တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကလောမြို့နယ်၊ ဟဲဟိုးမြို၊ ဘော်နင်းကျေးရွာအုပ်စုရှိ အာလူးစိုက်တောင်သူများနှင့်တွေ့ဆုံ
ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်သားများ နေ့စဉ် စားသုံးနေရသည့်ရိက္ခာစိုတွင် အာလူးထည့်သွင်းကျွေးမွေးနိုင်ရေး လာရောက်လေ့လာ ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာလူးသီးနှံအား ယခင်ကတည်းကစိုက်ပျိုးခဲ့ပြီး ပြည်ပ နိုင်ငံများသို့ပင်တင်ပို့ ရောင်းချနိုင်ခဲ့သည့် အထောက်အထားများတွေ့ရှိရကြောင်း၊ ဈေးကွက်က လက်ခံနိုင်သည့် အာလူးမျိုးများအားစိုက်ပျိုးထုတ်လုပ်နိုင်ပါက ပိုမိုအကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်း၊ စိုက် ပျိုးရေးလုပ်ငန်းများလုပ်ဆောင်ရာတွင် မျိုး၊ နည်း၊ မြေ၊ ရေ ဆိုသည့်မျိုးကောင်းမျိုးသန့် ရရှိရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ စိုက်ပျိုးမြေကောင်းမွန်ရေးနှင့်ရေလုံလောက်စွာရရှိရေးတို့သည် အရေးကြီး ကြောင်း၊ မျိုးအားရွေးချယ်ရာတွင် ဒေသနှင့်ကိုက်ညီပြီး ဈေးကွက်ဝင်သည့်မျိုးဖြစ်ရန်လိုအပ်ကြောင်း၊ လက်တွေ့စိုက်ပျိုးထုတ်လုပ်နေသူများ၏တင်ပြချက်များအရ အာလူးတစ်ဧကလျှင် မျိုးပိဿာချိန် ၁၀၀၀ ခန့် သုံးစွဲရသည်ဟုသိရကြောင်း၊ တစ်ဧက၌ ၎င်းထက်ပိုမိုဝင်ဆံ့အောင်စိုက်ပျိုးနိုင်ပါက အထွက်နှုန်းပိုမိုတိုးတက်ကောင်းမွန်လာနိုင်မည်ဟုအကြံပြုလိုကြောင်းပြောကြားသည်။
ယင်းနောက် မြေကိုအကျိုးရှိရှိအသုံးချနိုင်ရန်အတွက် ဓာတ်မြေသြဇာများအသုံး ပြုနေသည့်အစား သဘာဝဓာတ်မြေသြဇာကိုပိုမိုသုံးစွဲစေလိုကြောင်း၊ ထိုသို့သုံးစွဲနိုင်ရန်အတွက် မွေးမြူရေးလုပ်ငန်းကိုပါ ပူးတွဲလုပ်ဆောင်ခြင်းဖြင့် သဘာဝဓာတ်မြေသြဇာရရှိရေးအတွက် အထောက်အကူရရှိစေမည် ဖြစ်ကြောင်း၊ ပြည်ပနိုင်ငံများ၏ အာလူးစားသုံးမှုနှင့်ယှဉ်ပါက ပြည်တွင်း၌အာလူးစားသုံးမှု နည်းပါးနေသဖြင့် ဈေးကွက်ပြန့်ပွားရေး၊ စားသုံးမှုများပြားရေးပညာပေးဆောင်ရွက်သွားပါက အာလူး သည်မြန်မာ့အဓိက ထွက်ကုန်တစ်မျိုးပင်ဖြစ်လာနိုင်မည်ဟုယုံကြည်ကြောင်း၊ စနစ်တကျစိုက်ပျိုးပါက ယခင်ကပြည်ပသို့တင်ပို့ခဲ့သည့် နည်းတူ ပြည်ပပို့ကုန်အဖြစ်မျှော်မှန်းဆောင်ရွက်စေလိုကြောင်း၊ တပ်မတော်အနေဖြင့်လည်း တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အာလူးစိုက်ပျိုးရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာခြင်းဖြင့် “တစ်မူးရှိလို့၊ တစ်ပဲလှူ ၊ တို့ရှမ်းတောင်သူ တုနိုင်ရိုးလား” ဆိုသည့်အတိုင်း ဒေသအတွင်းဖွံ့ဖြိုး တိုးတက်မှုကို လက်တွေ့အကောင်အထည် ဖော်ဆောင်ရွက် သွားနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
(Unicode Version)
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကလောမြို့နယ်၊ ဟဲဟိုးမြို၊ ဘော်နင်းကျေးရွာအုပ်စုရှိ အာလူးစိုက်တောင်သူများနှင့်တွေ့ဆုံ
နေပြည်တော်၊ စက်တင်ဘာ ၁၄
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးစိုးစိုးဇော်နှင့် တာဝန်ရှိသူများလိုက်ပါပြီး ယနေ့ညနေပိုင်းတွင် ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ ဘော်နင်းကျေးရွာအုပ်စုရှိ အာလူးစိုက်တောင်သူများ နှင့်တွေ့ဆုံသည်။
ဦးစွာ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးညိုစောနှင့် တိုင်းမှူး ဗိုလ်ချုပ်လင်းအောင် တို့က အာလူး စိုက်ပျိုးရေးလုပ်ငန်းနှင့် ဒေသအတွင်းစိုက်ပျိုးထုတ်လုပ်နေမှုအခြေအနေတို့အား ရှင်းလင်း တင်ပြသည်။ ထို့နောက် အခမ်းအနားတက်ရောက်လာသည့် ပြည်နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးတင်ဦးကြိုင်၊ ကလောမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးပွားဌာနမှ ဦးညီညီအောင်၊ ဟဲဟိုးမြို့ အာလူးစိုက်ပျိုးသူများအသင်းဥက္ကဋ္ဌနှင့် အာလူးစိုက်တောင်သူများက ဒေသတွင်းအာလူး စိုက်ပျိုး နေမှုအခြေအနေများ၊ အာလူးမျိုးကောင်းမျိုးသန့်များ လိုအပ်မှုအခြေအနေများနှင့် စျေးကွက် အတွင်းဖြန့်ချိရာတွင် တွေ့ကြုံနေရသည့် အခက်အခဲများအားတစ်ဦးချင်းရင်းနှီးပွင့်လင်းစွာ ရှင်းလင်း တင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်သားများ နေ့စဉ် စားသုံးနေရသည့်ရိက္ခာစိုတွင် အာလူးထည့်သွင်းကျွေးမွေးနိုင်ရေး လာရောက်လေ့လာ ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာလူးသီးနှံအား ယခင်ကတည်းကစိုက်ပျိုးခဲ့ပြီး ပြည်ပ နိုင်ငံများသို့ပင်တင်ပို့ ရောင်းချနိုင်ခဲ့သည့် အထောက်အထားများတွေ့ရှိရကြောင်း၊ စျေးကွက်က လက်ခံနိုင်သည့် အာလူးမျိုးများအားစိုက်ပျိုးထုတ်လုပ်နိုင်ပါက ပိုမိုအကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်း၊ စိုက် ပျိ်ုးရေးလုပ်ငန်းများလုပ်ဆောင်ရာတွင် မျိုး၊ နည်း၊ မြေ၊ ရေ ဆိုသည့်မျိုးကောင်းမျိုးသန့် ရရှိရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ စိုက်ပျိုးမြေကောင်းမွန်ရေးနှင့်ရေလုံလောက်စွာရရှိရေးတို့သည် အရေးကြီး ကြောင်း၊ မျိုးအားရွေးချယ်ရာတွင် ဒေသနှင့်ကိုက်ညီပြီး စျေးကွက်ဝင်သည့်မျိုးဖြစ်ရန်လိုအပ်ကြောင်း၊ လက်တွေ့စိုက်ပျိုးထုတ်လုပ်နေသူများ၏တင်ပြချက်များအရ အာလူးတစ်ဧကလျှင် မျိုးပိဿာချိန် ၁၀၀၀ ခန့် သုံးစွဲရသည်ဟုသိရကြောင်း၊ တစ်ဧက၌ ၎င်းထက်ပိုမို၀င်ဆံ့အောင်စိုက်ပျိုးနိုင်ပါက အထွက်နှုန်းပိုမိုတိုးတက်ကောင်းမွန်လာနိုင်မည်ဟုအကြံပြုလိုုကြောင်းပြောကြားသည်။
ယင်းနောက် မြေကိုအကျိုးရှိရှိအသုံးချနိုင်ရန်အတွက် ဓာတ်မြေသြဇာများအသုံး ပြုနေသည့်အစား သဘာဝဓာတ်မြေသြဇာကိုပိုမိုသုံးစွဲစေလိုကြောင်း၊ ထိုသို့သုံးစွဲနိုင်ရန်အတွက် မွေးမြူရေးလုပ်ငန်းကိုပါ ပူးတွဲလုပ်ဆောင်ခြင်းဖြင့် သဘာဝဓာတ်မြေသြဇာရရှိရေးအတွက် အထောက်အကူရရှိစေမည် ဖြစ်ကြောင်း၊ ပြည်ပနိုင်ငံများ၏ အာလူးစားသုံးမှုနှင့်ယှဉ်ပါက ပြည်တွင်း၌အာလူးစားသုံးမှု နည်းပါးနေသဖြင့် စျေးကွက်ပြန့်ပွားရေး၊ စားသုံးမှုများပြားရေးပညာပေးဆောင်ရွက်သွားပါက အာလူး သည်မြန်မာ့အဓိက ထွက်ကုန်တစ်မျိုးပင်ဖြစ်လာနိုင်မည်ဟုယုံကြည်ကြောင်း၊ စနစ်တကျစိုက်ပျိုးပါက ယခင်ကပြည်ပသို့တင်ပို့ခဲ့သည့် နည်းတူ ပြည်ပပို့ကုန်အဖြစ်မျှော်မှန်းဆောင်ရွက်စေလိုကြောင်း၊ တပ်မတော်အနေဖြင့်လည်း တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အာလူးစိုက်ပျိုးရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာခြင်းဖြင့် “တစ်မူးရှိလို့၊ တစ်ပဲလှူ ၊ တို့ရှမ်းတောင်သူ တုနိုင်ရိုးလား” ဆိုသည့်အတိုင်း ဒေသအတွင်းဖွံ့ဖြိုး တိုးတက်မှုကို လက်တွေ့အကောင်အထည် ဖော်ဆောင်ရွက် သွားနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဒေသထွက်အာလူးများအား ကြည့်ရှုပြီး ပြည်နယ် အုပ်ချုပ်ရေးမှူး၊ ပြည်နယ် စိုက်ပျိုးရေးဦးစီးမှူးနှင့် အခမ်းအနားတက်ရောက်လာကြသည့် အာလူးစိုက်တောင်သူများအား လက်ဆောင်ပစ္စည်းများပေးအပ် ပြီးရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။
ဖတ်သင့်သော သတင်းများ
ပြန်စာထားခဲ့ပါ။
သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။