တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (15th ACDFIM) တက်ရောက်မည့် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များနှင့် နိုင်ငံအလိုက် သီးခြားစီတွေ့ဆုံဆွေးနွေး

ေနျပည္ေတာ္၊ မတ္  ၇

(၁၅)ႀကိမ္ေျမာက္ အာဆီယံတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္မ်ား အလြတ္သေဘာ အစည္းအေ၀း (15th ACDFIM)တက္ေရာက္ရန္အတြက္ စင္ကာပူႏုိင္ငံသုိ႔ေရာက္ရွိ ေနသည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ယေန႔ မြန္းလြဲပုိင္းတြင္ အာဆီယံႏုိင္ငံမ်ားမွ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္မ်ားႏွင့္ The Fullerton ဟုိတယ္၌ ႏုိင္ငံအလုိက္သီးျခားစီေတြ႕ဆုံေဆြးေႏြးသည္။

ထုိသုိ႔ေတြ႕ဆုံရာတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ကုိယ္စားလွယ္ အဖြဲ႕သည္ ဖိလစ္ပုိင္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ Gen. Rey Leonardo B Guerrero ဦးေဆာင္သည့္ ကုိယ္စားလွယ္အဖြဲ႕ႏွင့္လည္းေကာင္း၊ စင္ကာပူတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ Lt. Gen. Perry Lim ဦးေဆာင္သည့္ ကုိယ္စားလွယ္အဖြဲ႕ႏွင့္လည္းေကာင္း၊ ဘ႐ူႏုိင္းတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ Maj. Gen. Pengiran Dato Paduka Aminan bin Pengiran Haji Mahmud ဦးေဆာင္သည့္ ကုိယ္စားလွယ္ အဖြဲ႕ႏွင့္ လည္းေကာင္း၊ အင္ဒုိနီးရွားအမ်ိဳးသားတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ Air Chief Marshal Hadi Tjahjanto ဦးေဆာင္သည့္ ကုိယ္စားလွယ္ အဖြဲ႕ႏွင့္လည္းေကာင္း ႏုိင္ငံအလိုက္သီးျခားစီေတြ႕ဆုံေဆြးေႏြးသည္။

ေတြ႕ဆုံပြဲမ်ားတြင္ တပ္မေတာ္ႏွစ္ရပ္ခ်စ္ၾကည္ရင္းႏွီးမႈတုိးျမႇင့္ေဆာင္ရြက္ေရးႏွင့္ အျပန္အလွန္လည္ပတ္ေရး၊ တန္ျပန္အၾကမ္းဖက္မႈႏွိမ္နင္းေရးမ်ားတြင္ ပူးေပါင္းေဆာင္ရြက္ေရး၊ စစ္ဘက္ေဆးပညာရပ္ဆုိင္ရာ ပညာရပ္မ်ား အျပန္အလွန္ဖလွယ္ေရးႏွင့္ သင္တန္းသားမ်ားအျပန္အလွန္ေစလႊတ္ေရးဆုိင္ရာကိစၥရပ္မ်ားအား ရင္းႏွီးပြင့္လင္းစြာ ေဆြးေႏြးခဲ့ၾကသည္။

ေတြ႕ဆုံပြဲမ်ားအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အာဆီယံႏုိင္ငံမ်ားမွ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္မ်ားသည္ အမွတ္တရလက္ေဆာင္ပစၥည္းမ်ားအျပန္ အလွန္ေပးအပ္ခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (15th ACDFIM) တက်ရောက်မည့် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များနှင့် နိုင်ငံအလိုက် သီးခြားစီတွေ့ဆုံဆွေးနွေး

နေပြည်တော်၊ မတ်  ရ

(၁၅)ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး (15th ACDFIM)တက်ရောက်ရန်အတွက် စင်ကာပူနိုင်ငံသို့ရောက်ရှိ နေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ မွန်းလွဲပိုင်းတွင် အာဆီယံနိုင်ငံများမှ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များနှင့် The Fullerton ဟိုတယ်၌ နိုင်ငံအလိုက်သီးခြားစီတွေ့ဆုံဆွေးနွေးသည်။

ထိုသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ် အဖွဲ့သည် ဖိလစ်ပိုင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen. Rey Leonardo B Guerrero ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်လည်းကောင်း၊ စင်ကာပူတပ်မတော်ကာကွယ်ရေးဦးစီးချုပ် Lt. Gen. Perry Lim ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်လည်းကောင်း၊ ဘရူနိုင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ် Maj. Gen. Pengiran Dato Paduka Aminan bin Pengiran Haji Mahmud ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့် လည်းကောင်း၊ အင်ဒိုနီးရှားအမျိုးသားတပ်မတော် ကာကွယ်ရေးဦးစီးချုပ် Air Chief Marshal Hadi Tjahjanto ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့်လည်းကောင်း နိုင်ငံအလိုက်သီးခြားစီတွေ့ဆုံဆွေးနွေး သည်။

တွေ့ဆုံပွဲများတွင် တပ်မတော်နှစ်ရပ်ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ဆောင်ရွက်ရေးနှင့် အပြန်အလှန်လည်ပတ်ရေး၊ တန်ပြန်အကြမ်းဖက်မှုနှိမ်နင်းရေးများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ စစ်ဘက်ဆေးပညာရပ်ဆိုင်ရာ ပညာရပ်များ အပြန်အလှန်ဖလှယ်ရေးနှင့် သင်တန်းသားများအပြန်အလှန်စေလွှတ်ရေးဆိုင်ရာကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲများအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အာဆီယံနိုင်ငံများမှ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များသည် အမှတ်တရလက်ဆောင်ပစ္စည်းများအပြန် အလှန်ပေးအပ်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။