တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နှင့်ပတ်ဝန်းကျင်ကျေးရွာများမှ ရေဘေးရှောင်ပြည်သူများအား သွားရောက်တွေ့ဆုံအားပေး စကားပြောကြား

ေနျပည္ေတာ္၊ ၾသဂုတ္ ၄

တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္သည္ ဇူလုိင္လ ၂၃ ရက္ေန႔မွစ၍ မုိးသည္းထန္စြာအဆက္မျပတ္ ရြာသြန္းမႈေၾကာင့္ ပဲခူးတုိင္းေဒသႀကီး၊ ေရႊက်င္ၿမိဳ႕နယ္အတြင္းေရႀကီး ေရလွ်ံမႈမ်ားျဖစ္ေပၚခဲ့ၿပီး ေရႊက်င္ၿမိဳ႕ေပၚတြင္ေခတၱေျပာင္းေရႊ႕ေနထုိင္ လ်က္ရွိသည့္ ေရေဘးေရွာင္ျပည္သူမ်ားအားယေန႔တြင္ သြားေရာက္ ေတြ႕ဆုံအားေပးစကားေျပာၾကားသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ေတာင္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္ခ်ဳပ္ မ်ိဳး၀င္း၊ ပဲခူးတုိင္းေဒသႀကီး လုံၿခဳံေရးႏွင့္နယ္စပ္ေရးရာ၀န္ႀကီးႏွင့္ ဌာနဆုိင္ရာ တာ၀န္ရွိသူမ်ား လုိက္ပါၿပီး ပဲခူးတုိင္းေဒသႀကီး၊ ေရႊက်င္ၿမိဳ႕၊ ဂန္႔ေဂၚ၀ုိင္းရပ္ကြက္ရွိ ေရႊေတာင္ဦး ေစတီေတာ္တြင္ဖြင့္လွစ္ထားသည့္ ေရေဘးေရွာင္စခန္း၊ အေျခခံပညာအထက္တန္းေက်ာင္း၊ ေရႊက်င္ၿမိဳ႕ရွိ ေရေဘးေရွာင္စခန္းႏွင့္ သမုိင္း၀င္ဘုရားႀကီး ေစတီေတာ္အတြင္းရွိ ေရေဘး ေရွာင္စခန္းသုိ႔ ေခတၱေျပာင္းေရႊ႕ေနထုိင္လ်က္ရွိသည့္ ေရေဘးေရွာင္ျပည္သူမ်ားအား ယေန႔နံနက္ပုိင္းတြင္ သြားေရာက္ၾကည့္႐ႈအားေပးစကားေျပာၾကားသည္။

ဦးစြာၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးမွဴးကေရႀကီးေရလွ်ံမႈမ်ားျဖစ္ေပၚခဲ့သည့္ အေျခအေနမ်ားႏွင့္ ေရေဘးသင့္ျပည္သူမ်ားအား ေရႊက်င္ၿမိဳ႕ေပၚရွိေရေဘးေရွာင္စခန္း မ်ားသုိ႔ ေျပာင္းေရႊ႕ေနရာခ်ထားမႈမ်ားႏွင့္ တုိင္းေဒသႀကီးအစုိးရႏွင့္ ေဒသခံတပ္မေတာ္သားမ်ားမွကူညီေဆာင္ရြက္ေပးမႈအေျခအေနမ်ားအားရွင္းလင္းတင္ျပသည္။

ထုိ႔ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အားေပး စကားေျပာၾကားရာ၌ ယေန႔ကမၻာေပၚတြင္ ရာသီဥတု ေျပာင္းလဲမႈမ်ားမ်ားစြာျဖစ္ေပၚလ်က္ရွိသည္ကုိေတြ႕ရွိရၿပီး တစ္ခ်ိဳ႕ႏုိင္ငံမ်ားတြင္ အပူခ်ိန္လြန္ကဲမႈမ်ား၊ အေအးလြန္ကဲမႈမ်ားႏွင့္ မုိးသည္းထန္စြာ ရြာသြန္းမႈမ်ားျဖစ္ေပၚလ်က္ရွိသည္ကုိေတြ႕ရွိရေၾကာင္း၊ ယခုကဲ့သုိ႔ေရႊက်င္ၿမိဳ႕နယ္ အတြင္း၌ ေရႀကီးမႈသည္ႏွစ္ေပါင္း ၅၀အတြင္းအႀကီးမားဆုံးေရႀကီးမႈျဖစ္သည္ဟုမွတ္တမ္းမ်ား အရသိရွိရေၾကာင္း၊ သဘာ၀ေၾကာင့္ျဖစ္ပြားမႈျဖစ္ေသာ္လည္း ေက်ာ္လႊားႏုိင္ ေအာင္စဥ္းစားေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ ေရေဘးကူညီ ကယ္ဆယ္မႈမ်ားအား ႏုိင္ငံေတာ္ အစုိးရမွေဆာင္ရြက္ေနမႈမ်ားရွိသကဲ့သုိ႔ မိမိတုိ႔တပ္မေတာ္အေနျဖင့္ တပ္နယ္မ်ားအလုိက္ တာ၀န္မ်ားေပးအပ္ၿပီးကူညီေဆာင္ရြက္ေပးလ်က္ရွိေၾကာင္း၊ ေရႀကီးမႈျဖစ္ပြားသည့္ တစ္ခ်ိဳ႕ေဒသမ်ားတြင္ေရေျမာင္းမ်ား၌ အမႈိက္မ်ားဆုိးဆုိးရြားရြား ပိတ္ဆုိ႔မႈေၾကာင့္ ျဖစ္ေပၚတတ္ သည္ကုိေတြ႕ရွိရေၾကာင္း၊ ထုိ႔ေၾကာင့္ၿမိဳ႕ရြာေဒသမ်ားတြင္ ေနထုိင္ၾကသူမ်ားအေနျဖင့္ သက္ဆုိင္ရာၿမိဳ႕နယ္စည္ပင္ သာယာအဖြဲ႕မ်ားမွ ေဆာင္ရြက္ လ်က္ရွိသကဲ့သုိ႔ မိမိတုိ႔ေနထုိင္ရာပတ္၀န္းက်င္သန္႔ရွင္းေရးႏွင့္ ေရစီးေရလာေကာင္းမြန္ေရး ေရေျမာင္းမ်ား ပိတ္ဆုိ႔မႈမရွိေအာင္ မိမိတုိ႔အေနျဖင့္လည္းတတ္ႏုိင္သေလာက္ ေဆာင္ရြက္ၾကရန္လုိၿပီး တစ္ဦးခ်င္းစည္းကမ္း ေကာင္းမြန္စြာျဖင့္ထိန္းသိမ္းေဆာင္ရြက္ ၾကရမည္ ျဖစ္ေၾကာင္း၊ သက္ဆုိင္ရာအဖြဲ႕မ်ားႏွင့္ ျပည္သူမ်ားအားလုံးတူညီသည့္ စိတ္ဓာတ္ျဖင့္ပူးေပါင္းၿပီးေဆာင္ရြက္မွသာမိမိတုိ႔ၿမိဳ႕ရြာမ်ားသန္႔ရွင္းသာယာ သပ္ရပ္ၿပီး ဖြံ႕ၿဖိဳးတုိးတက္မႈရွိမည္ ျဖစ္ေၾကာင္း၊ ယခုေရေဘးေရွာင္မိသားစုမ်ားတြင္ပါ၀င္သည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားကုိလည္း ေရက်ခ်ိန္တြင္ ေက်ာင္းျပန္လည္ တက္ေရာက္ႏုိင္ေရး ေဆာင္ရြက္ရန္လုိေၾကာင္း၊ ထုိ႔အတူမိမိတုိ႔သားသမီးမ်ား ဘ၀တုိးတက္ေရးအတြက္လည္း ေရာင့္ရဲတင္းတိမ္စိတ္မရွိဘဲ တုိးတက္လုိသည့္စိတ္ေမြးျမဴေဆာင္ရြက္ ရမည္ျဖစ္ေၾကာင္း၊ ဘ၀တုိးတက္မႈရွိေစရန္အတြက္ အသိပညာ၊ အတတ္ပညာမ်ားရွိရမည္ျဖစ္သျဖင့္ မိမိတုိ႔သားသမီးမ်ား၏ ပညာရည္ျမင့္မားေရး၊ အတန္းပညာမ်ားေအာင္ျမင္ေရး ကုိအားေပးေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ တစ္ဖက္မွလည္း အသိပညာအတတ္ပညာဗဟုသုတ မ်ားရရွိရန္အတြက္ စာဖတ္ရန္လည္းလုိေၾကာင္းေျပာၾကားသည္။

ယင္းေနာက္မိမိတုိ႔ႏုိင္ငံအေနျဖင့္ယခုအခါဒီမုိကေရစီလမ္းေၾကာင္းေပၚတြင္ ေလွ်ာက္လွမ္းလ်က္ရွိၿပီး ထာ၀ရၿငိမ္းခ်မ္းေရးရရွိေစရန္အတြက္ ေဆာင္ရြက္လ်က္ရွိေၾကာင္း၊ ယခုေရႊက်င္နယ္ေျမသည္လည္း အတုိင္းအတာတစ္ခုအထိၿငိမ္းခ်မ္းေရးရရွိၿပီျဖစ္သျဖင့္ မၾကာမီကာလတြင္ဖြံ႕ၿဖိဳးတုိးတက္မႈမ်ားယခုထက္ပုိမုိျဖစ္ေပၚလာမည္ဟုယုံၾကည္ပါေၾကာင္း၊ မိမိတုိ႔တပ္မေတာ္အေနျဖင့္ ဒုိ႕တာ၀န္အေရးသုံးပါးကုိဦးထိပ္ထားၿပီး ထာ၀ရၿငိမ္းခ်မ္းေရး ရရွိေအာင္ေဆာင္ရြက္လ်က္ရွိေၾကာင္း၊ ေရေဘးေရွာင္ျပည္သူမ်ားက်န္းမာ ေရးအတြက္ ၿမိဳ႕နယ္က်န္းမာေရးဦးစီးဌာနႏွင့္ တပ္မေတာ္ေဆးကုသေရးအဖြဲ႕မ်ားက က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ားေဆာင္ရြက္ေပးလ်က္ရွိသကဲ့သုိ႔ မိမိတုိ႔တစ္ဦးခ်င္း က်န္းမာေရးကုိဂ႐ုစုိက္ရန္လုိအပ္ေၾကာင္း၊ အစားအေသာက္အေနအထုိင္မ်ားဂ႐ုစုိက္ရန္ လုိအပ္ေၾကာင္း၊ အရက္၊ ေဆးလိပ္၊ ကြမ္း စသည့္က်န္းမာေရးကုိထိခုိက္ေစသည့္ အေသာက္အစားမ်ားကုိလည္းတတ္ႏုိင္သမွ်ထိန္းသိမ္းေဆာင္ရြက္ေစခ်င္ေၾကာင္း၊ မိမိတုိ႔အေနျဖင့္လည္း တတ္ႏုိင္သည့္ဘက္မွ ဆက္လက္ကူညီေဆာင္ရြက္ေပးသြားမည္ျဖစ္ ေၾကာင္းေျပာၾကားသည္။

ေတြ႕ဆုံပြဲမ်ားအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ တပ္မေတာ္အရာရွိႀကီး မ်ားက ေရေဘးေရွာင္ျပည္သူမ်ားအား စားေသာက္ဖြယ္ရာမ်ားေပးအပ္ၿပီး ရင္းရင္းႏွီးႏွီး လုိက္လံႏႈတ္ဆက္သည္။ ထိုိ႔ေနာက္ေရေဘးေရွာင္စခန္းမ်ားတြင္ ဖြင့္လွစ္ထားသည့္ တပ္မေတာ္နယ္လွည့္္ေဆးကုသေရးအဖြဲ႕မ်ားက ေဒသခံျပည္သူမ်ားအားက်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ားေဆာင္ရြက္ေနမႈအေျခအေနမ်ားအားလုိက္လံၾကည့္႐ႈ အားေပးသည္။

ယင္းေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ေရႊက်င္ၿမိဳ႕၊ သမုိင္း၀င္ဘုရားႀကီး ေစတီေတာ္အတြင္းရွိ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္အား ပန္း၊ ေရခ်မ္း၊ ဆီမီးမ်ားကပ္လွဴပူေဇာ္ၿပီး သမုိင္း၀င္ဘုရားႀကီးေစတီေတာ္ေရႊသကၤန္းကပ္လွဴပူေဇာ္ရန္ အတြက္ အလွဴေငြမ်ားေပးအပ္လွဴဒါန္း၍ ေစတီေတာ္ႀကီးအားလက္ယာ ရစ္လွည့္လည္ ဖူးေျမာ္ၾကည္ညိဳခဲ့ၾကသည္။

ေရႊက်င္ၿမိဳ႕နယ္အတြင္း ေရႀကီးေရလွ်ံမႈမ်ားေၾကာင့္ ဇူလုိင္ ၃၀ ရက္ေန႔အထိ ေရႊက်င္ၿမိဳ႕ေပၚရပ္ကြက္ ၈ ရပ္ကြက္ႏွင့္ ေက်းရြာေပါင္း ၄၂ ရြာရွိအိမ္ေျခ ၅၇၆၈ အိမ္ ေရလႊမ္းမုိးခဲ့ၿပီး လူဦးေရစုစုေပါင္း ၂၇၂၆၆ ဦး ေဘးလြတ္ရာကုန္းျမင့္မ်ားသုိ႔ ေျပာင္းေရႊ႕ေနထုိင္ခဲ့ရသည္။ ေရ၀င္ေရာက္မႈေၾကာင့္ေျပာင္းေရႊ႕ေနထုိင္ရသည့္ အိမ္ေထာင္စုမ်ားအား ေရႊက်င္ၿမိဳ႕ေပၚ ၅ ေနရာႏွင့္ ေက်းရြာမ်ားတြင္ ၄၂ ေနရာ ကယ္ဆယ္ေရးစခန္းမ်ားဖြင့္လွစ္ၿပီးေျပာင္းေရႊ႕ေနရာခ်ထားေပးခဲ့ရေၾကာင္း၊ ေရႊက်င္ၿမိဳ႕ နယ္အတြင္းေရ၀င္ေရာက္မႈေၾကာင့္ မုိးစပါးစုိက္ပ်ိဳးဧက ၃၄၈၆၇ ဧကရွိသည့္အနက္ စုိက္ပ်ိဳးဧကေပါင္း ၂၅၅၀၀ ခန္႔ ေရ၀င္နစ္ျမဳပ္ပ်က္စီးမႈမ်ားျဖစ္ေပၚခဲ့ရပါသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နှင့်ပတ်ဝန်းကျင်ကျေးရွာများမှ ရေဘေးရှောင်ပြည်သူများအား သွားရောက်တွေ့ဆုံအားပေး စကားပြောကြား

နေပြည်တော်၊ သြဂုတ် ၄

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇူလိုင်လ ၂၃ ရက်နေ့မှစ၍ မိုးသည်းထန်စွာအဆက်မပြတ် ရွာသွန်းမှုကြောင့် ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်အတွင်းရေကြီး ရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး ရွှေကျင်မြို့ပေါ်တွင်ခေတ္တပြောင်းရွှေ့နေထိုင် လျက်ရှိသည့် ရေဘေးရှောင်ပြည်သူများအားယနေ့တွင် သွားရောက် တွေ့ဆုံအားပေးစကားပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မျိုးဝင်း၊ ပဲခူးတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါပြီး ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့၊ ဂန့်ဂေါ်ဝိုင်းရပ်ကွက်ရှိ ရွှေတောင်ဦး စေတီတော်တွင်ဖွင့်လှစ်ထားသည့် ရေဘေးရှောင်စခန်း၊ အခြေခံပညာအထက်တန်းကျောင်း၊ ရွှေကျင်မြို့ရှိ ရေဘေးရှောင်စခန်းနှင့် သမိုင်းဝင်ဘုရားကြီး စေတီတော်အတွင်းရှိ ရေဘေး ရှောင်စခန်းသို့ ခေတ္တပြောင်းရွှေ့နေထိုင်လျက်ရှိသည့် ရေဘေးရှောင်ပြည်သူများအား ယနေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုအားပေးစကားပြောကြားသည်။

ဦးစွာမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးကရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သည့် အခြေအနေများနှင့် ရေဘေးသင့်ပြည်သူများအား ရွှေကျင်မြို့ပေါ်ရှိရေဘေးရှောင်စခန်း များသို့ ပြောင်းရွှေ့နေရာချထားမှုများနှင့် တိုင်းဒေသကြီးအစိုးရနှင့် ဒေသခံတပ်မတော်သားများမှကူညီဆောင်ရွက်ပေးမှုအခြေအနေများအားရှင်း
လင်းတင်ပြသည်။

ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အားပေး စကားပြောကြားရာ၌ ယနေ့ကမ္ဘာပေါ်တွင် ရာသီဥတု ပြောင်းလဲမှုများများစွာဖြစ်ပေါ်လျက်ရှိသည်ကိုတွေ့ရှိရပြီး တစ်ချို့နိုင်ငံများတွင် အပူချိန်လွန်ကဲမှုများ၊ အအေးလွန်ကဲမှုများနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုများဖြစ်ပေါ်လျက်ရှိသည်ကိုတွေ့ရှိရကြောင်း၊ ယခုကဲ့သို့ရွှေကျင်မြို့နယ် အတွင်း၌ ရေကြီးမှုသည်နှစ်ပေါင်း ၅၀အတွင်းအကြီးမားဆုံးရေကြီးမှုဖြစ်သည်ဟုမှတ်တမ်းများ အရသိရှိရကြောင်း၊ သဘာဝကြောင့်ဖြစ်ပွားမှုဖြစ်သော်လည်း ကျော်လွှားနိုင် အောင်စဉ်းစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရေဘေးကူညီ ကယ်ဆယ်မှုများအား နိုင်ငံတော် အစိုးရမှဆောင်ရွက်နေမှုများရှိသကဲ့သို့ မိမိတို့တပ်မတော်အနေဖြင့် တပ်နယ်များအလိုက် တာဝန်များပေးအပ်ပြီးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရေကြီးမှုဖြစ်ပွားသည့် တစ်ချို့ဒေသများတွင်ရေမြောင်းများ၌ အမှိုက်များဆိုးဆိုးရွားရွား ပိတ်ဆို့မှုကြောင့် ဖြစ်ပေါ်တတ် သည်ကိုတွေ့ရှိရကြောင်း၊ ထို့ကြောင့်မြို့ရွာဒေသများတွင် နေထိုင်ကြသူများအနေဖြင့် သက်ဆိုင်ရာမြို့နယ်စည်ပင် သာယာအဖွဲ့များမှ ဆောင်ရွက် လျက်ရှိသကဲ့သို့ မိမိတို့နေထိုင်ရာပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ရေစီးရေလာကောင်းမွန်ရေး ရေမြောင်းများ ပိတ်ဆို့မှုမရှိအောင် မိမိတို့အနေဖြင့်လည်းတတ်နိုင်သလောက် ဆောင်ရွက်ကြရန်လိုပြီး တစ်ဦးချင်းစည်းကမ်း ကောင်းမွန်စွာဖြင့်ထိန်းသိမ်းဆောင်ရွက် ကြရမည် ဖြစ်ကြောင်း၊ သက်ဆိုင်ရာအဖွဲ့များနှင့် ပြည်သူများအားလုံးတူညီသည့် စိတ်ဓာတ်ဖြင့်ပူးပေါင်းပြီးဆောင်ရွက်မှသာမိမိတို့မြို့ရွာများသန့်ရှင်းသာယာ သပ်ရပ်ပြီး ဖွံ့ဖြိုးတိုးတက်မှုရှိမည် ဖြစ်ကြောင်း၊ ယခုရေဘေးရှောင်မိသားစုများတွင်ပါဝင်သည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း ရေကျချိန်တွင် ကျောင်းပြန်လည် တက်ရောက်နိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ ထို့အတူမိမိတို့သားသမီးများ ဘဝတိုးတက်ရေးအတွက်လည်း ရောင့်ရဲတင်းတိမ်စိတ်မရှိဘဲ တိုးတက်လိုသည့်စိတ်မွေးမြူဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ဘဝတိုးတက်မှုရှိစေရန်အတွက် အသိပညာ၊ အတတ်ပညာများရှိရမည်ဖြစ်သဖြင့် မိမိတို့သားသမီးများ၏ ပညာရည်မြင့်မားရေး၊ အတန်းပညာများအောင်မြင်ရေး ကိုအားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တစ်ဖက်မှလည်း အသိပညာအတတ်ပညာဗဟုသုတ များရရှိရန်အတွက် စာဖတ်ရန်လည်းလိုကြောင်းပြောကြားသည်။

ယင်းနောက်မိမိတို့နိုင်ငံအနေဖြင့်ယခုအခါဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းလျက်ရှိပြီး ထာဝရငြိမ်းချမ်းရေးရရှိစေရန်အတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုရွှေကျင်နယ်မြေသည်လည်း အတိုင်းအတာတစ်ခုအထိငြိမ်းချမ်းရေးရရှိပြီဖြစ်သဖြင့် မကြာမီကာလတွင်ဖွံ့ဖြိုးတိုးတက်မှုများယခုထက်ပိုမိုဖြစ်ပေါ်လာမည်ဟုယုံကြည်ပါကြောင်း၊ မိမိတို့တပ်မတော်အနေဖြင့် ဒို့တာဝန်အရေးသုံးပါးကိုဦးထိပ်ထားပြီး ထာဝရငြိမ်းချမ်းရေး ရရှိအောင်ဆောင်ရွက်လျက်ရှိကြောင်း၊ ရေဘေးရှောင်ပြည်သူများကျန်းမာ ရေးအတွက် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် တပ်မတော်ဆေးကုသရေးအဖွဲ့များက ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ မိမိတို့တစ်ဦးချင်း ကျန်းမာရေးကိုဂရုစိုက်ရန်လိုအပ်ကြောင်း၊ အစားအသောက်အနေအထိုင်များဂရုစိုက်ရန် လိုအပ်ကြောင်း၊ အရက်၊ ဆေးလိပ်၊ ကွမ်း စသည့်ကျန်းမာရေးကိုထိခိုက်စေသည့် အသောက်အစားများကိုလည်းတတ်နိုင်သမျှထိန်းသိမ်းဆောင်ရွက်စေချင်ကြောင်း၊ မိမိတို့အနေဖြင့်လည်း တတ်နိုင်သည့်ဘက်မှ ဆက်လက်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်းပြောကြားသည်။

တွေ့ဆုံပွဲများအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်အရာရှိကြီး များက ရေဘေးရှောင်ပြည်သူများအား စားသောက်ဖွယ်ရာများပေးအပ်ပြီး ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။ ထို့နောက်ရေဘေးရှောင်စခန်းများတွင် ဖွင့်လှစ်ထားသည့် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့များက ဒေသခံပြည်သူများအားကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများအားလိုက်လံကြည့်ရှု အားပေးသည်။

ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ရွှေကျင်မြို့၊ သမိုင်းဝင်ဘုရားကြီး စေတီတော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူပူဇော်ပြီး သမိုင်းဝင်ဘုရားကြီးစေတီတော်ရွှေသင်္ကန်းကပ်လှူပူဇော်ရန် အတွက် အလှူငွေများပေးအပ်လှူဒါန်း၍ စေတီတော်ကြီးအားလက်ယာ ရစ်လှည့်လည် ဖူးမြော်ကြည်ညိုခဲ့ကြသည်။

ရွှေကျင်မြို့နယ်အတွင်း ရေကြီးရေလျှံမှုများကြောင့် ဇူလိုင် ၃၀ ရက်နေ့အထိ ရွှေကျင်မြို့ပေါ်ရပ်ကွက် ၈ ရပ်ကွက်နှင့် ကျေးရွာပေါင်း ၄၂ ရွာရှိအိမ်ခြေ ၅၇၆၈ အိမ် ရေလွှမ်းမိုးခဲ့ပြီး လူဦးရေစုစုပေါင်း ၂၇၂၆၆ ဦး ဘေးလွတ်ရာကုန်းမြင့်များသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရသည်။ ရေဝင်ရောက်မှုကြောင့်ပြောင်းရွှေ့နေထိုင်ရသည့် အိမ်ထောင်စုများအား ရွှေကျင်မြို့ပေါ် ၅ နေရာနှင့် ကျေးရွာများတွင် ၄၂ နေရာ ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ပြီးပြောင်းရွှေ့နေရာချထားပေးခဲ့ရကြောင်း၊ ရွှေကျင်မြို့ နယ်အတွင်းရေဝင်ရောက်မှုကြောင့် မိုးစပါးစိုက်ပျိုးဧက ၃၄၈၆၇ ဧကရှိသည့်အနက် စိုက်ပျိုးဧကပေါင်း ၂၅၅၀၀ ခန့် ရေဝင်နစ်မြုပ်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရပါသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။