တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမှတ်(၁) တပ်မတော်အသံလွှင့်တပ်၊ သဇင်အသံလွှင့်စက်ရုံနှင့် ပြင်ဦးလွင်မြို့၊ စစ်မှုထမ်းဟောင်း အိမ်ရာတည်ဆောက်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေး

ေနျပည္ေတာ္၊ ၾသဂုတ္ ၇

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီးတင္ေအာင္စန္း၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံးမွတပ္မေတာ္အရာရွိႀကီးမ်ား၊ အလယ္ပုိင္းတုိင္း စစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္မွဴးခ်ဳပ္ ေက်ာ္စြာလင္းႏွင့္တာ၀န္ရွိသူမ်ား လုိက္ပါၿပီး ယေန႔နံနက္ပုိင္းတြင္ ျပင္ဦးလြင္ၿမိဳ႕ရွိ အမွတ္(၁) တပ္မေတာ္အသံလႊင့္တပ္၊ သဇင္အသံလႊင့္စက္႐ုံသုိ႔ သြားေရာက္ၾကည့္႐ႈစစ္ေဆးသည္။

ဦးစြာ စက္႐ုံအစည္းအေ၀းခန္းမ၌ တပ္မွဴးက အသံလႊင့္လုပ္ငန္းမ်ားအား သက္ဆုိင္ရာက႑မ်ားအလုိက္ ထုတ္လႊင့္ေဆာင္ရြက္ေနမႈ အေျခအေနမ်ားႏွင့္ ႏုိင္ငံ အႏွံ႕မွဖမ္းယူရရွိေရးအတြက္ ထပ္ဆင့္လႊင့္စက္႐ုံမ်ားထပ္မံတုိးခ်ဲ႕တည္ေဆာက္ေနမႈ အေျခအေနမ်ား၊ တပ္မိသားစုမ်ားသက္သာေခ်ာင္ခ်ိေရး ေဆာင္ရြက္ထားရွိမႈအေျခအေန မ်ားအားရွင္းလင္းတင္ျပသည္။

ရွင္းလင္းတင္ျပမႈမ်ားအေပၚတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အသံလႊင့္လုပ္ငန္းမ်ားေဆာင္ရြက္ရျခင္းမွာ ျပည္သူမ်ားအားျပန္ၾကားေပးရန္၊ ေဖ်ာ္ေျဖေပးရန္ႏွင့္ ပညာေပးရန္ ဆုိသည့္ရည္ရြယ္ခ်က္မ်ားျဖင့္ ထုတ္လႊင့္ေပးေနျခင္းျဖစ္ေၾကာင္း၊ ယခုအခါမိမိတုိ႔ႏုိင္ငံသည္ ပါတီစုံဒီမုိကေရစီစနစ္ကုိ ေလွ်ာက္လွမ္းလ်က္ရွိသျဖင့္ တုိင္းရင္းသားျပည္သူမ်ားအေနျဖင့္ ဒီမုိကေရစီစနစ္ကုိနားလည္သိရွိႏုိင္ေစရန္၊ ျပည္ေထာင္စု စိတ္ဓာတ္ျဖစ္ေပၚေစရန္ႏွင့္ ဒုိ႔တာ၀န္အေရးသုံးပါးကုိေစာင့္ထိန္း လိုသည့္စိတ္မ်ားျဖစ္ေပၚ ေစရန္၊ မိမိတုိ႔အားလုံးသည္ျမန္မာျဖစ္သည္ (We all are Myanmar)ဆုိသည့္စိတ္ ျဖစ္ေပၚေစရန္အတြက္ ႏုိင္ငံခ်စ္စိတ္၊မ်ိဳးခ်စ္စိတ္ထက္သန္ေစမည့္ အစီအစဥ္မ်ား ထုတ္လႊင့္ရန္လုိအပ္ေၾကာင္း၊ ႏုိင္ငံေတာ္၏ အေျခခံမူမ်ားကုိသိရွိေစရန္အတြက္ သက္ဆုိင္ရာ တုိင္းရင္းသား ဘာသာစကားမ်ားအလုိက္က႑မ်ားတုိးခ်ဲ႕ထုတ္လႊင့္ရန္လုိအပ္ေၾကာင္း၊ မိမိတုိ႔ ေရဒီယုိအစီအစဥ္မ်ားအား နားဆင္လ်က္ရွိသည့္ ေသာတရွင္ျပည္သူမ်ား၏ အႀကံျပဳခ်က္မ်ားကိုလည္း တတ္ႏုိင္သမွ်ေဆာင္ရြက္ေပးရန္ႏွင့္ ေဆာင္ရြက္မႈမ်ားကိုလည္း ျပန္ၾကားေပးရန္လုိေၾကာင္း၊ သတင္းမ်ားထုတ္လႊင့္ရာတြင္ အခ်ိန္ႏွင့္တစ္ေျပးညီမွန္ကန္စြာ ထုတ္လႊင့္ရန္လုိအပ္ၿပီး ထုတ္လႊင့္သည့္သတင္းမ်ားသည္ ျပည္သူမ်ားအတြက္အက်ိဳးရွိရန္ လုိအပ္ေၾကာင္းေျပာၾကားၿပီး ထုတ္လႊင့္လ်က္ရွိသည့္က႑စုံအား တုိင္းရင္းသားဘာသာ စကားမ်ားအလိုက္ ထုတ္လႊင့္ႏုိင္ေရး ေဆာင္ရြက္ရန္၊ သတင္းအစီအစဥ္တင္ဆက္သူမ်ား အေနျဖင့္ စကားသံ၊ ေလယူေလသိမ္းပီပီသသရွိရန္၊ ေျပာဆုိတင္ဆက္မႈမ်ားအား စနစ္တက်ေဆာင္ရြက္ရန္၊ အစီအစဥ္မ်ားထုတ္လႊင့္ရာတြင္ ေခတ္မီရန္လုိအပ္ေသာ္လည္း မိမိတုိ႔ႏုိင္ငံ၏ အမ်ိဳးသားေရး စ႐ုိက္လကၡဏာမ်ားမေပ်ာက္ပ်က္ေစေရး အေလးထား ထိန္းသိမ္းေဆာင္ရြက္ရန္၊ တပ္မိသားစုမ်ားႏွင့္၀န္ထမ္းမ်ား သက္သာေခ်ာင္ခ်ိေရးႏွင့္ သြားလာမႈအဆင္ေျပေစေရး စနစ္တက်ေဆာင္ရြက္ရန္တုိ႔အားမွာၾကားၿပီး လုိအပ္သည္ မ်ားျဖည့္ဆည္းေဆာင္ရြက္ေပးသည္။

ထုိ႔ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ စက္႐ုံအတြင္း အသံလႊင့္အစီအစဥ္မ်ားထုတ္လႊင့္ေနမႈ အေျခအေနမ်ားအားလွည့္လည္ၾကည့္႐ႈစစ္ေဆးရာ တာ၀န္ရွိသူမ်ားကလုိက္လံရွင္းလင္းတင္ျပၾကသည္။

ယင္းေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ေန႔လယ္ပုိင္းတြင္ ျပင္ဦးလြင္ၿမိဳ႕ရွိ စစ္မႈထမ္းေဟာင္းအိမ္ရာ တည္ေဆာက္ေနမႈအေျခအေနမ်ား သြားေရာက္ၾကည့္႐ႈစစ္ေဆးရာ ဦးစြာ စစ္ေထာက္ခ်ဳပ္ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ညိဳေစာ ႏွင့္ စစ္အင္ဂ်င္နီယာၫႊန္ၾကားေရးမွဴး႐ုံး ၫႊန္ၾကားေရးမွဴး ဗုိလ္ခ်ဳပ္ ေမာင္ေမာင္ျမင့္တုိ႔က အိမ္ရာေဆာက္လုပ္ၿပီးစီးမႈအေျခအေနမ်ားအား ရွင္းလင္းတင္ျပၾကသည္။

ရွင္းလင္းတင္ျပမႈမ်ားအေပၚတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အိမ္ရာမ်ား အားအရည္အေသြးျပည့္မီစြာတည္ေဆာက္ရန္၊ အိမ္ရာတြင္ေနထုိင္သူမ်ားက်န္းမာေရး အေထာက္အကူျပဳရန္အတြက္ ေလွ်ာက္လမ္းမ်ား၊ အားကစားျပဳလုပ္ရန္ေနရာမ်ား ထည့့္သြင္းတည္ေဆာက္ေပးရန္၊ စစ္မႈထမ္းေဟာင္းမ်ား၏မိသားစု၀င္မ်ား အလုပ္အကုိင္ အခြင့္အလမ္းရရွိေရးအတြက္ အေသးစားလုပ္ငန္းမ်ားတည္ေဆာက္ေပးႏုိင္ေရး ႀကိဳတင္ စီမံေဆာင္ရြက္သြားရန္တုိ႔အားမွာၾကားသည္။

ထုိ႔ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ စစ္မႈထမ္းေဟာင္း အိမ္ရာအတြင္းလွည့္လည္ၾကည့္႐ႈစစ္ေဆးရာ တာ၀န္ရွိသူမ်ားကလုိက္လံရွင္းလင္းတင္ျပၾကသည္။ အဆုိပါ ျပင္ဦးလြင္ၿမိဳ႕၊ စစ္မႈထမ္းေဟာင္းအိမ္ရာတြင္ အျခားအဆင့္ ေနအိမ္ ၂ ခန္းတြဲ ၄ ထပ္ ၁၀ လုံးေဆာက္လုပ္လ်က္ရွိရာ ပ်မ္းမွ် ၈၅ ရာခုိင္ႏႈန္းခန္႔ၿပီးစီး ေနၿပီျဖစ္ေၾကာင္းႏွင့္ အရာရွိငယ္ေနအိမ္မ်ားႏွင့္ အျခားအဆင့္ေနအိမ္မ်ားအားထပ္မံ၍ ေဆာက္လုပ္ေပးသြားမည္ျဖစ္သည္။

ဆက္လက္ၿပီးတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ နယ္ေျမခံ တပ္မေတာ္အင္ဂ်င္နီယာသင္တန္းေက်ာင္းသုိ႔ေရာက္ရွိၾကရာ အစည္းအေ၀းခန္းမတြင္ ေက်ာင္းအုပ္ႀကီးက သင္တန္းေက်ာင္း၏တာ၀န္ထမ္းေဆာင္ႏုိင္မႈအေျခအေနမ်ား၊ သင္တန္းမ်ားဖြင့္လွစ္သင္ၾကားေပးေနမႈအေျခအေနမ်ားႏွင့္ တပ္ပုိင္စုိက္ပ်ိဳးေမြးျမဴေရး လုပ္ငန္းမ်ားေဆာင္ရြက္ၿပီး မိသားစု၀င္မ်ား၏သက္သာေခ်ာင္ခ်ိေရးေဆာင္ရြက္ေပးေနမႈ အေျခအေနမ်ားအားရွင္းလင္းတင္ျပသည္။ ရွင္းလင္းတင္ျပမႈမ်ားအေပၚတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က လုိအပ္သည္မ်ားမွာၾကားျဖည့္ဆည္းေဆာင္ရြက္ေပးသည္။

ယင္းေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ သင္တန္း ေက်ာင္းအတြင္းရွိ စုိက္ပ်ိဳးေမြးျမဴေရးၿခံအတြင္း DYL ၀က္၊ ႏုိဘုိဂ်င္ဘေရာင္းဥစားၾကက္ ႏွင့္ ႏုိ႔စားႏြားမ်ားေမြးျမဴထားရွိမႈအေျခအေန မ်ားအားၾကည့္႐ႈစစ္ေဆးၿပီး တာ၀န္ရွိသူမ်ားအား ေမြးျမဴေရးလုပ္ငန္းမ်ား စနစ္တက်ျဖင့္သပ္ရပ္သန္႔ရွင္းစြာေမြးျမဴရန္ႏွင့္ မိသားစုမ်ားအား စနစ္တက်ေရာင္းခ်ေပးရန္တုိ႔အားမွာၾကားခဲ့သည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမှတ်(၁) တပ်မတော်အသံလွှင့်တပ်၊ သဇင်အသံလွှင့်စက်ရုံနှင့် ပြင်ဦးလွင်မြို့၊ စစ်မှုထမ်းဟောင်း အိမ်ရာတည်ဆောက်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ သြဂုတ် ၇

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှတပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာလင်းနှင့်တာဝန်ရှိသူများ လိုက်ပါပြီး ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ အမှတ်(၁) တပ်မတော်အသံလွှင့်တပ်၊ သဇင်အသံလွှင့်စက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ စက်ရုံအစည်းအဝေးခန်းမ၌ တပ်မှူးက အသံလွှင့်လုပ်ငန်းများအား သက်ဆိုင်ရာကဏ္ဍများအလိုက် ထုတ်လွှင့်ဆောင်ရွက်နေမှု အခြေအနေများနှင့် နိုင်ငံ အနှံ့မှဖမ်းယူရရှိရေးအတွက် ထပ်ဆင့်လွှင့်စက်ရုံများထပ်မံတိုးချဲ့တည်ဆောက်နေမှု အခြေအနေများ၊ တပ်မိသားစုများသက်သာချောင်ချိရေး ဆောင်ရွက်ထားရှိမှုအခြေအနေ များအားရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အသံလွှင့် လုပ်ငန်းများဆောင်ရွက်ရခြင်းမှာ ပြည်သူများ အားပြန်ကြားပေးရန်၊ ဖျော်ဖြေပေးရန်နှင့် ပညာပေးရန် ဆိုသည့်ရည်ရွယ်ချက်များဖြင့် ထုတ်လွှင့်ပေးနေခြင်းဖြစ်ကြောင်း၊ ယခုအခါမိမိတို့နိုင်ငံသည် ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းလျက်ရှိသဖြင့် တိုင်းရင်းသားပြည်သူများအနေဖြင့် ဒီမိုကရေစီစနစ်ကိုနားလည်သိရှိနိုင်စေရန်၊ ပြည်ထောင်စု စိတ်ဓာတ်ဖြစ်ပေါ်စေရန်နှင့် ဒို့တာဝန်အရေးသုံးပါးကိုစောင့်ထိန်း လိုသည့်စိတ်များဖြစ်ပေါ် စေရန်၊ မိမိတို့အားလုံးသည်မြန်မာဖြစ်သည် (We all are Myanmar)ဆိုသည့်စိတ် ဖြစ်ပေါ်စေရန်အတွက် နိုင်ငံချစ်စိတ်၊မျိုးချစ်စိတ်ထက်သန်စေမည့် အစီအစဉ်များ ထုတ်လွှင့်ရန်လိုအပ်ကြောင်း၊ နိုင်ငံတော်၏ အခြေခံမူများကိုသိရှိစေရန်အတွက် သက်ဆိုင်ရာ တိုင်းရင်းသား ဘာသာစကားများအလိုက်ကဏ္ဍများတိုးချဲ့ထုတ်လွှင့်ရန်လိုအပ်ကြောင်း၊ မိမိတို့ ရေဒီယိုအစီအစဉ်များအား နားဆင်လျက်ရှိသည့် သောတရှင်ပြည်သူများ၏ အကြံပြုချက်များကိုလည်း တတ်နိုင်သမျှဆောင်ရွက်ပေးရန်နှင့် ဆောင်ရွက်မှုများကိုလည်း ပြန်ကြားပေးရန်လိုကြောင်း၊ သတင်းများထုတ်လွှင့်ရာတွင် အချိန်နှင့်တစ်ပြေးညီမှန်ကန်စွာ ထုတ်လွှင့်ရန်လိုအပ်ပြီး ထုတ်လွှင့်သည့်သတင်းများသည် ပြည်သူများအတွက်အကျိုးရှိရန် လိုအပ်ကြောင်းပြောကြားပြီး ထုတ်လွှင့်လျက်ရှိသည့်ကဏ္ဍစုံအား တိုင်းရင်းသားဘာသာ စကားများအလိုက် ထုတ်လွှင့်နိုင်ရေး ဆောင်ရွက်ရန်၊ သတင်းအစီအစဉ်တင်ဆက်သူများ အနေဖြင့် စကားသံ၊ လေယူလေသိမ်းပီပီသသရှိရန်၊ ပြောဆိုတင်ဆက်မှုများအား စနစ်တကျဆောင်ရွက်ရန်၊ အစီအစဉ်များထုတ်လွှင့်ရာတွင် ခေတ်မီရန်လိုအပ်သော်လည်း မိမိတို့နိုင်ငံ၏ အမျိုးသားရေး စရိုက်လက္ခဏာများမပျောက်ပျက်စေရေး အလေးထား ထိန်းသိမ်းဆောင်ရွက်ရန်၊ တပ်မိသားစုများနှင့်ဝန်ထမ်းများ သက်သာချောင်ချိရေးနှင့် သွားလာမှုအဆင်ပြေစေရေး စနစ်တကျဆောင်ရွက်ရန်တို့အားမှာကြားပြီး လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် စက်ရုံအတွင်း အသံလွှင့်အစီအစဉ်များထုတ်လွှင့်နေမှု အခြေအနေများအားလှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများကလိုက်လံရှင်းလင်းတင်ပြကြသည်။

ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် နေ့လယ်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ စစ်မှုထမ်းဟောင်းအိမ်ရာ တည်ဆောက်နေမှုအခြေအနေများ သွားရောက်ကြည့်ရှုစစ်ဆေးရာ ဦးစွာ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော နှင့် စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် မောင်မောင်မြင့်တို့က အိမ်ရာဆောက်လုပ်ပြီးစီးမှုအခြေအနေများအား ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အိမ်ရာများ အားအရည်အသွေးပြည့်မီစွာတည်ဆောက်ရန်၊ အိမ်ရာတွင်နေထိုင်သူများကျန်းမာရေး အထောက်အကူပြုရန်အတွက် လျှောက်လမ်းများ၊ အားကစားပြုလုပ်ရန်နေရာများ ထည့့်သွင်းတည်ဆောက်ပေးရန်၊ စစ်မှုထမ်းဟောင်းများ၏မိသားစုဝင်များ အလုပ်အကိုင် အခွင့်အလမ်းရရှိရေးအတွက် အသေးစားလုပ်ငန်းများတည်ဆောက်ပေးနိုင်ရေး ကြိုတင် စီမံဆောင်ရွက်သွားရန်တို့အားမှာကြားသည်။

ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် စစ်မှုထမ်းဟောင်း အိမ်ရာအတွင်းလှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများကလိုက်လံရှင်းလင်းတင်ပြကြသည်။ အဆိုပါ ပြင်ဦးလွင်မြို့၊ စစ်မှုထမ်းဟောင်းအိမ်ရာတွင် အခြားအဆင့် နေအိမ် ၂ ခန်းတွဲ ၄ ထပ် ၁၀ လုံးဆောက်လုပ်လျက်ရှိရာ ပျမ်းမျှ ၈၅ ရာခိုင်နှုန်းခန့်ပြီးစီး နေပြီဖြစ်ကြောင်းနှင့် အရာရှိငယ်နေအိမ်များနှင့် အခြားအဆင့်နေအိမ်များအားထပ်မံ၍ ဆောက်လုပ်ပေးသွားမည်ဖြစ်သည်။

ဆက်လက်ပြီးတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် နယ်မြေခံ တပ်မတော်အင်ဂျင်နီယာသင်တန်းကျောင်းသို့ရောက်ရှိကြရာ အစည်းအဝေးခန်းမတွင် ကျောင်းအုပ်ကြီးက သင်တန်းကျောင်း၏တာဝန်ထမ်းဆောင်နိုင်မှုအခြေအနေများ၊ သင်တန်းများဖွင့်လှစ်သင်ကြားပေးနေမှုအခြေအနေများနှင့် တပ်ပိုင်စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများဆောင်ရွက်ပြီး မိသားစုဝင်များ၏သက်သာချောင်ချိရေးဆောင်ရွက်ပေးနေမှု အခြေအနေများအားရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုများအပေါ်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များမှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် သင်တန်း ကျောင်းအတွင်းရှိ စိုက်ပျိုးမွေးမြူရေးခြံအတွင်း DYL ၀က်၊ နိုဘိုဂျင်ဘရောင်းဥစားကြက် နှင့် နို့စားနွားများမွေးမြူထားရှိမှုအခြေအနေ များအားကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား မွေးမြူရေးလုပ်ငန်းများ စနစ်တကျဖြင့်သပ်ရပ်သန့်ရှင်းစွာမွေးမြူရန်နှင့် မိသားစုများအား စနစ်တကျရောင်းချပေးရန်တို့အားမှာကြားခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။