တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ (ရန်ကုန်-၁/၂) မြိုင်သာယာနှင့် ကြက်ဖြူကန်တို့ရှိ တိုက်ခန်းများနှင့် E-Bike မော်တာသုံးဘီးဝှီးချဲများ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

ေနျပည္ေတာ္၊ ဇူလုိင္  ၂၀

စစ္မႈထမ္းေဟာင္းအိမ္ရာ(ရန္ကုန္-၁/၂)ၿမိဳင္သာယာႏွင့္ ၾကက္ျဖဴကန္တုိ႔ရွိ တုိက္ခန္းမ်ားႏွင့္ E-Bike ေမာ္တာသုံးဘီး၀ွီးခ်ဲမ်ား လႊဲေျပာင္းေပးအပ္ျခင္းအခမ္းအနားအား ယေန႔နံနက္ပုိင္းတြင္ ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္၊ ေမွာ္ဘီတပ္နယ္ရွိ တပ္နယ္ခန္းမ၌ က်င္းပျပဳလုပ္ရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ တက္ေရာက္အမွာစကားေျပာၾကားသည္။

အဆုိပါအခမ္းအနားသုိ႔ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ရန္ကုန္တုိင္း စစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္ခ်ဳပ္သက္ပုံ၊ ရန္ကုန္တုိင္းေဒသႀကီးစစ္မႈထမ္းေဟာင္းအဖြဲ႕မွတာ၀န္ရွိသူမ်ား၊ တပ္နယ္မွအရာရွိႀကီးမ်ား၊ အရာရွိ၊ စစ္သည္မ်ား၊ စစ္မႈထမ္းေဟာင္းအဖြဲ႕၀င္မ်ားႏွင့္မိသားစု၀င္မ်ား တက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အမွာစကားေျပာၾကားရာတြင္ စစ္မႈထမ္းေဟာင္းမ်ားႏွင့္ မိသားစု၀င္မ်ား ေနထုိင္ရန္အတြက္ လုိအပ္သည့္ တုိက္ခန္းမ်ားႏွင့္ ႏုိင္ငံေတာ္ကာကြယ္ေရးတာ၀န္ထမ္းေဆာင္ရင္း ထိခုိက္ဒဏ္ရာရရွိခဲ့သည့္ အရာရွိ၊ စစ္သည္မ်ား အသုံးျပဳရန္လုိအပ္သည့္ E-Bike ေမာ္တာသုံးဘီး၀ွီးခ်ဲမ်ားအားေပးအပ္သည့္ အခမ္းအနားျဖစ္ေၾကာင္း၊ စစ္မႈထမ္းေဟာင္းအဖြဲ႕၀င္မ်ား၏ ေနေရးအဆင္ေျပေစရန္အတြက္ စစ္မႈထမ္းေဟာင္းအိမ္ရာမ်ားကုိတတ္ႏုိင္သေလာက္ ေဆာက္လုပ္ၿပီး ေနရာခ်ထားေပးလ်က္ရွိေၾကာင္း၊ အစုိးရအဆက္ဆက္စစ္မႈထမ္းေဟာင္းမ်ားအတြက္ ေဆာင္ရြက္ေပးခဲ့ေသာ္လည္း အခက္အခဲတစ္ခ်ိဳ႕ေၾကာင့္ လုိအပ္ခ်က္မ်ားလည္းရွိခဲ့ေၾကာင္း၊ ယခုအခါတြင္လည္း မိမိတုိ႔အေနျဖင့္ စစ္မႈထမ္းေဟာင္းမ်ားအတြက္ အတတ္ႏုိင္ဆုံးျဖည့္ဆည္းေဆာင္ရြက္ေပးလ်က္ရွိေသာ္လည္း လုိအပ္ခ်က္မ်ား ရွိေနေသးေၾကာင္း ရွင္းလင္းေျပာၾကားသည္။

ထုိ႔ေနာက္ သက္သာေခ်ာင္ခ်ိေရးႏွင့္ပတ္သက္ၿပီး စစ္မႈထမ္းေဟာင္းမ်ားႏွင့္ မိသားစုမ်ား အလုပ္အကုိင္အခြင့္လမ္းမ်ား ရရွိေစရန္အတြက္ အထည္ခ်ဳပ္စက္႐ုံမ်ားႏွင့္ အျခားအလုပ္႐ုံမ်ားအား ဖြင့္လွစ္ၿပီး ေဆာင္ရြက္ေပးလ်က္ရွိေၾကာင္း၊ ယေန႔အခ်ိန္အခါတြင္ ကုန္ေစ်းႏႈန္းမ်ားႀကီးျမင့္မႈမ်ားျဖစ္ေပၚလ်က္ရွိသျဖင့္ တပ္မေတာ္သားမ်ားႏွင့္မိသားစု၀င္မ်ား၊ စစ္မႈထမ္းေဟာင္းမ်ားႏွင့္မိသားစု၀င္မ်ား သက္သာေခ်ာင္ခ်ိေစေရး အတြက္ တပ္ပုိင္စုိက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားကုိ ေဆာင္ရြက္၍ ထြက္ရွိလာသည့္ အသား၊ ငါး၊ ဟင္းသီးဟင္းရြက္မ်ားအား ျပင္ပေပါက္ေစ်းထက္သက္သာေသာေစ်းႏႈန္းျဖင့္ ေရာင္းခ်ေပးလ်က္ရွိေၾကာင္း၊ တပ္မေတာ္သားမ်ားသည္ ၂၄ နာရီတာ၀န္ထမ္းေဆာင္ရသူမ်ားျဖစ္သျဖင့္ မိမိတုိ႔မွ သက္သာေခ်ာင္ခ်ိေရး လုပ္ငန္းမ်ားကုိ ဦးေဆာင္ဦးရြက္ျပဳ၍ ေဆာင္ရြက္ေပးေနျခင္းျဖစ္ေၾကာင္း၊ ထုိ႔အတူ တစ္ပုိင္တစ္ႏုိင္ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားကုိလည္း ေဆာင္ရြက္ရန္လုိေၾကာင္း၊ မိမိတုိ႔၏က်န္းမာေရးကုိထိခုိက္၍ အပုိေငြေၾကးကုန္က်ေစႏုိင္ၿပီး မိမိတုိ႔မိသားစု ဘ၀ကုိထိခုိက္ေစႏုိင္သည့္ အေသာက္အစားအေပ်ာ္အပါးမ်ားအား အသိစိတ္ဓာတ္ရွိရွိျဖင့္ေရွာင္ၾကဥ္ရန္လုိေၾကာင္း၊ ၿခိဳးၿခံေခြၽတာျခင္းမွတစ္ဆင့္ မိမိတုိ႔၏မိသားစုဘ၀ကုိ ျမႇင့္တင္ႏုိင္မည္ျဖစ္ေၾကာင္းမွာၾကားသည္။

ဆက္လက္ၿပီး တပ္မေတာ္သားမိသားစု၀င္သားသမီးမ်ား၏ ပညာေရးႏွင့္ပတ္သက္၍ ေျပာၾကားရာတြင္ မိမိတုိ႔ တပ္မေတာ္သားမ်ားသည္ လစာတစ္ခုတည္းျဖင့္ ရပ္တည္ေနရသူမ်ားျဖစ္၍ သားသမီးမ်ားပညာသင္ၾကားေရး စရိတ္မ်ားအတြက္ ေခြၽတာရမႈမ်ားရွိေၾကာင္း၊ ထုိ႔ေၾကာင့္ တပ္မေတာ္သားမိသားစု၀င္ေက်ာင္းသား၊ ေက်ာင္းသူမ်ားအတြက္ တတ္ႏုိင္သေလာက္ ပညာသင္ၾကားေရးစရိတ္ႏွင့္ အသုံးအေဆာင္ပစၥည္းမ်ား၊ စာအုပ္စာေစာင္မ်ား ေထာက္ပံ့ေပးျခင္းအား တစ္ႏွစ္လွ်င္ႏွစ္ႀကိမ္ ေဆာင္ရြက္ေပးလ်က္ရွိေၾကာင္း၊ မိမိတုိ႔သားသမီးမ်ား ပညာတတ္ေျမာက္ၿပီး ၎တုိ႔ ဘ၀ရပ္တည္ႏုိင္ေရးအတြက္ ကုိယ္တုိင္လည္း အားေပးေဆာင္ရြက္ၾကေစလုိေၾကာင္း ေျပာၾကားသည္။

ယင္းေနာက္ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ားႏွင့္ ပတ္သက္၍ စစ္မႈထမ္းေဟာင္းမ်ားအား နီးစပ္ရာ တပ္စခန္းဌာနခ်ဳပ္မ်ားရွိ တပ္တြင္းေဆးခန္းမ်ားႏွင့္ တပ္မေတာ္ေဆး႐ုံမ်ားတြင္ က်န္းမာေရးေစာင့္ေရွာက္မႈ ခံယူႏုိင္ရန္ခြင့္ျပဳေပးထားေၾကာင္း၊ ထုိ႔အတူ မိမိတုိ႔အေနျဖင့္လည္း ေနထုိင္စားေသာက္ေရးမွတစ္ဆင့္ ေရာဂါမျဖစ္ပြားေစေရး၊ အေသာက္အစားအေပ်ာ္အပါးမ်ားေရွာင္ၾကဥ္ၿပီး က်န္းမာေရးေကာင္းမြန္ေစရန္ဂ႐ုျပဳ ေနထုိင္ရန္လုိေၾကာင္း၊ က်န္းမာေရးကုိ အေထာက္အကူျပဳသည့္ ကုိယ္လက္လႈပ္ရွားမႈ အားကစားမ်ားကုိလည္း ေန႔စဥ္ေဆာင္ရြက္ၾကရမည္ျဖစ္ေၾကာင္း မွာၾကားသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က E-Bike ေမာ္တာသုံးဘီး၀ွီးခ်ဲမ်ားအား ေပးအပ္ရာ စစ္မႈထမ္းေဟာင္းအဖြဲ႕၀င္တစ္ဦးက လက္ခံရယူသည္။ ၎ေနာက္ ဒုတိယဗုိလ္ခ်ဳပ္ႀကီးမ်ိဳးေဇာ္သိန္းက စစ္မႈထမ္းေဟာင္းအဖြဲ႕၀င္မ်ားႏွင့္မိသားစု၀င္မ်ားအတြက္ စားေသာက္ဖြယ္ရာမ်ားကုိလည္းေကာင္း၊ စစ္ေရးခ်ဳပ္ ဒုတိယဗုိလ္ခ်ဳပ္ႀကီးဆန္းဦးက အဆင္ျမင့္စစ္မႈထမ္းေဟာင္းအိမ္ရာ (ရန္ကုန္- ၁/၂) ေနထုိင္ခြင့္လက္မွတ္ႏွင့္အခန္းေသာ့မ်ားအားလည္းေကာင္း၊ စစ္ေထာက္ခ်ဳပ္ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ညိဳေစာက ေရႊဖီဦးအသင့္ေဖ်ာ္ လက္ဘက္ရည္ထုပ္မ်ားအားလည္းေကာင္း အသီးသီးေပးအပ္ရာ စစ္မႈထမ္းေဟာင္းအဖြဲ႕၀င္မ်ားႏွင့္ မိသားစု၀င္မ်ားကလက္ခံရယူၾကသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ အခမ္းအနားတက္ေရာက္လာၾကသည့္ စစ္မႈထမ္းေဟာင္း အဖြဲ႕၀င္မ်ားႏွင့္မိသားစု၀င္မ်ားအား ရင္းရင္းႏွီးႏွီးလုိက္လံႏႈတ္ဆက္ခဲ့သည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ (ရန်ကုန်-၁/၂) မြိုင်သာယာနှင့် ကြက်ဖြူကန်တို့ရှိ တိုက်ခန်း များနှင့် E-Bike မော်တာသုံးဘီးဝှီးချဲများ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ ဇူလိုင်  ၂၀

စစ်မှုထမ်းဟောင်းအိမ်ရာ(ရန်ကုန်-၁/၂)မြိုင်သာယာနှင့် ကြက်ဖြူကန်တို့ရှိ တိုက်ခန်းများနှင့် E-Bike မော်တာသုံးဘီးဝှီးချဲများလွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ မှော်ဘီတပ်နယ်ရှိ တပ်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အဆိုပါအခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်ပုံ၊ ရန်ကုန်တိုင်းဒေသကြီးစစ်မှုထမ်းဟောင်းအဖွဲ့မှတာဝန်ရှိသူများ၊ တပ်နယ်မှအရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့်မိသားစုဝင်များ တက်ရောက်ကြသည်။

ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် စစ်မှုထမ်းဟောင်းများနှင့် မိသားစုဝင်များ နေထိုင်ရန်အတွက်လိုအပ်သည့် တိုက်ခန်းများနှင့် နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်ရင်း ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အရာရှိ၊ စစ်သည်များ အသုံးပြုရန်လိုအပ်သည့် E-Bike မော်တာသုံးဘီးဝှီးချဲများအားပေးအပ်သည့် အခမ်းအနားဖြစ်ကြောင်း၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ နေရေး အဆင်ပြေစေရန်အတွက် စစ်မှုထမ်းဟောင်းအိမ်ရာများကိုတတ်နိုင်သလောက် ဆောက်လုပ်ပြီး နေရာချထားပေးလျက်ရှိကြောင်း၊ အစိုးရအဆက်ဆက်စစ်မှုထမ်းဟောင်းများအတွက် ဆောင်ရွက်ပေးခဲ့သော် လည်း အခက်အခဲတစ်ချို့ကြောင့် လိုအပ်ချက်များလည်းရှိခဲ့ကြောင်း၊ ယခုအခါတွင်လည်း မိမိတို့အနေဖြင့် စစ်မှုထမ်းဟောင်းများအတွက် အတတ်နိုင်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသော်လည်း လိုအပ်ချက်များ ရှိနေသေးကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် သက်သာချောင်ချိရေးနှင့်ပတ်သက်ပြီး စစ်မှုထမ်းဟောင်းများနှင့် မိသားစုများ အလုပ်အကိုင်အခွင့်လမ်းများ ရရှိစေရန်အတွက် အထည်ချုပ်စက်ရုံများနှင့် အခြားအလုပ်ရုံများအား ဖွင့်လှစ်ပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယနေ့အချိန်အခါတွင် ကုန်ဈေးနှုန်းများကြီးမြင့်မှုများဖြစ်ပေါ်လျက်ရှိသဖြင့် တပ်မတော်သားများနှင့်မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းများနှင့်မိသားစုဝင်များ သက်သာချောင်ချိစေရေး အတွက် တပ်ပိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်၍ ထွက်ရှိလာသည့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များအား ပြင်ပပေါက်ဈေးထက်သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း၊ တပ်မတော်သားများသည် ၂၄ နာရီတာဝန်ထမ်းဆောင်ရသူများဖြစ်သဖြင့် မိမိတို့မှ သက်သာချောင်ချိရေး လုပ်ငန်းများကို ဦးဆောင်ဦးရွက်ပြု၍ ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ ထို့အတူ တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့၏ကျန်းမာရေးကိုထိခိုက်၍ အပိုငွေကြေးကုန်ကျစေနိုင်ပြီး မိမိတို့မိသားစု ဘဝကိုထိခိုက်စေနိုင်သည့် အသောက်အစားအပျော်အပါးများအား အသိစိတ်ဓာတ်ရှိရှိဖြင့်ရှောင်ကြဉ်ရန်လိုကြောင်း၊ ခြိုးခြံချွေတာခြင်းမှတစ်ဆင့် မိမိတို့၏မိသားစုဘဝကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်းမှာကြားသည်။

ဆက်လက်ပြီး တပ်မတော်သားမိသားစုဝင်သားသမီးများ၏ ပညာရေးနှင့်ပတ်သက်၍ ပြောကြားရာတွင် မိမိတို့ တပ်မတော်သားများသည် လစာတစ်ခုတည်းဖြင့် ရပ်တည်နေရသူများဖြစ်၍ သားသမီးများပညာသင်ကြားရေး စရိတ်များအတွက် ချွေတာရမှုများရှိကြောင်း၊ ထို့ကြောင့် တပ်မတော်သားမိသားစုဝင်ကျောင်းသား၊ ကျောင်းသူများအတွက် တတ်နိုင်သလောက် ပညာသင်ကြားရေးစရိတ်နှင့် အသုံးအဆောင်ပစ္စည်းများ၊ စာအုပ်စာစောင်များ ထောက်ပံ့ပေးခြင်းအား တစ်နှစ်လျှင်နှစ်ကြိမ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့သားသမီးများ ပညာတတ်မြောက်ပြီး ၎င်းတို့ ဘဝရပ်တည်နိုင်ရေးအတွက် ကိုယ်တိုင်လည်း အားပေးဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် ပတ်သက်၍ စစ်မှုထမ်းဟောင်းများအား နီးစပ်ရာ တပ်စခန်းဌာနချုပ်များရှိ တပ်တွင်းဆေးခန်းများနှင့် တပ်မတော်ဆေးရုံများတွင် ကျန်းမာရေးစောင့်ရှောက်မှု ခံယူနိုင်ရန်ခွင့်ပြုပေးထားကြောင်း၊ ထို့အတူ မိမိတို့အနေဖြင့်လည်း နေထိုင်စားသောက်ရေးမှတစ်ဆင့် ရောဂါမဖြစ်ပွားစေရေး၊ အသောက်အစားအပျော်အပါးများရှောင်ကြဉ်ပြီး ကျန်းမာရေးကောင်းမွန်စေရန်ဂရုပြု နေထိုင်ရန်လိုကြောင်း၊ ကျန်းမာရေးကို အထောက်အကူပြုသည့် ကိုယ်လက်လှုပ်ရှားမှု အားကစားများကိုလည်း နေ့စဉ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မှာကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က E-Bike မော်တာသုံးဘီးဝှီးချဲများအား ပေးအပ်ရာ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်တစ်ဦးက လက်ခံရယူသည်။ ၎င်းနောက် ဒုတိယဗိုလ်ချုပ်ကြီးမျိုးဇော်သိန်းက စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့်မိသားစုဝင်များအတွက် စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဆန်းဦးက အဆင်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ (ရန်ကုန်- ၁/၂) နေထိုင်ခွင့်လက်မှတ်နှင့် အခန်းသော့များအားလည်းကောင်း၊ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောက ရွှေဖီဦးအသင့်ဖျော် လက်ဘက်ရည်ထုပ်များအားလည်းကောင်း အသီးသီးပေးအပ်ရာ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များကလက်ခံရယူကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အခမ်းအနားတက်ရောက်လာကြသည့် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့်မိသားစုဝင်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။