(၅၆)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား၊ တပ်မတော် (ကြည်း၊ ရေ၊လေ)ဘောလုံးပြိုင်ပွဲတွင် နေပြည်တော် တိုင်းစစ်ဌာနချုပ် ဘောလုံးအသင်း အနိုင်ရဗိုလ်စွဲ

ေနျပည္ေတာ္၊ ဇန္န၀ါရီ -၁၅

(၅၆)ႀကိမ္ေျမာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဖလား၊ တပ္မေတာ္ (ၾကည္း၊ေရ၊ေလ) ေဘာလံုးၿပိဳင္ပြဲ ဗိုလ္လုပြဲကို ယေန႕ညေနပိုင္းတြင္ ေနျပည္ေတာ္ရွိ ေဇယ်ာသီရိတပ္မေတာ္ အားကစားကြင္း၌ က်င္းပျပဳလုပ္ရာ ေနျပည္ေတာ္ တုိင္းစစ္ဌာနခ်ဳပ္ အသင္းႏွင့္ ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္အသင္းတုိ႕ ယွဥ္ၿပိဳင္ကစားၾကသည္။

ဦးစြာ ၿပိဳင္ပြဲမစတင္မီ ျပည္သူ႕ဆက္ဆံေရးႏွင့္စိတ္ဓာတ္စစ္ဆင္ေရးၫႊန္ၾကား ေရးမွဴး႐ံုး ကြပ္ကဲမႈေအာက္ ျမ၀တီေတးဂီတ အဖြဲ႕မွ ေတးသံသာမ်ားျဖင့္ သီဆိုေဖ်ာ္ေျဖၾကသည္။

ပဲြကစားခ်ိန္အတြင္း ဗိုလ္လုပြဲသို႕ အႀကိတ္အနယ္ယွဥ္ၿပိဳင္တက္ေရာက္လာသည့္ အသင္းမ်ားျဖစ္သည့္ႏွင့္အညီ ေျခရည္ တူစြာ တစ္ဖက္ႏွင့္တစ္ဖက္ ဦးေဆာင္ဂိုး ရရွိႏိုင္ေရးအတြက္ အင္ႏွင့္အားႏွင့္ ယွဥ္ၿပိဳင္ကစားခဲ့ၿပီး ဂိုးရရွိႏိုင္သည့္ အခြင့္အေရးမ်ား အျပန္အလွန္ရရွိခဲ့ေသာ္လည္း ေနာက္တန္းကစားမ်ားႏွင့္ ဂိုးသမားမ်ား၏ လက္စြမ္းျပမႈ ေၾကာင့္ ပြဲခ်ိန္ မိိနစ္ ၉၀ ျပည့္သည္အထိ ဂိုးမရွိသေရရလဒ္သာ ထြက္ေပၚခဲ့သည္။

ဆက္လက္၍ အခ်ိန္ပို မိနစ္ ၃၀ ယွဥ္ၿပိဳင္ကစားခဲ့ရာ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္ အသင္းက အႏိုင္ဂိုးရရွိေရးအတြက္ ဖိအားေပးကစားႏိုင္ခဲ့ေသာ္လည္း ေနျပည္ေတာ္တိုင္း စစ္ဌာနခ်ဳပ္အသင္းမွ ေနာက္တန္းကစားသမားမ်ားႏွင့္ ဂိုးသမားတုိ႔၏ စုစည္းညီၫြတ္စြာ ခုခံမႈေၾကာင့္ ဂိုးမရွိသေရရလဒ္သာ ဆက္လက္ထြက္ေပၚခဲ့သျဖင့္ ပင္နယ္တီ အဆံုး အျဖတ္ခံယူခဲ့ရာ ေနျပည္ေတာ္တိုင္းစစ္ဌာနခ်ဳပ္အသင္းက ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္ အသင္းအား ၅ ဂိုး ၄ ဂိုးျဖင့္ အႏိုင္္ရရွိခဲ့သည္။

အဆုိပါ ေဘာလံုးၿပိဳင္ပြဲ ဗိုလ္လုပြဲသို႕ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္၊ ဒုတိယတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရး ဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္း၊ နယ္စပ္ေရးရာ၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရိွႀကီးမ်ားႏွင့္ဇနီးမ်ား၊ ေနျပည္ေတာ္တုိင္း စစ္ဌာနခ်ဳပ္ တုိင္းမွဴးႏွင့္ဇနီး၊ ႏိုင္ငံေတာ္ကာကြယ္ေရးတကၠသိုလ္မွ သင္တန္းသား အရာရိွႀကီးမ်ား၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း၊ေရ၊ေလ)႐ုံး/ဌာန အသီးသီးမွ အရာရိွ၊ စစ္သည္၊ မိသားစုမ်ား၊ ေနျပည္ေတာ္တုိင္း စစ္ဌာနခ်ဳပ္ရိွ တပ္နယ္မ်ားမွ အရာရိွ၊ စစ္သည္၊ မိသားစုမ်ား၊ ဖိတ္ၾကားထားသည့္ဧည့္သည္ေတာ္မ်ားႏွင့္ အားကစား ၀ါသနာရွင္ ပရိသတ္မ်ား တက္ေရာက္ၾကသည္။

ယင္းေနာက္ ဆုခ်ီးျမႇင့္ျခင္းအခမ္းအနားကုိ ဆက္လက္ျပဳလုပ္ရာ တပ္မေတာ္ (ၾကည္း၊ေရ၊ေလ)ေဘာလုံးၿပဳိင္ပဲြ (ခ) အဆင့္ၿပိဳင္ပြဲတြင္ တတိယဆုရရွိသည့္ အမွတ္(၄၄) ေျချမန္တပ္မဌာနခ်ဳပ္အသင္းႏွင့္(က)အဆင့္ၿပိဳင္ပြဲတြင္ တတိယ ဆုရရွိသည့္ အလယ္ပိုင္းတုိင္း စစ္ဌာနခ်ဳပ္အသင္းတုိ႔အား စစ္ေထာက္ခ်ဳပ္ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ညိဳေစာက ေငြသားဆုႏွင့္ တစ္ဦးခ်င္းဆုတံဆိပ္မ်ားကိုလည္းေကာင္း၊ (ခ)အဆင့္ၿပိဳင္ပြဲတြင္ ဒုတိယဆုရရွိသည့္ အေရွ႕ေတာင္တိုင္းစစ္ဌာနခ်ဳပ္ အသင္းႏွင့္ (က)အဆင့္ၿပိဳင္ပြဲတြင္ ဒုတိယဆုရရွိသည့္ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္အသင္းတုိ႔အား စစ္ေရးခ်ဳပ္ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ဆန္းဦးက ေငြသားဆုႏွင့္ တစ္ဦးခ်င္းဆုတံဆိပ္မ်ားကိုလည္းေကာင္း၊ (ခ)အဆင့္ၿပိဳင္ပြဲတြင္ ပထမဆုရရွိသည့္ အေရွ႕အလယ္ပိုင္းတုိင္းစစ္ဌာနခ်ဳပ္အသင္းႏွင့္ (က)အဆင့္ၿပိဳင္ပြဲတြင္ ပထမဆုရရွိသည့္ ေနျပည္ေတာ္ တိုင္းစစ္ဌာနခ်ဳပ္အသင္းတုိ႔အား ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ေအာင္ေက်ာ္ေဇာက တစ္ဦးခ်င္း ဆုတံဆိပ္မ်ားကို လည္းေကာင္း အသီးသီးေပးအပ္ခ်ီးျမႇင့္ၾကသည္။

ဆက္လက္၍ (ခ)အဆင့္ၿပိဳင္ပြဲတြင္ ေနရာအလိုက္အေကာင္းဆုံး အားကစား သမားဆုရရွိသူမ်ားအား ကာကြယ္ေရး ဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ က တစ္ဦးခ်င္းဆုကလပ္ႏွင့္ ေငြသားဆုမ်ားကိုလည္းေကာင္း၊ (က) အဆင့္ၿပိဳင္ပြဲတြင္ ေနရာ အလိုက္အေကာင္းဆုံးအားကစားသမားဆုရရွိသူမ်ားအား ၫႇိႏိႈင္းကြပ္ကဲေရးမွဴး (ၾကည္း၊ေရ၊ေလ) ဗုိလ္ခ်ဳပ္ႀကီး ျမထြန္းဦးက တစ္ဦးခ်င္းဆုကလပ္ႏွင့္ ေငြသားဆုမ်ားကိုလည္းေကာင္း၊ (ခ)အဆင့္ၿပိဳင္ပြဲတြင္ အသန္႔ရွင္း ဆုံးဆုရရွိသည့္ အေရွ႕ေတာင္တုိင္း စစ္ဌာနခ်ဳပ္အသင္းႏွင့္ (က)အဆင့္ၿပိဳင္ပြဲတြင္ အသန္႔ရွင္းဆုံးဆုရရွိသည့္ အေရွ႕ပိုင္းတုိင္း စစ္ဌာနခ်ဳပ္အသင္းတုိ႔အား နယ္စပ္ေရးရာ၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဒုတိယဗုိလ္ခ်ဳပ္ႀကီး ရဲေအာင္က ဆုဖလားႏွင့္ ေငြသားဆုမ်ားကိုလည္းေကာင္း အသီးသီး ေပးအပ္ခ်ီးျမႇင့္ၾကသည္။

ယင္းေနာက္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္းက တပ္မေတာ္(ၾကည္း၊ေရ၊ေလ)ေဘာလုံးၿပဳိင္ပြဲ (ခ)အဆင့္ၿပိဳင္ပြဲတြင္ ပထမဆုရရွိေသာ အေရွ႕အလယ္ပိုင္းတုိင္းစစ္ဌာနခ်ဳပ္ အသင္းအား တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ တံခြန္စိုက္ဆုဖလား၊ ကိုယ္ပြားဆုဖလားႏွင့္ ေငြသားဆုမ်ားအား ေပးအပ္ ခ်ီးျမႇင့္သည္။

ထုို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ က တပ္မေတာ္ (ၾကည္း၊ေရ၊ေလ) ေဘာလုံးၿပဳိင္ပြဲ (က)အဆင့္ၿပိဳင္ပြဲတြင္ ပထမဆုရရွိေသာ ေနျပည္ေတာ္တုိင္းစစ္ဌာနခ်ဳပ္အသင္းအား တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္၏ တံခြန္စိုက္ဆုဖလား၊ ကိုယ္ပြားဆုဖလားႏွင့္ ေငြသားဆုမ်ားအား ေပးအပ္ခ်ီးျမႇင့္သည္။

အဆုိပါ (၅၆)ႀကိမ္ေျမာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဖလား၊ တပ္မေတာ္ (ၾကည္း၊ေရ၊ေလ) ေဘာလံုးၿပိဳင္ပြဲ (က)အဆင့္ၿပိဳင္ပြဲႏွင့္ (ခ)အဆင့္ၿပိဳင္ပြဲဟူ၍ ၿပိဳင္ပြဲႏွစ္မ်ဳိး ခြဲျခားကာ ပထမအဆင့္အုပ္စုပတ္လည္ၿပိဳင္ပြဲမ်ားကို တုိင္းစစ္ ဌာနခ်ဳပ္မ်ားအလုိက္ ဇုန္မ်ား ခြဲ၍ ယွဥ္ၿပိဳင္ကစားခဲ့ၾကၿပီး ေနျပည္ေတာ္ရွိ ေဇယ်ာသီရိတပ္မေတာ္အားကစားကြင္း၌ ဒုတိယအဆင့္႐ံႈး/ထြက္ ပြဲစဥ္မ်ားႏွင့္ ဗိုလ္လုပြဲမ်ားအား ၂၀၁၇ ခုႏွစ္၊ ဒီဇင္ဘာ ၂၉ ရက္မွ စတင္၍ (က)အဆင့္ႏွင့္ (ခ) အဆင့္ၿပိဳင္ပြဲ၀င္အသင္း ၈ သင္းစီျဖင့္ ယွဥ္ၿပိဳင္ကစားခဲ့ၾကၿပီး ယေန႕တြင္ ေအာင္ျမင္စြာ က်င္းပၿပီးစီးခဲ့သည္။

 

 

 

 

 

(Unicode Version)

(၅၆)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား၊ တပ်မတော် (ကြည်း၊ ရေ၊လေ)ဘောလုံးပြိုင်ပွဲတွင် နေပြည်တော် တိုင်းစစ်ဌာနချုပ် ဘောလုံးအသင်း အနိုင်ရဗိုလ်စွဲ

နေပြည်တော်၊ ဇန်နဝါရီ ၁၅

(၅၆)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား၊ တပ်မတော် (ကြည်း၊ရေ၊လေ) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိတပ်မတော် အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ နေပြည်တော် တိုင်းစစ်ဌာနချုပ် အသင်းနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်အသင်းတို့ ယှဉ်ပြိုင်ကစားကြသည်။

ဦးစွာ ပြိုင်ပွဲမစတင်မီ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြား ရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီတေးဂီတ အဖွဲ့မှ တေးသံသာများဖြင့် သီဆိုဖျော်ဖြေကြသည်။

ပွဲကစားချိန်အတွင်း ဗိုလ်လုပွဲသို့ အကြိတ်အနယ်ယှဉ်ပြိုင်တက်ရောက်လာသည့် အသင်းများဖြစ်သည့်နှင့်အညီ ခြေရည် တူစွာ တစ်ဖက်နှင့်တစ်ဖက် ဦးဆောင်ဂိုး ရရှိနိုင်ရေးအတွက် အင်နှင့်အားနှင့် ယှဉ်ပြိုင်ကစားခဲ့ပြီး ဂိုးရရှိနိုင်သည့် အခွင့်အရေးများ အပြန်အလှန်ရရှိခဲ့သော်လည်း နောက်တန်းကစားများနှင့် ဂိုးသမားများ၏ လက်စွမ်းပြမှု ကြောင့် ပွဲချိန် မိနစ် ၉၀ ပြည့်သည်အထိ ဂိုးမရှိသရေရလဒ်သာ ထွက်ပေါ်ခဲ့သည်။

ဆက်လက်၍ အချိန်ပို မိနစ် ၃၀ ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် အသင်းက အနိုင်ဂိုးရရှိရေးအတွက် ဖိအားပေးကစားနိုင်ခဲ့သော်လည်း နေပြည်တော်တိုင်း စစ်ဌာနချုပ်အသင်းမှ နောက်တန်းကစားသမားများနှင့် ဂိုးသမားတို့၏ စုစည်းညီညွတ်စွာ ခုခံမှုကြောင့် ဂိုးမရှိသရေရလဒ်သာ ဆက်လက်ထွက်ပေါ်ခဲ့သဖြင့် ပင်နယ်တီ အဆုံး အဖြတ်ခံယူခဲ့ရာ နေပြည်တော်တိုင်းစစ်ဌာနချုပ်အသင်းက ရန်ကုန်တိုင်းစစ်ဌာနချုပ် အသင်းအား ၅ ဂိုး ၄ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

အဆိုပါ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ သင်တန်းသား အရာရှိကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ရေ၊လေ)ရုံး/ဌာန အသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်ရှိ တပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များနှင့် အားကစား ဝါသနာရှင် ပရိသတ်များ တက်ရောက်ကြသည်။

ယင်းနောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ပြုလုပ်ရာ တပ်မတော် (ကြည်း၊ရေ၊လေ)ဘောလုံးပြိုင်ပွဲ (ခ) အဆင့်ပြိုင်ပွဲတွင် တတိယဆုရရှိသည့် အမှတ်(၄၄) ခြေမြန်တပ်မဌာနချုပ်အသင်းနှင့်(က)အဆင့်ပြိုင်ပွဲတွင် တတိယ ဆုရရှိသည့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်အသင်းတို့အား စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောက ငွေသားဆုနှင့် တစ်ဦးချင်းဆုတံဆိပ်များကိုလည်းကောင်း၊ (ခ)အဆင့်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် အရှေ့တောင်တိုင်းစစ်ဌာနချုပ် အသင်းနှင့် (က)အဆင့်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်းစစ်ဌာနချုပ်အသင်းတို့အား စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးက ငွေသားဆုနှင့် တစ်ဦးချင်းဆုတံဆိပ်များကိုလည်းကောင်း၊ (ခ)အဆင့်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အသင်းနှင့် (က)အဆင့်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် နေပြည်တော် တိုင်းစစ်ဌာနချုပ်အသင်းတို့အား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇောက တစ်ဦးချင်း ဆုတံဆိပ်များကို လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ (ခ)အဆင့်ပြိုင်ပွဲတွင် နေရာအလိုက်အကောင်းဆုံး အားကစား သမားဆုရရှိသူများအား ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် က တစ်ဦးချင်းဆုကလပ်နှင့် ငွေသားဆုများကိုလည်းကောင်း၊ (က) အဆင့်ပြိုင်ပွဲတွင် နေရာ အလိုက်အကောင်းဆုံးအားကစားသမားဆုရရှိသူများအား ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးက တစ်ဦးချင်းဆုကလပ်နှင့် ငွေသားဆုများကိုလည်းကောင်း၊ (ခ)အဆင့်ပြိုင်ပွဲတွင် အသန့်ရှင်း ဆုံးဆုရရှိသည့် အရှေ့တောင်တိုင်း စစ်ဌာနချုပ်အသင်းနှင့် (က)အဆင့်ပြိုင်ပွဲတွင် အသန့်ရှင်းဆုံးဆုရရှိသည့် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်အသင်းတို့အား နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က ဆုဖလားနှင့် ငွေသားဆုများကိုလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တပ်မတော်(ကြည်း၊ရေ၊လေ)ဘောလုံးပြိုင်ပွဲ (ခ)အဆင့်ပြိုင်ပွဲတွင် ပထမဆုရရှိသော အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အသင်းအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တံခွန်စိုက်ဆုဖလား၊ ကိုယ်ပွားဆုဖလားနှင့် ငွေသားဆုများအား ပေးအပ် ချီးမြှင့်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တပ်မတော် (ကြည်း၊ရေ၊လေ) ဘောလုံးပြိုင်ပွဲ (က)အဆင့်ပြိုင်ပွဲတွင် ပထမဆုရရှိသော နေပြည်တော်တိုင်းစစ်ဌာနချုပ်အသင်းအား တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ တံခွန်စိုက်ဆုဖလား၊ ကိုယ်ပွားဆုဖလားနှင့် ငွေသားဆုများအား ပေးအပ်ချီးမြှင့်သည်။

အဆိုပါ (၅၆)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား၊ တပ်မတော် (ကြည်း၊ရေ၊လေ) ဘောလုံးပြိုင်ပွဲ (က)အဆင့်ပြိုင်ပွဲနှင့် (ခ)အဆင့်ပြိုင်ပွဲဟူ၍ ပြိုင်ပွဲနှစ်မျိုး ခွဲခြားကာ ပထမအဆင့်အုပ်စုပတ်လည်ပြိုင်ပွဲများကို တိုင်းစစ် ဌာနချုပ်များအလိုက် ဇုန်များ ခွဲ၍ ယှဉ်ပြိုင်ကစားခဲ့ကြပြီး နေပြည်တော်ရှိ ဇေယျာသီရိတပ်မတော်အားကစားကွင်း၌ ဒုတိယအဆင့်ရှုံး/ထွက် ပွဲစဉ်များနှင့် ဗိုလ်လုပွဲများအား ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်မှ စတင်၍ (က)အဆင့်နှင့် (ခ) အဆင့်ပြိုင်ပွဲဝင်အသင်း ၈ သင်းစီဖြင့် ယှဉ်ပြိုင်ကစားခဲ့ကြပြီး ယနေ့တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။