တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခေါင်လန်ဖူးမြို့ရှိ ရပ်မိရပ်ဖများ၊ ဒေသခံ တိုင်းရင်းသားများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူ့စစ် ဌာနေအဖွဲ့ဝင်များအားရင်းရင်းနှီးနှီးတွေ့ဆုံ

ေနျပည္ေတာ္၊ မတ္ – ၂၀

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ဇနီးေဒၚၾကဴၾကဴလွ၊ နယ္စပ္ေရးရာ ၀န္ႀကီးဌာနျပည္ေထာင္စု၀န္ႀကီး ဒုတိယဗုိလ္ခ်ဳပ္ႀကီး ရဲေအာင္၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေလ) ဗုိလ္ခ်ဳပ္ႀကီးေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း)မွ တပ္မေတာ္ အရာရွိႀကီးမ်ား၊ ေျမာက္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္ခ်ဳပ္ညီညီေဆြ၊ ျပည္ထဲေရး ၀န္ႀကီးဌာနဒုတိယ၀န္ႀကီး ဗုိလ္ခ်ဳပ္ေအာင္စုိးတုိ႔လုိက္ပါၿပီး ယေန႔ေန႔လယ္ပုိင္းတြင္ ကခ်င္ျပည္နယ္၊ ပူတာအုိ ခ႐ိုင္၊ ေခါင္လန္ဖူးၿမိဳ႕သုိ႔ေရာက္ရွိရာ ေခါင္လန္ဖူးၿမိဳ႕ရွိ ဌာနဆုိင္ရာ တာ၀န္ရွိသူမ်ား၊ ရပ္မိရပ္ဖမ်ား၊ ေဒသခံျပည္သူမ်ားႏွင့္ ျပည္သူ႕စစ္ဌာေနအဖြဲ႕၀င္မ်ားက ႀကိဳဆုိႏႈတ္ဆက္ၾကသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ရပ္မိရပ္ဖမ်ား၊ ေဒသခံ တုိင္းရင္းသားမ်ား၊ ဌာနဆုိင္ရာတာ၀န္ ရွိသူမ်ားႏွင့္ ျပည္သူ႕စစ္ဌာေနအဖြဲ႕၀င္မ်ားအား ေတြ႕ဆုံရာတြင္ ေခါင္လန္ဖူးေဒသသည္သြားလာေရး ခက္ခဲသည့္ေဒသတစ္ခုျဖစ္ေၾကာင္း၊ ထုိ႔ေၾကာင့္ ေဒသဖြံ႕ၿဖိဳးေရးႏွင့္လမ္းပန္းဆက္သြယ္မႈ ေကာင္းမြန္ေရး အတြက္ အစုိးရမွ ေဆာင္ရြက္ေပးေနသကဲ့သုိ႔ တပ္မေတာ္မွလည္းကူညီေဆာင္ရြက္ေပးလ်က္ရွိေၾကာင္း၊ လမ္းပန္းဆက္သြယ္မႈေကာင္းမွသာ အျခားက႑မ်ားမွာလည္း တုိးတက္ေကာင္းမြန္လာမည္ျဖစ္ေၾကာင္း၊ ထုိ႔အတူစားေသာက္ေရးႏွင့္ပတ္သက္၍ လုိအပ္ခ်က္ရွိတုိင္း တပ္မေတာ္မွရဟတ္ယာဥ္မ်ားျဖင့္ ပုိ႔ေဆာင္ ေပးလ်က္ရွိေၾကာင္း၊ ေဒသခံမ်ားအေနျဖင့္လည္း ေဒသတြင္း၀မ္းစာဖူလုံေရးအတြက္စုိက္ဧကတုိးခ်ဲ႕ျခင္း၊ သီးႏွံပုိမုိထြက္ရွိ ေအာင္ေဆာင္ရြက္ျခင္းႏွင့္ ေမြးျမဴေရးလုပ္ငန္းမ်ားကုိစနစ္တက်ေဆာင္ရြက္ရန္ လုိေၾကာင္း၊ ေဒသခံျပည္သူမ်ား၊ ဌာနဆုိင္ရာမ်ားႏွင့္ နယ္ေျမခံတပ္မွတာ၀န္ရွိသူမ်ား ပူးေပါင္း၍ ၀မ္းစာဖူလုံေရးအတြက္ အဓိကလုိအပ္ခ်က္ျဖစ္သည့္ စပါးအထြက္ႏႈန္းတုိးရန္အတြက္ ေဆာင္ရြက္ရန္လိုေၾကာင္း တိုိက္တြန္း ေျပာၾကား သည္။

ထုိ႔ေနာက္ ေ၀းလံေခါင္ပါး၍ သြားလာမႈခက္ခဲသည့္ေဒသျဖစ္သျဖင့္ က်န္းမာေရး ကုိလည္းအထူးဂ႐ုစုိက္ရန္ လုိေၾကာင္း၊ အုပ္ခ်ဳပ္မႈခက္ခဲသည့္ေဒသျဖစ္သျဖင့္ တစ္ဦးႏွင့္တစ္ဦး ညီရင္းအစ္ကုိစိတ္ဓာတ္ျဖင့္ ညီညီ ၫြတ္ၫြတ္ေနထုိင္ရန္လုိေၾကာင္း၊ မိမိတုိ႔ တပ္မေတာ္တြင္လည္းစည္းလုံး ညီၫြတ္စြာျဖင့္ေနထုိင္ လ်က္ရွိ ေၾကာင္း၊ ေသြးစည္းညီၫြတ္မႈရွိမွ ေတြ႕ႀကဳံလာရသည့္အခက္အခဲမ်ားကုိ ေအာင္ျမင္စြာ ျဖတ္ေက်ာ္ႏုိင္မည္ျဖစ္ ေၾကာင္း၊ ယခုေဒသသည္တစ္ဖက္ႏုိင္ငံႏွင့္နီးကပ္ေသာေၾကာင့္ တရားဥပေဒစုိးမုိးေရး၊ တုိင္းျပည္၏ အခ်ဳပ္အျခာအာဏာမထိခုိက္ေစေရး၊ မိမိတုိ႔ႏုိင္ငံ၏ သယံဇာတ မ်ားဆုံး႐ႈံးျခင္းမရွိဘဲ စနစ္တက်ရွိေရးအတြက္ ေဒသခံတုိင္းရင္းသားမ်ားအေနျဖင့္ အုပ္ခ်ဳပ္မႈ အဖြဲ႕အစည္းမ်ားႏွင့္ပူးေပါင္းကာကြယ္သြားၾကရန္ လုိေၾကာင္း ေျပာၾကားသည္။

ယင္းေနာက္ ေဒသဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားေဆာင္ရြက္ႏုိင္ရန္အတြက္ အသိပညာ၊ အတတ္ ပညာမ်ားရွိရန္ လုိေၾကာင္း၊ ထုိ႔ေၾကာင့္သားသမီးမ်ား၏ ပညာေရးကုိ ျမႇင့္တင္ေဆာင္ရြက္ေပးရန္လုိေၾကာင္း၊ ယခုလက္ရွိဒီမုိ ကေရစီ လမ္းေၾကာင္းေပၚတြင္ ေလွ်ာက္လွမ္းေနခ်ိန္၌ မွန္ကန္ေသာဒီမုိကေရစီ အေလ့အက်င့္ရေအာင္ ေဆာင္ရြက္ရန္လုိေၾကာင္း၊ မိမိတုိ႔အေနျဖင့္ဘာသာေရးအရခြဲျခားမႈ၊ လူမ်ိဳးေရးအရခြဲျခားမႈမ်ား လုံး၀မရွိဘဲ တူညီသည့္စိတ္ဓာတ္ျဖင့္ေဆာင္ရြက္ေနေၾကာင္း၊ မူးယစ္ေဆး၀ါး ေရာင္း၀ယ္သယ္ေဆာင္ျခင္း၊ သုံးစြဲျခင္းမ်ား မျဖစ္ေပၚေစရန္ႏွင့္ အရက္ေသစာ ေသာက္စားမႈမ်ားကုိလည္း ထိန္းသိမ္းေဆာင္ရြက္ၾကေစ လုိေၾကာင္း ေျပာၾကားသည္။

ထုိ႔ေနာက္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးႏွင့္ ေဒသခံရပ္မိရပ္ဖမ်ား၊ ဌာနဆုိင္ရာတာ၀န္ ရွိသူမ်ားက ေခါင္လန္ဖူးၿမိဳ႕အခ်က္အလက္မ်ားႏွင့္လုိအပ္ခ်က္မ်ားကုိ တင္ျပၾကရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ၫႇိႏႈိင္းျဖည့္ဆည္းေဆာင္ရြက္ေပးသည္။ ယင္းေနာက္ နယ္စပ္ေရးရာ၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဒုတိယဗုိလ္ခ်ဳပ္ႀကီးရဲေအာင္က မေဂြဇ- ေခါင္လန္္ဖူးလမ္းေဖာက္လုပ္ေနမႈအား ေဒသခံျပည္သူမ်ားကုိ ရွင္းလင္း ေျပာၾကားသည္။

၎ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္ေအာင္လႈိင္ ႏွင့္ဇနီးေဒၚၾကဴၾကဴလွတုိ႔က ေဒသခံတုိင္းရင္းသားမ်ားအတြက္ ပန္းေပါင္းစုံဗုဒၶ႐ုပ္ပြားေတာ္မ်ားႏွင့္ ခရစ္ယာန္ဘာသာ၀င္မ်ားအတြက္ သမၼာက်မ္းစာအုပ္မ်ား၊ ေခါက္ဆြဲေၾကာ္ ႏွင့္ကိတ္မုန္႕စသည့္ စားေသာက္ဖြယ္ရာမ်ားအားလည္းေကာင္း၊ နယ္စပ္ေရးရာ၀န္ႀကီး ဌာနျပည္ေထာင္စု၀န္ႀကီး ဒုတိယဗုိလ္ခ်ဳပ္ႀကီးရဲေအာင္၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီးတင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ တပ္မေတာ္ အရာရွိႀကီး မ်ားက ၾကက္ဥ၊ ေခါက္ဆြဲေျခာက္ႏွင့္ ငါးေျခာက္စသည့္ စားေသာက္ဖြယ္ရာမ်ားကုိလည္းေကာင္း အသီးသီးေပးအပ္ရာ ရပ္မိရပ္ဖမ်ားႏွင့္ ေဒသခံျပည္သူမ်ားကလက္ခံရယူၾကသည္။ ထုိ႔ေနာက္တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္၊ ဇနီးႏွင့္အဖြဲ႕၀င္မ်ားသည္ ေဒသခံျပည္သူမ်ားအားရင္းရင္း ႏွီးႏွီးႏႈတ္ဆက္ၿပီး ေဒသခံျပည္သူမ်ားႏွင့္အတူအမွတ္တရစုေပါင္းဓာတ္ပုံ႐ုိက္ခဲ့ၾကသည္။

ေခါင္လန္ဖူးၿမိဳ႕နယ္သည္ ျမန္မာႏုိင္ငံေျမာက္ဖ်ားတြင္တည္ရွိၿပီး ပူတာအုိခ႐ုိင္ အတြင္းပါ၀င္၍ အေရွ႕ဘက္ႏွင့္ေျမာက္ဘက္တြင္တ႐ုတ္ျပည္သူ႕သမၼတႏုိင္ငံႏွင့္ နီးစပ္စြာတည္ရွိသည္။ ပတ္၀န္းက်င္တြင္ ေရခဲေတာင္ႏွင့္ သဘာ၀႐ႈေမွ်ာ္ခင္းမ်ားျဖင့္ သာယာလွပေသာ ေခါင္လန္ဖူးၿမိဳ႕နယ္တြင္ ရပ္ကြက္ ၄ ခု၊ ေက်းရြာအုပ္စု ၂၃ စုႏွင့္ ေက်းရြာေပါင္း ၁၄၄ ရြာတည္ရွိၿပီး ရ၀မ္ႏွင့္ လီဆူလူမ်ိဳးစုလူဦးေရ ၁၃၅၃၉ ဦးေန ထုိင္လ်က္ရွိေၾကာင္းႏွင့္ ယခုအခါတြင္ေခါင္လန္ဖူးေဒသဖြံ႕ၿဖိဳးေရးအတြက္ နယ္စပ္ေရးရာ ၀န္ႀကီးဌာနႏွင့္ စစ္အင္ဂ်င္နီယာၫႊန္ၾကားေရးမွဴး႐ုံးတုိ႔ပူးေပါင္း၍ မေဂြဇ- ေခါင္လန္ဖူး ကားလမ္းအားေဖာက္လုပ္လ်က္ရွိၿပီး ၂၀၁၉ ခုႏွစ္အတြင္းၿပီးစီးမည္ျဖစ္ပါသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခေါင်လန်ဖူးမြို့ရှိ ရပ်မိရပ်ဖများ၊ ဒေသခံ တိုင်းရင်းသားများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူ့စစ် ဌာနေအဖွဲ့ဝင်များအားရင်းရင်းနှီးနှီးတွေ့ဆုံ

နေပြည်တော်၊ မတ်  ၂၀

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှ၊ နယ်စပ်ရေးရာ ၀န်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညီညီဆွေ၊ ပြည်ထဲရေး ၀န်ကြီးဌာနဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးတို့လိုက်ပါပြီး ယနေ့နေ့လယ်ပိုင်းတွင် ကချင်ပြည်နယ်၊ ပူတာအို ခရိုင်၊ ခေါင်လန်ဖူးမြို့သို့ရောက်ရှိရာ ခေါင်လန်ဖူးမြို့ရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့် ပြည်သူ့စစ်ဌာနေအဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရပ်မိရပ်ဖများ၊ ဒေသခံ တိုင်းရင်းသားများ၊ ဌာနဆိုင်ရာတာဝန် ရှိသူများနှင့် ပြည်သူ့စစ်ဌာနေအဖွဲ့ဝင်များအား တွေ့ဆုံရာတွင် ခေါင်လန်ဖူးဒေသသည်သွားလာရေး ခက်ခဲသည့်ဒေသတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် ဒေသဖွံ့ဖြိုးရေးနှင့်လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေး အတွက် အစိုးရမှ ဆောင်ရွက်ပေးနေသကဲ့သို့ တပ်မတော်မှလည်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လမ်းပန်းဆက်သွယ်မှုကောင်းမှသာ အခြားကဏ္ဍများမှာလည်း တိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ ထို့အတူစားသောက်ရေးနှင့်ပတ်သက်၍ လိုအပ်ချက်ရှိတိုင်း တပ်မတော်မှရဟတ်ယာဉ်များဖြင့် ပို့ဆောင် ပေးလျက်ရှိကြောင်း၊ ဒေသခံများအနေဖြင့်လည်း ဒေသတွင်းဝမ်းစာဖူလုံရေးအတွက်စိုက်ဧကတိုးချဲ့ခြင်း၊ သီးနှံပိုမိုထွက်ရှိ အောင်ဆောင်ရွက်ခြင်းနှင့် မွေးမြူရေးလုပ်ငန်းများကိုစနစ်တကျဆောင်ရွက်ရန် လိုကြောင်း၊ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာများနှင့် နယ်မြေခံတပ်မှတာဝန်ရှိသူများ ပူးပေါင်း၍ ၀မ်းစာဖူလုံရေးအတွက် အဓိကလိုအပ်ချက်ဖြစ်သည့် စပါးအထွက်နှုန်းတိုးရန်အတွက် ဆောင်ရွက်ရန်လိုကြောင်း တိိုက်တွန်း ပြောကြား သည်။

ထို့နောက် ဝေးလံခေါင်ပါး၍ သွားလာမှုခက်ခဲသည့်ဒေသဖြစ်သဖြင့် ကျန်းမာရေး ကိုလည်းအထူးဂရုစိုက်ရန် လိုကြောင်း၊ အုပ်ချုပ်မှုခက်ခဲသည့်ဒေသဖြစ်သဖြင့် တစ်ဦးနှင့်တစ်ဦး ညီရင်းအစ်ကိုစိတ်ဓာတ်ဖြင့် ညီညီ ညွတ်ညွတ်နေထိုင်ရန်လိုကြောင်း၊ မိမိတို့ တပ်မတော်တွင်လည်းစည်းလုံး ညီညွတ်စွာဖြင့်နေထိုင် လျက်ရှိ ကြောင်း၊ သွေးစည်းညီညွတ်မှုရှိမှ တွေ့ကြုံလာရသည့်အခက်အခဲများကို အောင်မြင်စွာ ဖြတ်ကျော်နိုင်မည်ဖြစ် ကြောင်း၊ ယခုဒေသသည်တစ်ဖက်နိုင်ငံနှင့်နီးကပ်သောကြောင့် တရားဥပဒေစိုးမိုးရေး၊ တိုင်းပြည်၏ အချုပ်အခြာအာဏာမထိခိုက်စေရေး၊ မိမိတို့နိုင်ငံ၏ သယံဇာတ များဆုံးရှုံးခြင်းမရှိဘဲ စနစ်တကျရှိရေးအတွက် ဒေသခံတိုင်းရင်းသားများအနေဖြင့် အုပ်ချုပ်မှု အဖွဲ့အစည်းများနှင့်ပူးပေါင်းကာကွယ်သွားကြရန် လိုကြောင်း ပြောကြားသည်။

ယင်းနောက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် အသိပညာ၊ အတတ် ပညာများရှိရန် လိုကြောင်း၊ ထို့ကြောင့်သားသမီးများ၏ ပညာရေးကို မြှင့်တင်ဆောင်ရွက်ပေးရန်လိုကြောင်း၊ ယခုလက်ရှိဒီမို ကရေစီ လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေချိန်၌ မှန်ကန်သောဒီမိုကရေစီ အလေ့အကျင့်ရအောင် ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့အနေဖြင့်ဘာသာရေးအရခွဲခြားမှု၊ လူမျိုးရေးအရခွဲခြားမှုများ လုံးဝမရှိဘဲ တူညီသည့်စိတ်ဓာတ်ဖြင့်ဆောင်ရွက်နေကြောင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ်သယ်ဆောင်ခြင်း၊ သုံးစွဲခြင်းများ မဖြစ်ပေါ်စေရန်နှင့် အရက်သေစာ သောက်စားမှုများကိုလည်း ထိန်းသိမ်းဆောင်ရွက်ကြစေ လိုကြောင်း ပြောကြားသည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဒေသခံရပ်မိရပ်ဖများ၊ ဌာနဆိုင်ရာတာဝန် ရှိသူများက ခေါင်လန်ဖူးမြို့အချက်အလက်များနှင့်လိုအပ်ချက်များကို တင်ပြကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ယင်းနောက် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်က မဂွေဇ- ခေါင်လန််ဖူးလမ်းဖောက်လုပ်နေမှုအား ဒေသခံပြည်သူများကို ရှင်းလင်း ပြောကြားသည်။

၎င်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင် နှင့်ဇနီးဒေါ်ကြူကြူလှတို့က ဒေသခံတိုင်းရင်းသားများအတွက် ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်များနှင့် ခရစ်ယာန်ဘာသာဝင်များအတွက် သမ္မာကျမ်းစာအုပ်များ၊ ခေါက်ဆွဲကြော် နှင့်ကိတ်မုန့်စသည့် စားသောက်ဖွယ်ရာများအားလည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် တပ်မတော် အရာရှိကြီး များက ကြက်ဥ၊ ခေါက်ဆွဲခြောက်နှင့် ငါးခြောက်စသည့် စားသောက်ဖွယ်ရာများကိုလည်းကောင်း အသီးသီးပေးအပ်ရာ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများကလက်ခံရယူကြသည်။ ထို့နောက်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဇနီးနှင့်အဖွဲ့ဝင်များသည် ဒေသခံပြည်သူများအားရင်းရင်း နှီးနှီးနှုတ်ဆက်ပြီး ဒေသခံပြည်သူများနှင့်အတူအမှတ်တရစုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

ခေါင်လန်ဖူးမြို့နယ်သည် မြန်မာနိုင်ငံမြောက်ဖျားတွင်တည်ရှိပြီး ပူတာအိုခရိုင် အတွင်းပါ၀င်၍ အရှေ့ဘက်နှင့်မြောက်ဘက်တွင်တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် နီးစပ်စွာတည်ရှိသည်။ ပတ်ဝန်းကျင်တွင် ရေခဲတောင်နှင့် သဘာဝရှုမျှော်ခင်းများဖြင့် သာယာလှပသော ခေါင်လန်ဖူးမြို့နယ်တွင် ရပ်ကွက် ၄ ခု၊ ကျေးရွာအုပ်စု ၂၃ စုနှင့် ကျေးရွာပေါင်း ၁၄၄ ရွာတည်ရှိပြီး ရဝမ်နှင့် လီဆူလူမျိုးစုလူဦးရေ ၁၃၅၃၉ ဦးနေ ထိုင်လျက်ရှိကြောင်းနှင့် ယခုအခါတွင်ခေါင်လန်ဖူးဒေသဖွံ့ဖြိုးရေးအတွက် နယ်စပ်ရေးရာ ၀န်ကြီးဌာနနှင့် စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးတို့ပူးပေါင်း၍ မဂွေဇ- ခေါင်လန်ဖူး ကားလမ်းအားဖောက်လုပ်လျက်ရှိပြီး ၂၀၁၉ ခုနှစ်အတွင်းပြီးစီးမည်ဖြစ်ပါသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။