တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ထိုင်းနိုင်ငံဝန်ကြီးချုပ်၏ အကြံပေးပုဂ္ဂိုလ်၊ အငြိမ်းစားတပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen. Tanasak Patimapragorn ကဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံ

ေနျပည္ေတာ္၊ ေဖေဖာ္၀ါရီ ၁၈

ထုိင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ Gen. Tarnchaiyan Srisuwan ၏ ဖိတ္ၾကားခ်က္အရ ထုိင္းႏုိင္ငံသုိ႔ ခ်စ္ၾကည္ေရးခရီးေရာက္ရွိေနသည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ႏွင့္ဇနီး ဦးေဆာင္သည့္ ခ်စ္ၾကည္ေရး ကုိယ္စားလွယ္အဖြဲ႕အား ထုိင္းႏုိင္ငံ၀န္ႀကီးခ်ဳပ္၏ အႀကံေပးပုဂၢိဳလ္၊ အၿငိမ္းစား တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ Gen. Tanasak Patimapragorn ႏွင့္ဇနီးတုိ႔က ေဖေဖာ္၀ါရီ ၁၇ ရက္ညပုိင္းတြင္ ဗန္ေကာက္ၿမိဳ႕ရွိ Dusit Thani ဟုိတယ္၌ ဂုဏ္ျပဳညစာျဖင့္ တည္ခင္းဧည့္ခံသည္။

အဆုိပါဂုဏ္ျပဳညစာစားပြဲအခမ္းအနားသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အတူဇနီး ေဒၚၾကဴၾကဴလွႏွင့္မိသားစု၀င္မ်ား၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ဇနီးမ်ား၊ ထုိင္းႏုိင္ငံဆုိင္ရာ ျမန္မာႏုိင္ငံသံအမတ္ႀကီး ဦးမ်ိဳးျမင့္သန္းႏွင့္ဇနီး၊ ျမန္မာစစ္သံ(ၾကည္း၊ေရ၊ေလ) ဗုိလ္မွဴးခ်ဳပ္ခင္ေဇာ္ႏွင့္ဇနီး တုိ႔တက္ေရာက္ၾကၿပီး ထုိင္းႏုိင္ငံ၀န္ႀကီးခ်ဳပ္၏ အႀကံေပးပုဂၢိဳလ္၊ အၿငိမ္းစား တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူဇနီး Mrs. Penlaksana Patimapragorn ၊ ဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ Gen. Tarnchaiyan Srisuwan ႏွင့္ဇနီး Mrs. Jiraporn Srisuwan ၊ ထုိင္းဘုရင့္တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ဇနီးမ်ား တက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး၊ အဖြဲ႕၀င္မ်ားအား ထုိင္းႏုိင္ငံ၀န္ႀကီးခ်ဳပ္၏ အႀကံေပးပုဂၢိဳလ္၊ အၿငိမ္းစား တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတို႔က ႀကိဳဆုိႏႈတ္ဆက္ၾကသည္။ ယင္းေနာက္ ညစာအား အတူတကြသုံးေဆာင္ၾကသည္။ ညစာမသုံးေဆာင္မီႏွင့္သုံးေဆာင္ေနစဥ္အတြင္း ထုိင္းဘုရင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး စစ္တီး၀ုိင္းအဖြဲ႕ႏွင့္ အန္ေထာင္းခ႐ုိင္ ယဥ္ေက်းမႈတကၠသုိလ္မွ ေဖ်ာ္ေျဖေရးအဖြဲ႕မ်ားက ႏွစ္ႏုိင္ငံေတးသံသာမ်ား သီဆုိတီးမႈတ္ၿပီး ထုိင္း႐ုိးရာအကပေဒသာမ်ားျဖင့္ ကျပေဖ်ာ္ေျဖၾကသည္။

ဂုဏ္ျပဳညစာစားပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး၊ ထုိင္းဘုရင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႔သည္ အမွတ္တရ လက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ေပးအပ္ၿပီး စုေပါင္းဓာတ္ပုံ႐ုိက္ၾကသည္။ ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ခ်စ္ၾကည္ေရး ခရီးစဥ္အတြင္းအဖြဲ႕၀င္အျဖစ္ လုိက္ပါလာေသာ စစ္တကၠသုိလ္ဗုိလ္ေလာင္းသင္တန္း အမွတ္စဥ္(၅၉)၊ တပ္မေတာ္နည္းပညာတကၠသုိလ္ ဗုိလ္ေလာင္းသင္တန္းအမွတ္စဥ္(၁၉)၊ဗုိလ္ေလာင္းသင္တန္းအမွတ္စဥ္(၁၁၉)ႏွင့္ အမ်ိဳးသမီးဘြဲ႕ရဗုိလ္ေလာင္းသင္တန္း အမွတ္စဥ္(၃)တုိ႔မွ အေကာင္းဆုံးဗုိလ္ေလာင္းဆုရရွိခဲ့သည့္ အရာရွိ ၄ ဦးအား ထုိင္းႏုိင္ငံ၀န္ႀကီးခ်ဳပ္၏အႀကံေပးပုဂၢိဳလ္၊ အၿငိမ္းစားတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ Gen. Tanasak Patimapragorn ႏွင့္ မိတ္ဆက္ေပးသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က သီဆုိကျပေဖ်ာ္ေျဖခဲ့ၾကသည့္ ထုိင္းဘုရင့္တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး စစ္တီး၀ုိင္းအဖြဲ႕ႏွင့္ အန္ေထာင္းခ႐ုိင္ ယဥ္ေက်းမႈတကၠသုိလ္မွ ေဖ်ာ္ေျဖေရးအဖြဲ႕မ်ားအား ခ်ီးျမႇင့္ေငြမ်ားေပးအပ္ၿပီး ေဖ်ာ္ေျဖေရးအဖြဲ႕မ်ားႏွင့္အတူ အမွတ္တရစုေပါင္းဓာတ္ပုံ႐ုိက္ခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ထိုင်းနိုင်ငံဝန်ကြီးချုပ်၏ အကြံပေးပုဂ္ဂိုလ်၊ အငြိမ်းစားတပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen. Tanasak Patimapragorn ကဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံ
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၈
ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen. Tarnchaiyan Srisuwan ၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဦးဆောင်သည့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ထိုင်းနိုင်ငံဝန်ကြီးချုပ်၏ အကြံပေးပုဂ္ဂိုလ်၊ အငြိမ်းစား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen. Tanasak Patimapragorn နှင့်ဇနီးတို့က ဖေဖော်ဝါရီ ၁၇ ရက်ညပိုင်းတွင် ဗန်ကောက်မြို့ရှိ Dusit Thani ဟိုတယ်၌ ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။
အဆိုပါဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အတူဇနီး ဒေါ်ကြူကြူလှနှင့်မိသားစုဝင်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမျိုးမြင့်သန်းနှင့်ဇနီး၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ်ခင်ဇော်နှင့်ဇနီး တို့တက်ရောက်ကြပြီး ထိုင်းနိုင်ငံဝန်ကြီးချုပ်၏ အကြံပေးပုဂ္ဂိုလ်၊ အငြိမ်းစား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူဇနီး Mrs. Penlaksana Patimapragorn ၊ ဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen. Tarnchaiyan Srisuwan နှင့်ဇနီး Mrs. Jiraporn Srisuwan ၊ ထိုင်းဘုရင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ တက်ရောက်ကြသည်။
ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များအား ထိုင်းနိုင်ငံဝန်ကြီးချုပ်၏ အကြံပေးပုဂ္ဂိုလ်၊ အငြိမ်းစား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် ညစာအား အတူတကွသုံးဆောင်ကြသည်။ ညစာမသုံးဆောင်မီနှင့်သုံးဆောင်နေစဉ်အတွင်း ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး စစ်တီးဝိုင်းအဖွဲ့နှင့် အန်ထောင်းခရိုင် ယဉ်ကျေးမှုတက္ကသိုလ်မှ ဖျော်ဖြေရေးအဖွဲ့များက နှစ်နိုင်ငံတေးသံသာများ သီဆိုတီးမှုတ်ပြီး ထိုင်းရိုးရာအကပဒေသာများဖြင့် ကပြဖျော်ဖြေကြသည်။
ဂုဏ်ပြုညစာစားပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ပြီး စုပေါင်းဓာတ်ပုံရိုက်ကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ချစ်ကြည်ရေး ခရီးစဉ်အတွင်းအဖွဲ့ဝင်အဖြစ် လိုက်ပါလာသော စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၅၉)၊ တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၉)၊ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၁၉)နှင့် အမျိုးသမီးဘွဲ့ရဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၃)တို့မှ အကောင်းဆုံးဗိုလ်လောင်းဆုရရှိခဲ့သည့် အရာရှိ ၄ ဦးအား ထိုင်းနိုင်ငံဝန်ကြီးချုပ်၏အကြံပေးပုဂ္ဂိုလ်၊ အငြိမ်းစားတပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen. Tanasak Patimapragorn နှင့် မိတ်ဆက်ပေးသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သီဆိုကပြဖျော်ဖြေခဲ့ကြသည့် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး စစ်တီးဝိုင်းအဖွဲ့နှင့် အန်ထောင်းခရိုင် ယဉ်ကျေးမှုတက္ကသိုလ်မှ ဖျော်ဖြေရေးအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်ပြီး ဖျော်ဖြေရေးအဖွဲ့များနှင့်အတူ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။