မြန်မာ-ထိုင်း 6th High Level Committee Meeting တက်ရောက်မည့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ရောက်ရှိ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးတို့က ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံ

ေနျပည္ေတာ္၊ ၾသဂုတ္ – ၁၇

ျမန္မာႏုိင္ငံ၌ အိမ္ရွင္အျဖစ္လက္ခံက်င္းပျပဳလုပ္မည့္ ျမန္မာ-ထုိင္း 6th High Level Committee Meeting တက္ေရာက္မည့္ ထုိင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ Gen. Tarnchaiyan Srisuwan ႏွင့္ဇနီး Mrs. Jiraporn Srisuwan ဦးေဆာင္ေသာ ကုိယ္စားလွယ္အဖြဲ႕သည္ ၾသဂုတ္ ၁၆ ရက္ေန႔လယ္ပုိင္းတြင္ ပုဂံ-ေညာင္ဦးေလဆိပ္သုိ႔ေရာက္ရွိလာရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ႏွင့္ ဇနီး ေဒၚၾကဴၾကဴလွ ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္အရာရွိႀကီးမ်ား၊ HLC အစည္းအေ၀း ထုိင္းႏုိင္ငံဘက္မွပူးတြဲအတြင္းေရးမွဴး Lt. Gen. Kumron Kearwichayajane ၊ ျမန္္မာႏုိင္ငံဆုိင္ရာ ထုိင္းဘုရင့္တပ္မေတာ္(ၾကည္း၊ေရ၊ေလ) စစ္သံမွဴးမ်ားႏွင့္တာ၀န္ရွိသူမ်ားက ေလဆိပ္တြင္ ႀကိဳဆုိႏႈတ္ဆက္ၾကသည္။

ထုိ႔ေနာက္ညပုိင္းတြင္ ထုိင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ Gen. Tarnchaiyan Srisuwan ႏွင့္ဇနီးဦးေဆာင္ေသာ ကုိယ္စားလွယ္အဖြဲ႕အား တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ႏွင့္ဇနီးတုိ႔က ညပုိင္းတြင္ ဧရာ၀တီျမစ္အတြင္း Orient Pandaw သေဘၤာေပၚ၌ဂုဏ္ျပဳညစာျဖင့္ တည္ခင္းဧည့္ခံသည္။

အဆုိပါဂုဏ္ျပဳညစာစားပြဲအခမ္းအနားသုိ႔ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ အတူဇနီး ေဒၚၾကဴၾကဴလွ၊ ထုိင္းဘုရင့္တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ Gen. Tarnchaiyan Srisuwan ႏွင့္ဇနီး Mrs. Jiraporn Srisuwan ၊ ၫႇိႏႈိင္းကြပ္ကဲေရးမွဴး (ၾကည္း၊ေရ၊ေလ) ဗုိလ္ခ်ဳပ္ႀကီး ျမထြန္းဦးႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွတပ္မေတာ္ အရာရွိႀကီးမ်ားႏွင့္ဇနီးမ်ား၊ ထိုင္းဘုရင့္တပ္မေတာ္မွအရာရွိႀကီးမ်ား၊ ထုိင္းႏုိင္ငံဆုိင္ရာျမန္မာႏုိင္ငံစစ္သံမွဴး၊ ထုိင္းဘုရင့္တပ္မေတာ္ (ၾကည္း၊ေရ၊ေလ) စစ္သံမွဴးမ်ားႏွင့္တာ၀န္ရွိသူမ်ား တက္ေရာက္ၾကသည္။

ဦးစြာညစာစားပြဲသုိ႔တက္ေရာက္လာၾကသူမ်ားသည္ တန္႔ၾကည္ေတာင္ ရန္ေအာင္ျမင္ ေက်ာင္းသေဘၤာဆိပ္မွသေဘၤာျဖင့္ထြက္ခြာ၍ ဧရာ၀တီျမစ္ေၾကာင္းတစ္ေလွ်ာက္ ေန၀င္ဆည္းဆာ အလွအားၾကည့္႐ႈၾကၿပီး ညအခ်ိန္တြင္ျမစ္အတြင္းေရာင္စုံမီးေမွ်ာပြဲအား ၾကည့္႐ႈအားေပးၾကသည္။

ယင္းေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ႏွင့္ ထုိင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ Gen. Tarnchaiyan Srisuwan တုိ႔သည္ အခမ္းအနား တက္ေရာက္လာၾကသူမ်ားႏွင့္အတူ ညစာအားအတူတကြသုံးေဆာင္ၾကသည္။ ညစာသုံးေဆာင္အၿပီးတြင္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး၊ ထုိင္းဘုရင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႕သည္ အမွတ္တရလက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ေပးအပ္ၿပီး စုေပါင္းဓာတ္ပုံ႐ုိက္ၾကသည္။

ထုိင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီး Mrs. Jiraporn Srisuwan ဦးေဆာင္သည့္အဖြဲ႕သည္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္၏ဇနီး ေဒၚၾကဴၾကဴလွႏွင့္ အဖြဲ႕၀င္မ်ားလုိက္ပါၿပီး ၾသဂုတ္ ၁၆ ရက္မြန္းလြဲပုိင္းတြင္ ေရႊစည္းခုံေစတီေတာ္ႏွင့္ အာနႏၵာေစတီေတာ္သုိ႔ သြားေရာက္ဖူးေျမာ္၍ ပန္း၊ေရခ်မ္း၊ ဆီမီးမ်ားကပ္လွဴပူေဇာ္ၾကၿပီး ဧည့္သည္ေတာ္ မွတ္တမ္းစာအုပ္တြင္လက္မွတ္ေရးထုိးကာ အလွဴေငြမ်ားဆက္ကပ္ လွဴဒါန္းၾကသည္။

ထုိ႔ေနာက္ထုိင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီး ဦးေဆာင္ေသာအဖြဲ႕သည္ ပုဂံေရွးေဟာင္းသုေတသနျပတုိက္သုိ႔ သြားေရာက္ၾကည့္႐ႈ ေလ့လာၾကရာ တာ၀န္ရွိသူမ်ားက လုိက္လံရွင္းလင္းျပသခဲ့ၾကသည္။

ဆက္လက္ၿပီး ထုိင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ ဇနီးဦးေဆာင္သည့္ အဖြဲ႕သည္ ယေန႔နံနက္ပုိင္းတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီး ေဒၚၾကဴၾကဴလွ ႏွင့္အဖြဲ႕၀င္မ်ား လုိက္ပါၿပီး ပုဂံၿမိဳ႕ရွိေရႊျပည္နန္းသနပ္ခါးျပတုိက္ႏွင့္ ဦးဘၿငိမ္းယြန္းထည္ ပစၥည္းဆုိင္သုိ႔သြားေရာက္ၾကည့္႐ႈေလ့လာခဲ့ၾကသည္။

(Unicode Version)

မြန်မာ-ထိုင်း 6th High Level Committee Meeting တက်ရောက်မည့် ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ရောက်ရှိ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးတို့က ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံ

နေပြည်တော်၊ သြဂုတ် – ၁၇

မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ်လက်ခံကျင်းပပြုလုပ်မည့် မြန်မာ-ထိုင်း 6th High Level Committee Meeting တက်ရောက်မည့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် Gen. Tarnchaiyan Srisuwan နှင့်ဇနီး Mrs. Jiraporn Srisuwan ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် သြဂုတ် ၁၆ ရက်နေ့လယ်ပိုင်းတွင် ပုဂံ-ညောင်ဦးလေဆိပ် သို့ရောက်ရှိလာရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှဦးဆောင်သည့် မြန်မာ့တပ်မတော်အရာရှိကြီးများ၊ HLC အစည်းအဝေး ထိုင်းနိုင်ငံဘက်မှပူးတွဲအတွင်းရေးမှူး Lt. Gen. Kumron Kearwichayajane ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းဘုရင့်တပ်မတော်(ကြည်း၊ရေ၊လေ) စစ်သံမှူးများနှင့်တာဝန်ရှိ သူများကလေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက်ညပိုင်းတွင် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen. Tarnchaiyan Srisuwan နှင့်ဇနီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီးတို့က ညပိုင်းတွင် ဧရာဝတီမြစ်အတွင်း Orient Pandaw သင်္ဘောပေါ်၌ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။

အဆိုပါဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အတူဇနီး ဒေါ်ကြူကြူလှ၊ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် Gen. Tarnchaiyan Srisuwan နှင့်ဇနီး Mrs. Jiraporn Srisuwan ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှတပ်မတော် အရာရှိကြီးများနှင့်ဇနီးများ၊ ထိုင်းဘုရင့်တပ်မတော်မှအရာရှိကြီးများ၊ ထိုင်းနိုင်ငံဆိုင်ရာမြန်မာနိုင်ငံစစ်သံမှူး၊ ထိုင်းဘုရင့်တပ်မတော် (ကြည်း၊ရေ၊လေ) စစ်သံမှူးများနှင့်တာဝန်ရှိသူများ တက်ရောက်ကြ သည်။

ဦးစွာညစာစားပွဲသို့တက်ရောက်လာကြသူများသည် တန့်ကြည်တောင် ရန်အောင်မြင် ကျောင်းသင်္ဘောဆိပ်မှသင်္ဘောဖြင့်ထွက်ခွာ၍ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် နေဝင်ဆည်းဆာ အလှအားကြည့်ရှုကြပြီး ညအချိန်တွင်မြစ်အတွင်းရောင်စုံမီးမျှောပွဲအား ကြည့်ရှုအားပေးကြသည်။

ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen. Tarnchaiyan Srisuwan တို့သည် အခမ်းအနား တက်ရောက်လာကြသူများနှင့်အတူ ညစာအားအတူတကွသုံးဆောင်ကြသည်။ ညစာသုံးဆောင်အပြီးတွင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ပြီး စုပေါင်းဓာတ်ပုံရိုက်ကြသည်။

ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး Mrs. Jiraporn Srisuwan ဦးဆောင်သည့်အဖွဲ့သည် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှနှင့် အဖွဲ့ဝင်များလိုက်ပါပြီး သြဂုတ် ၁၆ ရက်မွန်းလွဲပိုင်းတွင် ရွှေစည်းခုံစေတီတော်နှင့် အာနန္ဒာစေတီတော်သို့ သွားရောက်ဖူးမြော်၍ ပန်း၊ရေချမ်း၊ ဆီမီးများကပ်လှူပူဇော်ကြပြီး ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင်လက်မှတ်ရေးထိုးကာ အလှူငွေများဆက်ကပ် လှူဒါန်းကြသည်။

ထို့နောက်ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဦးဆောင်သောအဖွဲ့သည် ပုဂံရှေးဟောင်းသုတေသနပြတိုက်သို့ သွားရောက်ကြည့်ရှု လေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြသည်။

ဆက်လက်ပြီး ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးဦးဆောင်သည့် အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ နှင့်အဖွဲ့ဝင်များ လိုက်ပါပြီး ပုဂံမြို့ရှိရွှေပြည်နန်းသနပ်ခါးပြတိုက်နှင့် ဦးဘငြိမ်းယွန်းထည် ပစ္စည်းဆိုင်သို့သွားရောက်ကြည့်ရှုလေ့လာခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။