တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စား လှယ်အဖွဲ့ ရုရှားနိုင်ငံမော်စကိုမြို့ရှိ ဗဟိုစစ်သမိုင်း ပြတိုက်သို့သွားရောက်ကြည့်ရှုလေ့လာ

ေနျပည္ေတာ္၊ ၾသဂုတ္ – ၂၅

႐ုရွားဖက္ဒေရးရွင္းႏုိင္ငံသုိ႔ ေရာက္ရွိေနသည့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ သည္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဗုိလ္ခ်ဳပ္မုိးျမင့္ထြန္း၊ ဗုိလ္ခ်ဳပ္စုိး၀င္းႏွင့္တပ္မေတာ္အရာရွိႀကီးမ်ား၊ ျမန္မာစစ္သံ(ၾကည္း၊ေရ၊ေလ) ဗုိလ္မွဴးခ်ဳပ္ၫြန္႔ေဆြႏွင့္တာ၀န္ရွိသူမ်ားလုိက္ပါၿပီး ၾသဂုတ္ ၂၄ ရက္ညေနပုိင္းတြင္ ေမာ္စကုိၿမိဳ႕ရွိ ဗဟုိစစ္သမုိင္းျပတုိက္သုိ႔သြားေရာက္ၾကည့္႐ႈေလ့လာသည္။

ဦးစြာတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ဗဟုိစစ္သမုိင္းျပတုိက္ သုိ႔ေရာက္ရွိရာ ျပတုိက္ ၫႊန္ၾကားေရးမွဴးႏွင့္တာ၀န္ရွိသူမ်ားကႀကိဳဆုိႏႈတ္ဆက္ၾကသည္။ ထုိ႔ေနာက္ ျပတုိက္အတြင္းရွိ႐ုရွားျပည္တြင္း စစ္ျပခန္း၊ ၁၇ ရာစုႏွင့္ ၁၈ ရာ စုတြင္အသုံးျပဳခဲ့ သည့္လက္နက္မ်ားျပခန္း၊ ႐ုရွားအင္ပါယာက်ဴးေက်ာ္ခံရမႈ ပုံစံျပ ခန္းႏွင့္ ဒုတိယကမၻာစစ္ အတြင္းအသုံးျပဳခဲ့သည့္လက္နက္မ်ားျပခန္းမ်ား အားလွည့္လည္ၾကည့္႐ႈေလ့လာၾကရာ ျပတုိက္မွတာ၀န္ရွိသူတစ္ဦးကလုိက္လံရွင္းလင္းျပသသည္။

ယင္းေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ စစ္သမုိင္းျပတုိက္၏ ဧည့္သည္ေတာ္မွတ္တမ္း စာအုပ္တြင္ မွတ္တမ္းတင္လက္မွတ္ေရးထုိးသည္။၎ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ဗဟုိစစ္သမုိင္းျပတုိက္ ၫႊန္ၾကားေရးမွဴးအား အမွတ္တရလက္ေဆာင္ပစၥည္းေပးအပ္ၿပီး ဗဟုိစစ္သမုိင္းျပတုိက္ၫႊန္ၾကားေရးမွဴးက တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အား အမွတ္တရလက္ေဆာင္ပစၥည္းမ်ား ျပန္လည္ေပးအပ္သည္။

 

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ စစ္သမုိင္းျပတုိက္ရွိ ျပင္ပျပကြက္တြင္ျပသ ထားရွိသည့္႐ုရွားႏုိင္ငံမွေခတ္အဆက္ဆက္အသုံးျပဳခဲ့သည့္ တုိက္ေလယာဥ္မ်ား၊ ဒုံးပ်ံမ်ားႏွင့္ တင့္ကားမ်ားအား လုိက္လံၾကည့္႐ႈေလ့လာရာ စစ္သမုိင္းျပတုိက္ၫႊန္ၾကားေရးမွဴးက လုိက္လံရွင္းလင္းျပသသည္။

 

အဆုိပါ႐ုရွားႏုိင္ငံဗဟုိစစ္သမုိင္းျပတုိက္အား ၁၉၁၉ ခုႏွစ္တြင္စတင္ တည္ေထာင္ခဲ့ၿပီး ဒုတိယကမၻာစစ္အတြင္း ႐ုရွားႏုိင္ငံႏွင့္ စစ္ၿပိဳင္ႏုိင္ငံမ်ားမွအသုံးျပဳခဲ့သည့္ လက္နက္ျပခန္းမ်ား၊ ၂၀ ရာစု႐ုရွားႏုိင္ငံျပည္တြင္းစစ္ ျပခန္းမ်ား၊ ေတာင္သူလယ္သမား မ်ားမွတစ္ဆင့္တပ္နီေတာ္ေပၚေပါက္လာမႈသမုိင္းျပခန္း၊ ဒုတိယကမၻာစစ္အတြင္း ဂ်ာမန္တပ္မွအသုံးျပဳခဲ့ေသာလက္နက္မ်ား၊ ေမာ္စကုိတုိက္ပြဲတြင္နာဇီတပ္ဖြဲ႕ထံမွ သိမ္းဆည္းရမိေသာ လက္နက္ မ်ားျပခန္း၊ အျခား႐ုရွားတပ္မေတာ္သမုိင္းေၾကာင္းႏွင့္ ပတ္သက္ေသာျပခန္းမ်ားႏွင့္ ျပင္ပျပကြက္မ်ားအားျပသ ထားရွိပါသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စား လှယ်အဖွဲ့ ရုရှားနိုင်ငံမော်စကိုမြို့ရှိ ဗဟိုစစ်သမိုင်း ပြတိုက်သို့သွားရောက်ကြည့်ရှုလေ့လာ

နေပြည်တော်၊ သြဂုတ် – ၂၅

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေသည့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ်မိုးမြင့်ထွန်း၊ ဗိုလ်ချုပ်စိုးဝင်းနှင့်တပ်မတော်အရာရှိကြီးများ၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ်ညွန့်ဆွေနှင့်တာဝန်ရှိသူများလိုက်ပါပြီး သြဂုတ် ၂၄ ရက်ညနေပိုင်းတွင် မော်စကိုမြို့ရှိ ဗဟိုစစ်သမိုင်းပြတိုက်သို့သွားရောက်ကြည့်ရှုလေ့လာသည်။

ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ဗဟိုစစ်သမိုင်းပြတိုက် သို့ရောက်ရှိရာ ပြတိုက် ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများကကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ပြတိုက်အတွင်းရှိရုရှားပြည်တွင်း စစ်ပြခန်း၊ ၁၇ ရာစုနှင့် ၁၈ ရာ စုတွင်အသုံးပြုခဲ့ သည့်လက်နက်များပြခန်း၊ ရုရှားအင်ပါယာကျူးကျော်ခံရမှု ပုံစံပြ ခန်းနှင့် ဒုတိယကမ္ဘာစစ် အတွင်းအသုံးပြုခဲ့သည့်လက်နက်များပြခန်းများ အားလှည့်လည်ကြည့်ရှုလေ့လာကြရာ ပြတိုက်မှတာဝန်ရှိသူတစ်ဦးကလိုက်လံရှင်းလင်းပြသသည်။

ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် စစ်သမိုင်းပြတိုက်၏ ဧည့်သည်တော်မှတ်တမ်း စာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးသည်။၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဗဟိုစစ်သမိုင်းပြတိုက် ညွှန်ကြားရေးမှူးအား အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်ပြီး ဗဟိုစစ်သမိုင်းပြတိုက်ညွှန်ကြားရေးမှူးက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အမှတ်တရလက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် စစ်သမိုင်းပြတိုက်ရှိ ပြင်ပပြကွက်တွင်ပြသ ထားရှိသည့်ရုရှားနိုင်ငံမှခေတ်အဆက်ဆက်အသုံးပြုခဲ့သည့် တိုက်လေယာဉ်များ၊ ဒုံးပျံများနှင့် တင့်ကားများအား လိုက်လံကြည့်ရှုလေ့လာရာ စစ်သမိုင်းပြတိုက်ညွှန်ကြားရေးမှူးက လိုက်လံရှင်းလင်းပြသသည်။

အဆိုပါရုရှားနိုင်ငံဗဟိုစစ်သမိုင်းပြတိုက်အား ၁၉၁၉ ခုနှစ်တွင်စတင် တည်ထောင်ခဲ့ပြီး ဒုတိယကမ္ဘာစစ်အတွင်း ရုရှားနိုင်ငံနှင့် စစ်ပြိုင်နိုင်ငံများမှအသုံးပြုခဲ့သည့် လက်နက်ပြခန်းများ၊ ၂၀ ရာစုရုရှားနိုင်ငံပြည်တွင်းစစ် ပြခန်းများ၊ တောင်သူလယ်သမား များမှတစ်ဆင့်တပ်နီတော်ပေါ်ပေါက်လာမှုသမိုင်းပြခန်း၊ ဒုတိယကမ္ဘာစစ်အတွင်း ဂျာမန်တပ်မှအသုံးပြုခဲ့သောလက်နက်များ၊ မော်စကိုတိုက်ပွဲတွင်နာဇီတပ်ဖွဲ့ထံမှ သိမ်းဆည်းရမိသော လက်နက် များပြခန်း၊ အခြားရုရှားတပ်မတော်သမိုင်းကြောင်းနှင့် ပတ်သက်သောပြခန်းများနှင့် ပြင်ပပြကွက်များအားပြသ ထားရှိပါသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။