၂၀၁၈ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ

ေနျပည္ေတာ္၊ ဇူလိုင္ ၂၂

၂၀၁၈ ခုႏွစ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး(ၾကည္း၊ ေရ၊ ေလ)မိသားစုမ်ား ၀ါဆုိသကၤန္း ဆက္ကပ္လွဴဒါန္းပဲြအခမ္းအနားကုိ ယေန႔နံနက္ပုိင္းတြင္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း) အေနာ္ရထာခန္းမ၌က်င္းပျပဳလုပ္ရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ႏွင့္ဇနီး ေဒၚၾကဴၾကဴလွတုိ႔ တက္ေရာက္ၾကည္ညဳိ၍ ၀ါဆုိသကၤန္းႏွင့္ လွဴဖြယ္ပစၥည္းမ်ားဆက္ကပ္လွဴဒါန္းၾကသည္။

အဆုိပါအခမ္းအနားသုိ႔ ႏုိင္ငံေတာ္သံဃမဟာနာယကအဖြဲ႕ ဥကၠ႒၊ မႏၲေလးၿမိဳ႕၊ ဗန္းေမာ္ေက်ာင္းတုိက္ ပဓာန နာယက၊ အဘိဓဇမဟာရဌဂု႐ု၊ အဘိဓဇအဂၢမဟာ သဒၶမၼေဇာတိက ေဒါက္တာဘဒၵႏၲကုမာရာ ဘိ၀ံသ ဗန္းေမာ္ ဆရာေတာ္ႀကီးအမွဴးျပဳေသာ ႏိုင္ငံေတာ္သံဃမဟာနာယကဆရာေတာ္ႀကီးမ်ား၊ တိပိဋကဓရ တိပိဋကေကာ၀ိဒ ဆရာေတာ္မ်ား၊ ဥပၸါတသႏၲိေစတီေတာ္ျမတ္ႀကီး၏ ၾသ၀ါဒါစရိယဆရာေတာ္ႀကီးမ်ား၊ ပင့္ဖိတ္ထားသည့္ ေဒသခံ ဆရာေတာ္ႀကီးမ်ားအပါအ၀င္ သံဃာေတာ္ ၆၃ ပါး ၾကြေရာက္ေတာ္မူၾကၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္၊ ဇနီး ေဒၚၾကဴၾကဴလွတို႔ႏွင့္အတူ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္းႏွင့္ဇနီး ေဒၚသန္းသန္းႏြယ္၊ ျပည္ထဲေရး ၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဒုတိယဗုိလ္ခ်ဳပ္ႀကီးေက်ာ္ေဆြႏွင့္ဇနီး ကာကြယ္ေရး၀န္ႀကီးဌာန ျပည္ေထာင္စု ၀န္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိန္၀င္းႏွင့္ဇနီး၊ နယ္စပ္ေရးရာ၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲေအာင္ႏွင့္ဇနီး၊ ၫိႇႏႈိင္းကြပ္ကဲေရးမွဴး(ၾကည္း၊ ေရ၊ ေလ)ဗိုလ္ခ်ဳပ္ႀကီးျမထြန္းဦးႏွင့္ဇနီး၊ ကာကြယ္ေရး ဦးစီးခ်ဳပ္ (ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုးမွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ဇနီးမ်ား၊ ေနျပည္ေတာ္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမွဴး ႏွင့္ ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး (ၾကည္း၊ ေရ၊ ေလ)႐ံုး/ဌာနမ်ားမွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား တက္ေရာက္ၾကသည္။

အခမ္းအနားမစတင္မီ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတို႔သည္ အေနာ္ရထာခန္းမရွိ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္အား ျမသပိတ္ဆြမ္းေတာ္၊ သစ္သီး၊ ပန္းမန္ႏွင့္ ေသာက္ေတာ္ေရခ်မ္းမ်ား ကပ္လွဴပူေဇာ္ဖူးေျမာ္ၾကည္ၫိုၾကသည္။

ထို႔ေနာက္ ၀ါဆိုသကၤန္းဆက္ကပ္လွဴဒါန္းပြဲအခမ္းအနားကို နေမာတႆ သံုးႀကိမ္ရြတ္ဆို ဘုရားကန္ေတာ့ ဖြင့္လွစ္ၿပီး ဗန္းေမာ္ဆရာေတာ္ႀကီးထံမွ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး အမွဴးျပဳေသာ ဧည့္ပရိသတ္ မ်ားက ကိုးပါးသီလ ခံယူေဆာက္တည္ၾကသည္။

ဆက္လက္၍ ဆရာေတာ္ႀကီးမ်ားရြတ္ပြားခ်ီးျမႇင့္ေတာ္မူသည့္ ေမတၱသုတ္ ပရိတ္တရားေတာ္မ်ားကို နာယူၾကသည္။ ထို႔ေနာက္ ဗန္းေမာ္ဆရာေတာ္ႀကီးထံသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ႏွင့္ ဇနီး ေဒၚၾကဴၾကဴလွ တို႔က၀ါဆိုသကၤန္းႏွင့္ လွဴဖြယ္ပစၥည္းမ်ားဆက္ကပ္လွဴဒါန္းၾကသည္။

ယင္းေနာက္ ႏုိင္ငံေတာ္သံဃမဟာနာယကအဖြဲ႕အက်ိဳးေတာ္ေဆာင္ ရန္ကုန္တုိင္းေဒသႀကီး၊ သန္လ်င္ မင္းေက်ာင္းပထမျပန္စာသင္တုိက္ ပဓာနနာယက၊ အဂၢမဟာပ႑ိတဘဒၵႏၲစႏၵိမာဘိ၀ံသထံသို႔ ဒုတိယ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္းႏွင့္ဇနီး ေဒၚသန္းသန္းႏြယ္တို႔က ၀ါဆိုသကၤန္းႏွင့္ လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္လွဴဒါန္းၾကသည္။

၎ေနာက္ ျပည္ေထာင္စု၀န္ႀကီးမ်ားႏွင့္ဇနီးမ်ား၊ ၫိႇႏႈိင္းကြပ္ကဲေရးမွဴး (ၾကည္း၊ ေရ၊ ေလ)ႏွင့္ဇနီး ၊ ကာကြယ္ ေရးဦးစီးခ်ဳပ္(ေရ)ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)ႏွင့္ဇနီး၊ အခမ္းအနားတက္ေရာက္လာၾကသည့္ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ဇနီးမ်ားက ဆရာေတာ္၊ သံဃာေတာ္မ်ားထံ ၀ါဆိုသကၤန္းႏွင့္လွဴဖြယ္ပစၥည္းမ်ား ကို အသီးသီး ဆက္ကပ္လွဴဒါန္းၾကသည္။

ထို႔ေနာက္ သန္လ်င္မင္းေက်ာင္းဆရာေတာ္ႀကီးက အႏုေမာဒနာတရားေဟာၾကား ခ်ီးျမႇင့္ေတာ္မူၿပီး လွဴဒါန္းမႈ အစုစုတို႔အတြက္ ေရစက္သြန္းခ်အမွ်ေပးေ၀ၾကကာ ဗုဒၶသာသနံစိရံတိ႒တု သံုးႀကိမ္ရြတ္ဆို ဆုေတာင္း၍ အခမ္းအနားကို႐ုပ္သိမ္းလိုက္သည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္၊ ဇနီး ေဒၚၾကဴၾကဴလွႏွင့္ အခမ္း အနားတက္ေရာက္လာၾကသူမ်ားက ဆရာေတာ္ႀကီးမ်ားအား ေန႔ဆြမ္းဆက္ကပ္လွဴဒါန္းခဲ့ၾကသည္။

(Unicode Version)

၂၀၁၈ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများ ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ

နေပြည်တော်၊ ဇူလိုင် ၂၂

၂၀၁၈ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများ ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်း အနားကို ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အနော်ရထာခန်းမ၌ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက် ကြည်ညို၍ ၀ါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းကြသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက် ပဓာန နာယက၊ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာ ဘိ၀ံသ ဗန်းမော် ဆရာတော်ကြီးအမှူးပြုသော နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများ၊ တိပိဋကဓရ တိပိဋကကောဝိဒ ဆရာတော်များ၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ သြဝါဒါစရိယဆရာတော်ကြီးများ၊ ပင့်ဖိတ်ထားသည့် ဒေသခံ ဆရာတော်ကြီးများအပါအဝင် သံဃာတော် ၆၃ ပါး ကြွရောက်တော်မူကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှတို့နှင့်အတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထဲရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေနှင့်ဇနီး ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့်ဇနီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)ရုံး/ဌာနများမှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက် ရောက်ကြသည်။

အခမ်းအနားမစတင်မီ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည် အနော်ရထာခန်းမရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား မြသပိတ်ဆွမ်းတော်၊ သစ်သီး၊ ပန်းမန်နှင့် သောက်တော်ရေချမ်းများ ကပ်လှူပူဇော်ဖူးမြော်ကြည်ညို ကြသည်။

ထို့နောက် ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး ဗန်းမော်ဆရာတော်ကြီးထံမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး အမှူးပြုသော ဧည့်ပရိသတ် များက ကိုးပါးသီလ ခံယူဆောက်တည်ကြသည်။

ဆက်လက်၍ ဆရာတော်ကြီးများရွတ်ပွားချီးမြှင့်တော်မူသည့် မေတ္တသုတ် ပရိတ်တရားတော်များကို နာယူကြသည်။ ထို့နောက် ဗန်းမော်ဆရာတော်ကြီးထံသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့ကဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင် မင်းကျောင်းပထမပြန်စာသင်တိုက် ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တစန္ဒိမာဘိ၀ံသထံသို့ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်တို့က ၀ါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)နှင့်ဇနီး ၊ ကာကွယ် ရေးဦးစီးချုပ်(ရေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့်ဇနီး၊ အခမ်းအနားတက်ရောက်လာကြသည့် တပ်မတော်အရာရှိကြီးများနှင့်ဇနီးများက ဆရာတော်၊ သံဃာတော်များထံ ၀ါဆိုသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ကို အသီးသီး ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် သန်လျင်မင်းကျောင်းဆရာတော်ကြီးက အနုမောဒနာတရားဟောကြား ချီးမြှင့်တော်မူပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းလိုက်သည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှနှင့် အခမ်း အနားတက်ရောက်လာကြသူများက ဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။