ကမ္ဘာ့အဆင့်အားကစားပြိုင်ပွဲများ၊ (၃၃) ကြိမ်မြောက် အရှေ့တောင် အာရှအားကစား ပြိုင်ပွဲနှင့် (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်များ ရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့များအား နိုင်ငံတော်မှ ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ၊ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်၍ ဂုဏ်ပြုဆုငွေများချီးမြှင့်

နေပြည်တော်   ဖေဖော်ဝါရီ   ၇ ၂၀၂၅ ခုနှစ်အတွင်း အင်ဒိုနီးရှားနိုင်ငံ၌ကျင်းပခဲ့သည့် (၈)ကြိမ်မြောက်  ကမ္ဘာ့ဗိုဗီနမ် ချန်ပီယံရှစ်ပြိုင်ပွဲ၊ (၁၆)ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစား ပြိုင်ပွဲ၊ ထိုင်းနိုင်ငံ၌ကျင်းပသည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအား ကစားပြိုင်ပွဲ နှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း ထိုင်းနိုင်ငံ၌ကျင်းပပြုလုပ်ခဲ့သည့် (၁၃)ကြိမ်မြောက်  အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတို့တွင် နိုင်ငံ့ဂုဏ်ဆောင်ခဲ့သည့် အားကစား သမားမောင်မယ်များအား  နိုင်ငံတော်မှဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်း တွင်  နေပြည်တော်ရှိ  ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မ ာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။ အခမ်းအနားသို့ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင် အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စု ဝန်ကြီး များနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မ တော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ ဖိတ်ကြားထား သူများ၊ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ၊ အုပ်ချုပ်သူများ၊ နည်းပြများနှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။ ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌကအဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့် အခမ်းအနား သည် ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုချီးမြှင့်ခြင်း ဟူသည့် မင်္ဂလာတရားတော် နှင့် အညီ ကျင်းပသည့် မင်္ဂလာရှိသောအခမ်းအနားဖြစ်ပါကြောင်း။ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီတွင် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်မှ ၈ ရက်အထိ ကျင်းပခဲ့သည့် (၈)ကြိမ်မြောက် ကမ္ဘာ့ဗိုဗီနမ် ချန်ပီယံရှစ်ပြိုင်ပွဲတွင် ကမ္ဘာ့နိုင်ငံပေါင်း (၂၄)နိုင်ငံ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်အနက် မြန်မာနိုင်ငံက အုပ်ချုပ်နည်းပြ(၂)ဦး၊ အားကစားသမား                   အမျိုးသား(၃)ဦး၊ အမျိုးသမီး(၃)ဦး စုစုပေါင်း(၈)ဦး စေလွှတ်ပြီး Event(၁၆)မျိုး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါကြောင်း၊ ပြိုင်ပွဲတွင် ရွှေတံဆိပ် (၂)ခု၊ ငွေတံဆိပ် (၅)ခု၊ ကြေးတံဆိပ်(၇)ခု စုစုပေါင်းဆုတံဆိပ်(၁၄)ခု ဆွတ်ခူးရရှိခဲ့ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အားကစားသမား(၆)ဦးလုံးအနေဖြင့် ကမ္ဘာ့အဆင့်ပြိုင်ပွဲကြီးတွင် တစ်ဦးမကျန် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များ မလွတ်တမ်း ဆွတ်ခူးနိုင်ခဲ့သည်ကို ဂုဏ်ယူဖွယ်ရာ တွေ့ရှိရပါကြောင်း။ အလားတူ အင်ဒိုနီးရှားနိုင်ငံ၊ ဘန်တန်ကျွန်းတွင် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်မှ ၁၇ ရက်အထိကမ္ဘာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်ကကြီးမှူးကျင်းပခဲ့သည့် (၁၆)ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့်  ကာယကြံ့ခိုင်မှု အားကစား ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်နိုင်ငံပေါင်း(၃၄)နိုင်ငံအနက် မြန်မာနိုင်ငံက အုပ်ချုပ်နည်းပြ (၃)ဦး၊ အားကစား သမားအမျိုးသား (၂)ဦးနှင့် အမျိုးသမီး(၂)ဦး စုစုပေါင်း (၇)ဦး စေလွှတ် ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ်(၁)ခု၊ ငွေတံဆိပ် (၂)ခု၊ ကြေးတံဆိပ်(၂)ခု၊ စုစုပေါင်း ဆုတံဆိပ် (၅)ခု ဆွတ်ခူးရရှိခဲ့သည်ကို တွေ့ရှိရပါကြောင်း။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း ကျင်းပပြုလုပ်ခဲ့သည့် (၃၃)ကြိမ်မြောက် အရှေ့ တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း (၃၈)နည်း တွင် အုပ်ချုပ်နည်းပြ၊ အားကစားသမား (၆၉၈)ဦး၊ ပင်မအုပ်ချုပ်မှုအဖွဲ့(၉၁)ဦး စုစုပေါင်း (၇၈၉)ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း၊ ရွှေတံဆိပ်(၃)ခုအပါဝင် ဆုတံဆိပ် (၇၂)ခုနှင့် နိုင်ငံအလိုက် အဆင့်(၇)ရယူပေးနိုင်ခဲ့ကြသည်ကို တွေ့ရှိရပါကြောင်း၊ ၂၀၂၃ ခုနှစ်က ကျင်းပခဲ့သည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံ အနေဖြင့် အားကစားနည်း(၁၉)နည်းတွင် အားကစားသမား (၃၄၁)ဦး၊ အုပ်ချုပ်နည်းပြ (၁၀၄)ဦး၊ စုစုပေါင်း(၄၄၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ်(၂၁)ခု အပါအဝင် စုစုပေါင်း ဆုတံဆိပ်(၁၁၄)ခု ရရှိခဲ့ကြပြီး နိုင်ငံအလိုက် အဆင့်(၈)သာရရှိခဲ့ ပါကြောင်း၊ ယခု (၃၃)ကြိမ် မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံအလိုက်အဆင့်(၇) ကို ရရှိခဲ့ခြင်းကြောင့် ဝမ်းမြောက်ကြောင်း ပြောကြားလိုကြောင်း၊ သို့သော် ဆုတံဆိပ်ရရှိမှု တွင် နည်းလာသည်ကို တွေ့ရသည့်အတွက် လာမည့်ပြိုင်ပွဲများ တွင် ယခုထက် အောင်မြင်မှုရအောင် ပိုမို ကြိုးစားကြရန် မှာကြားလိုပါကြောင်း။ ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် အားကစားနည်း(၃၈)နည်းအနက် ခြင်းလုံး အားကစားနည်းနှင့် ဘိလိယက်နှင့်စနူကာ အားကစားနည်း (၂)ခုတွင် ရွှေတံဆိပ် (၃)ခု၊ ငွေတံဆိပ် (၄)ခုနှင့် ကြေးတံဆိပ် (၇)ခု ရရှိခဲ့ပါကြောင်း၊ ကျန်အားကစားနည်း (၃၆)ခု အနက် အားကစားနည်း(၁၆)ခုတွင် ငွေတံဆိပ် (၁၇)ခုနှင့် ကြေးတံဆိပ် (၄၁) ခု ရရှိခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ငွေတံဆိပ်ရရှိခဲ့ကြသည့် အားကစားနည်းများသည် ဗိုလ်လုပွဲအဆင့်အထိ တက်ရောက်နိုင်ခဲ့ပြီး ရွှေတံဆိပ် မရရှိခဲ့ကြသော်လည်း နိုင်ငံတော် အတွက်အမြင့်ဆုံးအဆင့်အထိ အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်သွားခဲ့ကြသည်ကို တွေ့ရှိခဲ့ရသည့်အတွက် အားရကျေနပ်စရာ ကောင်းကြောင်း၊ တစ်ချို့ပြိုင်ပွဲများတွင် တစ်ဘက်ပြိုင်ဘက်အသင်းနှင့် အစွမ်းအစသိပ်မကွာဘဲ တန်းတူယှဉ်ပြိုင်နိုင်သော် လည်း အနိုင်မရရှိခဲ့ခြင်းသည်  မည်သည့်အတွက်ကြောင့်ဆိုသည့် အားနည်းချက်ကို ရှာဖွေပြီး ဆက်လက်ဆောင်ရွက်သွားကြမည်ဆိုပါက ယခုထက် အောင်မြင်မှုများ ပိုရ နိုင်လိမ့်မည်ဟု သုံးသပ်မိပါကြောင်း။ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း ထိုင်းနိုင်ငံ၌ ကျင်းပပြီးစီးခဲ့သည့် (၁၃)ကြိမ် မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲကို မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း (၁၁) ခု၊ အားကစားသမား (၉၇)ဦး၊ အုပ်ချုပ်နည်းပြ (၄၇)ဦး၊ ဒိုင်လူကြီး (၁)ဦးအပါအဝင် စုစုပေါင်း (၁၄၅)ဦးတို့ဖြင့်  ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါကြောင်း၊ ပြိုင်ပွဲတွင် ရွှေ တံဆိပ် (၂၀)၊ ငွေတံဆိပ် (၁၉) ခု၊ ကြေးတံဆိပ် (၂၀) စုစုပေါင်းဆုတံဆိပ် (၅၉)ခုရရှိပြီး ပြိုင်ပွဲဝင် (၁၁)နိုင်ငံအနက် အဆင့်(၆)ဖြင့် အောင်မြင်မှုရရှိခဲ့သည်ကို တွေ့ရှိရပါ ကြောင်း။ ၂၀၂၃ ခုနှစ်၊ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပခဲ့သည့် (၁၂)ကြိမ်မြောက်အာဆီယံ မသန် စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံက ရွှေ(၁၅)ခု အပါဝင် စုစုပေါင်းဆုတံဆိပ် (၅၇)ခု ရရှိပြီး နိုင်ငံအလိုက်အဆင့်(၆)ရရှိခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ယခု (၁၃)ကြိမ် မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် ယခင်အကြိမ်ကထက် ရွှေတံဆိပ်(၅)ခု ပိုမိုဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ပြီး စုစုပေါင်းဆုတံဆိပ်အရေအတွက် (၂)ခု ပိုမိုဆွတ်ခူးရရှိခဲ့သည်ကိုလည်း တွေ့ရှိရကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ ကြိုးစား ယှဉ်ပြိုင်မှုနှင့်အောင်မြင်မှုများကို ဂုဏ်ပြုသည့်အနေဖြင့် နိုင်ငံတော်က ပြိုင်ပွဲယှဉ်ပြိုင် နေစဉ်ကာလအတွင်း ရွှေတံဆိပ်တစ်ခု ရရှိပါက အမေရိကန်ဒေါ်လာ (၃၀၀)၊ ငွေတံဆိပ်တစ်ခုရရှိပါက အမေရိကန်ဒေါ်လာ (၂၀၀)၊ ကြေးတံဆိပ်တစ်ခုရရှိပါက အမေရိ ကန် ဒေါ်လာ (၁၀၀) ချက်ချင်းချီးမြှင့်ခဲ့ကြောင်း။ ယင်းပြိုင်ပွဲမှတ်တမ်းများအရ မြန်မာနိုင်ငံက မသန်စွမ်းအားကစားသမားများသည် မသန်သော်လည်း စွမ်းဆောင်ရည်ရှိသူများဖြစ်ပြီး နိုင်ငံ့၏ဂုဏ်ကို မြှင့်တင်နိုင်ခဲ့ကြ သူများဖြစ်သည်ဟု မှတ်တမ်းတင်ဂုဏ်ပြုပြောကြားလိုပါကြောင်း၊ မြန်မာနိုင်ငံ မသန်စွမ်း အားကစားအဖွဲ့ချုပ် တစ်ခုတည်းကပဲ အားကစားနည်း(၁၁)နည်းကို ဝင်ရောက် ယှဉ်ပြိုင်ရန် စီမံဆောင်ရွက်ရာတွင် ပြိုင်ပွဲတိုင်း မျှော်မှန်းဆုတံဆိပ်များဆွတ်ခူးရရှိပြီး နိုင်ငံအလိုက် အဆင့်(၆)ရရှိခြင်းသည် အားကစားတိုးတက်ရန် အဖွဲ့ချုပ်များ၏ အခန်းကဏ္ဍသည် ပိုမို အရေးပါသည်ဆိုသည်မှာ သိသာထင်ရှားပါကြောင်း။ မသန်စွမ်းအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အားကစားနည်း (၁၁)နည်း အနက် ပြေးခုန်ပစ်၊ ရေကူးနှင့် ဘော်လီဘောအားကစားနည်းတို့မှ ရွှေ တံဆိပ်(၂၀)၊ ပြေးခုန်ပစ်၊ ရေကူး၊ ဘောလုံးအားကစားနည်းတို့က ငွေတံဆိပ်(၁၉)ခု၊ ပြေးခုန်ပစ်၊ ရေကူး၊ စစ်တုရင်၊ စားပွဲတင် တင်းနစ်၊ အလေးမနှင့် ဂိုးလ်ဘော အားကစားနည်းတို့က ကြေးတံဆိပ် (၂၀)ရရှိခဲ့ကြောင်း၊ မသန်စွမ်းသူများ အားကစား အဖွဲ့ချုပ်ကရရှိခဲ့သည့် ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ်များသည် အိုလံပစ်အားကစားနည်း များဖြစ်သည့် ပြေးခုန်ပစ်၊ ရေကူး၊ ဘော်လီဘော စသည့်အားကစားနည်းများဖြစ် သည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံအနေဖြင့် နောက်ထပ်အဆင့်တစ်ခု တိုးတက်ရန်အတွက် ရေကူး၊ ပြေးခုန်ပစ် ကဲ့သို့ အိုလံပစ် အားကစားနည်းများကို မဖြစ်မနေပြန်လည်ဦးမော့အောင် အလေးထားကြိုးစားဆောင်ရွက်ကြရန် သက်ဆိုင်သူများအားလုံးကို တိုက်တွန်းမှာ ကြားလိုကြောင်း။ ယခုကဲ့သို့ နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် နိုင်ငံတော်အတွက် ဆုတံဆိပ် များ ရယူပေးနိုင်ခြင်းသည် နိုင်ငံ့ဂုဏ်ကိုအားကစားဖြင့်မြှင့်တင်ပေးရာ ရောက်သည့် အပြင် နိုင်ငံတကာအလယ်တွင် အမိမြန်မာနိုင်ငံတော်အလံကိုလွှင့်တင်ပြီး နိုင်ငံတော် သီချင်း သံလွင့်ပျံ့အောင် စွမ်းဆောင်ကြိုးပမ်းခဲ့သူများလည်းဖြစ်ကြပါကြောင်း၊ ထို့ကြောင့် အုပ်ချုပ်သူ နည်းပြများအပါအဝင် နိုင်ငံ့ဂုဏ်ဆောင် အားကစားမောင်မယ်များကို ယခုကဲ့သို့ ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ရခြင်းပင် ဖြစ်ကြောင်း။ ထို့ကြောင့် လာမည့် ၂၀၂၇ ခုနှစ်၊ မလေးရှားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၄) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် (၁၄)ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲများတွင် မြန်မာနိုင်ငံအနေဖြင့် အဆင့်မီမီဖြင့် ဆုတံဆိပ် များရရှိရန် ယှဉ်ပြိုင်နိုင်ရေးကြိုတင်ပြင်ဆင်လေ့ကျင့်ထားကြရန် မှာကြားလိုပါကြောင်း၊ ထိုသို့ ပြင်ဆင်ရာတွင် ချက်ချင်းရွှေတံဆိပ်ရနိုင်သည့် အားကစားနည်းများနှင့်ရွှေ တံဆိပ်မရနိုင်သေးသော်လည်း ရေရှည်ဖွံ့ဖြိုးတိုးတက်အောင်လုပ်ရမည့်အားကစား နည်းများကို ခွဲခြားပြီး စနစ်တကျစီမံချက်ရေးဆွဲဆောင်ရွက်ရန်နှင့် ၂ လတစ်ကြိမ်၊ ၃ လတစ်ကြိမ်ဆောင်ရွက်ထားရှိမှုများကို သုံးသပ်ပြင်ဆင်ဆောင်ရွက်သွားကြရန် လိုအပ် မည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ်များက တာဝန်ယူ ဆောင်ရွက်ရမည့်အပိုင်းများကို သေချာစွာခွဲခြားသိမြင်ပြီး နိုင်ငံတော်ကဖြည့်ဆည်း တာဝန်ယူဆောင်ရွက်ပေးရမည့်အပိုင်းကိုလည်း အချိန်မီတင်ပြသွားကြရန် လိုအပ် ကြောင်း။ ထို့ပြင် ပြည်တွင်း၌ ကျင်းပသည့် အားကစားပြိုင်ပွဲများတွင် လူငယ်မျိုးဆက် သစ် အားကစားသမားများ စဉ်ဆက်မပြတ် ထွက်ပေါ်ရေး၊ နည်းပြများ၊ ဒိုင်၊ ဂျူရီများကို ခေတ်နှင့်အညီ Update ဖြစ်သည့် သင်တန်းများ တက်ရောက်နိုင်ရေး၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များကလည်း အရှေ့တောင်အာရှ အားကစားအဖွဲ့ချုပ်အပါအဝင် နိုင်ငံတကာအားကစားအဖွဲ့အစည်းများတွင် သက်ဆိုင်ရာကဏ္ဍအလိုက် ဝင်ဆန့်နိုင် ရေးကိုလည်း စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်း မှာကြားလို ကြောင်း။

ဆက်ဖတ်ရန်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာ ယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်  ဝန်ကြီးဌာနအသီးသီးရှိ တက္ကသိုလ် ဒီဂရီကောလိပ် များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့် ဒုတိယပါမောက္ခချုပ်များအား တွေ့ဆုံအမှာစကား ပြောကြား 

မြန်မာနိုင်ငံ၏အနာဂတ်ကောင်းမွန်စေရန်အတွက် ပညာရေးကဏ္ဍကို မဖြစ်မနေပြောင်းလဲ ဖော်ဆောင် သွားရမည်  နေပြည်တော် ဖေဖော်ဝါရီ ၆ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ   နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဝန်ကြီးဌာနအသီးသီးရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ပါမောက္ခများနှင့် ဆရာ၊ ဆရာမများအား ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တက္ကသိုလ်၊ ဝိဇ္ဇာခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားသည်။

ဆက်ဖတ်ရန်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်  သီတဂူစက္ခုဒါနဆေးရုံ တက်ရောက်ကုသမှုခံယူ လျက်ရှိသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေး၊  သီတဂူဆရာတော်ကြီးအား ဖူးမြော်ကြည်ညို 

နေပြည်တော်  ဖေဖော်ဝါရီ  ၆ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်  ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊  ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ရန်ကုန်မြို့တော်ဝန်နှင့်တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင်  ရန်ကုန်တိုင်းဒေသကြီး၊  မြောက်ဒဂုံမြို့နယ်ရှိ သီတဂူအပြည်ပြည်ဆိုင်ရာသာသနာပြုအဖွဲ့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ သီတဂူစက္ခုဒါနဆေးရုံသို့ သွားရောက်၍သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ နိုင်ငံတော်ဩဝါဒါစရိယ သောဠသမ ရွှေကျင်သာသနာပိုင်ဆရာတော်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏အဓိပတိ

ဆက်ဖတ်ရန်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတား ဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်ချီးမြှင့်

နေပြည်တော် ဖေဖော်ဝါရီ ၆ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတားဖွင့်ပွဲအခမ်းအနားကို   ယနေ့နံနက်ပိုင်းတွင်   ကျင်းပပြုလုပ်ရာ   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်   ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်      အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။ အဆိုပါအခမ်းအနားသို့   နိုင်ငံတော်ယာယီသမ္မတ  နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အဖွဲ့ဝင်၊နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစော၊ ကော်မရှင်အတွင်းရေးမှူး    ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊  ပြည်ထောင်စုဝန်ကြီး များ၊    ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ကာကွယ်ရေးဦးစီးချုပ်ရုံးမှ   အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှတာဝန်ရှိသူများ၊  တံတားတည်ဆောက်ရာတွင်ပါဝင်ခဲ့သည့်

ဆက်ဖတ်ရန်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်း သာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ (၇၉)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ 

ချစ်ခင်လေးစားအပ်ပါသော ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသား မိဘပြည်သူ ညီအစ်ကိုမောင်နှမများအားလုံး မင်္ဂလာပါ။ ယနေ့ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကျရောက်သည့် (၇၉)နှစ်မြောက် ရှမ်းပြည်နယ်နေ့ နေ့ထူးနေ့မြတ်အခါသမယ၌ ရှမ်းပြည်နယ်နှင့် နိုင်ငံတစ်ဝန်းရှိ ပြည်ထောင်စုဖွားတိုင်းရင်းသား ပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ ကြောင်းနှင့် အေးချမ်းသာယာကြပါစေကြောင်း

ဆက်ဖတ်ရန်