တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး Army General Sergey Kuzhugetovich Shouigu နှင့်တွေ့ဆုံဆွေးနွေး၊ နိုင်ငံတကာစစ်ဘက်နည်းပညာဖိုရမ် (Army Forum-2018) နှင့် နိုင်ငံတကာ အမျိုးသားလုံခြုံရေးဖိုရမ် (Week of National Security) ဖွင့််ပွဲအခမ်းအနားသို့ တက်ရောက်

ေနျပည္ေတာ္၊ ၾသဂုတ္ ၂၁

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ သည္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ ကာကြယ္ေရး၀န္ႀကီး Army General Sergey Kuzhugetovich Shouigu ႏွင့္ယေန႔နံနက္ပုိင္းတြင္ ႏုိင္ငံတကာစစ္ဘက္နည္းပညာဖိုရမ္ (Army Forum-2018) ႏွင့္ ႏုိင္ငံတကာအမ်ိဳးသားလုံၿခဳံေရးဖုိရမ္ (Week of National Security) ျပဳလုပ္ရာေနရာရွိ အစည္းအေ၀းခန္းမ၌ ေတြ႕ဆုံေဆြးေႏြးသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဗုိလ္ခ်ဳပ္ မုိးျမင့္ထြန္း၊ ဗုိလ္ခ်ဳပ္စုိး၀င္း၊ ႐ုရွားဖက္ဒေရးရွင္းႏုိင္ငံဆုိင္ရာ ျမန္မာစစ္သံ(ၾကည္း၊ေရ၊ေလ) ဗုိလ္မွဴးခ်ဳပ္ ၫြန္႔ေဆြႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး ႐ုရွားဖက္ဒေရးရွင္းႏုိင္ငံ ကာကြယ္ေရး၀န္ႀကီးႏွင့္အတူ ဒုတိယ၀န္ႀကီး Colonel General Alexander V. Fomin ႏွင့္ ႐ုရွားတပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကသည္။

ထုိသုိ႔ေတြ႕ဆုံရာတြင္ ႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား ေလ့က်င့္ေရးဆုိင္ရာႏွင့္ စစ္ဘက္နည္းပညာပုိင္း ဆုိင္ရာမ်ားတြင္ ပူးေပါင္းေဆာင္ရြက္ေရး၊ အၾကမ္းဖက္မႈ တန္ျပန္ႏွိမ္နင္းေရးဆုိင္ရာ ကိစၥရပ္မ်ားတြင္ ပူးေပါင္းေဆာင္ရြက္ေရး၊ ရခုိင္ျပည္နယ္ေျမာက္ပုိင္းတြင္ ျဖစ္ပြားလ်က္ရွိသည့္ ျပႆနာမ်ား ေျဖရွင္း ေဆာင္ရြက္ရာတြင္ ႐ုရွားႏုိင္ငံမွ ေထာက္ခံအားေပး ကူညီေဆာင္ရြက္ေပးေနမႈ အေျခအေနမ်ား၊ ႏွစ္ႏုိင္ငံ တပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ရင္းႏွီးမႈ တုိးျမႇင့္ေရးဆုိင္ရာကိစၥရပ္မ်ားႏွင့္ ခ်စ္ၾကည္ေရး ခရီးစဥ္မ်ား အျပန္အလွန္လည္ပတ္ေရးဆုိင္ရာ ကိစၥရပ္မ်ားအား ရင္းႏွီးပြင့္လင္းစြာ အျမင္ခ်င္းဖလွယ္ေဆြးေႏြးခဲ့ၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ႐ုရွားဖက္ဒေရးရွင္းႏုိင္ငံ ကာကြယ္ေရး၀န္ႀကီး တုိ႔သည္ အမွတ္တရ လက္ေဆာင္ပစၥည္းမ်ားေပးအပ္ၾကသည္။ ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္သည္ Main Exhibition Center(3rd Floor) ၌ က်င္းပျပဳလုပ္ေသာ ႏုိင္ငံတကာ စစ္ဘက္နည္းပညာဖိုရမ္ (Army Forum-2018) ႏွင့္ ႏုိင္ငံတကာအမ်ိဳးသားလုံၿခဳံေရးဖုိရမ္ (Week of National Security) ဖြင့္ပြဲအခမ္းအနား သုိ႔တက္ေရာက္ၿပီး ႐ုရွားကာကြယ္ေရး၀န္ႀကီးဌာန ဒုတိယ၀န္ႀကီးမွ တည္ခင္းဧည့္ခံသည့္ ေန႔လည္စာစားပြဲသို႔ တက္ေရာက္သည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ ဒုတိယကမၻာစစ္အတြင္း ႐ုရွားႏုိင္ငံႏွင့္ စစ္ၿပိဳင္ႏုိင္ငံမ်ား အသုံးျပဳခဲ့သည့္ တင့္ကားမ်ား၊ သံခ်ပ္ကာကားမ်ားႏွင့္ အသုံးအေဆာင္ပစၥည္းျပခန္းမ်ား၊ ႐ုရွားႏုိင္ငံမွ အသုံးျပဳလ်က္ရွိသည့္ ဒုံးပ်ံမ်ားႏွင့္ တုိက္ေလယာဥ္ျပကြက္မ်ားအား လွည့္လည္ၾကည့္႐ႈ ေလ့လာၾကရာ ျပခန္းတာ၀န္ခံမွ လုိက္လံရွင္းလင္းျပသသည္။ ထုိ႔ေနာက္ Main Exhibition Center အတြင္း ခင္းက်င္းျပသထားသည့္ ေဆးဘက္နည္းပညာျပခန္းမ်ားႏွင့္ စစ္ဘက္သုံးပစၥည္းျပခန္းမ်ားအား လွည့္လည္ၾကည့္႐ႈ ေလ့လာခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး Army General Sergey Kuzhugetovich Shouigu နှင့်တွေ့ဆုံဆွေးနွေး၊ နိုင်ငံတကာစစ်ဘက်နည်းပညာဖိုရမ် (Army Forum-2018) နှင့် နိုင်ငံတကာ အမျိုးသားလုံခြုံရေးဖိုရမ် (Week of National Security) ဖွင့််ပွဲအခမ်းအနားသို့ တက်ရောက်

နေပြည်တော်၊ သြဂုတ် ၂၁

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး Army General Sergey Kuzhugetovich Shouigu နှင့်ယနေ့နံနက်ပိုင်းတွင် နိုင်ငံတကာစစ်ဘက်နည်းပညာဖိုရမ် (Army Forum-2018) နှင့် နိုင်ငံတကာအမျိုးသားလုံခြုံရေးဖိုရမ် (Week of National Security) ပြုလုပ်ရာနေရာရှိ အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ် မိုးမြင့်ထွန်း၊ ဗိုလ်ချုပ်စိုးဝင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် ညွန့်ဆွေနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး Colonel General Alexander V. Fomin နှင့် ရုရှားတပ်မတော်အရာရှိကြီးများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား လေ့ကျင့်ရေးဆိုင်ရာနှင့် စစ်ဘက်နည်းပညာပိုင်း ဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ အကြမ်းဖက်မှု တန်ပြန်နှိမ်နင်းရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေး၊ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားလျက်ရှိသည့် ပြဿနာများ ဖြေရှင်း ဆောင်ရွက်ရာတွင် ရုရှားနိုင်ငံမှ ထောက်ခံအားပေး ကူညီဆောင်ရွက်ပေးနေမှု အခြေအနေများ၊ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များနှင့် ချစ်ကြည်ရေး ခရီးစဉ်များ အပြန်အလှန်လည်ပတ်ရေးဆိုင်ရာ ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး တို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်ကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် Main Exhibition Center(3rd Floor) ၌ ကျင်းပပြုလုပ်သော နိုင်ငံတကာ စစ်ဘက်နည်းပညာဖိုရမ် (Army Forum-2018) နှင့် နိုင်ငံတကာအမျိုးသားလုံခြုံရေးဖိုရမ် (Week of National Security) ဖွင့်ပွဲအခမ်းအနား သို့တက်ရောက်ပြီး ရုရှားကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးမှ တည်ခင်းဧည့်ခံသည့် နေ့လည်စာစားပွဲသို့ တက်ရောက်သည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဒုတိယကမ္ဘာစစ်အတွင်း ရုရှားနိုင်ငံနှင့် စစ်ပြိုင်နိုင်ငံများ အသုံးပြုခဲ့သည့် တင့်ကားများ၊ သံချပ်ကာကားများနှင့် အသုံးအဆောင်ပစ္စည်းပြခန်းများ၊ ရုရှားနိုင်ငံမှ အသုံးပြုလျက်ရှိသည့် ဒုံးပျံများနှင့် တိုက်လေယာဉ်ပြကွက်များအား လှည့်လည်ကြည့်ရှု လေ့လာကြရာ ပြခန်းတာဝန်ခံမှ လိုက်လံရှင်းလင်းပြသသည်။ ထို့နောက် Main Exhibition Center အတွင်း ခင်းကျင်းပြသထားသည့် ဆေးဘက်နည်းပညာပြခန်းများနှင့် စစ်ဘက်သုံးပစ္စည်းပြခန်းများအား လှည့်လည်ကြည့်ရှု လေ့လာခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။