တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပအိုးဝ်ငြိမ်းချမ်းရေး အဖွဲ့(PNO)အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ခမ်းထီနှင့် အဖွဲ့ဝင်များအား လက်ခံတွေ့ဆုံ

ေနျပည္ေတာ္၊ ဇန္န၀ါရီ – ၁၅

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ပအုိး၀္ၿငိမ္းခ်မ္းေရးအဖြဲ႔(PNO)အသြင္ေျပာင္းျပည္သူ႔စစ္(ဌာေန)အဖြဲ႕ဥကၠ႒ ဦးေအာင္ခမ္းထီႏွင့္ အဖြဲ႕၀င္မ်ားအား ယေန႔မြန္းလြဲပုိင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆုံသည္။

ေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ဒုတိယတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စုိး၀င္း၊ ၫိႇႏိႈင္းကြပ္ကဲေရးမွဴး(ၾကည္း၊ေရ၊ေလ) ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦးႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး ပအုိး၀္ၿငိမ္းခ်မ္းေရးအဖြဲ႔(PNO) အသြင္ေျပာင္းျပည္သူ႔စစ္(ဌာေန)အဖြဲ႕ဥကၠ႒ ဦးေအာင္ခမ္းထီႏွင့္အတူ ျပည္သူ႔စစ္(ဌာေန)အဖြဲ႕၀င္မ်ား တက္ေရာက္ၾကသည္။

ထုိသုိ႔ေတြ႕ဆုံရာတြင္ ဦးေအာင္ခမ္းထီက မိမိတုိ႕အဖြဲ႕အေနျဖင့္ ေတာတြင္းေနထိုင္၍ လက္နက္ကိုင္ျခင္းျဖင့္ အက်ဳိးမရွိဘဲ ဘာသာေရး၊ လူမႈေရး၊ ဗဟုသုတအျမင္မ်ားႏွင့္ ေဒသဖြံ႕ၿဖိဳးတုိးတက္ေရးအတြက္ အစစေနာက္က်ကာ မိမိတို႕ေၾကာင့္ တုိင္းျပည္စည္းလံုးညီၫႊတ္ေရးႏွင့္ ဖြံ႕ၿဖိဳးတုိးတက္ေရးကို အဟန္႕အတားျဖစ္ေစႏုိင္ေသာေၾကာင့္ အျခား႐ုပ္၀တၳဳပစၥည္းမ်ားကုိ မက္ေမာျခင္းမရွိ၊ အရွိတရား အမွန္တရားကို လက္ကိုင္ထား၍ ၿငိမ္းခ်မ္းေရးရယူရန္ ရည္ရြယ္ခ်က္ျဖင့္ ၁၉၉၂ ခုႏွစ္တြင္ ၿငိမ္းခ်မ္းေရး ရယူခဲ့ျခင္းျဖစ္ေၾကာင္း၊ ၿငိမ္းခ်မ္းေရးရယူခဲ့ျခင္းအေပၚ နယ္ေျမခံျပည္သူလူထုကလည္း ၀မ္းပန္းတသာႀကိဳဆုိခဲ့ၾကေၾကာင္း၊ ယခုအခါ လမ္းပန္းဆက္သြယ္ေရးကစ၍ ေဒသဖြံ႕ၿဖိဳးတုိးတက္ကာ ေအးခ်မ္းစြာေနထုိင္ႏိုင္ၾကၿပီျဖစ္ေၾကာင္း၊ ထုိ႕ေၾကာင့္ ထာ၀ရၿငိမ္းခ်မ္းေရးအေပၚ အထင္အျမင္လြဲမွားမႈမ်ား မရွိၾကေစလုိေၾကာင္း ဦးစြာေျပာၾကားသည္။

ထို႕ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က လက္ရွိမိမိတုိ႕ေဆာင္ရြက္ေနသည္မွာလည္း ထာ၀ရၿငိမ္းခ်မ္းေရးရရွိရန္အတြက္ပင္ျဖစ္ေၾကာင္း၊ ယေန႕ကာလတြင္ မရပ္မနားဖြံ႕ၿဖိဳးတုိးတက္လ်က္ရွိေသာ ႏုိင္ငံတကာႏွင့္ ရင္ေဘာင္တန္းႏိုင္ရန္ မိမိတို႕အေနျဖင့္ ေနာက္က်က်န္ခဲ့၍မရေၾကာင္း၊ ျမန္မာႏိုင္ငံတြင္ လူဦးေရ ၅၁ သန္းေက်ာ္၊ အာဆီယံေဒသတြင္ လူဦးေရ သန္း ၆၀၀ ေက်ာ္၊ ကမၻာ့လူဦးေရ သန္းေပါင္း ၆၀၀၀ ေက်ာ္ရွိၿပီး ဆက္လက္၍လည္း လူဦးေရတုိးပြားလ်က္ရွိရာ မိမိတို႕ႏုိင္ငံ၏ ဖြံ႕ၿဖိဳးတုိးတက္ေရးလမ္းေၾကာင္းတြင္ တည္ၿငိမ္ေအးခ်မ္းမႈမရွိပါက အစစအရာရာေနာက္က်က်န္ရစ္မည္ျဖစ္ေၾကာင္း၊ ျမန္မာႏုိင္ငံတြင္ ပအုိး၀္တုိင္းရင္းသားဦးေရ စုစုေပါင္း ၁၁ သိန္းခန္႕ရွိၿပီး ဆက္လက္၍လည္း တုိးတက္ေနရမည္ျဖစ္ေၾကာင္း၊ ထုိ႔ေၾကာင့္ ေဒသဖြံ႕ၿဖိဳးတုိးတက္ေရး အတြက္ စိုက္ပ်ဳိးေရး၊ ေမြးျမဴေရး၊ စီးပြားေရးဆုိင္ရာ ကုန္ထုတ္လုပ္မႈနည္းပညာမ်ား ဖြံ႕ၿဖိဳးတုိးတက္ရန္ ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ ထုိသို႕ေဆာင္ရြက္ရာတြင္ က်န္းမာေရးေကာင္းမြန္မွသာ ပညာသင္ၾကားႏိုင္မည္ျဖစ္ၿပီး ပညာသင္ၾကားမွသာ အသိပညာဖြြံ႕ၿဖိဳး၍ စီးပြားေရးဆုိင္ရာ နည္းပညာမ်ား တုိးတက္မည္ျဖစ္ေသာေၾကာင့္ က်န္းမာေရး၊ ပညာေရးတုိးတက္ေအာင္ ျမႇင့္တင္ေဆာင္ရြက္ၾကေစလုိေၾကာင္း၊ တပ္မေတာ္အေနျဖင့္လည္း နယ္လွည့္ေဆးကုသေရးအဖြဲ႕မ်ားေစလႊတ္၍ က်န္းမာေရးေစာင့္ေရွာက္မႈမ်ား ကူညီ ေဆာင္ရြက္ေပးလ်က္ရွိေၾကာင္း၊ မိမိတို႔အခ်င္းခ်င္းသည္လည္း စည္းလုံးညီၫြတ္ရန္လုိၿပီး မိမိတုိ႔ညီအစ္ကိုမ်ားသည္လည္း စည္းလုံးညီၫြတ္ၾကရန္လုိေၾကာင္း၊ ေဒသတြင္း ဘိန္းစိုက္ပ်ဳိးထုတ္လုပ္မႈ၊ မူးယစ္ေဆး၀ါး သံုးစြဲ၊ ထုတ္လုပ္၊ ေရာင္း၀ယ္မႈမ်ားအား တားဆီးကာကြယ္ရမည္ျဖစ္ေၾကာင္း ျပန္လည္ရွင္းလင္းေျပာၾကားကာ အုပ္ခ်ဳပ္ေရး၊ နယ္ေျမလံုၿခံဳေရး၊ ေဒသဖြံ႕ၿဖိဳးေရးဆိုင္ရာကိစၥရပ္မ်ားအား ခင္မင္ရင္းႏွီးစြာ အျပန္အလွန္ ေဆြးေႏြးၾကသည္။

ထုိ႕ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ က ပအုိး၀္ၿငိမ္းခ်မ္းေရးအဖြဲ႔(PNO)အသြင္ေျပာင္းျပည္သူ႔စစ္(ဌာေန)အဖြဲ႕ဥကၠ႒ ဦးေအာင္ခမ္းထီအား အမွတ္တရလက္ေဆာင္ေပးအပ္ၿပီး အဖြဲ႕၀င္မ်ားႏွင့္အတူ စုေပါင္းဓာတ္ပံု႐ုိက္ခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပအိုးဝ်ငြိမ်းချမ်းရေး အဖွဲ့(PNO)အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ခမ်းထီနှင့် အဖွဲ့ဝင်များအား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဇန်နဝါရီ – ၁၅

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပအိုးဝ်ငြိမ်းချမ်းရေးအဖွဲ့(PNO)အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ခမ်းထီနှင့် အဖွဲ့ဝင်များအား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ပအိုးဝ်ငြိမ်းချမ်းရေးအဖွဲ့(PNO) အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ခမ်းထီနှင့်အတူ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ဦးအောင်ခမ်းထီက မိမိတို့အဖွဲ့အနေဖြင့် တောတွင်းနေထိုင်၍ လက်နက်ကိုင်ခြင်းဖြင့် အကျိုးမရှိဘဲ ဘာသာရေး၊ လူမှုရေး၊ ဗဟုသုတအမြင်များနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အစစနောက်ကျကာ မိမိတို့ကြောင့် တိုင်းပြည်စည်းလုံးညီညွှတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတားဖြစ်စေနိုင်သောကြောင့် အခြားရုပ်ဝတ္ထုပစ္စည်းများကို မက်မောခြင်းမရှိ၊ အရှိတရား အမှန်တရားကို လက်ကိုင်ထား၍ ငြိမ်းချမ်းရေးရယူရန် ရည်ရွယ်ချက်ဖြင့် ၁၉၉၂ ခုနှစ်တွင် ငြိမ်းချမ်းရေး ရယူခဲ့ခြင်းဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးရယူခဲ့ခြင်းအပေါ် နယ်မြေခံပြည်သူလူထုကလည်း ၀မ်းပန်းတသာကြိုဆိုခဲ့ကြကြောင်း၊ ယခုအခါ လမ်းပန်းဆက်သွယ်ရေးကစ၍ ဒေသဖွံ့ဖြိုးတိုးတက်ကာ အေးချမ်းစွာနေထိုင်နိုင်ကြပြီဖြစ်ကြောင်း၊ ထို့ကြောင့် ထာဝရငြိမ်းချမ်းရေးအပေါ် အထင်အမြင်လွဲမှားမှုများ မရှိကြစေလိုကြောင်း ဦးစွာပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လက်ရှိမိမိတို့ဆောင်ရွက်နေသည်မှာလည်း ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက်ပင်ဖြစ်ကြောင်း၊ ယနေ့ကာလတွင် မရပ်မနားဖွံ့ဖြိုးတိုးတက်လျက်ရှိသော နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရန် မိမိတို့အနေဖြင့် နောက်ကျကျန်ခဲ့၍မရကြောင်း၊ မြန်မာနိုင်ငံတွင် လူဦးရေ ၅၁ သန်းကျော်၊ အာဆီယံဒေသတွင် လူဦးရေ သန်း ၆၀၀ ကျော်၊ ကမ္ဘာ့လူဦးရေ သန်းပေါင်း ၆၀၀၀ ကျော်ရှိပြီး ဆက်လက်၍လည်း လူဦးရေတိုးပွားလျက်ရှိရာ မိမိတို့နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းတွင် တည်ငြိမ်အေးချမ်းမှုမရှိပါက အစစအရာရာနောက်ကျကျန်ရစ်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ပအိုးဝ်တိုင်းရင်းသားဦးရေ စုစုပေါင်း ၁၁ သိန်းခန့်ရှိပြီး ဆက်လက်၍လည်း တိုးတက်နေရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စီးပွားရေးဆိုင်ရာ ကုန်ထုတ်လုပ်မှုနည်းပညာများ ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးကောင်းမွန်မှသာ ပညာသင်ကြားနိုင်မည်ဖြစ်ပြီး ပညာသင်ကြားမှသာ အသိပညာဖွွံ့ဖြိုး၍ စီးပွားရေးဆိုင်ရာ နည်းပညာများ တိုးတက်မည်ဖြစ်သောကြောင့် ကျန်းမာရေး၊ ပညာရေးတိုးတက်အောင် မြှင့်တင်ဆောင်ရွက်ကြစေလိုကြောင်း၊ တပ်မတော်အနေဖြင့်လည်း နယ်လှည့်ဆေးကုသရေးအဖွဲ့များစေလွှတ်၍ ကျန်းမာရေးစောင့်ရှောက်မှုများ ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့အချင်းချင်းသည်လည်း စည်းလုံးညီညွတ်ရန်လိုပြီး မိမိတို့ညီအစ်ကိုများသည်လည်း စည်းလုံးညီညွတ်ကြရန်လိုကြောင်း၊ ဒေသတွင်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှု၊ မူးယစ်ဆေးဝါး သုံးစွဲ၊ ထုတ်လုပ်၊ ရောင်းဝယ်မှုများအား တားဆီးကာကွယ်ရမည်ဖြစ်ကြောင်း ပြန်လည်ရှင်းလင်းပြောကြားကာ အုပ်ချုပ်ရေး၊ နယ်မြေလုံခြုံရေး၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များအား ခင်မင်ရင်းနှီးစွာ အပြန်အလှန် ဆွေးနွေးကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပအိုးဝ်ငြိမ်းချမ်းရေးအဖွဲ့(PNO)အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ခမ်းထီအား အမှတ်တရလက်ဆောင်ပေးအပ်ပြီး အဖွဲ့ဝင်များနှင့်အတူ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။