ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့သည် ဆွာချောင်းရေလှောင်တမံ၊ပင်မရေပိုလွှဲနိမ့်ကျပျက်စီးမှုအခြေအနေများနှင့် ရေတာရှည်မြို့နယ်အတွင်း ရေဝင်ရောက်မှုအခြေအနေများအားသွားရောက်ကြည့်ရှု

ေနျပည္ေတာ္ ၾသဂုတ္ ၂၉  

အမ်ိဳးသားသဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန္႔ခြဲမႈေကာ္မတီဥကၠ႒ ဒုတိယသမၼတဦးဟင္နရီဗန္ထီးယူ ႏွင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္တို႔သည္ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာ ေအာင္သူ၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီးတင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ လယ္ယာစိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာနမွ တာဝန္ရွိသူမ်ားလိုက္ပါၿပီး ယေန႔နံနက္ပိုင္းတြင္ ဆြာေခ်ာင္းေရေလွာင္တမံရွိ ပင္မေရပိုလႊဲနိမ့္က်ပ်က္စီးမႈျဖစ္ပြားၿပီး ေရတာရွည္ ၿမိဳ႕နယ္အတြင္းေရဝင္ေရာက္မႈ အေျခအေနမ်ားအား ရဟတ္ယာဥ္မ်ားျဖင့္ သြားေရာက္ၾကည့္ရႈသည္။

ဦးစြာဒုတိယသမၼတ၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားသည္ အျမန္လမ္း မိုင္တိုင္အမွတ္ ၁၆၅ မိုင္ ၁ ဖာလုံရွိဆြာေခ်ာင္းတံတားရန္ကုန္မွ မႏၲေလးဘက္အျခမ္း အလယ္ေထာက္တိုင္ ၂ တိုင္ နိမ့္က်မႈ အေျခအေနမ်ားႏွင့္ အျမန္လမ္းမႀကီးေရတိုက္စား၍ ေျမၿပိဳက်မႈအေျခအေနမ်ားအားၾကည့္ရႈစစ္ေဆးၾကရာ ေဆာက္လုပ္ေရးဝန္ႀကီးဌာနဒုတိယဝန္ႀကီးဦးေက်ာ္လင္းႏွင့္တာဝန္ရွိသူမ်ားက ရွင္းလင္းတင္ျပမႈအေပၚ ဒုတိယ သမၼတႏွင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္တို႔ကခရီးသြားျပည္သူမ်ား တံတားအားေဘးအႏၲရာယ္ ကင္းရွင္းစြာျဖင့္ အျမန္ျပန္လည္ ျဖတ္သန္းသြားလာႏိုင္ေရးအတြက္ခ်ဥ္းကပ္လမ္းႏွင့္လမ္းလယ္ကြၽန္းတြင္ သဲအိတ္မ်ားခင္းေဆာင္႐ြက္ေပးသြားရန္ မွာၾကားသည္။

ထို႔ေနာက္ ဆြာေခ်ာင္းေရေလွာင္တမံ၊ ပင္မေရပိုလႊဲ နိမ့္က်ပ်က္စီးမႈျဖစ္ပြားသည့္ ေနရာသို႔ ေရာက္ရွိၾကၿပီး ပင္မေရပိုလႊဲပ်က္စီးၿပိဳက်ေနမႈ အေျခအေနမ်ားအားၾကည့္ရႈစစ္ေဆးၾကသည္။ ယင္းေနာက္ ဆြာေခ်ာင္း ေရေလွာင္တမံရွင္းလင္းေဆာင္၌ လယ္ယာစိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန၊ ေရအသုံးခ်မႈဦးစီးဌာနမွ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးဗိုလ္ဗိုလ္ေက်ာ္ကဆြာေခ်ာင္း ေရေလွာင္တမံ၏ ေရသိုေလွာင္မႈပမာဏႏွင့္ ပင္မေရပိုလႊဲပ်က္စီးခဲ့မႈအေျခအေနမ်ားအားရွင္းလင္း တင္ျပရာဒုတိယသမၼတႏွင့္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္တို႔ကလိုအပ္သည္မ်ားမွာၾကားသည္။

၎ေနာက္ ဒုတိယသမၼတ၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားသည္ ရန္ကုန္-မႏၲေလးလမ္း ေဟာင္းမိုင္တိုင္အမွတ္ ၁၉၆ အနီးကားလမ္းေရေက်ာ္ေနမႈအေျခအေနမ်ားႏွင့္ ဆြာၿမိဳ႕ရွိနယ္ေျမခံတပ္အတြင္း ေရေဘးသင့္ျပည္သူမ်ားအားကူညီကယ္ဆယ္ေရးေဆာင္႐ြက္ရန္အတြက္ တပ္မေတာ္သားမ်ား၊မီးသတ္တပ္ဖြဲ႕ ဝင္မ်ား၊ဌာနဆိုင္ရာတာဝန္ရွိသူမ်ားႏွင့္ ေဒသခံျပည္သူမ်ား ပူးေပါင္းျပင္ဆင္ေဆာင္႐ြက္ေနမႈ အေျခအေနမ်ားအား ျပည္ေထာင္စုဝန္ႀကီးဦးသန္႔စင္ေမာင္၊ ေဒါက္တာဝင္းျမတ္ေအး၊ ဒုတိယဝန္ႀကီးဦးစိုးေအာင္ တို႔ႏွင့္အတူ သြားေရာက္ၾကည့္ရႈအားေပးၾကၿပီး ေရတာရွည္ႏွင့္ဆြာၾကားမီးရထားလမ္းေရေက်ာ္မႈျဖစ္ပြားသည့္ေနရာတြင္ မီးရထားစီးခရီးသည္မ်ားအား တပ္မေတာ္မွေမာ္ေတာ္ယာဥ္မ်ားျဖင့္ သယ္ယူပို႔ေဆာင္ေပးႏိုင္ေရးစီစဥ္ ေပးခဲ့သည္။

ဆက္လက္ၿပီးေရတာရွည္ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမႉး႐ုံးသို႔ ေရာက္ရွိၾကရာ အစည္းအေဝးခန္းမတြင္ ေတာင္ငူခ႐ိုင္အေထြေထြအုပ္ခ်ဳပ္ေရးမႉး ဦးမိုးထက္ ကေရတာရွည္ၿမိဳ႕နယ္ အတြင္းရွိေက်း႐ြာမ်ားအား ေရဝင္ ေရာက္ခဲ့မႈအေျခအေနမ်ားႏွင့္ ေရနစ္ျမဳပ္မႈအေျခအေနမ်ား၊ ကူညီကယ္ဆယ္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ ရာတြင္ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ျပန္လည္ ေနရာခ်ထားေရးဝန္ႀကီးဌာန၊ တိုင္းေဒသႀကီးအစိုးရ၊ တပ္မေတာ္ႏွင့္ လူမႈကူညီကယ္ဆယ္ေရး အသင္းအဖြဲ႕မ်ားပူးေပါင္းေဆာင္႐ြက္ေနမႈႏွင့္ ဆက္လက္ ေဆာင္႐ြက္မည့္အေျခအေနမ်ားအား ရွင္းလင္းတင္ျပသည္။

ရွင္းလင္းတင္ျပခ်က္မ်ားအေပၚ ဒုတိယသမၼတႏွင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္တို႔ က ေရမ်ားျပန္လည္ က်ဆင္းမႈျမန္ဆန္ေစရန္အတြက္ ေရႏုတ္ေျမာင္းမ်ားပိတ္ဆို႔မႈမရွိေစေရး ေဆာင္႐ြက္ရန္လိုအပ္မႈ၊ ေရနစ္ျမဳပ္မႈ ျဖစ္ပြားသည့္ ေက်း႐ြာမ်ားအားကူညီကယ္ဆယ္ေရး လုပ္ငန္းမ်ားေဆာင္႐ြက္ရာတြင္ အဆင္ေျပေခ်ာေမြ႕ ေစရန္အတြက္ အမ်ိဳးသားသဘာဝေဘး အႏၲရာယ္ဆိုင္ရာ စီမံခန္႔ခြဲမႈေကာ္မတီႏွင့္ တပ္မေတာ္တို႔မွ စက္တပ္ဖိုင္ဘာႏွင့္ရာဘာေလွမ်ား ကူညီေဆာင္႐ြက္ေပးရန္စီစဥ္ေနမႈ၊ ေရနစ္ျမဳပ္သည့္ေက်း႐ြာမ်ား အားလုံး အထိ ကူညီကယ္ဆယ္ေရး အဖြဲ႕မ်ားသြားေရာက္ႏိုင္ေရး၊ ကယ္ဆယ္ေရးစခန္းမ်ားတြင္ ေရေဘးသင့္ျပည္သူ မ်ားေနထိုင္ စားေသာက္ေရးအတြက္ က်န္းမာေရးေစာင့္ေရွာက္မႈ ဆိုင္ရာမ်ား ႀကိဳတင္စီမံေဆာင္႐ြက္ရန္ လိုအပ္မႈအေျခအေနမ်ားအားေပါင္းစပ္ညႇိႏႈိင္းျဖည့္ဆည္းေပးၾကသည္။

ယင္းေနာက္ ေရတာရွည္ၿမိဳ႕အနီးရန္ကုန္-မႏၲေလးလမ္းေဟာင္းေပၚတြင္ ေရေက်ာ္မႈျဖစ္ပြားေနသည့္ အေျခအေနအားသြားေရာက္ၾကည့္ရႈၾကၿပီးတာဝန္ရွိသူမ်ားအားျပည္သူမ်ားအႏၲရာယ္ကင္းစြာသြားလာႏိုင္ေရးလိုအပ္သည္မ်ားမွာၾကားျဖည့္ဆည္းေဆာင္႐ြက္ေပးသည္။

အဆိုပါ ဆြာေခ်ာင္းေရေလွာင္တမံေရပိုလႊဲသည္ ယေန႔နံနက္ ၅နာရီ ၄၅ မိနစ္ခန္႔၌ အရွည္ ေပ၃၆၀ခန္႔ က်ိဳးေပါက္ခဲ့ရာေရတာရွည္ၿမိဳ႕နယ္အတြင္းဆြာၿမိဳ႕အပါအဝင္ ေက်း႐ြာအုပ္စုေပါင္း (၁၇)အုပ္စု၊ ေက်း႐ြာ (၈၅)႐ြာ ေရဝင္ေရာက္ျခင္းမ်ားျဖစ္ေပၚခဲ့ၿပီးအိမ္ေထာင္စု ၁၄၃၅၇ စုလူဦးေရ ၆၃၄၂၁ ဦးေရေဘးသင့္ခဲ့သည္။ ရန္ကုန္-မႏၲေလးအျမန္လမ္းမိုင္တိုင္အမွတ္ ၁၆၁ မွ ၁၆၆ ၾကား၊ ေရတာရွည္ၿမိဳ႕နယ္ႏွင့္ သာဂရေက်း႐ြာ အၾကား ရွိရန္ကုန္-မႏၲေလးလမ္းေဟာင္းမိုင္တိုင္ အမွတ္ ၁၆၉ ႏွင့္ ၂၀၄ အၾကားကားလမ္းအထက္ ေရအျမင့္ ၁ ေပမွ ၄ ေပခန္႔အထိေရေက်ာ္မႈျဖစ္ပြားခဲ့ၿပီးရန္ကုန္-မႏၲေလးအျမန္လမ္းရွိဆြာေခ်ာင္းတံတား၏ ေရလယ္တိုင္ ၂ တိုင္ နိမ့္က်မႈျဖစ္ပြားခဲ့သည္။ ေရေဘးသင့္ျပည္သူမ်ားအားတိုင္းေဒသႀကီးအစိုးရ၊ တပ္မေတာ္ႏွင့္ လူမႈကူညီေရး အသင္း အဖြဲ႕မ်ားပူးေပါင္းၿပီးေရေဘးလြတ္ရာသို႔ ကူညီေ႐ႊ႕ေျပာင္းေပးလ်က္ရွိသည္။

ဆြာေခ်ာင္းေရေလွာင္တမံသည္ ေရဆင္းဧရိယာစုစုေပါင္း ၄၀၃ စတုရန္းမိုင္ရွိၿပီးႏွစ္စဥ္ ၃၁၂၀၄၀ ဧကေပခန္႔ စီးဝင္ေရရွိကာကန္ေရျပည့္ ေရေလွာင္ပမာဏမွာ ၂၁၆၃၅၀ ဧကေပရွိသည္။ အဆိုပါေရေလွာင္တမံ၏ ခံႏိုင္ရည္မွာကန္ေရျပည့္အျမင့္ ၃၃၇ ေပလက္ခံႏိုင္ၿပီး ယခုႏွစ္ အတြင္းမိုးသည္းထန္စြာ႐ြာသြန္းခဲ့မႈမ်ားေၾကာင့္ ကန္ေရအျမင့္ ၃၃၈.၆ ေပအထိေရာက္ရွိခဲ့သျဖင့္ ပင္မဆည္ေရပိုလႊဲတံခါး၏ ခံႏိုင္ဝန္ထက္ ေက်ာ္လြန္ခဲ့ျခင္းေၾကာင့္ ယခုကဲ့သို႔ ေရပိုလႊဲနိမ့္က် ပ်က္စီးခဲ့ျခင္းျဖစ္သည္။

 

(Unicode Version)

ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့သည် ဆွာချောင်းရေလှောင်တမံ၊ပင်မရေပိုလွှဲနိမ့်ကျပျက်စီးမှုအခြေအနေများနှင့် ရေတာရှည်မြို့နယ်အတွင်း ရေဝင်ရောက်မှုအခြေအနေများအားသွားရောက်ကြည့်ရှု

နေပြည်တော် သြဂုတ် ၂၉

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့သည် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူများလိုက်ပါပြီး ယနေ့နံနက်ပိုင်းတွင် ဆွာချောင်းရေလှောင်တမံရှိ ပင်မရေပိုလွှဲနိမ့်ကျပျက်စီးမှုဖြစ်ပွားပြီး ရေတာရှည် မြို့နယ်အတွင်းရေဝင်ရောက်မှု အခြေအနေများအား ရဟတ်ယာဉ်များဖြင့် သွားရောက်ကြည့်ရှုသည်။

ဦးစွာဒုတိယသမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အမြန်လမ်း မိုင်တိုင်အမှတ် ၁၆၅ မိုင် ၁ ဖာလုံရှိဆွာချောင်းတံတားရန်ကုန်မှ မန္တလေးဘက်အခြမ်း အလယ်ထောက်တိုင် ၂ တိုင် နိမ့်ကျမှု အခြေအနေများနှင့် အမြန်လမ်းမကြီးရေတိုက်စား၍ မြေပြိုကျမှုအခြေအနေများအားကြည့်ရှုစစ်ဆေးကြရာ ဆောက်လုပ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးကျော်လင်းနှင့်တာဝန်ရှိသူများက ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယ သမ္မတနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ကခရီးသွားပြည်သူများ တံတားအားဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် အမြန်ပြန်လည် ဖြတ်သန်းသွားလာနိုင်ရေးအတွက်ချဉ်းကပ်လမ်းနှင့်လမ်းလယ်ကျွန်းတွင် သဲအိတ်များခင်းဆောင်ရွက်ပေးသွားရန် မှာကြားသည်။

ထို့နောက် ဆွာချောင်းရေလှောင်တမံ၊ ပင်မရေပိုလွှဲ နိမ့်ကျပျက်စီးမှုဖြစ်ပွားသည့် နေရာသို့ ရောက်ရှိကြပြီး ပင်မရေပိုလွှဲပျက်စီးပြိုကျနေမှု အခြေအနေများအားကြည့်ရှုစစ်ဆေးကြသည်။ ယင်းနောက် ဆွာချောင်း ရေလှောင်တမံရှင်းလင်းဆောင်၌ လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရေအသုံးချမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော်ကဆွာချောင်း ရေလှောင်တမံ၏ ရေသိုလှောင်မှုပမာဏနှင့် ပင်မရေပိုလွှဲပျက်စီးခဲ့မှုအခြေအနေများအားရှင်းလင်း တင်ပြရာဒုတိယသမ္မတနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ကလိုအပ်သည်များမှာကြားသည်။

၎င်းနောက် ဒုတိယသမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ရန်ကုန်-မန္တလေးလမ်း ဟောင်းမိုင်တိုင်အမှတ် ၁၉၆ အနီးကားလမ်းရေကျော်နေမှုအခြေအနေများနှင့် ဆွာမြို့ရှိနယ်မြေခံတပ်အတွင်း ရေဘေးသင့်ပြည်သူများအားကူညီကယ်ဆယ်ရေးဆောင်ရွက်ရန်အတွက် တပ်မတော်သားများ၊မီးသတ်တပ်ဖွဲ့ ဝင်များ၊ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ ပူးပေါင်းပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများ အား ပြည်ထောင်စုဝန်ကြီးဦးသန့်စင်မောင်၊ ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးဦးစိုးအောင် တို့နှင့်အတူ သွားရောက်ကြည့်ရှုအားပေးကြပြီး ရေတာရှည်နှင့်ဆွာကြားမီးရထားလမ်းရေကျော်မှုဖြစ်ပွားသည့်နေရာတွင် မီးရထားစီးခရီးသည်များအား တပ်မတော်မှမော်တော်ယာဉ်များဖြင့် သယ်ယူပို့ဆောင်ပေးနိုင်ရေးစီစဉ် ပေးခဲ့သည်။

ဆက်လက်ပြီးရေတာရှည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ ရောက်ရှိကြရာ အစည်းအဝေးခန်းမတွင် တောင်ငူခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးမိုးထက် ကရေတာရှည်မြို့နယ် အတွင်းရှိကျေးရွာများအား ရေဝင် ရောက်ခဲ့မှုအခြေအနေများနှင့် ရေနစ်မြုပ်မှုအခြေအနေများ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ တိုင်းဒေသကြီးအစိုးရ၊ တပ်မတော်နှင့် လူမှုကူညီကယ်ဆယ်ရေး အသင်းအဖွဲ့များပူးပေါင်းဆောင်ရွက်နေမှုနှင့် ဆက်လက် ဆောင်ရွက်မည့်အခြေအနေများအား ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယသမ္မတနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ က ရေများပြန်လည် ကျဆင်းမှုမြန်ဆန်စေရန်အတွက် ရေနုတ်မြောင်းများပိတ်ဆို့မှုမရှိစေရေး ဆောင်ရွက်ရန်လိုအပ်မှု၊ ရေနစ်မြုပ်မှု ဖြစ်ပွားသည့် ကျေးရွာများအားကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့ စေရန်အတွက် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီနှင့် တပ်မတော်တို့မှ စက်တပ်ဖိုင်ဘာနှင့်ရာဘာလှေများ ကူညီဆောင်ရွက်ပေးရန်စီစဉ်နေမှု၊ ရေနစ်မြုပ်သည့်ကျေးရွာများ အားလုံး အထိ ကူညီကယ်ဆယ်ရေး အဖွဲ့များသွားရောက်နိုင်ရေး၊ ကယ်ဆယ်ရေးစခန်းများတွင် ရေဘေးသင့်ပြည်သူ များနေထိုင် စားသောက်ရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှု ဆိုင်ရာများ ကြိုတင်စီမံဆောင်ရွက်ရန် လိုအပ်မှုအခြေအနေများအားပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးကြသည်။

ယင်းနောက် ရေတာရှည်မြို့အနီးရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်တွင် ရေကျော်မှုဖြစ်ပွားနေသည့် အခြေအနေအားသွားရောက်ကြည့်ရှုကြပြီးတာဝန်ရှိသူများအားပြည်သူများအန္တရာယ်ကင်းစွာသွားလာနိုင်ရေးလိုအပ်သည်များမှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။

အဆိုပါ ဆွာချောင်းရေလှောင်တမံရေပိုလွှဲသည် ယနေ့နံနက် ၅နာရီ ၄၅ မိနစ်ခန့်၌ အရှည် ပေ၃၆၀ခန့် ကျိုးပေါက်ခဲ့ရာရေတာရှည်မြို့နယ်အတွင်းဆွာမြို့အပါအဝင် ကျေးရွာအုပ်စုပေါင်း (၁၇)အုပ်စု၊ ကျေးရွာ (၈၅)ရွာ ရေဝင်ရောက်ခြင်းများဖြစ်ပေါ်ခဲ့ပြီးအိမ်ထောင်စု ၁၄၃၅၇ စုလူဦးရေ ၆၃၄၂၁ ဦးရေဘေးသင့်ခဲ့သည်။ ရန်ကုန်-မန္တလေးအမြန်လမ်းမိုင်တိုင်အမှတ် ၁၆၁ မှ ၁၆၆ ကြား၊ ရေတာရှည်မြို့နယ်နှင့် သာဂရကျေးရွာ အကြား ရှိရန်ကုန်-မန္တလေးလမ်းဟောင်းမိုင်တိုင် အမှတ် ၁၆၉ နှင့် ၂၀၄ အကြားကားလမ်းအထက် ရေအမြင့် ၁ ပေမှ ၄ ပေခန့်အထိရေကျော်မှုဖြစ်ပွားခဲ့ပြီးရန်ကုန်-မန္တလေးအမြန်လမ်းရှိဆွာချောင်းတံတား၏ ရေလယ်တိုင် ၂ တိုင် နိမ့်ကျမှုဖြစ်ပွားခဲ့သည်။ ရေဘေးသင့်ပြည်သူများအားတိုင်းဒေသကြီးအစိုးရ၊ တပ်မတော်နှင့် လူမှုကူညီရေး အသင်း အဖွဲ့များပူးပေါင်းပြီးရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးလျက်ရှိသည်။

ဆွာချောင်းရေလှောင်တမံသည် ရေဆင်းဧရိယာစုစုပေါင်း ၄၀၃ စတုရန်းမိုင်ရှိပြီးနှစ်စဉ် ၃၁၂၀၄၀ ဧကပေခန့် စီးဝင်ရေရှိကာကန်ရေပြည့် ရေလှောင်ပမာဏမှာ ၂၁၆၃၅၀ ဧကပေရှိသည်။ အဆိုပါရေလှောင်တမံ၏ ခံနိုင်ရည်မှာကန်ရေပြည့်အမြင့် ၃၃၇ ပေလက်ခံနိုင်ပြီး ယခုနှစ် အတွင်းမိုးသည်းထန်စွာရွာသွန်းခဲ့မှုများကြောင့် ကန်ရေအမြင့် ၃၃၈.၆ ပေအထိရောက်ရှိခဲ့သဖြင့် ပင်မဆည်ရေပိုလွှဲတံခါး၏ ခံနိုင်ဝန်ထက် ကျော်လွန် ခဲ့ခြင်းကြောင့် ယခုကဲ့သို့ ရေပိုလွှဲနိမ့်ကျ ပျက်စီးခဲ့ခြင်းဖြစ်သည်။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။