တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး H.E. Mr. Tateshi HIGUCHI အား လက်ခံတွေ့ဆုံ

ေနျပည္ေတာ္၊ မတ္ – ၁၄

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ တာ၀န္ၿပီးဆုံး၍ ျပန္လည္ထြက္ခြာမည့္ ျမန္မာႏုိင္ငံဆုိင္ရာ ဂ်ပန္ႏုိင္ငံသံအမတ္ႀကီး H.E. Mr. Tateshi HIGUCHI အား ယေန႔ညေနပုိင္းတြင္ ေနျပည္ေတာ္ရွိဘုရင့္ေနာင္ရိပ္သာ ဧည့္ခန္းမေဆာင္၌လက္ခံေတြ႕ဆုံသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယ ဗုိလ္ခ်ဳပ္ႀကီး စုိးထြဋ္ႏွင့္တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး ျမန္မာႏုိင္ငံဆုိင္ရာဂ်ပန္ႏုိင္ငံ သံအမတ္ႀကီးႏွင့္အတူ စစ္သံမွဴး Col.Kei TAJIKA တုိ႔ တက္ေရာက္ၾကသည္။

ထုိသုိ႔ေတြ႕ဆုံရာတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က သံအမတ္ႀကီး၏ တာ၀န္ထမ္းေဆာင္ခ်ိန္ ကာလအတြင္း ျမန္မာ-ဂ်ပန္ ႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား အဆင့္လုိက္ခ်စ္ၾကည္ေရး ခရီးမ်ားအျပန္ အလွန္လည္ပတ္ျခင္း၊ ႏွစ္ႏုိင္ငံခ်စ္ၾကည္ရင္းႏွီးမႈႏွင့္ပူးေပါင္းေဆာင္ရြက္မႈမ်ားကုိ ပုိမုိျမႇင့္တင္ေဆာင္ရြက္ေပးႏုိင္ခဲ့သည့္အတြက္ ၀မ္းေျမာက္ဂုဏ္ယူပါေၾကာင္းဦးစြာေျပာၾကားၿပီး၊ ရခုိင္ျပည္နယ္၊ ဘူးသီးေတာင္၊ ေမာင္ေတာေဒသ ျဖစ္စဥ္မ်ားႏွင့္ပတ္သက္၍ ျမန္မာႏုိင္ငံအစုိးရႏွင့္တပ္မေတာ္၏ ေျဖရွင္းေဆာင္ရြက္ေနမႈ အေျခအေနမွန္မ်ား၊ ျမန္မာႏုိင္ငံ၏ျပည္တြင္းၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားတြင္ ဂ်ပန္ႏုိင္ငံက ကူညီ ေဆာင္ရြက္ေပးမႈႏွင့္ ဖြံ႕ၿဖိဳးတုိးတက္ေရးလုပ္ငန္းမ်ားတြင္ ႏွစ္ႏုိင္ငံပူးေပါင္းေဆာင္ရြက္ ေနမႈကိစၥရပ္မ်ား၊ မူးယစ္ေဆး၀ါးပ ေပ်ာက္ေရးအတြက္ ဂ်ပန္ႏုိင္ငံမွကူညီေဆာင္ရြက္ ေပးမည့္အေျခအေနမ်ားႏွင့္ ႏွစ္ႏုိင္ငံ တပ္မေတာ္ႏွစ္ရပ္ အၾကား ခ်စ္ၾကည္ရင္းႏွီးမႈႏွင့္ ပူးေပါင္းေဆာင္ရြက္မႈလုပ္ငန္းမ်ား ဆက္လက္ျမႇင့္တင္ ေဆာင္ရြက္ေရး ဆုိင္ရာကိစၥရပ္မ်ားအား ရင္းႏွီးပြင့္လင္းစြာအျပန္အလွန္အျမင္ခ်င္းဖလွယ္ေဆြးေႏြးၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ျမန္မာႏုိင္ငံဆုိင္ရာ ဂ်ပန္ႏုိင္ငံသံအမတ္ႀကီးအား အမွတ္တရလက္ေဆာင္ပစၥည္းေပးအပ္ခဲ့သည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး H.E. Mr. Tateshi HIGUCHI အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ မတ် – ၁၄

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး H.E. Mr. Tateshi HIGUCHI အား ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့်တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာဂျပန်နိုင်ငံ သံအမတ်ကြီးနှင့်အတူ စစ်သံမှူး Col.Kei TAJIKA တို့တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သံအမတ်ကြီး၏ တာဝန်ထမ်းဆောင်ချိန် ကာလအတွင်း မြန်မာ-ဂျပန် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား အဆင့်လိုက်ချစ်ကြည်ရေး ခရီးများအပြန် အလှန်လည်ပတ်ခြင်း၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု နှင့်ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်ဆောင်ရွက်ပေး နိုင်ခဲ့သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်းဦးစွာပြောကြားပြီး၊ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောဒေသ ဖြစ်စဉ်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံအစိုးရနှင့်တပ်မတော်၏ ဖြေရှင်းဆောင်ရွက်နေမှု အခြေအနေမှန်များ၊ မြန်မာနိုင်ငံ၏ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ဂျပန်နိုင်ငံက ကူညီ ဆောင်ရွက်ပေးမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက် နေမှုကိစ္စရပ်များ၊ မူးယစ် ဆေးဝါးပ ပျောက်ရေးအတွက် ဂျပန်နိုင်ငံမှကူညီဆောင်ရွက် ပေးမည့်အခြေအနေများနှင့် နှစ်နိုင်ငံ တပ်မတော် နှစ်ရပ် အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများ ဆက်လက်မြှင့်တင် ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာအပြန်အလှန်အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီးအား အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်ခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။