တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာအိုပြည်သူ့တပ်မတော်၊ စစ်ဦးစီးဌာန အကြီးအကဲ Lt. Gen. Souvone LEUANGBOUNMY အား ဂုဏ်ပြုညစာဖြင့်တည်ခင်းဧည့်ခံ

ေနျပည္ေတာ္၊ ဧၿပီ ၂၆

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ လာအုိ ျပည္သူ႕တပ္မေတာ္၊ စစ္ဦးစီးဌာနအႀကီးအကဲ Lt. Gen. Souvone LEUANGBOUNMY အား ယေန႔ညပုိင္းတြင္ေနျပည္ေတာ္ရွိ ေရႊနန္းေတာ္ဟုိတယ္၌ ဂုဏ္ျပဳညစာျဖင့္ တည္ခင္းဧည့္ခံသည္။

အဆုိပါဂုဏ္ျပဳညစာစားပြဲအခမ္းအနားသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အတူ ဇနီးေဒၚၾကဴၾကဴလွ၊ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္းႏွင့္ဇနီး၊ ၫႇိႏႈိင္းကြပ္ကဲေရးမွဴး (ၾကည္း၊ေရ၊ေလ) ဗုိလ္ခ်ဳပ္ႀကီး ျမထြန္းဦးႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ဇနီး၊ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံးမွတပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ဇနီးမ်ား တက္ေရာက္ၾကၿပီး လာအုိျပည္သူ႕တပ္မေတာ္၊ စစ္ဦးစီး ဌာနအႀကီးအကဲႏွင့္အတူဇနီး Lt.Col.Mrs.Phayvanh LEUANGBOUNMY ၊ျမန္မာႏုိင္ငံဆုိင္ရာ လာအုိႏုိင္ငံ သံအမတ္ႀကီး H.E. Mr. Lyying SAYAXANG ႏွင့္လာအုိျပည္သူ႕တပ္မေတာ္မွ အရာရွိႀကီးမ်ား တက္ေရာက္ၾကသည္။

ဦးစြာတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႔က လာအုိျပည္သူ႕တပ္မေတာ္၊ စစ္ဦးစီးဌာန အႀကီးအကဲႏွင့္ ဇနီးတုိ႕အားႀကိဳဆုိႏႈတ္ဆက္ၾကသည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ လာအုိျပည္သူ႕ တပ္မေတာ္၊ စစ္ဦးစီးဌာနအႀကီးအကဲတုိ႔သည္ ႏႈတ္ခြန္းဆက္စကားမ်ားအသီးသီးေျပာၾကား၍ တက္ေရာက္ လာၾကသူမ်ားႏွင့္အတူ ဂုဏ္ျပဳညစာကိုအတူတကြသုံးေဆာင္ၾကသည္။

ညစာသုံးေဆာင္ေနစဥ္အတြင္း ျပည္သူ႔ဆက္ဆံေရးႏွင့္စိတ္ဓာတ္စစ္ဆင္ေရး ၫႊန္ၾကားေရးမွဴး႐ုံး ကြပ္ကဲမႈေအာက္ ျမ၀တီေတးဂီတအဖြဲ႕က ေတးသီခ်င္းမ်ား၊ အကပေဒသာ မ်ားျဖင့္ သီဆိုကျပေဖ်ာ္ေျဖၾကၿပီး ညစာသုံး ေဆာင္အၿပီးတြင္ အမွတ္တရလက္ေဆာင္ ပစၥည္းမ်ားအျပန္အလွန္ေပးအပ္ၾကသည္။
ထို႔ေနာက္သီဆိုကျပေဖ်ာ္ေျဖၾကေသာ ေဖ်ာ္ေျဖေရးအဖြဲ႕မွ စစ္သည္၊ စစ္သမီးမ်ားအားဂုဏ္ျပဳပန္းျခင္းမ်ား အသီးသီးေပးအပ္ ၾကၿပီး အမွတ္တရစုေပါင္း ဓာတ္ပုံ႐ိုက္ခဲ့ၾကသည္။

 

 

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာအိုပြည်သူ့တပ်မတော်၊ စစ်ဦးစီးဌာန အကြီးအကဲ Lt. Gen. Souvone LEUANGBOUNMY အား ဂုဏ်ပြုညစာဖြင့်တည်ခင်းဧည့်ခံ

နေပြည်တော်၊ ဧပြီ ၂၆

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် လာအို ပြည်သူ့တပ်မတော်၊ စစ်ဦးစီးဌာနအကြီးအကဲ Lt. Gen. Souvone LEUANGBOUNMY အား ယနေ့ညပိုင်းတွင်နေပြည်တော်ရှိ ရွှေနန်းတော်ဟိုတယ်၌ ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။

အဆိုပါဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အတူ ဇနီးဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှတပ်မတော်အရာရှိကြီးများနှင့်ဇနီးများ တက်ရောက်ကြပြီး လာအိုပြည်သူ့တပ်မတော်၊ စစ်ဦးစီး ဌာနအကြီးအကဲနှင့်အတူဇနီး Lt.Col.Mrs.Phayvanh LEUANGBOUNMY ၊မြန်မာနိုင်ငံဆိုင်ရာ လာအိုနိုင်ငံ သံအမတ်ကြီး H.E. Mr. Lyying SAYAXANG နှင့်လာအိုပြည်သူ့တပ်မတော်မှ အရာရှိကြီးများ တက်ရောက်ကြသည်။

ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က လာအိုပြည်သူ့တပ်မတော်၊ စစ်ဦးစီးဌာန အကြီးအကဲနှင့် ဇနီးတို့အားကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် လာအိုပြည်သူ့တပ်မတော်၊ စစ်ဦးစီးဌာနအကြီးအကဲတို့သည် နှုတ်ခွန်းဆက်စကားများအသီးသီးပြောကြား၍ တက်ရောက် လာကြသူများနှင့်အတူ ဂုဏ်ပြုညစာကိုအတူတကွသုံးဆောင်ကြသည်။

ညစာသုံးဆောင်နေစဉ်အတွင်း ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့က တေးသီချင်းများ၊ အကပဒေသာများဖြင့် သီဆိုကပြဖျော်ဖြေကြပြီး ညစာသုံးဆောင်အပြီးတွင် အမှတ်တရလက်ဆောင် ပစ္စည်းများအပြန်အလှန်ပေးအပ်ကြသည်။ 
ထို့နောက်သီဆိုကပြဖျော်ဖြေကြသော ဖျော်ဖြေရေးအဖွဲ့မှ စစ်သည်၊ စစ်သမီးများအားဂုဏ်ပြုပန်းခြင်းများ အသီးသီးပေးအပ်ကြပြီး အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။