တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နီပေါတပ်မတော်ကြည်းတပ်ဦးစီး ချုပ် General Rajendra Chhetri အားဂုဏ်ပြုညစာဖြင့်တည်ခင်း ဧည့်ခံ

ေနျပည္ေတာ္၊ ဇူလုိင္ – ၄

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ နီေပါတပ္မေတာ္ၾကည္းတပ္ ဦးစီးခ်ဳပ္ General Rajendra Chhetri အားယေန႔ ညပုိင္းတြင္ ေနျပည္ေတာ္ရွိ Hilton Hotel ၌ ဂုဏ္ျပဳ ညစာျဖင့္တည္ခင္းဧည့္ခံသည္။

အဆုိပါဂုဏ္ျပဳညစာစားပြဲအခမ္းအနားသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူဇနီးေဒၚၾကဴၾကဴ လွ၊ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရး ဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္းႏွင့္ဇနီးေဒၚသန္းသန္းႏြယ္၊ ၫႇိႏႈိင္း ကြပ္ကဲေရးမွဴး(ၾကည္း၊ေရ၊ေလ) ဗုိလ္ခ်ဳပ္ႀကီး ျမထြန္းဦးႏွင့္ဇနီး၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေလ)ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း)မွတပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ ေနျပည္ေတာ္တုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴးတုိ႔ တက္ေရာက္ၾကၿပီး နီေပါတပ္မေတာ္ၾကည္းတပ္ဦးစီးခ်ဳပ္ႏွင့္အတူ ျမန္မာႏုိင္ငံဆုိင္ရာ နီေပါႏုိင္ငံသံအမတ္ႀကီးH.E. Mr. Bhim K. Udas ႏွင့္ဇနီး၊ နီေပါတပ္မေတာ္မွ အရာရွိႀကီးမ်ားတက္ေရာက္ၾကသည္။

ဦးစြာတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႔က နီေပါတပ္မေတာ္ ၾကည္းတပ္ဦးစီးခ်ဳပ္ႏွင့္ဇနီး ဦး ေဆာင္သည့္ ခ်စ္ၾကည္ေရး ကုိယ္စားလွယ္ အဖြဲ႕အား ႀကိဳဆုိႏႈတ္ဆက္ၾကသည္။ ထုိ႔ေနာက္ ညစာအား အတူ တကြသုံးေဆာင္ၾကသည္။

ညစာမသုံးေဆာင္မီႏွင့္သုံးေဆာင္ေနစဥ္အတြင္း ျပည္သူ႔ဆက္ဆံေရးႏွင့္စိတ္ဓာတ္စစ္ဆင္ေရးၫႊန္ ၾကားေရးမွဴး႐ုံးကြပ္ကဲမႈေအာက္ ျမ၀တီေတးဂီတအဖြဲ႕ႏွင့္ ျပင္ဦးလြင္ၿမိဳ႕နယ္၊ နီေပါ၊ ေဂၚရခါးယဥ္ေက်းမႈ အဖြဲ႕တုိ႔က ႏွစ္ႏုိင္ငံေတးသီခ်င္းမ်ား၊ ပေဒသာအကမ်ားျဖင့္ သီဆုိ၊ တီးမႈတ္၊ ကျပေဖ်ာ္ေျဖၾကသည္။ ညစာသုံးေဆာင္အၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး၊ နီေပါတပ္မေတာ္ၾကည္းတပ္ ဦးစီးခ်ဳပ္ႏွင့္ ဇနီးတို႔သည္ အမွတ္တရလက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ေပးအပ္ၾကၿပီး သီဆိုကျပ ေဖ်ာ္ေျဖခဲ့ၾကေသာ ေဖ်ာ္ေျဖေရးအဖြဲ႕မွ စစ္သည္၊ စစ္သမီးမ်ားႏွင့္ နီေပါ၊ ေဂၚရခါး ယဥ္ေက်းမႈ အဖြဲ႕တုိ႔အား ဂုဏ္ျပဳပန္းျခင္းမ်ားအသီးသီးေပးအပ္ၾကၿပီးအမွတ္တရ စုေပါင္းဓာတ္ပုံ႐ိုက္ခဲ့ၾကသည္။

 

 

 

 

 

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နီပေါတပ်မတော်ကြည်းတပ်ဦးစီး ချုပ် General Rajendra Chhetri အားဂုဏ်ပြုညစာဖြင့်တည်ခင်း ဧည့်ခံ

နေပြည်တော်၊ ဇူလိုင် – ၄

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နီပေါတပ်မတော်ကြည်းတပ် ဦးစီးချုပ် General Rajendra Chhetri အားယနေ့ ညပိုင်းတွင် နေပြည်တော်ရှိ Hilton Hotel ၌ ဂုဏ်ပြု ညစာဖြင့်တည်ခင်းဧည့်ခံသည်။

အဆိုပါဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူဇနီးဒေါ်ကြူကြူ လှ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီးဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှတပ်မတော်အရာရှိကြီးများနှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့ တက်ရောက်ကြပြီး နီပေါတပ်မတော်ကြည်းတပ်ဦးစီးချုပ်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီးH.E. Mr. Bhim K. Udas နှင့်ဇနီး၊ နီပေါတပ်မတော်မှ အရာရှိကြီးများတက်ရောက်ကြသည်။

ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က နီပေါတပ်မတော် ကြည်းတပ်ဦးစီးချုပ်နှင့်ဇနီး ဦး ဆောင်သည့် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ညစာအား အတူ တကွသုံးဆောင်ကြသည်။

ညစာမသုံးဆောင်မီနှင့်သုံးဆောင်နေစဉ်အတွင်း ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန် ကြားရေးမှူးရုံးကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့နှင့် ပြင်ဦးလွင်မြို့နယ်၊ နီပေါ၊ ဂေါ်ရခါးယဉ်ကျေးမှု အဖွဲ့တို့က နှစ်နိုင်ငံတေးသီချင်းများ၊ ပဒေသာအကများဖြင့် သီဆို၊ တီးမှုတ်၊ ကပြဖျော်ဖြေကြသည်။ ညစာသုံးဆောင်အပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ နီပေါတပ်မတော်ကြည်းတပ် ဦးစီးချုပ်နှင့် ဇနီးတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး သီဆိုကပြ ဖျော်ဖြေခဲ့ကြသော ဖျော်ဖြေရေးအဖွဲ့မှ စစ်သည်၊ စစ်သမီးများနှင့် နီပေါ၊ ဂေါ်ရခါး ယဉ်ကျေးမှု အဖွဲ့တို့အား ဂုဏ်ပြုပန်းခြင်းများအသီးသီးပေးအပ်ကြပြီးအမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။