တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစုပင်လုံ(တတိယအစည်းအဝေး)သို့ တက်ရောက်လာသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအား လက်ခံတွေ့ဆုံ

ေနျပည္ေတာ္၊ ဇူလုိင္  ၁၁

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ယေန႔နံနက္ပုိင္းတြင္ က်င္းပျပဳလုပ္ သည့္ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ(၂၁)ရာစုပင္လုံ (တတိယအစည္းအေ၀း)သုိ႔ တက္ေရာက္လာၾက သည့္ တိုင္းရင္းသားလက္နက္ကုိင္အဖြဲ႕ အစည္းမ်ားမွကုိယ္စားလွယ္အဖြဲ႕မ်ားအား ယေန႔မြန္းလြဲပုိင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာာ ဧည့္ခန္းမေဆာင္၌လက္ခံေတြ႕ဆုံသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ၫႇိႏႈိင္းကြပ္ကဲေရးမွဴး (ၾကည္း၊ေရ၊ေလ) ဗုိလ္ခ်ဳပ္ႀကီးျမထြန္းဦး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ထြန္းထြန္းေနာင္ႏွင့္ တပ္မေတာ္ အရာရွိႀကီးမ်ား၊ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ခင္ေဇာ္ဦး (အၿငိမ္းစား)တုိ႔တက္ေရာက္ၾကၿပီး UWSA ‘၀’ အဖြဲ႕ ဥကၠ႒ ဦးေပါက္ယူယိ၊ SSA (၀မ္ဟုိင္း)အဖြဲ႕ ဥကၠ႒ ဦးေဆထင္္၊ NDAA (မိုင္းလား)အဖြဲ႕ ဒုတိယဥကၠ႒ ဦးစံေပ့ႏွင့့္ KIA အဖြဲ႕ဒုတိယဥကၠ႒(၂) အက္စ္ဂြမ္ေမာ္တုိ႔တက္ေရာက္ ၾကသည္။

ထုိသုိ႔ေတြ႕ဆုံရာတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က တုိင္းရင္းသားမ်ားႏွင့္ အျမင္ခ်င္းဖလွယ္ခြင့္ရသည့္ အတြက္ ၀မ္းေျမာက္ပါေၾကာင္း၊ မိမိတုိ႔ႏုိင္ငံသည္ျပည္သူမ်ားကေရြးခ်ယ္သည့္ ပါတီစုံဒီမုိကေရစီစနစ္ကုိ ေလွ်ာက္လွမ္းလ်က္ရွိၿပီး မည္သူမဆုိဒီမိုကေရစီ က်င့္စဥ္မ်ားႏွင့္အညီ လုပ္ေဆာင္ရန္လုိအပ္ေၾကာင္း၊ ထုိသုိ႔ ေဆာင္ရြက္ေနခ်ိန္တြင္ အားလုံးကလည္းစိတ္တူကုိယ္တူျဖင့္လုိက္ပါလုပ္ေဆာင္ရန္လုိအပ္ေၾကာင္း၊ ႏုိင္ငံေတာ္ သည္ မိဘသဖြယ္ျဖစ္ၿပီး မိမိတုိ႔တပ္မေတာ္ႏွင့္ တုိင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားသည္ သားသမီးမ်ား သဖြယ္ျဖစ္၍ ေသြးခ်င္းညီေနာင္မ်ားျဖစ္သျဖင့္ ညီရင္းအစ္ကုိသဖြယ္စိတ္ဓာတ္ျဖင့္ ေဆြးေႏြးတုိင္ပင္ၫႇိႏႈိင္း ေဆာင္ရြက္သြားရန္လုိေၾကာင္း၊ ဒီမုိကေရစီႏွင့္ဖက္ဒရယ္စနစ္တုိ႔ကုိအေျခခံေသာ ျပည္ေထာင္စုကုိ တည္ ေဆာက္ရာတြင္ ေအးအတူပူအမွ်အတူတကြ လက္တြဲေဆာင္ရြက္သြားရမည္ျဖစ္ေၾကာင္း ဦးစြာေျပာၾကား သည္။

ထုိ႔ေနာက္ တစ္ႏုိင္ငံလုံးပစ္ခတ္တုိက္ခုိက္မႈရပ္စဲေရးဆုိင္ရာသေဘာတူစာခ်ဳပ္ (NCA) လက္မွတ္ေရးထုိးႏုိင္ေရး ဆုိင္ရာကိစၥရပ္မ်ား၊ ေတြ႕ဆုံေဆြးေႏြးၫႇိႏႈိင္းမႈမွသည္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ား တုိးတက္လာေစေရးဆုိင္ရာ ကိစၥရပ္မ်ားအား ရင္းရင္းႏွီးႏွီး ေဆြးေႏြးခဲ့ၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က တုိင္းရင္းသားလက္နက္ ကုိင္အဖြဲ႕မ်ားမွ ကုိယ္စား လွယ္မ်ားအား အမွတ္တရလက္ေဆာင္ပစၥည္းမ်ားေပးအပ္ၿပီး တုိင္းရင္းသားလက္နက္ကုိင္အဖြဲ႕မ်ားမွ ကုိယ္စား လွယ္မ်ားက တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အား အမွတ္တရလက္ေဆာင္ပစၥည္းမ်ား ျပန္လည္ေပးအပ္ၾက သည္။ထုိ႔ေနာက္ အမွတ္တရစုေပါင္းဓာတ္ပုံ႐ုိက္ခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစုပင်လုံ(တတိယအစည်းအဝေး)သို့ တက်ရောက်လာသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဇူလိုင်  ၁၁

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ် သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁)ရာစုပင်လုံ (တတိယအစည်းအဝေး)သို့ တက်ရောက်လာကြ သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများမှကိုယ်စားလှယ်အဖွဲ့များအား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာာ ဧည့်ခန်းမဆောင်၌လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် တပ်မတော် အရာရှိကြီးများ၊ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (အငြိမ်းစား)တို့တက်ရောက်ကြပြီး UWSA (ဝ) အဖွဲ့ ဥက္ကဋ္ဌ ဦးပေါက်ယူယိ၊ SSA (ဝမ်ဟိုင်း)အဖွဲ့ ဥက္ကဋ္ဌ ဦးဆေထင်၊ NDAA (မိုင်းလား)အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးစံပေ့နှင့် KIA အဖွဲ့ဒုတိယဥက္ကဋ္ဌ(၂) အက်စ်ဂွမ်မော်တို့တက်ရောက် ကြသည်။

ထိုသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုင်းရင်းသားများနှင့် အမြင်ချင်းဖလှယ်ခွင့်ရသည့် အတွက် ဝမ်းမြောက်ပါကြောင်း၊ မိမိတို့နိုင်ငံသည်ပြည်သူများကရွေးချယ်သည့် ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းလျက်ရှိပြီး မည်သူမဆိုဒီမိုကရေစီ ကျင့်စဉ်များနှင့်အညီ လုပ်ဆောင်ရန်လိုအပ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နေချိန်တွင် အားလုံးကလည်းစိတ်တူကိုယ်တူဖြင့်လိုက်ပါလုပ်ဆောင်ရန်လိုအပ်ကြောင်း၊ နိုင်ငံတော် သည် မိဘသဖွယ်ဖြစ်ပြီး မိမိတို့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် သားသမီးများ သဖွယ်ဖြစ်၍ သွေးချင်းညီနောင်များဖြစ်သဖြင့် ညီရင်းအစ်ကိုသဖွယ်စိတ်ဓာတ်ဖြင့် ဆွေးနွေးတိုင်ပင်ညှိနှိုင်း ဆောင်ရွက်သွားရန်လိုကြောင်း၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကိုအခြေခံသော ပြည်ထောင်စုကို တည် ဆောက်ရာတွင် အေးအတူပူအမျှအတူတကွ လက်တွဲဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဦးစွာပြောကြား သည်။

ထို့နောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးနိုင်ရေး ဆိုင်ရာကိစ္စရပ်များ၊ တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုမှသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တိုးတက်လာစေရေးဆိုင်ရာ ကိစ္စရပ်များအား ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များမှ ကိုယ်စား လှယ်များအား အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ကိုယ်စား လှယ်များက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အမှတ်တရလက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်ကြ သည်။ထို့နောက် အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။