အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ညောင်ရွှေမြို့ရှိအဌဒိသာဓမ္မဝိဟာရကျောင်းတော်ကြီး သို့ပင့်ဆောင် အပူဇော်ခံပွဲနှင့် အင်းသားရိုးရာလှေလှော်ပြိုင်ပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်

ေနျပည္ေတာ္၊ ေအာက္တုိဘာ – ၁၆

အင္းေလးေဖာင္ေတာ္ဦးျမတ္စြာဘုရား ေညာင္ေရႊၿမိဳ႕ရွိ အဌဒိသာဓမၼ၀ိဟာရေက်ာင္းေတာ္ႀကီးသုိ႔ ပင့္ေဆာင္ အပူေဇာ္ခံပြဲအား ယေန႔နံနက္ပုိင္းတြင္က်င္းပျပဳလုပ္ရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္တက္ေရာက္၍ ေဖာင္ေတာ္ဦးဗုဒၶ႐ုပ္ပြားေတာ္ျမတ္အား ဦးေဆာင္ၿပီးပင့္ေဆာင္ပူေဇာ္သည္။

အဆုိပါအခမ္းအနားသို႔တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ႏွင့္ဇနီး ေဒၚၾကဴၾကဴ လွ၊ ျပည္ေထာင္စု၀န္ႀကီးမ်ားျဖစ္ၾကသည့္ ေဒါက္တာျမင့္ေထြးႏွင့္ဇနီး၊ ဦးအုန္းေမာင္ႏွင့္ဇနီး၊ ရွမ္းျပည္နယ္ ၀န္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္ႏွင့္ဇနီး၊ ျပည္နယ္လႊတ္ေတာ္ဥကၠ႒ ဦးစုိင္းလုံဆုိင္၊ ကာကြယ္ေရးဦးစီး ခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာ ရွိႀကီးမ်ားႏွင့္ဇနီးမ်ား၊ အေရွ႕ပုိင္းတုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္ခ်ဳပ္ လင္းေအာင္၊ ျပည္နယ္အစုိးရအဖြဲ႕၀င္မ်ား၊ လႊတ္ေတာ္ကုိယ္စားလွယ္မ်ားႏွင့္ ဌာနဆုိင္ရာအဖြဲ႕မ်ားမွတာ၀န္ရွိသူမ်ား၊ ဖိတ္ၾကားထားသည့္ဧည့္သည္ ေတာ္ မ်ား၊ ေဒသခံတုိင္းရင္းသားျပည္သူမ်ားႏွင့္ ျပည္တြင္း၊ ျပည္ပခရီးသြားဧည့္သည္မ်ား စည္ကားသုိက္ၿမိဳက္စြာ တက္ေရာက္ၾကည့္႐ႈဖူးေျမာ္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အခမ္းအနားတက္ေရာက္လာၾကသည့္ ျပည္ေထာင္စု၀န္ႀကီးမ်ား၊ ျပည္နယ္၀န္ႀကီးခ်ဳပ္၊ ျပည္နယ္လႊတ္ေတာ္ဥကၠ႒၊ တပ္မေတာ္အရာရွိႀကီးမ်ား၊ ျပည္နယ္အစုိးရအဖြဲ႕၀င္မ်ားႏွင့္ လႊတ္ေတာ္ကုိယ္စားလွယ္မ်ားက ေဖာင္ေတာ္ဆိုက္ျပႆဒ္ေဆာင္သုိ႔ ကရ၀ိတ္ေဖာင္ေတာ္ျဖင့္ ေရာက္ရွိလာ သည့္ အင္းေလးေဖာင္ေတာ္ဦး ျမတ္စြာဘုရား႐ုပ္ပြားေတာ္ျမတ္မ်ားအား ဖူးေျမာ္ၾကည္ညိဳ၍ ေညာင္ေရႊၿမိဳ႕ အတြင္းလွည့္လည္ပူေဇာ္ခံၿပီး အဌဒိသာဓမၼ၀ိဟာရေက်ာင္းေတာ္ႀကီးသုိ႔ ပင့္ေဆာင္မည့္ေဘာ္ယာဥ္ေပၚသုိ႔ အသီးသီးပင့္ေဆာင္ပူေဇာ္ၾကသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး၊ အခမ္းအနားတက္ေရာက္ လာၾကသူမ်ားသည္ အင္းသား႐ုိးရာေလွေလွာ္ၿပိဳင္ပြဲယွဥ္ၿပိဳင္ေလွာ္ခတ္မႈမ်ားအား တက္ေရာက္ၾကည့္႐ႈအားေပးၾကသည္။ အဆုိပါၿပိဳင္ပြဲတြင္ အမ်ိဳးသား(၄၆)တက္ အင္းသား ႐ုုိးရာေလွေလွာ္ၿပိဳင္ပြဲ၊ အမ်ိဳးသားရာေက်ာ္ေလွ အင္းသား ႐ုိးရာေလွေလွာ္ၿပိဳင္ပြဲ၊ အမ်ိဳးသားတစ္ဦးခ်င္း အင္းသား႐ုိးရာေလွေလွာ္ၿပိဳင္ပြဲ၊ အမ်ိဳးသမီး(၂၆) တက္ အင္းသား ႐ုိးရာေလွေလွာ္ၿပိဳင္ပြဲမ်ားအား အသီးသီးယွဥ္ၿပိဳင္ေလွာ္ခတ္ၾကသည္။

ယင္းေနာက္ ဆုေပးပြဲအားက်င္းပျပဳလုပ္ရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အမ်ိဳးသားရာေက်ာ္ ေလွၿပိဳင္ ပြဲတြင္ ပထမဆုရရွိသည့္ ေကလာအသင္းႏွင့္ ဒုတိယဆုရရွိသည့္ ေရႊျပည္သာအသင္းတုိ႔အား ဂုဏ္ျပဳဆုႏွင့္ ခ်ီးျမႇင့္ေငြမ်ားအားလည္းေကာင္း၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီးက အမ်ိဳးသမီး(၂၆)တက္ ေလွေလွာ္ ၿပိဳင္ပြဲတြင္ ပထမဆုရရွိသည့္ မုိင္းေသာက္အင္းအသင္းႏွင့္ ဒုတိယဆုရရွိသည့္ အုိင္ေထာင့္ႀကီး အသင္းအား ဂုဏ္ျပဳဆုႏွင့္ခ်ီးျမႇင့္ေငြမ်ားအားလည္းေကာင္း အသီးသီးေပးအပ္ခ်ီးျမႇင့္ သည္။

 

ထုိ႔ေနာက္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္က အမ်ိဳးသားရာေက်ာ္ေလွၿပိဳင္ပြဲတြင္ ႏွစ္သိမ့္ဆုရရွိသည့္ ေရသာအင္းအသင္းႏွင့္ လယ္သစ္ ေအာက္အသင္းတုိ႔အားလည္းေကာင္း၊ ျပည္ေထာင္စု ၀န္ႀကီး ေဒါက္တာျမင့္ေထြးက အမ်ိဳးသား(၄၆)တက္ ေလွေလွာ္ၿပိဳင္ပြဲတြင္ ႏွစ္သိမ့္ဆုရရွိသည့္ ၀မ္းဘဲအင္း ေက်းရြာႏွင့္ ေရသာကုန္းေက်းရြာအသင္းတုိ႔အားလည္းေကာင္း၊ ျပည္ေထာင္စု၀န္ႀကီး ဦးအုန္းေမာင္က အမ်ိဳးသား(၄၆)တက္ ေလွေလွာ္ၿပိဳင္ပြဲ တြင္ ပထမဆုရရွိသည့္ ေကလာအသင္းႏွင့္ ဒုတိယဆုရရွိသည့္ ရြာႀကီးေတာင္အသင္းတုိ႔အား လည္းေကာင္း၊ ျပည္နယ္၀န္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က တစ္ဦးခ်င္းေလွေလွာ္ ၿပိဳင္ပြဲတြင္ပထမဆုရရွိသည့္ မုိင္းေသာက္ အင္းေက်းရြာမွေမာင္ေနၾကာႏွင့္ ဒုတိယဆုရရွိသည့္ အုိင္ေထာင့္ႀကီးေက်းရြာမွ ေမာင္မင္းေဇာ္ဦး တုိ႔အား လည္းေကာင္း၊ ျပည္သူ႕လႊတ္ေတာ္ သယံဇာတႏွင့္သဘာ၀ပတ္၀န္းက်င္ထိန္းသိမ္းေရးဆုိင္ရာ ေကာ္မတီ ဥကၠ႒ ဦးစုိးသူရထြန္းက တစ္ဦးခ်င္းေလွေလွာ္ၿပိဳင္ပြဲတြင္ ႏွစ္သိမ့္ဆုရရွိသည့္ ေရွ႕၀ႀကီးေက်းရြာမွ ေမာင္စုိးမင္း ထုိက္ ႏွင့္ ေမာင္သိန္းဟန္တုိ႔အားလည္းေကာင္း ဂုဏ္ျပဳဆုႏွင့္ဂုဏ္ျပဳခ်ီးျမႇင့္ေငြမ်ား အသီးသီး ေပးအပ္ခ်ီးျမႇင့္ ၾကသည္။

 

ယင္းေနာက္ ျပည္ေထာင္စု၀န္ႀကီးမ်ား၏ဇနီးမ်ား၊ ျပည္နယ္၀န္ႀကီးခ်ဳပ္၏ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ၏ဇနီးႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး သန္းထြန္းဦး၏ဇနီးတုိ႔က ဆြမ္းပုိ႔ေလွအဖြဲ႕ ၃ ဖြဲ႕၊ ေလွယဥ္ဆုႏွင့္ ယဥ္ေက်းမႈဆုရရွိသူမ်ား အားဂုဏ္ျပဳဆုႏွင့္ခ်ီးျမႇင့္ေငြမ်ားအသီးသီးေပးအပ္ခ်ီးျမႇင့္ၾကသည္။ ထုိ႔ေနာက္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ထံ အင္းလူမႈေရးအသင္းမွ ေဒါက္တာသန္း၀င္းႏွင့္ အင္းစာေပ ယဥ္ေက်းမႈအဖြဲ႕မွ ဦးတင္ေအာင္ေက်ာ္တုိ႔က တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ ပုံတူသစ္သား ပန္းပုကား ခ်ပ္အား လက္ေဆာင္အျဖစ္ေပးအပ္သည္။ အင္းသားေလွေလွာ္ ၿပိဳင္ပြဲႏွင့္ ဆုခ်ီးျမႇင့္ပြဲအခမ္းအနား အၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ ၀င္မ်ားသည္ အခမ္းအနားတက္ေရာက္လာၾကသည့္ ေဒသခံျပည္သူမ်ားအား ရင္းရင္း ႏွီးႏွီးႏႈတ္ဆက္သည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး၊ အဖြဲ႕၀င္မ်ားသည္ အင္းေလးေဖာင္ေတာ္ဦးျမတ္စြာဘုရား ေခတၱကိန္း၀ပ္စံပယ္ေတာ္မူမည့္ အဌဒိသာ ဓမၼ၀ိဟာရေက်ာင္းေတာ္ႀကီးသုိ႔ေရာက္ရွိၾကၿပီး အင္းေလးေဖာင္ ေတာ္ဦးျမတ္စြာဘုရား ေရာက္ရွိလာမႈမ်ားအားႀကိဳဆုိဖူးေျမာ္၍ သံဃာေတာ္မ်ားဦးေဆာင္ကာ အင္းေလး ေဖာင္ေတာ္ဦးျမတ္စြာဘုရားအား ဆြမ္း၊ ပန္း၊ ေရခ်မ္းမ်ား ကပ္လွဴပူေဇာ္ၾကသည္။

ယင္းေနာက္သံဃာေတာ္မ်ား၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ား သည္ အင္းေလးေဖာင္ ေတာ္ဦးျမတ္စြာဘုရားအား ေရႊသကၤန္းမ်ားကပ္လွဴပူေဇာ္ဖူးေျမာ္ ၾကည္ညိဳၾကသည္။ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ကန္ႀကီး ပရိယတၱိစာသင္တုိက္ဆရာေတာ္ အဂၢမဟာဂႏၴ၀ါစကပ႑ိတ ဘဒၵႏၲ ပညာ၀ံသ အမွဴးျပဳ ေသာ သံဃာေတာ္မ်ားအားဖူးေျမာ္ၾကည္ညိဳၿပီး ၾသကာသကန္ေတာ့ခ်ိဳးျဖင့္ ရွိခုိးပူေဇာ္ကာ ဆရာေတာ္ႀကီးမ်ားက သဗၺတိေယာ ဂါထာအားသုံးႀကိမ္ရြတ္ဆုိ၍ ဆုေတာင္းၿပီး အမွ်ေပးေ၀ၾကသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၊ ျပည္ေထာင္စု၀န္ႀကီးမ်ား၊ ျပည္နယ္ ၀န္ႀကီးခ်ဳပ္၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေလ)ႏွင့္ ျပည္နယ္လႊတ္ေတာ္ဥကၠ႒တုိ႔က သံဃာေတာ္မ်ားအား လွဴဖြယ္ပစၥည္းမ်ား အသီးသီး ဆက္ကပ္လွဴဒါန္းၿပီး အလွဴေငြမ်ားအားေဂါပက အဖြဲ႕ထံေပးအပ္လွဴဒါန္းသည္။

ဆက္လက္ၿပီး ဟူပင္ဟုိတယ္ရွိအစည္းအေ၀းခန္းမတြင္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္အား ရွမ္းျပည္နယ္ သစ္ေတာဦးစီးဌာနၫႊန္ၾကားေရးမွဴး၊ ဆည္ေျမာင္းႏွင့္ ေရအသုံးခ်မႈစီမံခန္႔ခြဲေရးဦးစီးဌာနၫႊန္ၾကားေရးမွဴးႏွင့္ တာ၀န္ရွိသူမ်ားက အင္းေလးကန္ ဆုိင္ရာအခ်က္အလက္မ်ား၊ အင္းေလကန္တိမ္ေကာမႈမရွိေစေရးထိန္းသိမ္း ေဆာင္ရြက္ထားရွိမႈအေျခအေနမ်ားႏွင့္ ျပည္တြင္း၊ ျပည္ပခရီးသြားမ်ား၀င္ေရာက္မႈ အေျခအေနမ်ားအား ရွင္းလင္းတင္ျပသည္။

ရွင္းလင္းတင္ျပမႈမ်ားအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အင္းေလးကန္ သည္ ျမန္မာႏုိင္ငံတြင္ ဒုတိယအႀကီးဆုံးသဘာ၀အင္းျဖစ္၍ တိမ္ေကာမႈမရွိေစေရး မျဖစ္မေနထိန္းသိမ္းေစာင့္ေရွာက္ရန္ အေရးႀကီး ကာ အစုိးရ၊ ဌာဆုိင္ရာတာ၀န္ရွိသူမ်ား သာမက ျပည္သူမ်ားအားလုံးကလည္းပူးေပါင္း၍ ထိန္းသိမ္းေဆာင္ရြက္ သင့္သည့္ အေျခအေနမ်ား၊ စုိက္ပ်ိဳးေရးလုပ္ငန္းတြင္ အသုံးျပဳသည့္ဓာတုပစၥည္းမ်ားေၾကာင့္ ေရသယံဇာတမ်ားႏွင့္ သဘာ၀ပတ္၀န္းက်င္ပ်က္သုဥ္းမႈမရွိေစေရးအတြက္ ေဒသခံ ျပည္သူမ်ားအား အသိပညာေပးၿပီး ထိန္းသိမ္းေဆာင္ရြက္သင့္သည့္အေျခအေနမ်ား၊ ေဒသဖြံ႕ၿဖိဳးေရးအတြက္ ေဒသႏွင့္ကုိက္ညီ ေသာသီးႏွံမ်ားစုိက္ပ်ိဳးႏုိင္ေရး၊ ေဒသထြက္ကုန္မ်ားအား အဆင့္အတန္းမီစြာျဖင့္ထုတ္လုပ္ႏုိင္ေရး၊ ထုတ္လုပ္ ရာတြင္ ေခတ္မီေသသပ္စြာထုတ္ပုိးၿပီး ျပည္တြင္း၊ ျပည္ပခရီးသြားမ်ား၀ယ္ယူလုိသည့္ ဆြဲေဆာင္မႈ ပုံစံျဖင့္ပုိမုိ ေရာင္းခ်ႏုိင္ေရးႏွင့္ ခရီးသြားမ်ားပုိမုိလာေရာက္ေစေရးေဆာင္ရြက္သင့္သည့္ အခ်က္မ်ား၊ အင္းသားေျခ ေလွာ္ေလွၿပိဳင္ပြဲသည္ ကမၻာေပၚ၌အင္းေလးေဒသတစ္ခု တည္းတြင္သာ ျပဳလုပ္ျခင္းျဖစ္သျဖင့္ ယခုထက္ပုိမုိ အဆင့္ျမင့္ျမင့္ အဆင့္မီစြာျဖင့္က်င္းပ ျပဳလုပ္ျခင္း၊ တုိင္းရင္းသား႐ုိးရာယဥ္ေက်းမႈကုိထိန္းသိမ္းျခင္းျဖင့္ ျပည္ပခရီးသြားမ်ား ပုိမုိလာေရာက္ႏုိင္သည့္အေျခအေနမ်ားအား ေဆြးေႏြးအႀကံျပဳေျပာၾကားသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အင္းသားေလွေလွာ္ၿပိဳင္ပြဲတြင္ အသုံးျပဳရန္လုိအပ္ သည့္ (၄၆)တက္ေလွာ္ၿပိဳင္ပြဲ၀င္ေလွမ်ားတည္ေဆာက္ရန္အတြက္ တပ္မေတာ္(ၾကည္း၊ေရ၊ေလ)မိသားစုမ်ားက လွဴဒါန္းေသာ အလွဴေငြက်ပ္သိန္း ၃၆၀ အား တာ၀န္ရွိသူမ်ားထံေပးအပ္လွဴဒါန္းခဲ့သည္။

(Unicode Version)

 

အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ညောင်ရွှေမြို့ရှိအဌဒိသာဓမ္မဝိဟာရကျောင်းတော်ကြီး သို့ပင့်ဆောင် အပူဇော်ခံပွဲနှင့် အင်းသားရိုးရာလှေလှော်ပြိုင်ပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်

နေပြည်တော်၊ အောက်တိုဘာ – ၁၆

အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ညောင်ရွှေမြို့ရှိ အဌဒိသာဓမ္မဝိဟာရကျောင်းတော်ကြီးသို့ ပင့်ဆောင် အပူဇော်ခံပွဲအား ယနေ့နံနက်ပိုင်းတွင်ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်၍ ဖောင်တော်ဦးဗုဒ္ဓရုပ်ပွားတော်မြတ်အား ဦးဆောင်ပြီးပင့်ဆောင်ပူဇော်သည်။

အဆိုပါအခမ်းအနားသို့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူ လှ၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာမြင့်ထွေးနှင့်ဇနီး၊ ဦးအုန်းမောင်နှင့်ဇနီး၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့်ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံဆိုင်၊ ကာကွယ်ရေးဦးစီး ချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာ ရှိကြီးများနှင့်ဇနီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာအဖွဲ့များမှတာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့်ဧည့်သည် တော် များ၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ စည်ကားသိုက်မြိုက်စွာ တက်ရောက်ကြည့်ရှုဖူးမြော်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များက ဖောင်တော်ဆိုက်ပြဿဒ်ဆောင်သို့ ကရဝိတ်ဖောင်တော်ဖြင့် ရောက်ရှိလာ သည့် အင်းလေးဖောင်တော်ဦး မြတ်စွာဘုရားရုပ်ပွားတော်မြတ်များအား ဖူးမြော်ကြည်ညို၍ ညောင်ရွှေမြို့ အတွင်းလှည့်လည်ပူဇော်ခံပြီး အဌဒိသာဓမ္မဝိဟာရကျောင်းတော်ကြီးသို့ ပင့်ဆောင်မည့်ဘော်ယာဉ်ပေါ်သို့ အသီးသီးပင့်ဆောင်ပူဇော်ကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အခမ်းအနားတက်ရောက် လာကြသူများသည် အင်းသားရိုးရာလှေလှော်ပြိုင်ပွဲယှဉ်ပြိုင်လှော်ခတ်မှုများအား တက်ရောက်ကြည့်ရှုအားပေးကြသည်။ အဆိုပါပြိုင်ပွဲတွင် အမျိုးသား(၄၆)တက် အင်းသား ရိုးရာလှေလှော်ပြိုင်ပွဲ၊ အမျိုးသားရာကျော်လှေ အင်းသား ရိုးရာလှေလှော်ပြိုင်ပွဲ၊ အမျိုးသားတစ်ဦးချင်း အင်းသားရိုးရာလှေလှော်ပြိုင်ပွဲ၊ အမျိုးသမီး(၂၆) တက် အင်းသား ရိုးရာလှေလှော်ပြိုင်ပွဲများအား အသီးသီးယှဉ်ပြိုင်လှော်ခတ်ကြသည်။

ယင်းနောက် ဆုပေးပွဲအားကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမျိုးသားရာကျော် လှေပြိုင် ပွဲတွင် ပထမဆုရရှိသည့် ကေလာအသင်းနှင့် ဒုတိယဆုရရှိသည့် ရွှေပြည်သာအသင်းတို့အား ဂုဏ်ပြုဆုနှင့် ချီးမြှင့်ငွေများအားလည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီးက အမျိုးသမီး(၂၆)တက် လှေလှော် ပြိုင်ပွဲတွင် ပထမဆုရရှိသည့် မိုင်းသောက်အင်းအသင်းနှင့် ဒုတိယဆုရရှိသည့် အိုင်ထောင့်ကြီး အသင်းအား ဂုဏ်ပြုဆုနှင့်ချီးမြှင့်ငွေများအားလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့် သည်။

ထို့နောက် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်က အမျိုးသားရာကျော်လှေပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသည့် ရေသာအင်းအသင်းနှင့် လယ်သစ် အောက်အသင်းတို့အားလည်းကောင်း၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက အမျိုးသား(၄၆)တက် လှေလှော်ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသည့် ဝမ်းဘဲအင်း ကျေးရွာနှင့် ရေသာကုန်းကျေးရွာအသင်းတို့အားလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က အမျိုးသား(၄၆)တက် လှေလှော်ပြိုင်ပွဲ တွင် ပထမဆုရရှိသည့် ကေလာအသင်းနှင့် ဒုတိယဆုရရှိသည့် ရွာကြီးတောင်အသင်းတို့အား လည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က တစ်ဦးချင်းလှေလှော် ပြိုင်ပွဲတွင်ပထမဆုရရှိသည့် မိုင်းသောက် အင်းကျေးရွာမှမောင်နေကြာနှင့် ဒုတိယဆုရရှိသည့် အိုင်ထောင့်ကြီးကျေးရွာမှ မောင်မင်းဇော်ဦး တို့အား လည်းကောင်း၊ ပြည်သူ့လွှတ်တော် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးစိုးသူရထွန်းက တစ်ဦးချင်းလှေလှော်ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသည့် ရှေ့ဝကြီးကျေးရွာမှ မောင်စိုးမင်း ထိုက် နှင့် မောင်သိန်းဟန်တို့အားလည်းကောင်း ဂုဏ်ပြုဆုနှင့်ဂုဏ်ပြုချီးမြှင့်ငွေများ အသီးသီး ပေးအပ်ချီးမြှင့် ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးများ၏ဇနီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ၏ဇနီးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦး၏ဇနီးတို့က ဆွမ်းပို့လှေအဖွဲ့ ၃ ဖွဲ့၊ လှေယဉ်ဆုနှင့် ယဉ်ကျေးမှုဆုရရှိသူများ အားဂုဏ်ပြုဆုနှင့်ချီးမြှင့်ငွေများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။ ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံ အင်းလူမှုရေးအသင်းမှ ဒေါက်တာသန်းဝင်းနှင့် အင်းစာပေ ယဉ်ကျေးမှုအဖွဲ့မှ ဦးတင်အောင်ကျော်တို့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ပုံတူသစ်သား ပန်းပုကား ချပ်အား လက်ဆောင်အဖြစ်ပေးအပ်သည်။ အင်းသားလှေလှော် ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား အပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ ဝင်များသည် အခမ်းအနားတက်ရောက်လာကြသည့် ဒေသခံပြည်သူများအား ရင်းရင်း နှီးနှီးနှုတ်ဆက်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ခေတ္တကိန်းဝပ်စံပယ်တော်မူမည့် အဌဒိသာ ဓမ္မဝိဟာရကျောင်းတော်ကြီးသို့ရောက်ရှိကြပြီး အင်းလေးဖောင် တော်ဦးမြတ်စွာဘုရား ရောက်ရှိလာမှုများအားကြိုဆိုဖူးမြော်၍ သံဃာတော်များဦးဆောင်ကာ အင်းလေး ဖောင်တော်ဦးမြတ်စွာဘုရားအား ဆွမ်း၊ ပန်း၊ ရေချမ်းများ ကပ်လှူပူဇော်ကြသည်။

ယင်းနောက်သံဃာတော်များ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များ သည် အင်းလေးဖောင် တော်ဦးမြတ်စွာဘုရားအား ရွှေသင်္ကန်းများကပ်လှူပူဇော်ဖူးမြော် ကြည်ညိုကြသည်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ကန်ကြီး ပရိယတ္တိစာသင်တိုက်ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ ပညာဝံသ အမှူးပြု သော သံဃာတော်များအားဖူးမြော်ကြည်ညိုပြီး သြကာသကန်တော့ချိုးဖြင့် ရှိခိုးပူဇော်ကာ ဆရာတော်ကြီးများက သဗ္ဗတိယော ဂါထာအားသုံးကြိမ်ရွတ်ဆို၍ ဆုတောင်းပြီး အမျှပေးဝေကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ် ဝန်ကြီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်(လေ)နှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌတို့က သံဃာတော်များအား လှူဖွယ်ပစ္စည်းများ အသီးသီး ဆက်ကပ်လှူဒါန်းပြီး အလှူငွေများအားဂေါပက အဖွဲ့ထံပေးအပ်လှူဒါန်းသည်။

ဆက်လက်ပြီး ဟူပင်ဟိုတယ်ရှိအစည်းအဝေးခန်းမတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား ရှမ်းပြည်နယ် သစ်တောဦးစီးဌာနညွှန်ကြားရေးမှူး၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက အင်းလေးကန် ဆိုင်ရာအချက်အလက်များ၊ အင်းလေကန်တိမ်ကောမှုမရှိစေရေးထိန်းသိမ်း ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ပြည်တွင်း၊ ပြည်ပခရီးသွားများဝင်ရောက်မှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အင်းလေးကန် သည် မြန်မာနိုင်ငံတွင် ဒုတိယအကြီးဆုံးသဘာဝအင်းဖြစ်၍ တိမ်ကောမှုမရှိစေရေး မဖြစ်မနေထိန်းသိမ်းစောင့်ရှောက်ရန် အရေးကြီး ကာ အစိုးရ၊ ဌာဆိုင်ရာတာဝန်ရှိသူများ သာမက ပြည်သူများအားလုံးကလည်းပူးပေါင်း၍ ထိန်းသိမ်းဆောင်ရွက် သင့်သည့် အခြေအနေများ၊ စိုက်ပျိုးရေးလုပ်ငန်းတွင် အသုံးပြုသည့်ဓာတုပစ္စည်းများကြောင့် ရေသယံဇာတများနှင့် သဘာဝပတ်ဝန်းကျင်ပျက်သုဉ်းမှုမရှိစေရေးအတွက် ဒေသခံ ပြည်သူများအား အသိပညာပေးပြီး ထိန်းသိမ်းဆောင်ရွက်သင့်သည့်အခြေအနေများ၊ ဒေသဖွံ့ဖြိုးရေးအတွက် ဒေသနှင့်ကိုက်ညီ သောသီးနှံများစိုက်ပျိုးနိုင်ရေး၊ ဒေသထွက်ကုန်များအား အဆင့်အတန်းမီစွာဖြင့်ထုတ်လုပ်နိုင်ရေး၊ ထုတ်လုပ် ရာတွင် ခေတ်မီသေသပ်စွာထုတ်ပိုးပြီး ပြည်တွင်း၊ ပြည်ပခရီးသွားများဝယ်ယူလိုသည့် ဆွဲဆောင်မှု ပုံစံဖြင့်ပိုမို ရောင်းချနိုင်ရေးနှင့် ခရီးသွားများပိုမိုလာရောက်စေရေးဆောင်ရွက်သင့်သည့် အချက်များ၊ အင်းသားခြေ လှော်လှေပြိုင်ပွဲသည် ကမ္ဘာပေါ်၌အင်းလေးဒေသတစ်ခု တည်းတွင်သာ ပြုလုပ်ခြင်းဖြစ်သဖြင့် ယခုထက်ပိုမို အဆင့်မြင့်မြင့် အဆင့်မီစွာဖြင့်ကျင်းပ ပြုလုပ်ခြင်း၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုကိုထိန်းသိမ်းခြင်းဖြင့် ပြည်ပခရီးသွားများ ပိုမိုလာရောက်နိုင်သည့်အခြေအနေများအား ဆွေးနွေးအကြံပြုပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အင်းသားလှေလှော်ပြိုင်ပွဲတွင် အသုံးပြုရန်လိုအပ် သည့် (၄၆)တက်လှော်ပြိုင်ပွဲဝင်လှေများတည်ဆောက်ရန်အတွက် တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများက လှူဒါန်းသော အလှူငွေကျပ်သိန်း ၃၆၀ အား တာဝန်ရှိသူများထံပေးအပ်လှူဒါန်းခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။