တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြတ်ရှင်မော်ဘုရားသို့ သွားရောက်ဖူးမြော်ကြည်ညို၊ အဏ္ဏဝါရှင်မော်စေတီတည်ဆောက်နေမှုအားကြည့်ရှု

နေပြည်တော်၊ မတ် ၃










(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြတ်ရှင်မော်ဘုရားသို့ သွားရောက်ဖူးမြော်ကြည်ညို၊ အဏ္ဏဝါရှင်မော်စေတီတည်ဆောက်နေမှုအားကြည့်ရှု

နေပြည်တော်၊ မတ် ၃

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါပြီးယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်ရှိ ရှင်ကိုးရှင်သမိုင်းဝင် မြတ်ရှင်မော်ဘုရားသို့ သွားရောက်ဖူးမြော်ကြည်ညိုသည်။

ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် ရှင်ကိုးရှင်သမိုင်းဝင် မြတ်ရှင်မော်ဘုရားအားဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်း များကပ်လှူပူဇော်သည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က အလှူငွေများပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့မှတာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အံတော်မြတ်စေတီရှိ ဘုရားရှင်၏ အံတော်အားဖူးမြော်ကြည်ညိုကြပြီး သက်တော် ၉၂ နှစ်ရှိ ကျောက်နီမော် ကျောင်းတိုက်ဆရာတော် အရှင် နေမိန္ဒအားဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများဆက်ကပ်လှူဒါန်းသည်။

၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ၂၀၁၇ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့က တပ်မတော်သယ်ယူပို့ဆောင်ရေးလေယာဉ် Y-8 ပျက်ကျစဉ် ပါရှိသွားသော အရာရှိ၊ စစ်သည်၊ မိသားစု ဝင်များအား ရည်စူးတည်ဆောက်လျက်ရှိသည့် အဏ္ဏဝါရှင်မော်စေတီတော် တည်ဆောက်နေမှုအခြေအနေများအားကြည့်ရှုသည်။

ဦးစွာတာဝန်ရှိသူတစ်ဦးက စေတီတော်တည်ဆောက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များမှာကြား ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးမိသားစု၊ အရာရှိကြီးများနှင့်ဇနီးများက စေတီတော်ကြီးတည်ဆောက်ရန်အတွက် အလှူငွေများပေးအပ်လှူဒါန်းသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စေတီတော် တည်ဆောက်နေမှုအခြေအနေများအား လှည့်လည်ကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။ အဆိုပါအဏ္ဏဝါရှင်မော်စေတီတော်အား တပ်မတော် သယ်ယူပို့ဆောင်ရေးလေယာဉ် Y-8 ပျက်ကျစဉ်ပါရှိသွားသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအားရည်စူး၍ တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများနှင့် အများပြည်သူလှူဒါန်းငွေများဖြင့် ရှင်ကိုးရှင်သမိုင်းဝင် မြတ်ရှင်မော်ဘုရားအနီးတွင် တည်ဆောက် နေခြင်းဖြစ်ကြောင်းသိရှိရသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စမ်းလှမ်း ကျေးရွာရှိ သီရိအဏ္ဏဝါကျောင်းတိုက်သို့ရောက်ရှိကြပြီး ကျောင်းထိုင်ဆရာတော် ဦးသုမန အားဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် စစ်ဦးစီးအရာရှိချုပ်(ရေ) ဗိုလ်ချုပ်မိုးအောင်က တပ်မတော်သယ်ယူ ပို့ဆောင်ရေးလေယာဉ် Y-8 ပျက်ကျစဉ်တပ်မတော်မှ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ရာ၌ကျေးရွာမှ ဒေသခံပြည်သူများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များမှ မိမိတို့တတ်နိုင်သည့်ဘက်မှ အားတက်သရောကူညီဆောင်ရွက်ပေးခဲ့မှုများအား ရှင်းလင်းပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်သယ်ယူပို့ဆောင်ရေး လေယာဉ် Y-8 မတော်တဆမှုဖြစ်ပွားစဉ် ရှာဖွေကယ်ဆယ်ရေးငန်းများ ဆောင်ရွက်ရာ၌ ထားဝယ်မြို့နယ်မှ ဒေသခံများက အင်တိုက်အားတိုက်ကူညီ ပေးခဲ့ပြီး စမ်းလှမ်းကျေးရွာမှ ဒေသခံပြည်သူများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များက အဓိကကူညီဆောင်ရွက်ပေးခဲ့ ကြောင်း၊ ထိုကဲ့သို့ကူညီဆောင်ရွက်ပေးခဲ့မှုများကိုလည်း တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုဝင်များက ရင်ထဲမှအထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် စမ်းလှမ်းဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် မိမိတို့မှတတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကျေးရွာမှဒေသခံပြည်သူများအတွက် စားသောက်ဖွယ်ရာများပေးအပ်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးကလက်ခံရယူပြီး တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များက ဒေသခံပြည်သူများအားရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။ ၎င်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ ဝင်များသည် စမ်းလှမ်းကျေးရွာအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြပြီး ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ပေးရန်များကိုညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။