စစ်ကိုင်တိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများရှိ ဝေးလံခေါင်းပါး၍ လမ်းပန်း ဆက်သွယ်မှုခက်ခဲသောဒေသများတွင် ဒေသခံပြည်သူများ၏ ကျန်းမာရေးကဏ္ဍမြှင့်တင်ပေးရန်အတွက် ဆရာဝန်လိုအပ်ချက်ရှိသော ဆေးရုံများ၌ တာဝန်ထမ်းဆောင်ခဲ့သည့် တပ်မတော်သားဆရာဝန်များအား ဂုဏ်ပြုပွဲ အခမ်းအနားကျင်းပ

ေနျပည္ေတာ္၊ ဧၿပီ ၂၁

စစ္ကုိင္းတုိင္းေဒသႀကီး၊ ခ်င္းျပည္နယ္ႏွင့္ နာဂကုိယ္ပုိင္အုပ္ခ်ဳပ္ခြင့္ရေဒသမ်ားရွိ ေ၀းလံေခါင္းပါး၍ လမ္းပန္း ဆက္သြယ္ေရးခက္ခဲေသာေဒသမ်ားမွ ေဒသခံျပည္သူမ်ား၏ က်န္းမာေရးက႑ျမႇင့္တင္ေပးရန္အတြက္ ဆရာ၀န္လုိအပ္လ်က္ရွိေသာ ေဆး႐ုံမ်ား တြင္တာ၀န္ထမ္းေဆာင္ခဲ့သည့္ တပ္မေတာ္သားဆရာ၀န္မ်ားအား ဂုဏ္ျပဳပြဲအခမ္းအနားအား ယေန႔မြန္းလြဲပုိင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာ၌ က်င္းပျပဳလုပ္ရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္တက္ေရာက္ဂုဏ္ျပဳ ႏႈတ္ဆက္စကား ေျပာၾကားသည္။

အခမ္းအနားသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီးေဒၚၾကဴၾကဴလွ၊ ဒုတိယတပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္းႏွင့္ ဇနီးေဒၚသန္းသန္းႏြယ္၊ ျပည္ေထာင္စု၀န္ႀကီးမ်ားျဖစ္ၾကသည့္ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ေက်ာ္ေဆြ၊ ဒုတိယဗုိလ္ခ်ဳပ္ႀကီး စိန္၀င္းႏွင့္ဇနီး၊ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ရဲေအာင္ႏွင့္ဇနီး၊ ၫႇိႏႈိင္းကြပ္ကဲေရးမွဴး(ၾကည္း၊ေရ၊ေလ) ဗုိလ္ခ်ဳပ္ႀကီး ျမထြန္းဦးႏွင့္ဇနီး ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ဇနီးမ်ား၊ ေ၀းလံေခါင္းပါးေဒသမ်ားတြင္ တာ၀န္ ထမ္းေဆာင္ခဲ့ၾကသည့္ တပ္မေတာ္သားဆရာ၀န္မ်ားႏွင့္မိသားစု၀င္မ်ား တက္ေရာက္ၾကသည္။

ဦးစြာတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ဂုဏ္ျပဳႏႈတ္ဆက္စကားေျပာၾကား ရာတြင္ ယေန႔ျပဳလုပ္သည့္ အခမ္းအနားသည္ ေ၀းလံေခါင္းပါးေဒသမ်ားတြင္ မိမိတုိ႔ သေဘာဆႏၵအေလ်ာက္သြားေရာက္ တာ၀န္ထမ္း ေဆာင္ခဲ့သည့္ တပ္မေတာ္သားဆရာ၀န္မ်ားအားဂုဏ္ျပဳသည့္အခမ္းအနားျဖစ္ေၾကာင္း၊ ၂၀၁၅ ခုႏွစ္၊ ဒီဇင္ဘာလ အတြင္းနာဂ႐ုိးရာပြဲေတာ္သုိ႔ ယခင္အစုိးရကာလ သမၼတႀကီးဦးသိန္းစိန္ႏွင့္အတူ သြားေရာက္ခဲ့စဥ္ နာဂကုိယ္ပုိင္အုပ္ခ်ဳပ္ခြင့္ရေဒသဥကၠ႒မွ ေဆး႐ုံမ်ားတြင္ ဆရာ၀န္မ်ားလုိအပ္ခ်က္ရွိ၍ အခက္အခဲျဖစ္ေနရ ေၾကာင္းတင္ျပခဲ့သျဖင့္ ယခုကဲ့သုိ႔ ေ၀းလံေခါင္းပါးေဒသမ်ားသုိ႔သြားေရာက္ရန္ မိမိတုိ႔ကုိယ္တုိင္ဆႏၵျပဳသည့္ တပ္မေတာ္သား ဆရာ၀န္မ်ားအားေစလႊတ္ေပးခဲ့ျခင္းျဖစ္ေၾကာင္း၊ ထုိသုိ႔ေစလႊတ္ရန္အတြက္ ဆႏၵေကာက္ခံရာ တြင္သြားေရာက္လုိသည့္ တပ္မေတာ္သားဆရာ၀န္မ်ားမ်ားစြာစာရင္း ေပးခဲ့ၾကရာ မိမိတုိ႔တုိင္းရင္းသားမ်ား အတြက္တပ္မေတာ္သားမ်ားက စိတ္ေစတနာရွိ ေၾကာင္းကုိေဖာ္ျပျခင္းျဖစ္ေၾကာင္း၊ ဆႏၵျပဳသူမ်ားအနက္မွ သင့္ေတာ္သူမ်ားကုိေရြးခ်ယ္၍ တာ၀န္ထမ္းေဆာင္ရန္အတြက္ ေစလႊတ္ေပးမည္ျဖစ္ေၾကာင္း က်န္းမာေရး ၀န္ႀကီးဌာနသုိ႔ အေၾကာင္းၾကားခဲ့ရာ ၀မ္းေျမာက္၀မ္းသာသေဘာတူလက္ခံခဲ့သျဖင့္ နာဂကုိယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ ရေဒသရွိ ၿမိဳ႕နယ္ႏွင့္ၿမိဳ႕နယ္ခြဲအားလုံး၊ ခ်င္းျပည္နယ္အတြင္းရွိေနရာအခ်ိဳ႕ သုိ႔ေစလႊတ္ေပးႏုိင္ခဲ့ေၾကာင္း၊ အဆုိပါေဒသမ်ားရွိတုိင္းရင္းသားမ်ားသည္ က်န္းမာေရးႏွင့္ ညီၫြတ္သည့္ေနထုိင္စားေသာက္မႈ အားနည္း သည္ကုိေတြ႕ရွိရေၾကာင္း၊ က်န္းမာေရးအားနည္းျခင္းမွာ အသိပညာအားနည္းမႈ၊ စီးပြားေရးအရ၀င္ေငြနည္းပါးမႈ ႏွင့္ လမ္းပန္းဆက္သြယ္မႈအခက္အခဲမ်ားေၾကာင့္ျဖစ္ေၾကာင္း၊ က်န္းမာမွအလုပ္ လုပ္ႏုိင္မည္၊ ပညာ သင္ၾကားႏုိင္မည္၊ လူေနမႈဘ၀ဖြံ႕ၿဖိဳးတုိးတက္မည္ျဖစ္ေသာေၾကာင့္ က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ားကုိ ျမႇင့္တင္ေဆာင္ရြက္ ေပးရန္လုိအပ္ခ်က္ရွိေနေသာ ေဒသမ်ားျဖစ္ေၾကာင္း၊ အလားတူပင္တပ္မေတာ္အေနျဖင့္ လုိအပ္ေသာေနရာေဒသမ်ားသို႕ နယ္လွည့္ေဆးကုသေရးအဖြဲ႕မ်ားေစလႊတ္၍ က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ားကုိ ေဆာင္ရြက္ေပးေနသကဲ့သုိ႔ သက္ဆုိင္ရာတုိင္းစစ္ဌာနခ်ဳပ္နယ္ေျမမ်ားအလုိက္လည္း ေဆာင္ရြက္ေပးေနေၾကာင္း၊ ယခုခ်င္းျပည္နယ္ႏွင့္ နာဂေဒသသုိ႔တပ္မေတာ္သား ဆရာ၀န္မ်ားသြားေရာက္ တာ၀န္ထမ္းေဆာင္ခ်ိန္တြင္ ေဒသခံျပည္သူႏွစ္သိန္း နီးပါးခန္႔ကုိ က်န္းမာေရးေစာင့္ရွာက္မႈမ်ားေဆာင္ရြက္ ေပးႏုိင္ခဲ့ေၾကာင္း၊ ၂၀၁၆ ခုႏွစ္၊ မတ္လမွစတင္၍ ၂၀၁၈ ခုႏွစ္၊ ဧၿပီ ၆ ရက္ေန႔အထိ ေဆးကုသမႈဆုိင္ရာေရာဂါ ၁၀၈၈၇၁ ဦး၊ ခြဲစိတ္ေရာဂါ ၃၇၈၁၄ ဦး၊ ကေလးေရာဂါ ၂၉၉၀၃ ဦး၊ သားဖြားမီးယပ္ေရာဂါ ၈၈၄၁ ဦး၊ အ႐ုိးေရာဂါ ၃၂၁၉ ဦး၊ နား/ႏွာေခါင္း၊ လည္ေခ်ာင္းေရာဂါ ၁၇၃၇ ဦး၊ မ်က္စိေရာဂါ ၂၄၉၉ ဦး၊ သြားေရာဂါ ၁၈၄၉ ဦးႏွင့္အေထြေထြေရာဂါ ၅၁၉၂ ဦး စုစုေပါင္း ေဒသခံျပည္သူ ၁၉၉၉၂၅ ဦးတုိ႔အား က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ေပးႏုိင္ခဲ့ေၾကာင္း၊ တစ္ႏုိင္ငံလုံးလူဦးေရႏွင့္ ႏႈိင္းယွဥ္ပါကအေရအတြက္ နည္းေသာ္လည္းေ၀းလံေခါင္းပါးသည့္ေဒသမ်ားအတြက္မူ ရာခုိင္ႏႈန္းျမင့္မားစြာ က်န္မာေရး အေထာက္ အကူေပးႏုိင္သည္ကုိေတြ႕ရွိရေၾကာင္း၊ တပ္မေတာ္၏တာ၀န္မွာ စစ္တုိက္ရန္၊ စစ္တုိက္ရန္မရွိကေလ့က်င့္ရန္၊ ေလ့က်င့္ရန္မရွိကျပည္သူ႕အက်ိဳးျပဳလုပ္ငန္းမ်ား ေဆာင္ရြက္ဆိုသည့္အတုိင္း တပ္မေတာ္သားဆရာ၀န္ မ်ားသည္ ျပည္သူ႕အက်ိဳးျပဳ လုပ္ငန္းမ်ားကုိေဆာင္ရြက္ေပးခဲ့ျခင္းျဖစ္ေၾကာင္း၊ ေဆးကုသမႈမွရရွိေသာ အေတြ႕အႀကဳံမ်ားသည္ အဖုိးမျဖတ္ႏုိင္ေသာလက္ေတြ႕သင္ခန္းစာမ်ားျဖစ္၍ ေလ့က်င့္ေရးတာ၀န္ကုိပါ ထမ္းေဆာင္ႏုိင္ျခင္းလည္းျဖစ္ေၾကာင္း၊ တပ္မေတာ္သားဆရာ၀န္မ်ားအေနျဖင့္ ေဒသခံျပည္သူမ်ား၏ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ားသာမက ပညာ သင္ၾကားေရးႏွင့္ ေဒသဖြံ႕ၿဖိဳးတုိးတက္ေရးလုပ္ငန္းမ်ား တြင္ပါ၀င္ေရာက္ကူညီ ေဆာင္ရြက္ေပးခဲ့သည္မ်ားကုိၾကားသိရသည့္အတြက္ဂုဏ္ယူပါေၾကာင္း၊ အာေရာဂ်ံ ပရမံ လာဘံ၊ က်န္းမာျခင္းသည္လူတုိင္းအတြက္လာဘ္ႀကီးတစ္ပါးျဖစ္၍ ေဆာင္ရြက္မႈမ်ားမွာ မြန္ျမတ္ေသာ ကုသုိလ္ျဖစ္ၿပီး ျပည္သူမ်ားကလည္းသိရွိေကာင္းခ်ီးေပးလ်က္ရွိေၾကာင္း၊ တပ္မေတာ္အေနျဖင့္ မည္သူက ဘာေျပာေျပာျပည္သူကုိကာကြယ္ ေစာင့္ေရွာက္မႈေပးျခင္းအတြက္ မွန္မွန္ကန္ကန္ရပ္ တည္ေဆာင္ရြက္မည္ သာျဖစ္ေၾကာင္း၊ မိမိတို႔ သြားေရာက္ခဲ့သည့္ အေတြ႕အႀကဳံမ်ားကုိအေျခခံ၍မိမိကုိယ္ကုိထိန္းသိမ္းကာ တပ္မေတာ္အတြက္ တုိင္းျပည္အတြက္စိတ္ေစတနာေကာင္းျဖင့္ ဆက္လက္အက်ဳိး ျပဳႏုိင္ၾကျခင္းျဖင့္ တုိင္းျပည္ကအားထားရသည့္ တပ္မေတာ္သားမ်ားျဖစ္ေအာင္ ႀကိဳးစားၾကရန္မွာၾကားသည္။

ထုိ႔ေနာက္ ေ၀းလံေခါင္းပါးေဒသမ်ားတြင္တာ၀န္ထမ္းေဆာင္ခဲ့ၾကသည့္ တပ္မေတာ္ သားဆရာ၀န္မ်ားကုိယ္စား ေဆးမွဴးတစ္ဦးက ေဆး၀ါးကုသေပးျခင္းလုပ္ငန္းမ်ား ေဆာင္ရြက္ခဲ့ရာတြင္ ေတြ႕ႀကဳံခဲ့ရမႈမ်ားအား ရွင္းလင္း တင္ျပၿပီး ေက်းဇူးတင္စကား ျပန္လည္ေျပာၾကားရာတြင္ က်န္းမာေရးေစာင့္ေရွာက္မႈအျပည့္အ၀မရရွိေသးသည့္ ေ၀းလံေခါင္ပါးေသာ ခ်င္းျပည္နယ္ႏွင့္နာဂေဒသမ်ားတြင္ သြားေရာက္၍ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ားေဆာင္ရြက္ခဲ့ရာ အဆိုပါေဒသမ်ားတြင္ လူေနမႈအဆင့္ အတန္း၊ ပညာေရး၊ က်န္းမာေရးစသည့္ ကိစၥရပ္မ်ားမွာ ၿမိဳ႕ႀကီးျပႀကီးမ်ားႏွင့္ မ်ားစြာကြာျခားသည္ကုိေတြ႕ရွိရပါေၾကာင္း၊ တစ္ခ်ိဳ႕ေနရာမ်ားသည္ အလြန္ပင္ေ၀းလံေခါင္းပါး သည့္အတြက္ ႏုိင္ငံ့၀န္ထမ္းမ်ားလာေရာက္တာ၀န္ ထမ္းေဆာင္ရန္ အခက္အခဲျဖစ္ ေနခ်ိန္တြင္ မိမိတို႔တပ္မေတာ္သားေဆးမွဴးမ်ားအေနျဖင့္ ျပည္သူလူထုကုိ မိမိတုိ႕တတ္ကြၽမ္းသည့္ ပညာရပ္ မ်ားျဖင့္သြားေရာက္တာ၀န္ ထမ္းေဆာင္ခြင့္ရရွိသျဖင့္ ၀မ္းေျမာက္ဂုဏ္ယူ ပါေၾကာင္း၊ ထုိသုိ႔ထမ္းေဆာင္ခ်ိန္တြင္ လိုအပ္သည့္ ေဆး၀ါးပစၥည္းမ်ားႏွင့္ တစ္ကုိယ္ရည္ သုံးပစၥည္းမ်ားအားအခါအားေလ်ာ္စြာ တပ္မေတာ္မွေပးပုိ႔ ေထာက္ပံ့ေပးပုိ႔ခဲ့သည့္အတြက္ က်န္မာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ားကုိ ေအာင္ျမင္စြာထမ္းေဆာင္ ႏုိင္ခဲ့ပါေၾကာင္း၊ ထုိ႔အျပင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ လမ္းၫႊန္ခ်က္အတုိင္း က်န္းမာေရး ကိစၥတစ္ခုတည္းသာမဟုတ္ဘဲ ေဒသဘက္စုံဖြံ႕ၿဖိဳးတုိးတက္ေရးအတြက္လည္း မိမိတို႔ အေနျဖင့္ တတ္ႏုိင္သည့္ဘက္မွကူညီေဆာင္ရြက္ေပးႏုိင္ခဲ့ပါေၾကာင္း၊ တာ၀န္ထမ္းေဆာင္ရာတြင္လည္းေကာင္း၊ တာ၀န္ ထမ္းေဆာင္ရာမွ ျပည္လည္ေရာက္ရွိခ်ိန္တြင္လည္းေကာင္း အစစအဆင္ေျပေအာင္ျဖည့္ ဆည္းေဆာင္ရြက္ ေပးမႈမ်ားအတြက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ တာ၀န္ရွိသူမ်ားအားလုံးကုိေက်းဇူးတင္ရွိပါေၾကာင္း ေျပာၾကားသည္။

ယင္းေနာက္ အခမ္းအနားတက္ေရာက္လာၾကသူမ်ားအား ဂုဏ္ျပဳ လက္ဘက္ရည္ ျဖင့္တည္ခင္းဧည့္ခံသည္။ ဂုဏ္ျပဳလက္ဘက္ရည္သုံးေဆာင္ေနစဥ္အတြင္း ျပည္သူ႕ဆက္ဆံေရးႏွင့္စိတ္ဓာတ္စစ္ဆင္ ေရးၫႊန္ၾကား ေရးမွဴး႐ုံးကြပ္ကဲမႈေအာက္ ျမ၀တီေတးဂီတအဖြဲ႕က ေတးသံသာမ်ားျဖင့္သီဆုိတီးမႈတ္ေဖ်ာ္ေျဖၾကသည္။ အခမ္းအနား အၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ေ၀းလံေခါင္းပါး ေဒသမ်ားတြင္ တာ၀န္ထမ္းေဆာင္ခဲ့ၾကသည့္ တပ္မေတာ္သားဆရာ၀န္မ်ားအား တစ္ဦးခ်င္းရင္းရင္းႏွီႏွီး လုိက္လံ ႏႈတ္ဆက္ခဲ့သည္။ ခ်င္းျပည္နယ္ႏွင့္ နာဂကုိယ္ပုိင္အုပ္ခ်ဳပ္ ခြင့္ရေဒသတြင္ ၂၀၁၆ ခုႏွစ္မွ ၂၀၁၈ ခုႏွစ္အထိ ၂ ႏွစ္ၾကာတာ၀န္ထမ္းေဆာင္ခဲ့ၾကေသာ အဆုိပါတပ္မေတာ္ ဆရာ၀န္မ်ားအားျပန္လည္ေရာက္ရွိခ်ိန္တြင္ ၎တုိ႔တာ၀န္ထမ္း ေဆာင္လုိသည့္ ေဆးတပ္ဖြဲ႕အသီးသီးသုိ႔ ေျပာင္းေရႊ႕ေနရာခ်ထားေပးခဲ့ပါသည္။

(Unicode Version)

စစ်ကိုင်တိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများရှိ ဝေးလံခေါင်းပါး၍ လမ်းပန်း ဆက်သွယ်မှုခက်ခဲသောဒေသများတွင် ဒေသခံပြည်သူများ၏ ကျန်းမာရေးကဏ္ဍမြှင့်တင်ပေးရန်အတွက် ဆရာဝန်လိုအပ်ချက်ရှိသော ဆေးရုံများ၌ တာဝန်ထမ်းဆောင်ခဲ့သည့် တပ်မတော်သားဆရာဝန်များအား ဂုဏ်ပြုပွဲ အခမ်းအနားကျင်းပ

နေပြည်တော်၊ ဧပြီ  ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများရှိ ဝေးလံခေါင်းပါး၍ လမ်းပန်း ဆက်သွယ်ရေးခက်ခဲသောဒေသများမှ ဒေသခံပြည်သူများ၏ ကျန်းမာရေးကဏ္ဍမြှင့်တင်ပေးရန်အတွက် ဆရာဝန်လိုအပ်လျက်ရှိသော ဆေးရုံများ တွင်တာဝန်ထမ်းဆောင်ခဲ့သည့် တပ်မတော်သားဆရာဝန်များအား ဂုဏ်ပြုပွဲအခမ်းအနားအား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်ဂုဏ်ပြု နှုတ်ဆက်စကား ပြောကြားသည်။

အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီးဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီးဒေါ်သန်းသန်းနွယ်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့်ဇနီး၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်ဇနီး ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ ဝေးလံခေါင်းပါးဒေသများတွင် တာဝန် ထမ်းဆောင်ခဲ့ကြသည့် တပ်မတော်သားဆရာဝန်များနှင့်မိသားစုဝင်များ တက်ရောက်ကြသည်။

ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုနှုတ်ဆက်စကားပြောကြား ရာတွင် ယနေ့ပြုလုပ်သည့် အခမ်းအနားသည် ဝေးလံခေါင်းပါးဒေသများတွင် မိမိတို့ သဘောဆန္ဒအလျောက်သွားရောက် တာဝန်ထမ်း ဆောင်ခဲ့သည့် တပ်မတော်သားဆရာဝန်များအားဂုဏ်ပြုသည့်အခမ်းအနားဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ အတွင်းနာဂရိုးရာပွဲတော်သို့ ယခင်အစိုးရကာလ သမ္မတကြီးဦးသိန်းစိန်နှင့်အတူ သွားရောက်ခဲ့စဉ် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌမှ ဆေးရုံများတွင် ဆရာဝန်များလိုအပ်ချက်ရှိ၍ အခက်အခဲဖြစ်နေရ ကြောင်းတင်ပြခဲ့သဖြင့် ယခုကဲ့သို့ ဝေးလံခေါင်းပါးဒေသများသို့သွားရောက်ရန် မိမိတို့ကိုယ်တိုင်ဆန္ဒပြုသည့် တပ်မတော်သား ဆရာဝန်များအားစေလွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့စေလွှတ်ရန်အတွက် ဆန္ဒကောက်ခံရာ တွင်သွားရောက်လိုသည့် တပ်မတော်သားဆရာဝန်များများစွာစာရင်း ပေးခဲ့ကြရာ မိမိတို့တိုင်းရင်းသားများ အတွက်တပ်မတော်သားများက စိတ်စေတနာရှိ ကြောင်းကိုဖော်ပြခြင်းဖြစ်ကြောင်း၊ ဆန္ဒပြုသူများအနက်မှ သင့်တော်သူများကိုရွေးချယ်၍ တာဝန်ထမ်းဆောင်ရန်အတွက် စေလွှတ်ပေးမည်ဖြစ်ကြောင်း ကျန်းမာရေး ၀န်ကြီးဌာနသို့ အကြောင်းကြားခဲ့ရာ ၀မ်းမြောက်ဝမ်းသာသဘောတူလက်ခံခဲ့သဖြင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသရှိ မြို့နယ်နှင့်မြို့နယ်ခွဲအားလုံး၊ ချင်းပြည်နယ်အတွင်းရှိနေရာအချို့ သို့စေလွှတ်ပေးနိုင်ခဲ့ကြောင်း၊ အဆိုပါဒေသများရှိတိုင်းရင်းသားများသည် ကျန်းမာရေးနှင့် ညီညွတ်သည့်နေထိုင်စားသောက်မှု အားနည်း သည်ကိုတွေ့ရှိရကြောင်း၊ ကျန်းမာရေးအားနည်းခြင်းမှာ အသိပညာအားနည်းမှု၊ စီးပွားရေးအရဝင်ငွေနည်းပါးမှု နှင့် လမ်းပန်းဆက်သွယ်မှုအခက်အခဲများကြောင့်ဖြစ်ကြောင်း၊ ကျန်းမာမှအလုပ် လုပ်နိုင်မည်၊ ပညာ သင်ကြားနိုင်မည်၊ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်မည်ဖြစ်သောကြောင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက် ပေးရန်လိုအပ်ချက်ရှိနေသော ဒေသများဖြစ်ကြောင်း၊ အလားတူပင်တပ်မတော်အနေဖြင့် လိုအပ်သောနေရာဒေသများသို့ နယ်လှည့်ဆေးကုသရေးအဖွဲ့များစေလွှတ်၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်ပေးနေသကဲ့သို့ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်နယ်မြေများအလိုက်လည်း ဆောင်ရွက်ပေးနေကြောင်း၊ ယခုချင်းပြည်နယ်နှင့် နာဂဒေသသို့တပ်မတော်သား ဆရာဝန်များသွားရောက် တာဝန်ထမ်းဆောင်ချိန်တွင် ဒေသခံပြည်သူနှစ်သိန်း နီးပါးခန့်ကို ကျန်းမာရေးစောင့်ရှာက်မှုများဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ်၊ မတ်လမှစတင်၍ ၂၀၁၈ ခုနှစ်၊ ဧပြီ ၆ ရက်နေ့အထိ ဆေးကုသမှုဆိုင်ရာရောဂါ ၁၀၈၈၇၁ ဦး၊ ခွဲစိတ်ရောဂါ ၃၇၈၁၄ ဦး၊ ကလေးရောဂါ ၂၉၉၀၃ ဦး၊ သားဖွားမီးယပ်ရောဂါ ၈၈၄၁ ဦး၊ အရိုးရောဂါ ၃၂၁၉ ဦး၊ နား/နှာခေါင်း၊ လည်ချောင်းရောဂါ ၁၇၃၇ ဦး၊ မျက်စိရောဂါ ၂၄၉၉ ဦး၊ သွားရောဂါ ၁၈၄၉ ဦးနှင့်အထွေထွေရောဂါ ၅၁၉၂ ဦး စုစုပေါင်း ဒေသခံပြည်သူ ၁၉၉၉၂၅ ဦးတို့အား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ တစ်နိုင်ငံလုံးလူဦးရေနှင့် နှိုင်းယှဉ်ပါကအရေအတွက် နည်းသော်လည်းဝေးလံခေါင်းပါးသည့်ဒေသများအတွက်မူ ရာခိုင်နှုန်းမြင့်မားစွာ ကျန်မာရေး အထောက် အကူပေးနိုင်သည်ကိုတွေ့ရှိရကြောင်း၊ တပ်မတော်၏တာဝန်မှာ စစ်တိုက်ရန်၊ စစ်တိုက်ရန်မရှိကလေ့ကျင့်ရန်၊ လေ့ကျင့်ရန်မရှိကပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ဆိုသည့်အတိုင်း တပ်မတော်သားဆရာဝန် များသည် ပြည်သူ့အကျိုးပြု လုပ်ငန်းများကိုဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ဆေးကုသမှုမှရရှိသော အတွေ့အကြုံများသည် အဖိုးမဖြတ်နိုင်သောလက်တွေ့သင်ခန်းစာများဖြစ်၍ လေ့ကျင့်ရေးတာဝန်ကိုပါ ထမ်းဆောင်နိုင်ခြင်းလည်းဖြစ်ကြောင်း၊ တပ်မတော်သားဆရာဝန်များအနေဖြင့် ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများသာမက ပညာ သင်ကြားရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ တွင်ပါ၀င်ရောက်ကူညီ ဆောင်ရွက်ပေးခဲ့သည်များကိုကြားသိရသည့်အတွက်ဂုဏ်ယူပါကြောင်း၊ အာရောဂျံ ပရမံ လာဘံ၊ ကျန်းမာခြင်းသည်လူတိုင်းအတွက်လာဘ်ကြီးတစ်ပါးဖြစ်၍ ဆောင်ရွက်မှုများမှာ မွန်မြတ်သော ကုသိုလ်ဖြစ်ပြီး ပြည်သူများကလည်းသိရှိကောင်းချီးပေးလျက်ရှိကြောင်း၊ တပ်မတော်အနေဖြင့် မည်သူက ဘာပြောပြောပြည်သူကိုကာကွယ် စောင့်ရှောက်မှုပေးခြင်းအတွက် မှန်မှန်ကန်ကန်ရပ် တည်ဆောင်ရွက်မည် သာဖြစ်ကြောင်း၊ မိမိတို့ သွားရောက်ခဲ့သည့် အတွေ့အကြုံများကိုအခြေခံ၍မိမိကိုယ်ကိုထိန်းသိမ်းကာ တပ်မတော်အတွက် တိုင်းပြည်အတွက်စိတ်စေတနာကောင်းဖြင့် ဆက်လက်အကျိုး ပြုနိုင်ကြခြင်းဖြင့် တိုင်းပြည်ကအားထားရသည့် တပ်မတော်သားများဖြစ်အောင် ကြိုးစားကြရန်မှာကြားသည်။

ထို့နောက် ဝေးလံခေါင်းပါးဒေသများတွင်တာဝန်ထမ်းဆောင်ခဲ့ကြသည့် တပ်မတော် သားဆရာဝန်များကိုယ်စား ဆေးမှူးတစ်ဦးက ဆေးဝါးကုသပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာတွင် တွေ့ကြုံခဲ့ရမှုများအား ရှင်းလင်း တင်ပြပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားရာတွင် ကျန်းမာရေးစောင့်ရှောက်မှုအပြည့်အဝမရရှိသေးသည့် ဝေးလံခေါင်ပါးသော ချင်းပြည်နယ်နှင့်နာဂဒေသများတွင် သွားရောက်၍ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ခဲ့ရာ အဆိုပါဒေသများတွင် လူနေမှုအဆင့် အတန်း၊ ပညာရေး၊ ကျန်းမာရေးစသည့် ကိစ္စရပ်များမှာ မြို့ကြီးပြကြီးများနှင့် များစွာကွာခြားသည်ကိုတွေ့ရှိရပါကြောင်း၊ တစ်ချို့နေရာများသည် အလွန်ပင်ဝေးလံခေါင်းပါး သည့်အတွက် နိုင်ငံ့ဝန်ထမ်းများလာရောက်တာဝန် ထမ်းဆောင်ရန် အခက်အခဲဖြစ် နေချိန်တွင် မိမိတို့တပ်မတော်သားဆေးမှူးများအနေဖြင့် ပြည်သူလူထုကို မိမိတို့တတ်ကျွမ်းသည့် ပညာရပ် များဖြင့်သွားရောက်တာဝန် ထမ်းဆောင်ခွင့်ရရှိသဖြင့် ၀မ်းမြောက်ဂုဏ်ယူ ပါကြောင်း၊ ထိုသို့ထမ်းဆောင်ချိန်တွင် လိုအပ်သည့် ဆေးဝါးပစ္စည်းများနှင့် တစ်ကိုယ်ရည် သုံးပစ္စည်းများအားအခါအားလျော်စွာ တပ်မတော်မှပေးပို့ ထောက်ပံ့ပေးပို့ခဲ့သည့်အတွက် ကျန်မာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အောင်မြင်စွာထမ်းဆောင် နိုင်ခဲ့ပါကြောင်း၊ ထို့အပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်ချက်အတိုင်း ကျန်းမာရေး ကိစ္စတစ်ခုတည်းသာမဟုတ်ဘဲ ဒေသဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း မိမိတို့ အနေဖြင့် တတ်နိုင်သည့်ဘက်မှကူညီဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ တာဝန်ထမ်းဆောင်ရာတွင်လည်းကောင်း၊ တာဝန် ထမ်းဆောင်ရာမှ ပြည်လည်ရောက်ရှိချိန်တွင်လည်းကောင်း အစစအဆင်ပြေအောင်ဖြည့် ဆည်းဆောင်ရွက် ပေးမှုများအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တာဝန်ရှိသူများအားလုံးကိုကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ယင်းနောက် အခမ်းအနားတက်ရောက်လာကြသူများအား ဂုဏ်ပြု လက်ဘက်ရည် ဖြင့်တည်ခင်းဧည့်ခံသည်။ ဂုဏ်ပြုလက်ဘက်ရည်သုံးဆောင်နေစဉ်အတွင်း ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင် ရေးညွှန်ကြား ရေးမှူးရုံးကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့က တေးသံသာများဖြင့်သီဆိုတီးမှုတ်ဖျော်ဖြေကြသည်။ အခမ်းအနား အပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ဝေးလံခေါင်းပါး ဒေသများတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် တပ်မတော်သားဆရာဝန်များအား တစ်ဦးချင်းရင်းရင်းနှီနှီး လိုက်လံ နှုတ်ဆက်ခဲ့သည်။ ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသတွင် ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ၂ နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့ကြသော အဆိုပါတပ်မတော် ဆရာဝန်များအားပြန်လည်ရောက်ရှိချိန်တွင် ၎င်းတို့တာဝန်ထမ်း ဆောင်လိုသည့် ဆေးတပ်ဖွဲ့အသီးသီးသို့ ပြောင်းရွှေ့နေရာချထားပေးခဲ့ပါသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။