တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံသံဃာ့ နာယကဂိုဏ်းချုပ် ဆရာတော်ကြီးအား ဖူးမြော်ကြည်ညို

ေနျပည္ေတာ္၊ ေဖေဖာ္၀ါရီ – ၁၆

ထုိင္းႏုိင္ငံသုိ႔ခ်စ္ၾကည္ေရးခရီးေရာက္ရွိေနသည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ဇနီးေဒၚၾကဴၾကဴလွ၊ ထုိင္းဘုရင့္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႔လုိက္ပါၿပီး Wat Ratchabophit Sathi Mahasimaram ဘုန္းႀကီးေက်ာင္းသုိ႔သြားေရာက္၍ သံဃာ့နာယကဂုိဏ္းခ်ဳပ္ဆရာေတာ္အား ဖူးေျမာ္ၾကည္ညိဳသည္။

ဦးစြာတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႔သည္ ဘုန္းႀကီးေက်ာင္းအတြင္းရွိ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္အားဆီမီးမ်ားကပ္လွဴပူေဇာ္သည္။

ထို႔ေနာက္ သံဃာ့နာယကဂုိဏ္းခ်ဳပ္ဆရာေတာ္ႀကီးအားဖူးေျမာ္ၾကည္ညိဳၿပီး သာသာနာေရးဆုိင္ရာမ်ား ေလွ်ာက္ထားၿပီး ေရႊတိဂုံပုံတူပန္းခ်ီကား၊ ေရႊတိဂုံပုံတူေစတီေတာ္ႏွင့္ လွဴဖြယ္ပစၥည္းမ်ားအား ထုိင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ဆက္ကပ္လွဴဒါန္းခဲ့သည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံသံဃာ့ နာယကဂိုဏ်းချုပ် ဆရာတော်ကြီးအား ဖူးမြော်ကြည်ညို

နေပြည်တော်၊ ဖေဖော်ဝါရီ  ၁၆

ထိုင်းနိုင်ငံသို့ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်ဇနီးဒေါ်ကြူကြူလှ၊ ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့လိုက်ပါပြီး Wat Ratchabophit Sathi Mahasimaram ဘုန်းကြီးကျောင်းသို့သွားရောက်၍ သံဃာ့နာယကဂိုဏ်းချုပ်ဆရာတော်အား ဖူးမြော်ကြည်ညိုသည်။

ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည် ဘုန်းကြီးကျောင်းအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အားဆီမီးများကပ်လှူပူဇော်သည်။

ထို့နောက် သံဃာ့နာယကဂိုဏ်းချုပ်ဆရာတော်ကြီးအားဖူးမြော်ကြည်ညိုပြီး သာသာနာရေးဆိုင်ရာများ လျှောက်ထားပြီး ရွှေတိဂုံပုံတူပန်းချီကား၊ ရွှေတိဂုံပုံတူစေတီတော်နှင့် လှူဖွယ်ပစ္စည်းများအား ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဆက်ကပ်လှူဒါန်းခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။