တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အင်းလေးဖောင်တော်ဦးဘုရားသို့ သွားရောက် ဖူးမြော်ကြည်ညို၊ တိုင်းရင်းသား ဒေသခံပြည်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံ

နေပြည်တော် ၊ ဒီဇင်ဘာ ၈

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်နှင့် တာဝန်ရှိသူများလိုက်ပါပြီး ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့ရှိ အင်းလေးဖောင်တော်ဦးဘုရားသို့ သွားရောက်ဖူးမြော် ကြည်ညိုသည်။




ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အင်းသားရိုးရာလှေလှော်ပြိုင်ပွဲသည် ကမ္ဘာပေါ်၌ မိမိတို့နိုင်ငံရှိ အင်းလေးဒေသတွင်သာရှိကြောင်း၊ ထို့ကြောင့် မိမိတို့ နိုင်ငံ၏ရိုးရာလှေလှော်ပြိုင်ပွဲအား ရိုးရာယဉ်ကျေးမှုအစဉ်အလာများဖြင့် ခမ်းခမ်းနားနား၊ ခန့်ခန့်ညားညား၊ ခိုင်ခိုင်မာမာဖြစ်အောင် ဆောင်ရွက်စေလိုကြောင်း၊ အင်းလေးဒေသ၏ ထူးခြားချက်များကို မြန်မာနိုင်ငံတွင်သာမက နိုင်ငံတကာကပါသိရှိကြကြောင်း၊ အင်းလေးကန်ဒေသ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် ရေသယံဇာတများကို ထိခိုက်စေနိုင်သည့် စိုက်ပျိုးရေး လုပ်ငန်းများတွင် အသုံးပြုသော ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးများသုံးစွဲမှုကို တတ်နိုင်သမျှရှောင်ကြဉ်ရန်လိုပြီး လူနေထိုင်မှုစနစ်များကိုလည်း အမှိုက်များကင်းစင်စွာဖြင့် နေထိုင်ကြရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာဦးစီးဦးဆောင်ပြုသူများနှင့် ပြည်သူများပူးပေါင်း၍ စုစည်းအားဖြင့် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မိမိတို့ အင်းလေး ဒေသ၏ရိုးရာယဉ်ကျေးမှုများ၊ ဓလေ့ထုံးတမ်းစဉ်လာများမပျောက်ပျက် အောင်ထိန်းသိမ်း စောင့်ရှောက်ပြီး မိမိအမျိုး၊ ဘာသာသာနာကိုစောင့်ရှောက်ထိန်းသိမ်း သွားရမည်ဖြစ်ကြောင်း၊ အင်းလေးဒေသဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်နိုင်မှသာ မိမိတို့အင်းလေးဒေသသို့ ပြည်တွင်းပြည်ပ ခရီးသွားများယခုထက်ပိုမို လာရောက် လည်ပတ်ပြီးဝင်ငွေများရရှိကာ နိုင်ငံတော်နှင့်ဒေသခံ ပြည်သူများအတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ အင်းလေးဒေသတွင် ရိုးရာလက်မှု ပစ္စည်းများထုတ်လုပ်လျက်ရှိပြီး မိမိတို့၏ထုတ်ကုန်များအား ယခုထက်ဈေးပိုမိုရရှိပြီး ခရီးသွားများကို ဆွဲဆောင်မှုပိုမိုရရှိရန်အတွက် ထုတ်ပိုးမှုပုံစံများအား ခေတ်နှင့်လျော်ညီစွာထုတ်ပိုး၍ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ထို့ပြင်မိမိတို့၏သားသမီးများအား အတန်းပညာများတတ်မြောက်အောင် သင်ကြား ပေးရမည်ဖြစ်ကြောင်း၊ သို့မှသာ တွေးခေါ်မြော်မြင်မှုများရရှိကာ ၎င်းတို့တစ်ဦးချင်းစီ၏ ဘ၀တိုးတက် အောင်မြင်မှုမှ တစ်ဆင့်မိမိတို့ဒေသတိုးတက်မှုကိုဖြစ်ပေါ်စေမည်ဖြစ်ကြောင်း၊ အသိပညာများ တိုးတက်မြင့်မားရေးအတွက် သုတ၊ ရသ စာအုပ်စာစောင်များကိုလည်း ဖတ်ရှုစေလိုကြောင်း၊ လူငယ်လူရွယ်များ၏ ဘ၀ကို အညွန့်တုံးစေနိုင်သည့် အရက်၊ ဆေးလိပ်နှင့် မူးယစ်သေစာ သောက်စားမှုများ မပြုလုပ်စေရေးဆောင်ရွက်ကြ စေလိုကြောင်း ဆွေးနွေးအကြံပြု တိုက်တွန်း ပြောကြားသည်။


(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အင်းလေးဖောင်တော်ဦးဘုရားသို့ သွားရောက် ဖူးမြော်ကြည်ညို၊ တိုင်းရင်းသား ဒေသခံပြည်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံ

နေပြည်တော် ၊ ဒီဇင်ဘာ ၈

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်နှင့် တာဝန်ရှိသူများလို်က်ပါပြီး ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့ရှိ အင်းလေးဖောင်တော်ဦးဘုရားသို့ သွားရောက်ဖူးမြော် ကြည်ညိုသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် အင်းလေးဖောင်တော်ဦးဘုရားသို့ ရောက်ရှိကြရာ အင်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်နှင့်တာဝန်ရှိသူများ၊ ဒေသခံပြည်သူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့သည် အင်းလေးဖောင်တော်ဦးဘုရားရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ဖူးမြော်ကြည်ညိုကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်အရာရှိကြီး များက ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ရွှေသင်္ကန်းများကပ်လှူပူဇော်ကြသည်။ ၎င်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဖောင်တော်ဦးစေတီတော်ကြီး ဘက်စုံပြုပြင်မွမ်းမံ ထိန်းသိမ်းရန်အတွက် အလှူငွေများအား ဂေါပကအဖွဲ့ထံပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့မှ အင်းလေးဖောင်တော်ဦးဘုရားပုံတော်နှင့် ဖောင်တော်ဦးဘုရား ဒေသစာရီကြွချီတော်မူသည့် ဓာတ်ပုံ ကားချပ်များအား ဓမ္မလက်ဆောင်အဖြစ်ပြန်လည် ပေးအပ်သည်။ ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် နမ့်ဟူးကျောင်း၌ နိုင်ငံတော်သြဝါဒစရိယ အင်းလေး၊ အင်းခြံကျောင်းဆရာတော် ဘဒ္ဒန္တနန္တောဘာသ အမှူးပြုသော ဆရာတော်ကြီးများအား ဖူးမြော် ကြည်ညို၍ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများဆက်ကပ်လှူဒါန်းကြပြီး ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ယင်းနောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အင်းလေးဒေသရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများအားတွေ့ဆုံ၍ အမှာစကားပြောကြားသည်။ ဦးစွာ ရပ်မိရပ်ဖ တစ်ဦးနှင့် ဖောင်တော်ဦးဘုရားလှေလှော်ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌတို့က ဒေသဆိုင်ရာများနှင့် အင်းသားရိုးရာလှေလှော်ပြိုင်ပွဲကျင်းပရန်အတွက် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများမှ လှူဒါန်း ထားသည့် လှေများဆောက်လုပ်ရန် ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အင်းသားရိုးရာလှေလှော်ပြိုင်ပွဲသည် ကမ္ဘာပေါ်၌ မိမိတို့နိုင်ငံရှိ အင်းလေးဒေသတွင်သာရှိကြောင်း၊ ထို့ကြောင့် မိမိတို့ နိုင်ငံ၏ရိုးရာလှေလှော်ပြိုင်ပွဲအား ရိုးရာယဉ်ကျေးမှုအစဉ်အလာများဖြင့် ခမ်းခမ်းနားနား၊ ခန့်ခန့်ညားညား၊ ခိုင်ခိုင်မာမာဖြစ်အောင် ဆောင်ရွက်စေလိုကြောင်း၊ အင်းလေးဒေသ၏ ထူးခြားချက်များကို မြန်မာနိုင်ငံတွင်သာမက နိုင်ငံတကာကပါသိရှိကြကြောင်း၊ အင်းလေးကန်ဒေသ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် ရေသယံဇာတများကို ထိခိုက်စေနိုင်သည့် စိုက်ပျိုးရေး လုပ်ငန်းများတွင် အသုံးပြုသော ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးများသုံးစွဲမှုကို တတ်နိုင်သမျှရှောင်ကြဉ်ရန်လိုပြီး လူနေထိုင်မှုစနစ်များကိုလည်း အမှိုက်များကင်းစင်စွာဖြင့် နေထိုင်ကြရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာဦးစီးဦးဆောင်ပြုသူများနှင့် ပြည်သူများပူးပေါင်း၍ စုစည်းအားဖြင့် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မိမိတို့ အင်းလေး ဒေသ၏ရိုးရာယဉ်ကျေးမှုများ၊ ဓလေ့ထုံးတမ်းစဉ်လာများမပျောက်ပျက် အောင်ထိန်းသိမ်း စောင့်ရှောက်ပြီး မိမိအမျိုး၊ ဘာသာသာနာကိုစောင့်ရှောက်ထိန်းသိမ်း သွားရမည်ဖြစ်ကြောင်း၊ အင်းလေးဒေသဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်နိုင်မှသာ မိမိတို့အင်းလေးဒေသသို့ ပြည်တွင်းပြည်ပ ခရီးသွားများယခုထက်ပိုမို လာရောက် လည်ပတ်ပြီးဝင်ငွေများရရှိကာ နိုင်ငံတော်နှင့်ဒေသခံ ပြည်သူများအတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ အင်းလေးဒေသတွင် ရိုးရာလက်မှု ပစ္စည်းများထုတ်လုပ်လျက်ရှိပြီး မိမိတို့၏ထုတ်ကုန်များအား ယခုထက်စျေးပိုမိုရရှိပြီး ခရီးသွားများကို ဆွဲဆောင်မှုပိုမိုရရှိရန်အတွက် ထုတ်ပိုးမှုပုံစံများအား ခေတ်နှင့်လျော်ညီစွာထုတ်ပိုး၍ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ထို့ပြင်မိမိတို့၏သားသမီးများအား အတန်းပညာများတတ်မြောက်အောင် သင်ကြား ပေးရမည်ဖြစ်ကြောင်း၊ သို့မှသာ တွေးခေါ်မြော်မြင်မှုများရရှိကာ ၎င်းတို့တစ်ဦးချင်းစီ၏ ဘဝတိုးတက် အောင်မြင်မှုမှ တစ်ဆင့်မိမိတို့ဒေသတိုးတက်မှုကိုဖြစ်ပေါ်စေမည်ဖြစ်ကြောင်း၊ အသိပညာများ တိုးတက်မြင့်မားရေးအတွက် သုတ၊ ရသ စာအုပ်စာစောင်များကိုလည်း ဖတ်ရှုစေလိုကြောင်း၊ လူငယ်လူရွယ်များ၏ ဘဝကို အညွန့်တုံးစေနိုင်သည့် အရက်၊ ဆေးလိပ်နှင့် မူးယစ်သေစာ သောက်စားမှုများ မပြုလုပ်စေရေးဆောင်ရွက်ကြ စေလိုကြောင်း ဆွေးနွေးအကြံပြု တိုက်တွန်း ပြောကြားသည်။

ယင်းနောက် အင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ အင်းသားစာပေယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေး အသင်းဥက္ကဋ္ဌနှင့် ရပ်မိရပ်ဖများက ကျေးဇူးတင်စကားနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများအား တင်ပြကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဒေသခံပြည်သူများအတွက် ရွှေဖီဦး အသင့်ဖျော်လက်ဘက်ရည်ထုပ်များအား ပေးအပ်ရာ ရပ်မိရပ်ဖများက အမှတ်တရလက်ဆောင် ပစ္စည်းအားပြန်လည်ပေးအပ်သည်။ ၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။