တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မော်စကိုမြို့ရှိ မြန်မာ့ထေရဝါဒ ဗုဒ္ဓဝိဟာရကျောင်းတိုက်သို့ရောက်ရှိ၊ သီတဂူဆရာတော်ကြီးအား ဖူးမြော်ကြည်ညို

ေနျပည္ေတာ္၊ ၾသဂုတ္ – ၂၃

႐ုရွားဖက္ဒေရးရွင္းႏုိင္ငံသုိ႔ ေရာက္ရွိေနသည့္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္သည္ ႐ုရွားဖက္ဒေရးရွင္းႏုိင္ငံဆုိင္ရာ ျမန္မာႏုိင္ငံ သံအမတ္ႀကီး ဦးကုိကုိရွိန္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဗိုလ္ခ်ဳပ္ မုိးျမင့္ထြန္း၊ ဗုိလ္ခ်ဳပ္ စုိး၀င္းႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ားလုိက္ပါၿပီး ယေန႔နံနက္ပုိင္းတြင္ ေမာ္စကုိၿမိဳ႕၊ ဘာလာရီးခါရပ္ကြက္ရွိ ျမန္မာ့ေထရ၀ါဒ ဗုဒၶ၀ိဟာရေက်ာင္းတုိက္သုိ႔ေရာက္ရွိၾကသည္။

ဦးစြာတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ေက်ာင္းတုိက္ အတြင္းရွိဗုဒၶ႐ုပ္ပြားေတာ္ျမတ္အားဖူးေျမာ္ၾကည္ညိဳၿပီး ႐ုရွားႏုိင္ငံသုိ႔ သာသနာျပဳခရီး ေရာက္ရွိေနသည့္ ေရႊက်င္ နိကာယဥပဥကၠ႒ မဟာနာယက၊ တြဲဖက္ေရႊက်င္သာသနာပုိင္ သီတဂူကမၻာ႔ဗုဒၶတကၠသုိလ္မ်ား၏ အဓိပတိ အဘိဓဇမဟာရ႒ဂု႐ု၊ အဂၢမဟာသဒၵမၼေဇာတိကဓဇ၊ မဟာဓမၼကထိက ဗဟုဇနဟိတဓရ သီတဂူဆရာေတာ္ ဘဒၵႏၲ ဉာဏိႆရအားဖူးေျမာ္ ၾကည္ညိဳၾကသည္။ ထုိ႔ေနာက္သီတဂူဆရာေတာ္ႀကီးမွ ေမာ္စကုိၿမိဳ႕ရွိ ျမန္မာ့ေထရ၀ါဒဗုဒၶ ၀ိဟာရေက်ာင္းတုိက္ ေရရွည္တည္တံ့ခုိင္ၿမဲေစရန္အတြက္ ေဆာင္ရြက္သင့္သည္မ်ား ကုိမိန္႔ၾကားရာ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က ေက်ာင္းတုိက္ေရရွည္တည္တံ့ ခုိင္ၿမဲေရး အတြက္လုိအပ္သည္မ်ားအား ျဖည့္ဆည္းလွဴဒါန္းေဆာင္ရြက္ေပးမည့္ အေျခအေနမ်ားအားရွင္းလင္းေလွ်ာက္ထားသည္။

ယင္းေနာက္ သီတဂူဆရာေတာ္ႀကီးႏွင့္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္တုိ႔သည္ ျမန္မာ့ေထရ၀ါဒ ဗုဒၶ၀ိဟာရေက်ာင္းတုိက္အတြင္း ဓမၼာ႐ုံတည္ေဆာက္မည့္ အေျခအေန မ်ားႏွင့္ ေက်ာင္းတုိက္ တုိးခ်ဲ႕တည္ေဆာက္ရန္စီစဥ္ေဆာင္ရြက္ေနမႈမ်ား၊ ကမၻာ့ယဥ္ေက်းမႈ ေပါင္းစုံျပတုိက္ပန္းၿခံအတြင္း ေရႊစည္းခုံေစတီေတာ္ပုံစံတူတည္ထား ကုိးကြယ္မည့္ အေျခအေနမ်ား၊ အသရာဒါဘာသာေရးပန္းၿခံအတြင္း ပုဂံေခတ္ဟန္ ဓမၼစၾကာမုျဒာဗုဒၶ ႐ုပ္ပြားေတာ္တည္ထား ကုိးကြယ္မည့္အေျခအေနမ်ားႏွင့္ သာသနာေရးဆုိင္ရာကိစၥရပ္ မ်ားအားေဆြးေႏြးၾကသည္။

ထုိ႔ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က သီတဂူဆရာေတာ္ႀကီးအား ၀ါဆုိသကၤန္းႏွင့္လွဴဖြယ္ပစၥည္းမ်ား အားလည္းေကာင္း၊ တပ္မေတာ္အရာရွိႀကီးမ်ားက သံဃာေတာ္မ်ားအား ၀ါဆုိသကၤန္းမ်ားအားလည္းေကာင္း အသီးသီးလွဴဒါန္းၾကသည္။ ၎ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ဓမၼာ႐ုံ တည္ေဆာက္ရန္အတြက္ အလွဴေငြမ်ားအားေဂါပကအဖြဲ႕ထံ ေပးအပ္လွဴဒါန္းၿပီး သီတဂူဆရာေတာ္ႀကီးႏွင့္သံဃာေတာ္မ်ားအား ေန႔ဆြမ္းဆက္ကပ္လွဴဒါန္းၾကသည္။ယင္းေနာက္ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္သည္ ဓမၼာ႐ုံတည္ေဆာက္ရန္ေနရာႏွင့္ ေက်ာင္းတုိက္အားတုိးခ်ဲ႕တည္ေဆာက္ရန္ေနရာမ်ားအား လုိက္လံၾကည့္႐ႈရာ တာ၀န္ရွိသူမ်ားကရွင္းလင္းတင္ျပခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မော်စကိုမြို့ရှိ မြန်မာ့ထေရဝါဒ ဗုဒ္ဓဝိဟာရကျောင်းတိုက်သို့ရောက်ရှိ၊ သီတဂူဆရာတော်ကြီးအား ဖူးမြော်ကြည်ညို

နေပြည်တော်၊ သြဂုတ် – ၂၃

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေသည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးကိုကိုရှိန်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ် မိုးမြင့်ထွန်း၊ ဗိုလ်ချုပ် စိုးဝင်းနှင့် တပ်မတော်အရာရှိကြီးများလိုက်ပါပြီး ယနေ့နံနက်ပိုင်းတွင် မော်စကိုမြို့၊ ဘာလာရီးခါရပ်ကွက်ရှိ မြန်မာ့ထေရဝါဒ ဗုဒ္ဓဝိဟာရကျောင်းတိုက်သို့ရောက်ရှိကြသည်။

ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ကျောင်းတိုက် အတွင်းရှိဗုဒ္ဓရုပ်ပွားတော်မြတ်အားဖူးမြော်ကြည်ညိုပြီး ရုရှားနိုင်ငံသို့ သာသနာပြုခရီး ရောက်ရှိနေသည့် ရွှေကျင် နိကာယဥပဥက္ကဋ္ဌ မဟာနာယက၊ တွဲဖက်ရွှေကျင်သာသနာပိုင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ သီတဂူဆရာတော် ဘဒ္ဒန္တ ဉာဏိဿရအားဖူးမြော် ကြည်ညိုကြသည်။ ထို့နောက်သီတဂူဆရာတော်ကြီးမှ မော်စကိုမြို့ရှိ မြန်မာ့ထေရဝါဒဗုဒ္ဓ ဝိဟာရကျောင်းတိုက် ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် ဆောင်ရွက်သင့်သည်များ ကိုမိန့်ကြားရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ကျောင်းတိုက်ရေရှည်တည်တံ့ ခိုင်မြဲရေး အတွက်လိုအပ်သည်များအား ဖြည့်ဆည်းလှူဒါန်းဆောင်ရွက်ပေးမည့် အခြေအနေများအားရှင်းလင်းလျှောက်ထားသည်။

ယင်းနောက် သီတဂူဆရာတော်ကြီးနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့သည် မြန်မာ့ထေရဝါဒ ဗုဒ္ဓဝိဟာရကျောင်းတိုက်အတွင်း ဓမ္မာရုံတည်ဆောက်မည့် အခြေအနေ များနှင့် ကျောင်းတိုက် တိုးချဲ့တည်ဆောက်ရန်စီစဉ်ဆောင်ရွက်နေမှုများ၊ ကမ္ဘာ့ယဉ်ကျေးမှု ပေါင်းစုံပြတိုက်ပန်းခြံအတွင်း ရွှေစည်းခုံစေတီတော်ပုံစံတူတည်ထား ကိုးကွယ်မည့် အခြေအနေများ၊ အသရာဒါဘာသာရေးပန်းခြံအတွင်း ပုဂံခေတ်ဟန် ဓမ္မစကြာမုဒြာဗုဒ္ဓ ရုပ်ပွားတော်တည်ထား ကိုးကွယ်မည့်အခြေအနေများနှင့် သာသနာရေးဆိုင်ရာကိစ္စရပ် များအားဆွေးနွေးကြသည်။

ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သီတဂူဆရာတော်ကြီးအား ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ အားလည်းကောင်း၊ တပ်မတော်အရာရှိကြီးများက သံဃာတော်များအား ဝါဆိုသင်္ကန်းများအားလည်းကောင်း အသီးသီးလှူဒါန်းကြသည်။ ၎င်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဓမ္မာရုံ တည်ဆောက်ရန်အတွက် အလှူငွေများအားဂေါပကအဖွဲ့ထံ ပေးအပ်လှူဒါန်းပြီး သီတဂူဆရာတော်ကြီးနှင့်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် ဓမ္မာရုံတည်ဆောက်ရန်နေရာနှင့် ကျောင်းတိုက်အားတိုးချဲ့တည်ဆောက်ရန်နေရာများအား လိုက်လံကြည့်ရှုရာ တာဝန်ရှိသူများကရှင်းလင်းတင်ပြခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။