း၀ပ္ေတာ္မႈလ်က္ရွိသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ပေကျင်းမြို့ရှိ ဗုဒ္ဓမြတ်စွယ် တော်သို့သွားရောက်ဖူးမြော်ကြည်ညို

နေပြည်တော်၊ နို၀င်ဘာ – ၂၃

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်နှင့် ပူးတွဲစစ်ဦးစီးဌာန စစ်ဦးစီးချုပ် Gen. Li Zuocheng ၏ဖိတ်ကြားချက်အရ ပေကျင်းမြို့တွင် ချစ်ကြည်ရေး ခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် တင့်ဆန်းတို့လိုက်ပါပြီးယနေ့နံနက်ပိုင်းတွင် Ling Guang Si ဘုရားကျောင်းရှိ ဗုဒ္ဓမြတ်စွယ် တော်သို့ သွားရောက်ဖူးမြော်ကြည်ညိုသည်။

ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အဖွဲ့၀င်များသည် Ling Guang Si ဘုရားကျောင်းသို့ရောက်ရှိပြီး ဒုတိယကျောင်းထိုင် ဆရာတော် Yan Dao အားဖူးမြော်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကျောက်စိမ်း ဗုဒ္ဓဆင်းတုတော်၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများဆက်ကပ်လှူဒါန်းသည်။ ထို့နောက် ဆရာတော်က ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဓမ္မလက်ဆောင်အဖြစ် ပြန်လည် ပေးအပ်သည်။

ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဗုဒ္ဓမြတ်စွယ်တော်စေတီ အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပန်း၊ ရေချမ်း၊ သစ်သီးများ ကပ်လှူပူဇော်ပြီး ဗုဒ္ဓမြတ်စွယ်တော်အားဖူးမြော်ကြည်ညို သည်။ ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် Ling Guang Si ဘုရားကျောင်းအတွင်းလှည့်လည် ကြည့်ရှုကြသည်။

ဗုဒ္ဓမြတ်စွယ်တော်သည် ပေကျင်းမြို့၏ အနောက်ဘက်တောင်တန်းပေါ် တွင် တည်ရှိပြီး ဗုဒ္ဓဘုရားရှင်ပရိနိဗ္ဗာန်ပြုပြီးနောက် ကြွင်းကျန်ရစ်သောစွယ်တော်နှစ်ဆူ အနက်မှတစ်ဆူဖြစ်သည်။ ဗုဒ္ဓမြတ်စွယ်တော်စေတီမှာ အမြင့် ၂၁ မီတာရှိ အဋ္ဌဂံပုံစံဘုံ ၁၃ ဆင့်ဖြင့် တည်ထားဖြစ်ပြီး စေတီတော်အတွင်းရှိကျောင်းဆောင်၌ ဗုဒ္ဓမြတ်စွယ်တော် ကိန်းဝပ်တော်မှုလျက်ရှိသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။