တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးစီး၍ တပ်မတော်တွင် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ တတိယအကြိမ် ညှိနှိုင်း အစည်းအဝေးကျင်းပ

တပ်မတော်တွင် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ တတိယအကြိမ် ညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော်၊ ဧပြီ – ၁၄

ကမ္ဘာ့ကပ်ရောဂါ COVID-19 ကာကွယ်ရေး၊ ကုသရေးနှင့် အခြားလိုအပ်ချက်များ ဆောင်ရွက် ပေးနိုင်ရေး တတိယအကြိမ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လယ်ပိုင်းတွင် နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)အစည်းအဝေးခန်းမ၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးစီး၍ ကျင်းပပြုလုပ်သည်။

အဆိုပါ အစည်းအဝေးသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်အမှာစကား ပြောကြားရာ တွင် မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ပိုးတွေ့ရှိသူအရေအတွက် များပြားလာသဖြင့် စိုးရိမ်ရသည့် အခြေအနေဖြစ်၍ နိုင်ငံ၏အရေးကိစ္စ၊ အမျိုးသားရေးကိစ္စဖြစ်သည့်အတွက် တပ်မတော်အနေဖြင့် လုပ်နိုင်တာမှန်သမျှ ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်းနှင့် လက်ရှိ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ဆောင်ရွက်ရန်လိုအပ်မည့် အခြေအနေများအား ဆွေးနွေးကြရန် မှာကြားသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသူများက ရှင်းလင်းတင်ပြကြရာတွင် နိုင်ငံတကာနှင့် အာဆီယံနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့် မြန်မာနိုင်ငံ၌ COVID-19 ရောဂါနှင့်ပတ်သက်၍ ဖြစ်ပေါ်လျက်ရှိသည့် အခြေအနေများ၊ တပ်မတော်သားများနှင့် မိသားစုဝင်များတွင် ရောဂါပိုးတွေ့ရှိ သူ မရှိသေးသည့်အခြေအနေများ၊ တပ်မတော်သားများ၊ မိသားစုဝင်များ၊ ပြည်သူများအား သီးသန့် စောင့်ကြည့်မှု Quarantine ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဖောင်ကြီးရှိ ဗဟိုဝန်ထမ်း တက္ကသိုလ်(အောက်မြန်မာပြည်)၌ ဖွင့်လှစ်မည့် ဆေးရုံအတွက် တပ်မတော်သားဆရာဝန် သူနာပြုများအား အလှည့်ကျစနစ်ဖြင့် ဧပြီလ ၁၉ ရက်မှစ၍ စေလွှတ်ပေးသွားမည့် အခြေအနေများ၊ ရောဂါကာကွယ် ထိန်းချုပ်ရေးပစ္စည်းများ ဝယ်ယူလှူဒါန်းရရှိမှုနှင့် တပ်မတော်ဆေးရုံများ၊ ပြည်သူ့ ဆေးရုံများသို့ ဖြန့်ခွဲထုတ်ပေးမှုအခြေအနေများ၊ လက်သန့်ဆေးရည်၊ ဆေးဖြန်းကိရိယာ၊ Mask များ၊ PPE ဝတ်စုံများ ထုတ်လုပ်ဖြန့်ဝေဆောင်ရွက်ထားရှိမှုအခြေအနေများ၊ စစ်မှုထမ်း ဟောင်းများနှင့် တိုင်းပြည်အတွက် အသက်စွန့်လွှတ်ပေးခဲ့ရသည့် အရာရှိ၊ စစ်သည်များ၏ မိသားစုများအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ ရိက္ခာ ၄ မယ် ထောက်ပံ့ပေးမှု အခြေအနေများအား ရှင်းလင်းဆွေးနွေးတင်ပြကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များ ဖြည့်ဆည်း စီစဉ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြား ရာတွင် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးပစ္စည်းများအား လက်ဝယ်မထားဘဲ အမြန်ဆုံး ဆေးရုံများသို့ ဖြန့်ဝေပေးရန်လိုကြောင်း၊ Quarantine ထားရှိသူများအား သတ်မှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်းအတိုင်း တိတိကျကျ စစ်ဆေးကြပ်မတ်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးဖြန်းခြင်းအား ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး စသည့် အစိုးရရုံးစိုက်ရာ၊ စီးပွားရေး အချက်အချာကျသောမြို့များ၌ လူဦးရေသိပ်သည်း ထူထပ်သည့်နေရာများတွင် တပ်မတော်မှလေယာဉ်ကွင်းဆေးသည့် မော်တော်ယာဉ်များအပါအဝင် ရသမျှထုတ်နုတ်ပြီး ဆေးဖြန်း ပေးနိုင်ရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ ပြည်သူများအား COVID-19 ရောဂါကာကွယ်ရေးအတွက် ရုပ်မြင်သံကြား၊ ရေဒီယို၊ သတင်းစာများတွင် ပညာပေးအစီအစဉ်များ ထုတ်လွှင့်ရာ၌ လက်ဆေး ပြမှု၊ Home Stay နေထိုင်မှုတို့ဖြင့်သာ မပြည့်စုံဘဲ တစ်ကိုယ်ရည်သန့်ရှင်းရေး၊ နေအိမ်နှင့် ပတ်ဝန်းကျင် သန့်ရှင်းရေး၊ လေကောင်း၊ လေသန့်နှင့် နေရောင်ခြည် အလင်းရောင်ရရှိရေး၊ အိမ်တွင်းကိုယ်လက် လှုပ်ရှားမှုလေ့ကျင့်ခန်းများ ပြုလုပ်ရေး၊ အာဟာရပြည့်ဝစေမည့် အစားအစာများ စားသောက်ရေး စသည်များကို ထိထိရောက်ရောက် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြပေးရန်လိုကြောင်း၊ ရောဂါကူးစက် ဖြစ်ပွားလွယ်သော သက်ကြီးရွယ်အိုများနှင့် ဆေးရုံများတွင် တက်ရောက်လျက်ရှိသည့် လူနာများမှာ Weak ဖြစ်သူများဖြစ်သည့်အတွက် အာဟာရဖြစ်စေမည့် နွားနို့၊ ကြက်ဥ စသော အစားအသောက် များ စားသုံးနိုင်ရေးတပ်များမှ ကူညီပေးရန်လိုကြောင်း၊ လမ်းပန်းဆက်သွယ်မှုခက်ခဲပြီး ဝေးလံ ခေါင်ပါးသည့် ပြည်နယ်များရှိ ဒေသခံများအတွက် ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများအား တပ်နယ်အလိုက်နှင့် ရှေ့တန်းစခန်း၊ စစ်ကြောင်းများဖြင့် ကျေးလက် အရောက် သွားရောက်ဆောင်ရွက်ပေးကြရန်ဖြစ်ကြောင်း၊ သွားလာမှုကန့်သတ်ချက်စည်းကမ်း များအား တိကျစွာလိုက်နာဆောင်ရွက်ရေး တင်းတင်းကြပ်ကြပ်ဆောင်ရွက်ကြရန်လိုကြောင်း၊ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ စာရင်းဇယားများအား ရက်အလိုက်မှတ်တမ်းများ စနစ်တကျ ထားရှိရန်လိုကြောင်း၊ စစ်မှုထမ်းဟောင်းများနှင့် တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ကြသည့် အရာရှိ၊ စစ်သည်များ၏ မိသားစုများအတွက် လိုအပ်ပါက ရိက္ခာအမယ်လေးမျိုး ထပ်မံထောက်ပံ့ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရန်နှင့် ယခုအစည်းအဝေးများတွင် ဆွေးနွေးဆောင်ရွက်မှုများအား Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီနှင့် အမြန်ပူးပေါင်း ဆောင်ရွက်သွားရန် မှာကြားသည်။

ယနေ့အထိ တပ်မတော်အတွင်း COVID-19 ရောဂါကူးစက်ခံရသူ၊ ရောဂါပိုးတွေ့ရှိသူမရှိ (မရှိ)သေးဘဲ Hospital Quarantine စောင့်ကြည့်သူ တပ်မတော်သား(၁၁)ဦး၊ မှီခို(၇) ဦး၊ Home Quarantine စောင့်ကြည့်သူ၊တပ်မတော်သား(၂၀၇)ဦး၊ မှီခို(၁၀၈)ဦး၊ Facility Quarantine စောင့်ကြည့်သူ တပ်မတော်သား(၅၆)ဦး၊ မှီခို(၇၆)ဦးဖြစ်ပြီး Facility Quarantine စောင့်ကြည့်ရန်အတွက် ရန်ကုန် စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် ပြည်သူ (၁၅၄)ဦး၊ နေပြည်တော်စစ်ကြောရေးနှင့် တည်းခိုရေး စခန်းတွင် ပြည်သူ (၄၁၃)ဦး၊ ရွှေညောင် တည်းခိုရေးစခန်းတွင် (၂၆)ဦး၊ ကျိုင်းတုံမြို့ရှိ တပ်မတော် တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းတွင်(၁)ဦး စုစုပေါင်း ပြည်သူ(၅၉၄)ဦးတို့ ဖြစ်ကြောင်းနှင့် ၎င်းတို့အားလုံး၏ ကျန်းမာရေးအခြေအနေကောင်းမွန်လျက်ရှိသည်။

(Zawgyi Version)

တပ္မေတာ္တြင္ COVID-19 ေရာဂါကာကြယ္ထိန္းခ်ဳပ္ကုသေရးဆိုင္ရာ တတိယအႀကိမ္ ညႇိႏႈိင္း အစည္းအေဝးက်င္းပ

ေနျပည္ေတာ္၊ ဧၿပီ – ၁၄

ကမာၻ႔ကပ္ေရာဂါ COVID-19 ကာကြယ္ေရး၊ ကုသေရးႏွင့္ အျခားလိုအပ္ခ်က္မ်ား ေဆာင္႐ြက္ ေပးႏိုင္ေရး တတိယအႀကိမ္ညႇိႏႈိင္းအစည္းအေဝးကို ယေန႔ေန႔လယ္ပိုင္းတြင္ ေနျပည္ေတာ္ရွိ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)အစည္းအေဝးခန္းမ၌ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဦးစီး၍ က်င္းပျပဳလုပ္သည္။

အဆိုပါ အစည္းအေဝးသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၊ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း၊ ကာကြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိန္ဝင္း၊ ညႇိႏႈိင္းကြပ္ကဲေရးမႉး (ၾကည္း၊ ေရ၊ ေလ) ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က အဖြင့္အမွာစကား ေျပာၾကားရာ တြင္ ျမန္မာႏိုင္ငံတြင္ COVID-19 ေရာဂါ ပိုးေတြ႕ရွိသူအေရအတြက္ မ်ားျပားလာသျဖင့္ စိုးရိမ္ရသည့္ အေျခအေနျဖစ္၍ ႏိုင္ငံ၏အေရးကိစၥ၊ အမ်ိဳးသားေရးကိစၥျဖစ္သည့္အတြက္ တပ္မေတာ္အေနျဖင့္ လုပ္ႏိုင္တာမွန္သမွ် ေဆာင္႐ြက္ေပးသြားရမည္ျဖစ္ေၾကာင္းႏွင့္ လက္ရွိ ေဆာင္႐ြက္လ်က္ရွိသည့္ အေျခအေနမ်ား၊ ေဆာင္႐ြက္ရန္လိုအပ္မည့္ အေျခအေနမ်ားအား ေဆြးေႏြးၾကရန္ မွာၾကားသည္။

ထို႔ေနာက္ အစည္းအေဝးတက္ေရာက္လာၾကသူမ်ားက ရွင္းလင္းတင္ျပၾကရာတြင္ ႏိုင္ငံတကာႏွင့္ အာဆီယံႏိုင္ငံမ်ား၊ အိမ္နီးခ်င္းႏိုင္ငံမ်ားႏွင့္ ျမန္မာႏိုင္ငံ၌ COVID-19 ေရာဂါႏွင့္ပတ္သက္၍ ျဖစ္ေပၚလ်က္ရွိသည့္ အေျခအေနမ်ား၊ တပ္မေတာ္သားမ်ားႏွင့္ မိသားစုဝင္မ်ားတြင္ ေရာဂါပိုးေတြ႕ရွိ သူ မရွိေသးသည့္အေျခအေနမ်ား၊ တပ္မေတာ္သားမ်ား၊ မိသားစုဝင္မ်ား၊ ျပည္သူမ်ားအား သီးသန႔္ ေစာင့္ၾကည့္မႈ Quarantine ေဆာင္႐ြက္ထားရွိမႈ အေျခအေနမ်ား၊ ေဖာင္ႀကီးရွိ ဗဟိုဝန္ထမ္း တကၠသိုလ္(ေအာက္ျမန္မာျပည္)၌ ဖြင့္လွစ္မည့္ ေဆး႐ုံအတြက္ တပ္မေတာ္သားဆရာဝန္ သူနာျပဳမ်ားအား အလွည့္က်စနစ္ျဖင့္ ဧၿပီလ ၁၉ ရက္မွစ၍ ေစလႊတ္ေပးသြားမည့္ အေျခအေနမ်ား၊ ေရာဂါကာကြယ္ ထိန္းခ်ဳပ္ေရးပစၥည္းမ်ား ဝယ္ယူလႉဒါန္းရရွိမႈႏွင့္ တပ္မေတာ္ေဆး႐ုံမ်ား၊ ျပည္သူ႔ ေဆး႐ုံမ်ားသို႔ ျဖန႔္ခြဲထုတ္ေပးမႈအေျခအေနမ်ား၊ လက္သန႔္ေဆးရည္၊ ေဆးျဖန္းကိရိယာ၊ Mask မ်ား၊ PPE ဝတ္စုံမ်ား ထုတ္လုပ္ျဖန႔္ေဝေဆာင္႐ြက္ထားရွိမႈအေျခအေနမ်ား၊ စစ္မႈထမ္း ေဟာင္းမ်ားႏွင့္ တိုင္းျပည္အတြက္ အသက္စြန႔္လႊတ္ေပးခဲ့ရသည့္ အရာရွိ၊ စစ္သည္မ်ား၏ မိသားစုမ်ားအတြက္ ဆန္၊ ဆီ၊ ဆား၊ ပဲ ရိကၡာ ၄ မယ္ ေထာက္ပံ့ေပးမႈ အေျခအေနမ်ားအား ရွင္းလင္းေဆြးေႏြးတင္ျပၾကရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က လိုအပ္သည္မ်ား ျဖည့္ဆည္း စီစဥ္ညႇိႏႈိင္းေဆာင္႐ြက္ေပးသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အမွာစကားေျပာၾကား ရာတြင္ COVID-19 ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးပစၥည္းမ်ားအား လက္ဝယ္မထားဘဲ အျမန္ဆုံး ေဆး႐ုံမ်ားသို႔ ျဖန႔္ေဝေပးရန္လိုေၾကာင္း၊ Quarantine ထားရွိသူမ်ားအား သတ္မွတ္ထားသည့္ စည္းမ်ဥ္း၊ စည္းကမ္းအတိုင္း တိတိက်က် စစ္ေဆးၾကပ္မတ္ေဆာင္႐ြက္ေပးရမည္ျဖစ္ေၾကာင္း၊ ကာကြယ္ေဆးျဖန္းျခင္းအား ပိုမိုထိေရာက္စြာ ေဆာင္႐ြက္ႏိုင္ရန္အတြက္ ေနျပည္ေတာ္၊ ရန္ကုန္၊ မႏၲေလး စသည့္ အစိုးရ႐ုံးစိုက္ရာ၊ စီးပြားေရး အခ်က္အခ်ာက်ေသာၿမိဳ႕မ်ား၌ လူဦးေရသိပ္သည္း ထူထပ္သည့္ေနရာမ်ားတြင္ တပ္မေတာ္မွေလယာဥ္ကြင္းေဆးသည့္ ေမာ္ေတာ္ယာဥ္မ်ားအပါအဝင္ ရသမွ်ထုတ္ႏုတ္ၿပီး ေဆးျဖန္း ေပးႏိုင္ေရး ေဆာင္႐ြက္ေပးရန္လိုေၾကာင္း၊ ျပည္သူမ်ားအား COVID-19 ေရာဂါကာကြယ္ေရးအတြက္ ႐ုပ္ျမင္သံၾကား၊ ေရဒီယို၊ သတင္းစာမ်ားတြင္ ပညာေပးအစီအစဥ္မ်ား ထုတ္လႊင့္ရာ၌ လက္ေဆး ျပမႈ၊ Home Stay ေနထိုင္မႈတို႔ျဖင့္သာ မျပည့္စုံဘဲ တစ္ကိုယ္ရည္သန႔္ရွင္းေရး၊ ေနအိမ္ႏွင့္ ပတ္ဝန္းက်င္ သန႔္ရွင္းေရး၊ ေလေကာင္း၊ ေလသန႔္ႏွင့္ ေနေရာင္ျခည္ အလင္းေရာင္ရရွိေရး၊ အိမ္တြင္းကိုယ္လက္ လႈပ္ရွားမႈေလ့က်င့္ခန္းမ်ား ျပဳလုပ္ေရး၊ အာဟာရျပည့္ဝေစမည့္ အစားအစာမ်ား စားေသာက္ေရး စသည္မ်ားကို ထိထိေရာက္ေရာက္ က်ယ္က်ယ္ျပန႔္ျပန႔္ ေဖာ္ျပေပးရန္လိုေၾကာင္း၊ ေရာဂါကူးစက္ ျဖစ္ပြားလြယ္ေသာ သက္ႀကီး႐ြယ္အိုမ်ားႏွင့္ ေဆး႐ုံမ်ားတြင္ တက္ေရာက္လ်က္ရွိသည့္ လူနာမ်ားမွာ Weak ျဖစ္သူမ်ားျဖစ္သည့္အတြက္ အာဟာရျဖစ္ေစမည့္ ႏြားႏို႔၊ ၾကက္ဥ စေသာ အစားအေသာက္ မ်ား စားသုံးႏိုင္ေရးတပ္မ်ားမွ ကူညီေပးရန္လိုေၾကာင္း၊ လမ္းပန္းဆက္သြယ္မႈခက္ခဲၿပီး ေဝးလံ ေခါင္ပါးသည့္ ျပည္နယ္မ်ားရွိ ေဒသခံမ်ားအတြက္ ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးဆိုင္ရာ က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ားအား တပ္နယ္အလိုက္ႏွင့္ ေရွ႕တန္းစခန္း၊ စစ္ေၾကာင္းမ်ားျဖင့္ ေက်းလက္ အေရာက္ သြားေရာက္ေဆာင္႐ြက္ေပးၾကရန္ျဖစ္ေၾကာင္း၊ သြားလာမႈကန႔္သတ္ခ်က္စည္းကမ္း မ်ားအား တိက်စြာလိုက္နာေဆာင္႐ြက္ေရး တင္းတင္းၾကပ္ၾကပ္ေဆာင္႐ြက္ၾကရန္လိုေၾကာင္း၊ ေဆာင္႐ြက္လ်က္ရွိသည့္ လုပ္ငန္းမ်ား၊ စာရင္းဇယားမ်ားအား ရက္အလိုက္မွတ္တမ္းမ်ား စနစ္တက် ထားရွိရန္လိုေၾကာင္း၊ စစ္မႈထမ္းေဟာင္းမ်ားႏွင့္ တိုင္းျပည္အတြက္ အသက္ေပးလႉခဲ့ၾကသည့္ အရာရွိ၊ စစ္သည္မ်ား၏ မိသားစုမ်ားအတြက္ လိုအပ္ပါက ရိကၡာအမယ္ေလးမ်ိဳး ထပ္မံေထာက္ပံ့ေပးႏိုင္ေရး စီစဥ္ေဆာင္႐ြက္ထားရန္ႏွင့္ ယခုအစည္းအေဝးမ်ားတြင္ ေဆြးေႏြးေဆာင္႐ြက္မႈမ်ားအား Coronavirus Disease 2019(COVID-19) ထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚတုန႔္ျပန္ေရးေကာ္မတီႏွင့္ အျမန္ပူးေပါင္း ေဆာင္႐ြက္သြားရန္ မွာၾကားသည္။

ယေန႔အထိ တပ္မေတာ္အတြင္း COVID-19 ေရာဂါကူးစက္ခံရသူ၊ ေရာဂါပိုးေတြ႕ရွိသူမရွိ (မရွိ)ေသးဘဲ Hospital Quarantine ေစာင့္ၾကည့္သူ တပ္မေတာ္သား(၁၁)ဦး၊ မွီခို(၇) ဦး၊ Home Quarantine ေစာင့္ၾကည့္သူ၊တပ္မေတာ္သား(၂၀၇)ဦး၊ မွီခို(၁၀၈)ဦး၊ Facility Quarantine ေစာင့္ၾကည့္သူ တပ္မေတာ္သား(၅၆)ဦး၊ မွီခို(၇၆)ဦးျဖစ္ၿပီး Facility Quarantine ေစာင့္ၾကည့္ရန္အတြက္ ရန္ကုန္ စစ္ေၾကာေရးႏွင့္ တည္းခိုေရးစခန္းတြင္ ျပည္သူ (၁၅၄)ဦး၊ ေနျပည္ေတာ္စစ္ေၾကာေရးႏွင့္ တည္းခိုေရး စခန္းတြင္ ျပည္သူ (၄၁၃)ဦး၊ ေ႐ႊေညာင္ တည္းခိုေရးစခန္းတြင္ (၂၆)ဦး၊ က်ိဳင္းတုံၿမိဳ႕ရွိ တပ္မေတာ္ တန္းျမင့္ ေလ့က်င့္ေရးသင္တန္းေက်ာင္းတြင္(၁)ဦး စုစုေပါင္း ျပည္သူ(၅၉၄)ဦးတို႔ ျဖစ္ေၾကာင္းႏွင့္ ၎တို႔အားလုံး၏ က်န္းမာေရးအေျခအေနေကာင္းမြန္လ်က္ရွိသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။