တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

ေနျပည္ေတာ္၊ ေမ ၁၀

 

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ျမန္မာႏိုင္ငံဆုိင္ရာ ဆြစ္ဇာလန္ႏိုင္ငံသံအမတ္ႀကီး H.E. Mr. Paul R. Seger အား ယေန႔နံနက္ပိုင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆံုသည္။

အဆုိပါေတြ႕ဆံုပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ံုး(ၾကည္း)မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး ျမန္မာႏုိင္ငံဆိုင္ရာ ဆြစ္ဇာလန္ႏိုင္ငံသံအမတ္ႀကီးႏွင့္အတူ လူသားခ်င္းစာနာေထာက္ထားမႈဆုိင္ရာဌာနအႀကီးအကဲ Mr. Thieny Umbehr ႏွင့္ အဖြဲ႕၀င္မ်ား တက္ေရာက္ၾကသည္။

ထိုသို႔ ေတြ႕ဆံုရာတြင္ ျမန္မာႏိုင္ငံ၏ ၿငိမ္းခ်မ္းေရးတည္ေဆာက္မႈ လုပ္ငန္းစဥ္မ်ားတြင္ ဆြစ္ဇာလန္ႏိုင္ငံက ပါ၀င္ကူညီ ေဆာင္ရြက္ေရးဆုိင္ရာကိစၥရပ္မ်ား၊ ရခိုင္ျပည္နယ္ေျမာက္ပိုင္း ဘူးသီးေတာင္-ေမာင္ေတာေဒသ တည္ၿငိမ္ေအးခ်မ္းေရး ဆုိင္ရာကိစၥမ်ားအား ေဆြးေႏြးခဲ့ၾကသည္။

 

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော်၊ မေ ၁၀

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံသံအမတ်ကြီး H.E. Mr. Paul R. Seger အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံသံအမတ်ကြီးနှင့်အတူ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဌာနအကြီးအကဲ Mr. Thieny Umbehr နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းစဉ်များတွင် ဆွစ်ဇာလန်နိုင်ငံက ပါ၀င်ကူညီ ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်-မောင်တောဒေသ တည်ငြိမ်အေးချမ်းရေး ဆိုင်ရာကိစ္စများအား ဆွေးနွေးခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။