တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အောင်ပန်းတပ်နယ်ရှိ တပ်မတော်ဆေးရုံကြီးသို့ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဇူလိုင်  ၁၄

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်နှင့် အဖွဲ့ဝင်များ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ် ဌာနချုပ်၊ အောင်ပန်းတပ်နယ်ရှိ တပ်မတော်ဆေးရုံကြီးသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား ဆေးရုံတပ်မှူး ဗိုလ်မှူးချုပ် စောရန်နိုင်က ဆေးရုံအစည်းအဝေးခန်းမတွင် ဆေးရုံကြီး၏ ဆေးကုသရေး လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ နှလုံးဆေးကုသမှုဌာနမှ နှလုံးရောဂါဝေဒနာ ရှင် တပ်မတော်သားများ၊ ဒေသခံပြည်သူများကို စမ်းသပ်စစ်ဆေးကုသပေးနိုင်မှု အခြေ အနေများ၊ တပ်မတော်သားများ၊ မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဒေသခံ ပြည်သူများအား ဆေးကုသရေးဆိုင်ရာဆောင်ရွက်ပေးနိုင်မှုအခြေအနေများ၊ COVID-19 ရောဂါ၊ ရာသီတုပ်ကွေးရောဂါနှင့် အခြားရောဂါများနှင့် ပတ်သက်၍ ဒေသခံပြည်သူ များအား ဆေးအကာအကွယ်ပေးမှုနှင့် အသိပညာပေးနိုင်မှုအခြေအနေများအား ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များ ဆွေးနွေးမှာ ကြားခဲ့သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဆေးရုံကြီး အတွင်း ဓါတ်ရောင်ခြည်ကုသဆောင်နှင့် ကင်ဆာရောဂါခွဲစိတ်ကုသဆောင် ဆောက်လုပ် နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းတင်ပြကြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က အဆောက်အဦကြီးကို သတ်မှတ်အရည်အသွေးအတိုင်းပြည့်မီရေး စနစ်တကျ တွက်ချက်တည်ဆောက်သွားရန်လိုအပ်သည့် အခြေအနေများနှင့် ပတ်သက်၍ ပြန်လည် ဆွေးနွေးမှာကြားခဲ့သည်။

အောင်ပန်းမြို့ရှိ တပ်မတော်ဆေးရုံကြီးသည် ရှမ်းပြည်နယ်အတွင်း အကြီးဆုံး တပ်မတော်ဆေးရုံကြီးဖြစ်ပြီး တပ်မတော်သားများနှင့် ဒေသခံပြည်သူများ၏ ကျန်းမာရေး ကို အထောက်အကူပြုလျက်ရှိကြောင်း၊ အစာအိမ်နှင့်အူလမ်းကြောင်းမှန်ပြောင်းဖြင့် စစ်ဆေးကုသခြင်း၊ ဝမ်းဗိုက်အတွင်း မှန်ပြောင်းဖြင့် ခွဲစိတ်ကုသပေးနိုင်ခြင်း၊ ကျောက်ကပ် ဆေးစက်ဖြင့် ကုသပေးနိုင်ခြင်းများအပြင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက်နေ့တွင် ထပ်မံ ဖွင့်လှစ်ခဲ့သည့် နှလုံးဆေးကုသမှုဌာနမှလည်း ရှမ်းပြည်နယ်၊ တောင်ကြီးနှင့် အောင်ပန်း ဒေသတို့ရှိ နှလုံးရောဂါဝေဒနာရှင် ဒေသခံပြည်သူ ၁၃၃ ဦးကိုလည်း နှလုံးရောဂါနှင့် ပတ်သက်၍ စမ်းသပ်စစ်ဆေးကုသပေးနိုင်ခဲ့သည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မှူးႀကီး မင္းေအာင္လႈိင္ ေအာင္ပန္းတပ္နယ္ရွိ တပ္မေတာ္ေဆး႐ုံႀကီးသို႔ သြားေရာက္ၾကည့္ရႈစစ္ေဆး

ေနျပည္ေတာ္၊ ဇူလိုင္  ၁၄

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မှူးႀကီး မင္းေအာင္လႈိင္သည္ နယ္စပ္ေရးရာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲေအာင္၊ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ အေရွ႕ပိုင္းတိုင္း စစ္ဌာနခ်ဳပ္တိုင္းမှူး ဗိုလ္ခ်ဳပ္ လင္းေအာင္ႏွင့္ အဖြဲ႕ဝင္မ်ား လိုက္ပါလ်က္ ယေန႔နံနက္ပိုင္းတြင္ အေရွ႕ပိုင္းတိုင္း စစ္ ဌာနခ်ဳပ္၊ ေအာင္ပန္းတပ္နယ္ရွိ တပ္မေတာ္ေဆး႐ုံႀကီးသို႔ သြားေရာက္ၾကည့္ရႈ စစ္ေဆး သည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားအား ေဆး႐ုံတပ္မႉး ဗိုလ္မႉးခ်ဳပ္ ေစာရန္ႏိုင္က ေဆး႐ုံအစည္းအေဝးခန္းမတြင္ ေဆး႐ုံႀကီး၏ ေဆးကုသေရး လုပ္ငန္းေဆာင္႐ြက္ေနမႈအေျခအေနမ်ား၊ ႏွလုံးေဆးကုသမႈဌာနမွ ႏွလုံးေရာဂါေဝဒနာ ရွင္ တပ္မေတာ္သားမ်ား၊ ေဒသခံျပည္သူမ်ားကို စမ္းသပ္စစ္ေဆးကုသေပးႏိုင္မႈ အေျခ အေနမ်ား၊ တပ္မေတာ္သားမ်ား၊ မိသားစုဝင္မ်ား၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဝင္မ်ား၊ ေဒသခံ ျပည္သူမ်ားအား ေဆးကုသေရးဆိုင္ရာေဆာင္႐ြက္ေပးႏိုင္မႈအေျခအေနမ်ား၊ COVID-19 ေရာဂါ၊ ရာသီတုပ္ေကြးေရာဂါႏွင့္ အျခားေရာဂါမ်ားႏွင့္ ပတ္သက္၍ ေဒသခံျပည္သူ မ်ားအား ေဆးအကာအကြယ္ေပးမႈႏွင့္ အသိပညာေပးႏိုင္မႈအေျခအေနမ်ားအား ရွင္းလင္းတင္ျပရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က လိုအပ္သည္မ်ား ေဆြးေႏြးမွာ ၾကားခဲ့သည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ ေဆး႐ုံႀကီး အတြင္း ဓါတ္ေရာင္ျခည္ကုသေဆာင္ႏွင့္ ကင္ဆာေရာဂါခြဲစိတ္ကုသေဆာင္ ေဆာက္လုပ္ ေနမႈအေျခအေနမ်ားအား သြားေရာက္ၾကည့္ရႈစစ္ေဆးရာ တာဝန္ရွိသူမ်ားက လိုက္လံ ရွင္းလင္းတင္ျပၾကသည္။ ရွင္းလင္းတင္ျပမႈမ်ားအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ က အေဆာက္အဦႀကီးကို သတ္မွတ္အရည္အေသြးအတိုင္းျပည့္မီေရး စနစ္တက် တြက္ခ်က္တည္ေဆာက္သြားရန္လိုအပ္သည့္ အေျခအေနမ်ားႏွင့္ ပတ္သက္၍ ျပန္လည္ ေဆြးေႏြးမွာၾကားခဲ့သည္။

ေအာင္ပန္းၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ုံႀကီးသည္ ရွမ္းျပည္နယ္အတြင္း အႀကီးဆုံး တပ္မေတာ္ေဆး႐ုံႀကီးျဖစ္ၿပီး တပ္မေတာ္သားမ်ားႏွင့္ ေဒသခံျပည္သူမ်ား၏ က်န္းမာေရး ကို အေထာက္အကူျပဳလ်က္ရွိေၾကာင္း၊ အစာအိမ္ႏွင့္အူလမ္းေၾကာင္းမွန္ေျပာင္းျဖင့္ စစ္ေဆးကုသျခင္း၊ ဝမ္းဗိုက္အတြင္း မွန္ေျပာင္းျဖင့္ ခြဲစိတ္ကုသေပးႏိုင္ျခင္း၊ ေက်ာက္ကပ္ ေဆးစက္ျဖင့္ ကုသေပးႏိုင္ျခင္းမ်ားအျပင္ ၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာ ၂ ရက္ေန႔တြင္ ထပ္မံ ဖြင့္လွစ္ခဲ့သည့္ ႏွလုံးေဆးကုသမႈဌာနမွလည္း ရွမ္းျပည္နယ္၊ ေတာင္ႀကီးႏွင့္ ေအာင္ပန္း ေဒသတို႔ရွိ ႏွလုံးေရာဂါေဝဒနာရွင္ ေဒသခံျပည္သူ ၁၃၃ ဦးကိုလည္း ႏွလုံးေရာဂါႏွင့္ ပတ္သက္၍ စမ္းသပ္စစ္ေဆးကုသေပးႏိုင္ခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။