တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထားဝယ်မြို့ရှိ တပ်မတော်ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များအား သွားရောက်တွေ့ဆုံ အားပေးစကားပြောကြား

ေနျပည္ေတာ္၊ မတ္ ၃

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ဇနီး ေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ကမ္း႐ုိးတန္းေဒသတုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴးႏွင့္ တာ၀န္ရွိသူမ်ားလုိက္ပါၿပီး ယေန႔နံနက္ပုိင္းတြင္ ထား၀ယ္ၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ုံတြင္ တက္ေရာက္ ေဆးကုသမႈခံယူလ်က္ရွိသည့္ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအား သြားေရာက္ေတြ႕ဆုံ အားေပးစကားေျပာၾကားသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ အမ်ိဳးသားကုသေဆာင္တြင္ ေဆး႐ုံတက္ေရာက္ကုသမႈခံယူလ်က္ရွိသည့္ အရာရွိ၊ စစ္သည္မ်ားအား တစ္ဦးခ်င္းေရာဂါ ျဖစ္ပြားမႈအေျခအေနမ်ားႏွင့္ က်န္းမာေရးတုိးတက္မႈ အေျခအေနမ်ားအား ရင္းရင္းႏွီးႏွီးေမးျမန္းအားေပးစကားေျပာၾကားၿပီး စားေသာက္ဖြယ္ရာမ်ားေပးအပ္သည္။

ထုိ႔အတူ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ ဇနီးေဒၚၾကဴၾကဴလွသည္လည္း အမ်ိဳးသမီးကုသေဆာင္တြင္ တက္ေရာက္ကုသလ်က္ရွိသည့္ တပ္မေတာ္သားမိသားစု၀င္မ်ားအား တစ္ဦးခ်င္းရင္းရင္းႏွီးႏွီး လုိက္လံအားေပးစကားေျပာၾကားၿပီး စားေသာက္ဖြယ္ရာမ်ားေပးအပ္သည္။ ထုိ႔ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ ေဆး႐ုံအတြင္း လုိက္လံၾကည့္႐ႈစစ္ေဆးၿပီး လုိအပ္သည္မ်ားျဖည့္ဆည္းေဆာင္ရြက္ေပးခဲ့ပါသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထားဝယ်မြို့ရှိ တပ်မတော်ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များအား သွားရောက်တွေ့ဆုံ အားပေးစကားပြောကြား

နေပြည်တော်၊ မတ် ၃

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါပြီး ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့ရှိ တပ်မတော်ဆေးရုံတွင် တက်ရောက် ဆေးကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အမျိုးသားကုသဆောင်တွင် ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များအား တစ်ဦးချင်းရောဂါ ဖြစ်ပွားမှုအခြေအနေများနှင့် ကျန်းမာရေးတိုးတက်မှု အခြေအနေများအား ရင်းရင်းနှီးနှီးမေးမြန်းအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများပေးအပ်သည်။

ထို့အတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးဒေါ်ကြူကြူလှသည်လည်း အမျိုးသမီးကုသဆောင်တွင် တက်ရောက်ကုသလျက်ရှိသည့် တပ်မတော်သားမိသားစုဝင်များအား တစ်ဦးချင်းရင်းရင်းနှီးနှီး လိုက်လံအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများပေးအပ်သည်။ ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဆေးရုံအတွင်း လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။