တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်း နိုင်ငံဆိုင်ရာ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ)ရုံးမှ မိသားစုများအားတွေ့ဆုံအမှာစကား ပြောကြား

ေနျပည္ေတာ္၊ ၾသဂုတ္ – ၂၅

႐ုရွားဖက္ဒေရးရွင္းႏုိင္ငံသုိ႔ ေရာက္ရွိေနသည့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ သည္ ယေန႔နံနက္ပုိင္းတြင္ ႐ုရွားဖက္ဒေရးရွင္းႏုိင္ငံဆုိင္ရာ ျမန္မာစစ္သံ(ၾကည္း၊ေရ၊ေလ)႐ုံးမွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအားေတြ႕ဆုံ အမွာစကားေျပာၾကားသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီးထြန္းထြန္းေနာင္၊ ဗုိလ္ခ်ဳပ္ မုိးျမင့္ထြန္း၊ ဗုိလ္ခ်ဳပ္စုိး၀င္း၊ ျမန္မာစစ္သံ(ၾကည္း၊ေရ၊ေလ) ဗုိလ္မွဴးခ်ဳပ္ ၫြန္႔ေဆြႏွင့္ စစ္သံ႐ုံးမွအရာရွိ၊ စစ္သည္ မိသားစုမ်ားတက္ေရာက္ၾကသည္။

ေတြ႕ဆုံပြဲတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ႐ုရွား-ျမန္မာႏွစ္ႏုိင္ငံႏွင့္ ႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ရင္းႏွီးမႈပုိမုိခုိင္မာေစေရးအတြက္ မိမိတုိ႔ထမ္းေဆာင္သည့္က႑အလုိက္တာ၀န္ေက်ပြန္စြာျဖင့္ ထမ္း ေဆာင္ၾကရန္လုိအပ္မႈ အေျခအေနမ်ား၊ ျမန္မာႏုိင္ငံတြင္ျပည္သူမ်ားမွေရြးခ်ယ္သည့္ ပါတီစုံဒီမုိကေရစီလမ္း ေၾကာင္းေပၚ၌ ခုိင္ခုိင္မာမာျဖစ္ေစေရးေလွ်ာက္လွမ္းေနမႈအေျခအေနမ်ား၊ အစုိးရႏွင့္တပ္မေတာ္မွ ျပည္တြင္း ၿငိမ္းခ်မ္းေရးရရွိရန္ေဆာင္ရြက္ေနမႈအေျခအေနမ်ားအား ရွင္းလင္းေျပာၾကားၿပီးယခုမိမိတုိ႔တာ၀န္ထမ္းေဆာင္ေန ရသည့္႐ုရွားႏုိင္ငံသည္ ရာသီဥတုျပင္းထန္သည့္ႏုိင္ငံမ်ားတြင္ပါ၀င္ေသာေၾကာင့္ က်န္းမာေရးကုိအထူးဂ႐ုစုိက္ ရန္မွာၾကားခဲ့သည္။

ေတြ႕ဆုံပြဲအၿပီးတြင္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က စစ္သံ႐ုံးမွ အရာရွိ၊ စစ္သည္မ်ားႏွင့္မိသားစု၀င္မ်ား အား စားေသာက္ဖြယ္ရာမ်ားႏွင့္ လက္ေဆာင္ပစၥည္းမ်ားေပးအပ္ရာ စစ္သံမွဴးႏွင့္ အရာရွိ၊ စစ္သည္၊ မိသားစု မ်ားကလက္ခံရယူခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်း နိုင်ငံဆိုင်ရာ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ)ရုံးမှ မိသားစုများအားတွေ့ဆုံအမှာစကား ပြောကြား

နေပြည်တော်၊ သြဂုတ် – ၂၅

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေသည့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ)ရုံးမှ အရာရှိ၊ စစ်သည်၊ မိသားစုများအားတွေ့ဆုံ အမှာစကားပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဗိုလ်ချုပ် မိုးမြင့်ထွန်း၊ ဗိုလ်ချုပ်စိုးဝင်း၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် ညွန့်ဆွေနှင့် စစ်သံရုံးမှအရာရှိ၊ စစ်သည် မိသားစုများတက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရုရှား-မြန်မာနှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုပိုမိုခိုင်မာစေရေးအတွက် မိမိတို့ထမ်းဆောင်သည့်ကဏ္ဍအလိုက်တာဝန်ကျေပွန်စွာဖြင့် ထမ်း ဆောင်ကြရန်လိုအပ်မှု အခြေအနေများ၊ မြန်မာနိုင်ငံတွင်ပြည်သူများမှရွေးချယ်သည့် ပါတီစုံဒီမိုကရေစီလမ်း ကြောင်းပေါ်၌ ခိုင်ခိုင်မာမာဖြစ်စေရေးလျှောက်လှမ်းနေမှုအခြေအနေများ၊ အစိုးရနှင့်တပ်မတော်မှ ပြည်တွင်း ငြိမ်းချမ်းရေးရရှိရန်ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းပြောကြားပြီးယခုမိမိတို့တာဝန်ထမ်းဆောင်နေ ရသည့်ရုရှားနိုင်ငံသည် ရာသီဥတုပြင်းထန်သည့်နိုင်ငံများတွင်ပါဝင်သောကြောင့် ကျန်းမာရေးကိုအထူးဂရုစိုက် ရန်မှာကြားခဲ့သည်။

တွေ့ဆုံပွဲအပြီးတွင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စစ်သံရုံးမှ အရာရှိ၊ စစ်သည်များနှင့်မိသားစုဝင်များ အား စားသောက်ဖွယ်ရာများနှင့် လက်ဆောင်ပစ္စည်းများပေးအပ်ရာ စစ်သံမှူးနှင့် အရာရှိ၊ စစ်သည်၊ မိသားစု များကလက်ခံရယူခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။