တပ်မတော်(လေ)၏ဖွဲ့စည်းတည်ထောင်မှု(၇၁)နှစ်ပြည့်မြောက်၊ နိုင်ငံတော်ကာကွယ်ရေးအတွက် လေတပ် စွမ်းပကားဖြည့်တင်း၊ လေယာဉ်ရဟတ်ယာဉ်များ တပ်တော်ဝင်အခမ်းအနားကျင်းပ

ေနျပည္ေတာ္၊ ဒီဇင္ဘာ ၁၅

ျပည္ေထာင္စုသမၼတျမန္မာႏုိင္ငံေတာ္၊ တပ္မေတာ္(ေလ)အား ၁၉၄၇ ခုႏွစ္၊ ဒီဇင္ဘာလ ၁၅ ရက္ေန႔တြင္ စတင္ဖြဲ႕စည္းခဲ့ၿပီး ယေန႔တြင္(၇၁)ႏွစ္ျပည့္ေျမာက္ ခဲ့ၿပီျဖစ္သည္၊ ယေန႔ႏုိင္ငံေတာ္ႏွင့္တပ္မေတာ္အတြက္ ဂုဏ္ယူဖြယ္ရာေန႔ထူးေန႔ျမတ္ျဖစ္ သည့္ တပ္မေတာ္(ေလ)၏ (၇၁)ႏွစ္ေျမာက္ႏွစ္ပတ္လည္ေန႔အခမ္းအနားတြင္ ႏုိင္ငံေတာ္ႏွင့္တပ္မေတာ္၏ ေလေၾကာင္းစြမ္းပကားျမင့္မားေစရန္အတြက္ JF-17 အမ်ိဳးအစားေလယာဥ္ ၄ စင္း၊ ATR 72-500 အမ်ိဳးအစား ေလယာဥ္ ၂ စင္း၊ Eurocopter ရဟတ္ယာဥ္ ၁ စင္းႏွင့္၊ စုစုေပါင္း ၇ စင္း တပ္ေတာ္၀င္ျခင္းအခမ္းအနားကုိ ယေန႔နံနက္ပုိင္းတြင္ မိတၳီလာတပ္နယ္ရွိ ေလေၾကာင္းအတတ္သင္ ေလတပ္စခန္းဌာနခ်ဳပ္၌ က်င္းပျပဳလုပ္သည္။

အဆုိပါအခမ္းအနားသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္၊ ဇနီးေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ အၿငိမ္းစားကာကြယ္ေရး ဦးစီးခ်ဳပ္(ေရ)မ်ား၊အၿငိမ္းစား ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)မ်ား၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ အလယ္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး၊ ေလတပ္စခန္း ဌာနခ်ဳပ္မွဴးမ်ား၊ မိထၳီလာတပ္နယ္မွအရာရွိ၊ စစ္သည္၊ မိသားစုမ်ား၊ ဆရာမမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၊ တပ္မေတာ္(ေလ)မွစစ္မႈထမ္းေဟာင္းအဖြဲ႕၀င္မ်ားႏွင့္ ဖိတ္ၾကားထားသူမ်ား တက္ေရာက္ၾကသည္။

အခမ္းအနားစတင္ရာတြင္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္က ေလယာဥ္မ်ား တပ္ေတာ္၀င္အခမ္းအနားႏွင့္စပ္လ်ဥ္း၍ ရွင္းလင္းတင္ျပသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အမွာစကားေျပာၾကားရာတြင္ ေလယာဥ္၊ ရဟတ္ယာဥ္မ်ား တပ္ေတာ္၀င္အခမ္းအနား ျပဳလုပ္ရျခင္း၏ရည္ရြယ္ခ်က္၊ ေလေၾကာင္းစြမ္းပကား၏အေရးပါပုံႏွင့္ တပ္မေတာ္ (ေလ)ကုိ ေဒသတြင္းေလတပ္မ်ားႏွင့္ ရင္ေပါင္တန္းႏုိင္ေအာင္ ရည္မွန္းခ်က္္ထားေဆာင္ရြက္ ေနေၾကာင္းကုိ ယခုလုိေျပာ ၾကားပါသည္-

“တပ္မေတာ္ပုိင္ေလယာဥ္၊ ရဟတ္ယာဥ္မ်ားတပ္ေတာ္၀င္ျခင္းအခမ္းအနားကုိ (၉)ႀကိမ္က်င္းပျပဳလုပ္ခဲ့ၿပီး ယခု အႀကိမ္သည္ဒသမႀကိမ္ေျမာက္ျဖစ္ေၾကာင္း၊ ယခုကဲ့သုိျဖည့္ဆည္းေဆာင္ရြက္ေပးျခင္းသည္ တပ္မေတာ္(ေလ) ရွိ အရာရွိ၊ စစ္သည္မ်ား၏ စိတ္ဓာတ္အင္အားကုိ ျမႇင့္တင္ေပးရာေရာက္သကဲ့သုိ႔ တပ္မေတာ္ အတြက္လည္း တုိက္စြမ္းအား၊ တုိက္စြမ္းရည္ျမင့္မားသည့္ အင္အားတစ္ရပ္အျဖစ္ အေထာက္အကူျပဳေနမည္ျဖစ္ေၾကာင္း၊ ၂၁ ရာစုစစ္ပြဲမ်ားကုိ ေလ့လာၾကည့္ပါက ေလေၾကာင္းႏွင့္အာကာသစြမ္းအားသည္ စစ္ပြဲေအာင္ႏုိင္ေရးအတြက္ မ်ားစြာအေရးပါၿပီး ေလေၾကာင္းစြမ္းအားသာလြန္မႈကုိအားျပဳ၍ ရန္သူအေပၚလႊမ္းမုိးခ်ဳပ္ကုိင္ႏုိင္ကာ မိမိတပ္မ်ား ၏စိတ္ဓာတ္ႏွင့္ တုိက္စြမ္းရည္ပုိမုိ တုိးတက္လာေစရန္အတြက္ ေလေၾကာင္းစုိးမုိးမႈ၊ ေလေၾကာင္းအေရး သာမႈမ်ားကုိ အဓိကထားေဆာင္ရြက္လာၾကေၾကာင္း၊ ထုိ႔ေၾကာင့္သာလြန္သည့္ ေလေၾကာင္းစြမ္းအား ပုိင္ဆုိင္သည့္ တပ္မေတာ္ ျဖစ္လာေစေရးအတြက္ အၿမဲေလ့က်င့္ေနရမည္ျဖစ္ေၾကာင္း၊ ႏုိင္ငံေတာ္ကာကြယ္ေရး စြမ္းပကားတည္ေဆာက္ရာတြင္ စစ္ေရးကုိအေထာက္အကူျပဳသည့္ နည္းပညာႏွင့္ စစ္ပညာ ကြၽမ္းက်င္မႈကုိေပါင္းစပ္ၿပီး ထိေရာက္စြာအသုံးခ်ႏုိင္ရန္လည္း လိုအပ္မည္ ျဖစ္ေၾကာင္း၊ ႐ုပ္၀တၳဳပုိင္း ဆုိင္ရာျဖည့္ဆည္းေပး႐ုံႏွင့္မလုံေလာက္ဘဲ အဆုိပါေခတ္မီ စက္ပစၥည္း၊ ေလယာဥ္မ်ားကုိ ကုိင္တြယ္ထိန္း သိမ္းေမာင္းႏွင္ႏုိင္သည့္ ကြၽမ္းက်င္သည့္ ေလသူရဲမ်ား၊ ကြၽမ္းက်င္သည့္ စက္မႈလက္မႈပညာရွင္မ်ားေမြး ထုတ္ေပးႏုိင္ရမည္ ျဖစ္ေၾကာင္း၊ ထုိ႔ေၾကာင့္တပ္မေတာ္(ေလ)ကုိလည္း မ်က္ေမွာက္ကာလနည္းပညာ တုိးတက္မႈမ်ားကုိအသံုးခ်ၿပီး ေဒသတြင္းေလတပ္မေတာ္မ်ားႏွင့္ ရင္ေပါင္တန္းႏုိင္ရန္ ရည္မွန္းခ်က္ ထားေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ ၁၉၄၇ ခုႏွစ္ ဇူလုိင္လက ရန္ကုန္ၿမိဳ႕ေတာ္ ခန္းမေရွ႕တြင္လူထုအား ဗုိလ္ခ်ဳပ္ေအာင္ဆန္းက ျမန္မာႏုိင္ငံကာကြယ္ေရးအတြက္ ေလတပ္ဟာ အဖ်င္းဆုံးေလယာဥ္အစီးေရ ၅၀၀ ေလာက္လုိအပ္မယ္လုိ႔ေျပာခဲ့တာကုိ အမွတ္ရေစလိုေၾကာင္း၊ ယေန႔ေခတ္ တပ္မေတာ္(ေလ)ကုိလည္း တုိက္ပြဲ၀င္ႏုိင္သည့္ ေလယာဥ္မ်ားတုိးတက္ေစေရး၊ စြမ္းအားျမင့္ ေလယာဥ္မ်ားျဖစ္ေစေရး၊ အရည္အခ်င္း ျပည့္၀သည့္ ေလသူရဲမ်ား၊ အင္ဂ်င္နီယာမ်ား၊ ေျမျပင္တပ္ဖြဲ႕၀င္မ်ား ေမြးထုတ္ေပး ႏုိင္ေရးကုိလည္း အေလးထားေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ အေတြ႕အႀကဳံရလာသည္ႏွင့္ အမွ် ကုိယ္ပုိင္ေလယာဥ္ထုတ္လုပ္ႏုိင္သည္အထိေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ မိမိတုိ႔ႏုိင္ငံ၏ ေ၀ဟင္ပိုင္နက္အား အျပည့္အ၀ကာကြယ္ေစာင့္ေရွာက္ႏုိင္ရန္အတြက္ တပ္မေတာ္(ေလ) တစ္ခုတည္းႏွင့္ ျပည္စုံႏုိင္မည မဟုတ္သည့္အတြက္ ေလေၾကာင္းရန္ ကာကြယ္ေရးတပ္ဖြဲ႕မ်ား၏ စြမ္းေဆာင္ႏုိင္မႈမ်ားျဖင့္လည္း ေပါင္းစပ္ညႇိႏႈိင္းေဆာင္ရြက္ သြားရမည္ျဖစ္ေၾကာင္း၊ ႏုိင္ငံေတာ္ကာကြယ္ေရးကိစၥႏွင့္ ပတ္သက္လာပါက (ၾကည္း၊ေရ၊ ေလ) တပ္ဖြဲ႕မ်ားအားလုံး ပူးေပါင္းေဆာင္ရြက္မွသာရႏုိင္မည္ဆုိသည္ကုိ သတိျပဳရမည္ ျဖစ္ေၾကာင္း” ေျပာၾကားသည္။

တပ္မေတာ္(ေလ)၏သမုိင္းေၾကာင္း၊ ႏုိင္ငံႏွင့္ျပည္သူအတြက္ ေဆာင္ရြက္မႈမ်ား ကုိလည္း ယခုလုိ ဂုဏ္ျပဳေျပာၾကားပါသည္-

“တပ္မေတာ္(ေလ)၏ သမုိင္းေၾကာင္းကုိျပန္ၾကည့္ပါက လြတ္လပ္ေရးရၿပီး ေနာက္ပုိင္း ေပၚေပါက္လာသည့္ ေရာင္စုံသူပုန္ေသာင္းက်န္းသူမ်ားကုိ ရွိသည့္ လူအင္အား၊ ရွိသည့္ေလယာဥ္အနည္းငယ္ျဖင့္ ေခ်မႈန္းတုိက္ခိုက္ႏုိင္ခဲ့ေၾကာင္း၊ ထုိ႔ျပင္ ျပည္ပက်ဴးေက်ာ္မႈမ်ား၊ ျပည္တြင္းေသာင္းက်န္းမႈႏွိမ္နင္းေရးမ်ား၊ မူးယစ္ေဆး၀ါးတုိက္ဖ်က္ေရးမ်ားတြင္ တပ္မေတာ္(ၾကည္း)၊ တပ္မေတာ္(ေရ)၊ တပ္မေတာ္(ေလ)ႏွင့္ ျပည္သူမ်ား လက္တြဲၿပီး ရြပ္ရြပ္ခြၽံခြၽံတုိက္ပြဲ၀င္ခဲ့သည္ကုိ ေတြ႕ရွိရမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္(ေလ) အေနျဖင့္ ျပည္သူမ်ား၏ အသက္၊ အုိးအိမ္၊ စည္းစိမ္မ်ားကုိ ကာကြယ္ေရးက႑တြင္သာ မက သဘာ၀ေဘး အႏၲရာယ္မ်ားျဖင့္ ရင္ဆုိင္ခဲ့ရခ်ိန္မ်ားတြင္လည္း အခ်ိန္ႏွင့္တစ္ေျပးညီ ကူညီေဆာင္ရြက္ေပးျခင္း၊ ပညာေရး၊ က်န္းမာေရး၊ လူမႈေရးဆုိင္ရာ ကူညီေစာင့္ေရွာက္ ျခင္းမ်ားအပါအ၀င္ ျပည္သူ႔အက်ိဳးျပဳလုပ္ငန္းမွန္သမွ်အား ေရွ႕တန္းမွေဆာင္ရြက္ေပး ခဲ့သည္ကုိ ေတြ႕ျမင္ရမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္(ေလ)အေနျဖင့္ ႏုိင္ငံေတာ္ကာကြယ္ေရး တာ၀န္ႏွင့္ ေလ့က်င့္ေရးတာ၀န္မ်ားသာမက ႏုိင္ငံေတာ္တည္ေဆာက္ေရးလုပ္ငန္းမ်ား ျဖစ္သည့္ ရပ္ေ၀းေဒသမ်ားသုိ႔ပုိ႔ေဆာင္ေရးတာ၀န္မ်ား၊ လူသားခ်င္းစာနာေထာက္ထားမႈ အကူအညီေပးမႈႏွင့္ သဘာ၀ေဘးဒဏ္ကယ္ဆယ္ေရးတာ၀န္မ်ား၊ ရွာေဖြေရးႏွင့္ ကယ္ဆယ္ေရး တာ၀န္မ်ားကုိ စြမ္းအားျပည့္ ပါ၀င္ထမ္းေဆာင္လ်က္ရွိေၾကာင္း”

ႏုိင္ငံေတာ္ကာကြယ္ေရးစြမ္းအားစုတြင္ ျမန္မာအမ်ိဳးသမီးေလသူရဲမ်ား ပါ၀င္ေဆာင္ရြက္မႈႏွင့္ ပတ္သက္၍ေျပာၾကားရာတြင္-

“အမ်ိဳးသမီးမ်ား၏အခန္းက႑ျမႇင့္တင္ေရးႏွင့္တပ္မေတာ္တြင္ အမ်ိဳးသမီး စစ္မႈထမ္းမ်ားပါ၀င္ ထမ္းေဆာင္ႏုိင္ ေရးအတြက္ အမ်ိဳးသမီးစစ္မႈထမ္းမ်ားကုိေလ့က်င့္ ေမြးထုတ္ေပးလ်က္ရွိေၾကာင္း၊ ယခုဆုိလွ်င္ တပ္မေတာ္ (ေလ)၏သမုိင္းတြင္ အမ်ိဳသမီး ေလသူရဲအရာရွိ ၆ ဦးအားေမြးထုတ္ေပးႏုိင္ခဲ့ၿပီး သက္ဆုိင္ရာတာ၀န္ က်ရာတပ္မ်ားတြင္ ပ်ံသန္းေရးတာ၀န္မ်ားစတင္ထမ္းေဆာင္ေနၿပီျဖစ္ေၾကာင္း၊ ယခုႏွစ္တြင္လည္းဒုတိယ အသုတ္အေနျဖင့္ အမ်ဳိးသမီးေလသူရဲ ၅ ဦးအား ဆက္လက္ေလ့က်င့္ေပးလ်က္ရွိေၾကာင္း၊ ေလသူရဲ တစ္ဦးေမြးထုတ္ေပးႏုိင္ရန္အတြက္ သင္တန္းတက္ေရာက္သူမွာလည္း ခက္ခက္ ခဲခဲျဖင့္ ႀကိဳးစားရသကဲ့သုိ႔ ႏုိင္ငံေတာ္အေနျဖင့္ ကုန္က်စရိတ္မ်ားၿပီး အခ်ိန္ယူကာ ေလ့က်င့္ေမြးထုတ္ေပးရျခင္းျဖစ္ေၾကာင္း၊ ထုိ႔ေၾကာင့္ အမ်ိဳးသမီးေလသူရဲမ်ားအေနျဖင့္လည္း မိမိတုိ႔ေမာင္းႏွင္ရသည့္ေလယာဥ္ အမ်ိဳးအစားအလုိက္ ပ်ံသန္းေရး လုပ္ငန္းတာ၀န္မ်ားကုိ ကြၽမ္းက်င္ပုိင္ႏုိင္စြာ ရည္ရွည္ထမ္းေဆာင္ႏုိင္ေအာင္ အစြမ္းကုန္ဆက္လက္ ႀကိဳးစားသြားၾကရန္၊ အေတြ႕အႀကဳံရလာလွ်င္ တုိက္ေလယာဥ္ႏွင့္ ဂ်က္တုိက္ေလယာဥ္ မ်ားအား ေမာင္းႏွင္ႏုိင္သည္အထိဆက္လက္ေလ့က်င့္သြားၾကရန္ အေလးအနက္အထား မွာၾကားလုိေၾကာင္း” ေျပာၾကားသည္။

ႏုိင္ငံေတာ္၏လြတ္လပ္ေရးႏွင့္အခ်ဳပ္အျခာအာဏာ ထိပါးဆုံး႐ႈံးမႈမခံရေအာင္ ေကာင္းစြာကာကြယ္ႏုိင္ရန္ အတြက္ တပ္မေတာ္သည္ အင္အားေတာင့္တင္းၿပီး စြမ္းရည္ ထက္ျမက္သည့္ ေခတ္မီမ်ိဳးခ်စ္ တပ္မေတာ္ျဖစ္ရန္လုိအပ္သကဲ့သုိ႔ တပ္မေတာ္အင္အား ရွိမွ တုိင္းျပည္အင္အားရွိမည္ဆုိသည့္အတုိင္း မိမိတုိ႔တပ္မေတာ္အား တုိက္စြမ္းအားရွိသည့္ တပ္မေတာ္ျဖစ္ေအာင္ တည္ေဆာက္ရမည္ျဖစ္ေၾကာင္းကုိလည္း ယခုလိုေျပာၾကားပါသည္-

“Standard Army တည္ေဆာက္ရန္အတြက္ တပ္မ်ားအားေခတ္ႏွင့္ကုိက္ညီ သည့္ ဖြဲ႕စည္းမႈအား တျဖည္းျဖည္းလုပ္ေဆာင္ရမည္ျဖစ္ၿပီး က်စ္လ်စ္ခုိင္မာသည့္ တပ္ဖြဲ႕စည္းထားရွိမႈႏွင့္ ဟန္ခ်က္ညီေရး လုပ္ေဆာင္ရမည္ျဖစ္ေၾကာင္း၊ ယေန႔ေခတ္သစ္ စစ္ပြဲမ်ားအားေလ့လာၾကည့္ပါက စစ္ေျမျပင္ တစ္ခုလုံးကုိစုိးမုိးႏုိင္သည့္အသိ(Dominant Battlespace Knowledge)ရရွိေရးႏွင့္ တိက်သည့္တုိက္စြမ္းအား (Precision Strike) ရရွိေရးတုိ႔ကုိ အဓိကထားေဆာင္ရြက္လ်က္ရွိေၾကာင္း၊ ထုိ႔ေၾကာင့္ မိမိတုိ႔တပ္မေတာ္ ကုိလည္း မ်က္ေမွာက္ကာလနည္းပညာတုိးတက္မႈမ်ားကုိအသုံးခ်ၿပီး ႏုိင္ငံတကာ တပ္မေတာ္မ်ားႏွင့္ ရင္ေပါင္တန္းႏုိင္ရန္ ရည္မွန္းခ်က္ထားေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း”ေျပာၾကားသည္။

တပ္မေတာ္၏အစဥ္အလာေကာင္းျဖစ္ေသာ စည္းကမ္းလုိက္နာမႈႏွင့္ အမိန္႔နာခံ တတ္မႈ၏ ရလဒ္ ေကာင္းမ်ားကုိေျပာၾကားရာတြင္-

“စစ္စည္းကမ္းသည္ တပ္မေတာ္၏ ေက်ာ႐ိုးမ႑ဳိင္ဆုိသည့္ ေဆာင္ပုဒ္အတုိင္း စည္းကမ္းကုိအေျချပဳၿပီး ဖြဲ႕စည္းထားသည့္ အဖြဲ႕အစည္းျဖစ္ၿပီး မိမိတုိ႔တပ္မေတာ္ ယေန႔အခ်ိန္အထိ မယိမ္းမယိုင္ရပ္တည္ ေနႏုိင္ျခင္း သည္လည္း စစ္စည္းကမ္းေကာင္းမြန္မႈႏွင့္ အမိန္႔နာခံတတ္မႈမ်ားေၾကာင့္ျဖစ္ေၾကာင္း၊ ယခု၀ယ္ယူျဖည့္ တင္းေပးလုိက္သည့္ ေလယာဥ္မ်ားႏွင့္ပတ္သက္ၿပီး စစ္သည္ေတာ္က်င့္၀တ္ပါ “မိမိလက္နက္ကုိ ခင္မင္ျမတ္ႏုိးပါ” ဆုိသည့္အတုိင္း တပ္မေတာ္(ေလ)၏ လက္နက္ျဖစ္သည့္ ေလယာဥ္၊ ရဟတ္ယာဥ္မ်ားကုိ စည္းကမ္းစနစ္က်နစြာျဖင့္ ကုိင္တြယ္ပ်ံသန္းေဆာင္ရြက္ၿပီး တပ္မေတာ္၏ဂုဏ္အား ျမႇင့္တင္ေဆာင္ ရြက္ၾကရန္မွာၾကားလုိေၾကာင္း၊ ယေန႔ေလယာဥ္၊ ရဟတ္ယာဥ္မ်ားတပ္ေတာ္၀င္ႏုိင္ျခင္းသည္ တပ္မေတာ္(ေလ) ၏ ေလေၾကာင္းစြမ္းအား တုိးျမႇင့္ေပးရာေရာက္သကဲ့သုိ႔ တပ္မေတာ္၏ႏုိင္ငံေတာ္ ကာကြယ္ေရးစြမ္းရည္ပုိမုိ တုိးတက္လာမည္ျဖစ္သည့္အတြက္ တပ္မေတာ္ႏွင့္ႏုိင္ငံေတာ္အတြက္ ထူးျခား ေလးနက္သည့္ ေန႔တစ္ေန႔ ျဖစ္ေၾကာင္း” ေျပာၾကားသည္။

ယင္းေနာက္စစ္ဦးစီးအရာရွိခ်ဳပ္(ေလ)ဗုိလ္ခ်ဳပ္ထြန္းေအာင္က ေလယာဥ္မ်ားအား တပ္ေတာ္၀င္ အျဖစ္ ေၾကညာသည္။၎ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ ထံ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေလ)ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္က ေလယာဥ္မ်ားတပ္ေတာ္၀င္အထိမ္းအမွတ္အမွတ္တရ လက္ေဆာင္ ပစၥည္းအျဖစ္ ေလယာဥ္၊ ရဟတ္ယာဥ္ပုံစံငယ္မ်ားအားေပးအပ္သည္။

ထုိ႔ေနာက္ေလယာဥ္၊ ရဟတ္ယာဥ္မ်ား သ႐ုပ္ျပအုပ္ဖြဲ႕ပ်ံသန္းအေလးျပဳျခင္းႏွင့္ ကြၽမ္းထုိး သ႐ုပ္ျပပ်ံသန္းျခင္းမ်ားျပသၾကရာ ဦးစြာအခ်ိန္ကိုက္ပ်ံသန္းအေလးျပဳ ျခင္းအစီအစဥ္အရ သယ္ယူပုိ႔ေဆာင္ေရး ရဟတ္ယာဥ္တစ္စင္းမွ ႏုိင္ငံေတာ္အလံအား ခ်ိတ္ဆြဲၿပီး တုိက္ခုိက္ေရးရဟတ္ယာဥ္ ၂ စင္းတုိ႔က အေစာင့္လုိက္ပါ၍ အုပ္ဖြဲ႕ပ်ံသန္းျခင္း၊ သယ္ယူပုိ႔ေဆာင္ေရးရဟတ္ယာဥ္ ၃ စင္းက တပ္မေတာ္(ၾကည္း၊ေရ၊ေလ)အလံ မ်ားခ်ိတ္ဆြဲလ်က္အုပ္ဖြဲ႕ပ်ံသန္းျခင္း၊ ရဟတ္ယာဥ္ ၃ စင္းတုိ႔က VIC Formationဟုေခၚသည့္ အဂၤလိပ္အကၡရာ V ပုံသ႑ာန္ အုပ္ဖြဲ႕ပ်ံသန္းျခင္း၊ အလတ္စားသယ္ယူ ပုိ႔ေဆာင္ေရးရဟတ္ယာဥ္တစ္စင္းႏွင့္ အေမာင္းသင္ရဟတ္ယာဥ္ႏွစ္စင္းတုိ႔က VIC Formation ဟုေခၚသည့္ အဂၤလိပ္အကၡရာ V ပုံ သ႑ာန္အုပ္ဖြဲ႕ပ်ံသန္းျခင္း၊ အလတ္စား သယ္ယူပုိ႔ေဆာင္ေရးေလယာဥ္တစ္စင္းႏွင့္ အေမာင္းသင္ေလယာဥ္ ၄ စင္းတုိ႔က Arrow Head Formation ဟုေခၚသည့္ျမားဦးပုံ သ႑ာန္ အုပ္ဖြဲ႕ပ်ံသန္းျခင္း၊ အလတ္စား သယ္ယူပုိ႔ေဆာင္ေရးေလယာဥ္ ၁ စင္းႏွင့္ ဂ်က္တုိက္ေလယာဥ္ ၂ စင္းတုိ႔က VIC Formation ဟုေခၚသည့္ အဂၤလိပ္အကၡရာ V ပုံသ႑ာန္အုပ္ဖြဲ႕ပ်ံသန္းျခင္း၊ ဂ်က္တုိက္ေလယာဥ္ ၅ စင္းတုိ႔က တပ္မေတာ္(ေလ)အလံျဖစ္သည့္ အ၀ါေရာင္၊ အျဖဴေရာင္၊ အျပာေရာင္မီးခုိးမ်ားထုတ္လႊင့္၍ Arrow Head Formation ဟုေခၚသည့္ ျမႇားဦးသ႑ာန္ အုပ္ဖြဲ႕ပ်ံသန္းျခင္း၊ ဗုံးႀကဲဂ်က္တုိက္ေလယာဥ္ ၁ စင္းႏွင့္ ၾကားျဖတ္တုိက္ခုိက္ေရးဂ်က္ ေလယာဥ္ ၂ စင္းတုိ႔က VIC Formation ဟုေခၚသည့္ အဂၤလိပ္အကၡရာ V ပုံသ႑ာန္ အုပ္ဖြဲ႕ပ်ံသန္းျခင္းတုိ႔ျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အားပ်ံသန္း အေလးျပဳၾကသည္။

 

ယင္းေနာက္ေလယာဥ္ကြၽမ္းထုိးသ႐ုပ္ျပအစီအစဥ္အားဆက္လက္ျပသရာ ဘက္စုံသုံးအေပါ့စား ဂ်က္တုိက္ ေလယာဥ္ ၃ စင္းအုပ္ဖြဲ႕လ်က္ Oblique Loop ေခၚသည့္ စက္၀ုိင္းပုံသ႑န္ဂြၽမ္းထုိးျခင္း၊ တိမ္းေစာင္း ဒီဂရီအနည္းငယ္ျဖင့္ ၃ စင္းတြဲလွ်က္ပ်ံသန္း သ႐ုပ္ျပျခင္း၊ Level 8 ေခၚေရျပင္ညီ အဂၤလိပ္အကၡရာ 8 ပုံသ႑န္ေကြ႕ပတ္ ပ်ံသန္းသ႐ုပ္ျပျခင္း၊ Aileron Roll ေခၚေဘးလွိမ့္ကြၽမ္းထုိးသ႐ုပ္ျပျခင္း၊ ဘက္စုံသုံး ဂ်က္တုိက္ေလယာဥ္ ၃ စင္းအုပ္ဖြဲ႕လ်က္ Level 8 ေခၚေရျပင္ညီ အဂၤလိပ္အကၡရာ 8 ပုံသ႑န္ ေကြ႕ပတ္ ပ်ံသန္းသ႐ုပ္ျပျခင္း၊ Combat Turn ေခၚလႈပ္ရွားစစ္ကစားေကြ႔ပတ္ ပ်ံသန္းသ႐ုပ္ျပျခင္း၊ Oblique Loop ေခၚသည့္ စက္၀ုိင္းပုံသ႑န္ဂြၽမ္းထုိးျခင္း၊ Fan Break ေခၚယပ္ေတာင္ပုံ သ႑န္ျဖန္႔ထြက္ ပ်ံသန္း သ႐ုပ္ျပျခင္း တုိ႔ကုိ ပ်ံသန္းသ႐ုပ္ျပ ၾကသည္။

ထုိ႔ေနာက္ ဇီ၀ီတဒါနငွက္လႊတ္ျခင္းေဆာင္ရြက္ၾကရာ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ား က ငွက္အေကာင္ေရ ၇၁ ေကာင္တုိ႔အား ေဘးမဲ့လႊတ္ေပး ၾကသည္။ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ တပ္ေတာ္၀င္ ေလယာဥ္မ်ားအား အေမႊးနံ႔သာရည္မ်ား ပက္ဖ်န္းေပးၾက သည္။ ၎ေနာက္ တပ္ေတာ္၀င္ ေလယာဥ္မ်ားအား လွည့္လည္ၾကည့္႐ႈၾကၿပီး အမွတ္တရစုေပါင္းဓာတ္ပုံ႐ုိက္ၾကသည္။

ယင္းေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က သ႐ုပ္ျပအုပ္ဖြဲ႕ပ်ံသန္းမႈတြင္ ပါ၀င္ေသာ ေလသူရဲမ်ား အားရင္းရင္းႏွီးႏွီးႏႈတ္ဆက္စကားေျပာၾကားၿပီး ဂုဏ္ျပဳခ်ီးျမႇင့္ ေငြမ်ားေပးအပ္သည္။ ယေန႔တပ္ေတာ္၀င္ခဲ့သည့္ ေလယာဥ္မ်ားအနက္ Eurocopter ရဟတ္ယာဥ္သည္ ခရီးသည္သယ္ေဆာင္ျခင္း၊ ရွာေဖြကယ္ဆယ္ေရး လုပ္ငန္းမ်ား လုပ္ေဆာင္ျခင္းႏွင့္ ပင္လယ္ျပင္ကင္းေထာက္ျခင္းလုပ္ငန္းမ်ား၊ ေျမျပန္႔ေဒသမ်ား တြင္သာမက ျမင့္မားသည့္ေတာင္ေပၚေဒသမ်ားတြင္ပါတာ၀န္ထမ္းေဆာင္ႏုိင္္သည္။

(Unicode Version)

တပ်မတော်(လေ)၏ဖွဲ့စည်းတည်ထောင်မှု(၇၁)နှစ်ပြည့်မြောက်၊ နိုင်ငံတော်ကာကွယ်ရေးအတွက် လေတပ် စွမ်းပကားဖြည့်တင်း၊ လေယာဉ်ရဟတ်ယာဉ်များ တပ်တော်ဝင်အခမ်းအနားကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ ၁၅

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ တပ်မတော်(လေ)အား ၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ယနေ့တွင်(၇၁)နှစ်ပြည့်မြောက် ခဲ့ပြီဖြစ်သည်၊ ယနေ့နိုင်ငံတော်နှင့်တပ်မတော်အတွက် ဂုဏ်ယူဖွယ်ရာနေ့ထူးနေ့မြတ်ဖြစ် သည့် တပ်မတော်(လေ)၏ (၇၁)နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားတွင် နိုင်ငံတော်နှင့်တပ်မတော်၏ လေကြောင်းစွမ်းပကားမြင့်မားစေရန်အတွက် JF-17 အမျိုးအစားလေယာဉ် ၄ စင်း၊ ATR 72-500 အမျိုးအစား လေယာဉ် ၂ စင်း၊ Eurocopter ရဟတ်ယာဉ် ၁ စင်းနှင့်၊ စုစုပေါင်း ရ စင်း တပ်တော်ဝင်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာတပ်နယ်ရှိ လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်၌ ကျင်းပပြုလုပ်သည်။

အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ အငြိမ်းစားကာကွယ်ရေး ဦးစီးချုပ်(ရေ)များ၊အငြိမ်းစား ကာကွယ်ရေးဦးစီးချုပ်(လေ)များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ လေတပ်စခန်း ဌာနချုပ်မှူးများ၊ မိထ္ထီလာတပ်နယ်မှအရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ တပ်မတော်(လေ)မှစစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။
အခမ်းအနားစတင်ရာတွင် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်က လေယာဉ်များ တပ်တော်ဝင်အခမ်းအနားနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင်အခမ်းအနား ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်၊ လေကြောင်းစွမ်းပကား၏အရေးပါပုံနှင့် တပ်မတော် (လေ)ကို ဒေသတွင်းလေတပ်များနှင့် ရင်ပေါင်တန်းနိုင်အောင် ရည်မှန်းချက််ထားဆောင်ရွက် နေကြောင်းကို ယခုလိုပြော ကြားပါသည်-

“တပ်မတော်ပိုင်လေယာဉ်၊ ရဟတ်ယာဉ်များတပ်တော်ဝင်ခြင်းအခမ်းအနားကို (၉)ကြိမ်ကျင်းပပြုလုပ်ခဲ့ပြီး ယခု အကြိမ်သည်ဒသမကြိမ်မြောက်ဖြစ်ကြောင်း၊ ယခုကဲ့သိုဖြည့်ဆည်းဆောင်ရွက်ပေးခြင်းသည် တပ်မတော်(လေ) ရှိ အရာရှိ၊ စစ်သည်များ၏ စိတ်ဓာတ်အင်အားကို မြှင့်တင်ပေးရာရောက်သကဲ့သို့ တပ်မတော် အတွက်လည်း တိုက်စွမ်းအား၊ တိုက်စွမ်းရည်မြင့်မားသည့် အင်အားတစ်ရပ်အဖြစ် အထောက်အကူပြုနေမည်ဖြစ်ကြောင်း၊ ၂၁ ရာစုစစ်ပွဲများကို လေ့လာကြည့်ပါက လေကြောင်းနှင့်အာကာသစွမ်းအားသည် စစ်ပွဲအောင်နိုင်ရေးအတွက် များစွာအရေးပါပြီး လေကြောင်းစွမ်းအားသာလွန်မှုကိုအားပြု၍ ရန်သူအပေါ်လွှမ်းမိုးချုပ်ကိုင်နိုင်ကာ မိမိတပ်များ ၏စိတ်ဓာတ်နှင့် တိုက်စွမ်းရည်ပိုမို တိုးတက်လာစေရန်အတွက် လေကြောင်းစိုးမိုးမှု၊ လေကြောင်းအရေး သာမှုများကို အဓိကထားဆောင်ရွက်လာကြကြောင်း၊ ထို့ကြောင့်သာလွန်သည့် လေကြောင်းစွမ်းအား ပိုင်ဆိုင်သည့် တပ်မတော် ဖြစ်လာစေရေးအတွက် အမြဲလေ့ကျင့်နေရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေး စွမ်းပကားတည်ဆောက်ရာတွင် စစ်ရေးကိုအထောက်အကူပြုသည့် နည်းပညာနှင့် စစ်ပညာ ကျွမ်းကျင်မှုကိုပေါင်းစပ်ပြီး ထိရောက်စွာအသုံးချနိုင်ရန်လည်း လိုအပ်မည် ဖြစ်ကြောင်း၊ ရုပ်ဝတ္ထုပိုင်း ဆိုင်ရာဖြည့်ဆည်းပေးရုံနှင့်မလုံလောက်ဘဲ အဆိုပါခေတ်မီ စက်ပစ္စည်း၊ လေယာဉ်များကို ကိုင်တွယ်ထိန်း သိမ်းမောင်းနှင်နိုင်သည့် ကျွမ်းကျင်သည့် လေသူရဲများ၊ ကျွမ်းကျင်သည့် စက်မှုလက်မှုပညာရှင်များမွေး ထုတ်ပေးနိုင်ရမည် ဖြစ်ကြောင်း၊ ထို့ကြောင့်တပ်မတော်(လေ)ကိုလည်း မျက်မှောက်ကာလနည်းပညာ တိုးတက်မှုများကိုအသုံးချပြီး ဒေသတွင်းလေတပ်မတော်များနှင့် ရင်ပေါင်တန်းနိုင်ရန် ရည်မှန်းချက် ထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ၁၉၄၇ ခုနှစ် ဇူလိုင်လက ရန်ကုန်မြို့တော် ခန်းမရှေ့တွင်လူထုအား ဗိုလ်ချုပ်အောင်ဆန်းက မြန်မာနိုင်ငံကာကွယ်ရေးအတွက် လေတပ်ဟာ အဖျင်းဆုံးလေယာဉ်အစီးရေ ၅၀၀ လောက်လိုအပ်မယ်လို့ပြောခဲ့တာကို အမှတ်ရစေလိုကြောင်း၊ ယနေ့ခေတ် တပ်မတော်(လေ)ကိုလည်း တိုက်ပွဲဝင်နိုင်သည့် လေယာဉ်များတိုးတက်စေရေး၊ စွမ်းအားမြင့် လေယာဉ်များဖြစ်စေရေး၊ အရည်အချင်း ပြည့်ဝသည့် လေသူရဲများ၊ အင်ဂျင်နီယာများ၊ မြေပြင်တပ်ဖွဲ့ဝင်များ မွေးထုတ်ပေး နိုင်ရေးကိုလည်း အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အတွေ့အကြုံရလာသည်နှင့် အမျှ ကိုယ်ပိုင်လေယာဉ်ထုတ်လုပ်နိုင်သည်အထိဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ ဝေဟင်ပိုင်နက်အား အပြည့်အဝကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် တပ်မတော်(လေ) တစ်ခုတည်းနှင့် ပြည်စုံနိုင်မည မဟုတ်သည့်အတွက် လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့များ၏ စွမ်းဆောင်နိုင်မှုများဖြင့်လည်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးကိစ္စနှင့် ပတ်သက်လာပါက (ကြည်း၊ရေ၊ လေ) တပ်ဖွဲ့များအားလုံး ပူးပေါင်းဆောင်ရွက်မှသာရနိုင်မည်ဆိုသည်ကို သတိပြုရမည် ဖြစ်ကြောင်း” ပြောကြားသည်။

တပ်မတော်(လေ)၏သမိုင်းကြောင်း၊ နိုင်ငံနှင့်ပြည်သူအတွက် ဆောင်ရွက်မှုများ ကိုလည်း ယခုလို ဂုဏ်ပြုပြောကြားပါသည်-

“တပ်မတော်(လေ)၏ သမိုင်းကြောင်းကိုပြန်ကြည့်ပါက လွတ်လပ်ရေးရပြီး နောက်ပိုင်း ပေါ်ပေါက်လာသည့် ရောင်စုံသူပုန်သောင်းကျန်းသူများကို ရှိသည့် လူအင်အား၊ ရှိသည့်လေယာဉ်အနည်းငယ်ဖြင့် ချေမှုန်းတိုက်ခိုက်နိုင်ခဲ့ကြောင်း၊ ထို့ပြင် ပြည်ပကျူးကျော်မှုများ၊ ပြည်တွင်းသောင်းကျန်းမှုနှိမ်နင်းရေးများ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးများတွင် တပ်မတော်(ကြည်း)၊ တပ်မတော်(ရေ)၊ တပ်မတော်(လေ)နှင့် ပြည်သူများ လက်တွဲပြီး ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ တပ်မတော်(လေ) အနေဖြင့် ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို ကာကွယ်ရေးကဏ္ဍတွင်သာ မက သဘာဝဘေး အန္တရာယ်များဖြင့် ရင်ဆိုင်ခဲ့ရချိန်များတွင်လည်း အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးခြင်း၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာ ကူညီစောင့်ရှောက် ခြင်းများအပါအဝင် ပြည်သူ့အကျိုးပြုလုပ်ငန်းမှန်သမျှအား ရှေ့တန်းမှဆောင်ရွက်ပေး ခဲ့သည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ တပ်မတော်(လေ)အနေဖြင့် နိုင်ငံတော်ကာကွယ်ရေး တာဝန်နှင့် လေ့ကျင့်ရေးတာဝန်များသာမက နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများ ဖြစ်သည့် ရပ်ဝေးဒေသများသို့ပို့ဆောင်ရေးတာဝန်များ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးမှုနှင့် သဘာဝဘေးဒဏ်ကယ်ဆယ်ရေးတာဝန်များ၊ ရှာဖွေရေးနှင့် ကယ်ဆယ်ရေး တာဝန်များကို စွမ်းအားပြည့် ပါ၀င်ထမ်းဆောင်လျက်ရှိကြောင်း”

နိုင်ငံတော်ကာကွယ်ရေးစွမ်းအားစုတွင် မြန်မာအမျိုးသမီးလေသူရဲများ ပါ၀င်ဆောင်ရွက်မှုနှင့် ပတ်သက်၍ပြောကြားရာတွင်-

“အမျိုးသမီးများ၏အခန်းကဏ္ဍမြှင့်တင်ရေးနှင့်တပ်မတော်တွင် အမျိုးသမီး စစ်မှုထမ်းများပါ၀င် ထမ်းဆောင်နိုင် ရေးအတွက် အမျိုးသမီးစစ်မှုထမ်းများကိုလေ့ကျင့် မွေးထုတ်ပေးလျက်ရှိကြောင်း၊ ယခုဆိုလျှင် တပ်မတော် (လေ)၏သမိုင်းတွင် အမျိုသမီး လေသူရဲအရာရှိ ၆ ဦးအားမွေးထုတ်ပေးနိုင်ခဲ့ပြီး သက်ဆိုင်ရာတာဝန် ကျရာတပ်များတွင် ပျံသန်းရေးတာဝန်များစတင်ထမ်းဆောင်နေပြီဖြစ်ကြောင်း၊ ယခုနှစ်တွင်လည်းဒုတိယ အသုတ်အနေဖြင့် အမျိုးသမီးလေသူရဲ ၅ ဦးအား ဆက်လက်လေ့ကျင့်ပေးလျက်ရှိကြောင်း၊ လေသူရဲ တစ်ဦးမွေးထုတ်ပေးနိုင်ရန်အတွက် သင်တန်းတက်ရောက်သူမှာလည်း ခက်ခက် ခဲခဲဖြင့် ကြိုးစားရသကဲ့သို့ နိုင်ငံတော်အနေဖြင့် ကုန်ကျစရိတ်များပြီး အချိန်ယူကာ လေ့ကျင့်မွေးထုတ်ပေးရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် အမျိုးသမီးလေသူရဲများအနေဖြင့်လည်း မိမိတို့မောင်းနှင်ရသည့်လေယာဉ် အမျိုးအစားအလိုက် ပျံသန်းရေး လုပ်ငန်းတာဝန်များကို ကျွမ်းကျင်ပိုင်နိုင်စွာ ရည်ရှည်ထမ်းဆောင်နိုင်အောင် အစွမ်းကုန်ဆက်လက် ကြိုးစားသွားကြရန်၊ အတွေ့အကြုံရလာလျှင် တိုက်လေယာဉ်နှင့် ဂျက်တိုက်လေယာဉ် များအား မောင်းနှင်နိုင်သည်အထိဆက်လက်လေ့ကျင့်သွားကြရန် အလေးအနက်အထား မှာကြားလိုကြောင်း” ပြောကြားသည်။

နိုင်ငံတော်၏လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာ ထိပါးဆုံးရှုံးမှုမခံရအောင် ကောင်းစွာကာကွယ်နိုင်ရန် အတွက် တပ်မတော်သည် အင်အားတောင့်တင်းပြီး စွမ်းရည် ထက်မြက်သည့် ခေတ်မီမျိုးချစ် တပ်မတော်ဖြစ်ရန်လိုအပ်သကဲ့သို့ တပ်မတော်အင်အား ရှိမှ တိုင်းပြည်အင်အားရှိမည်ဆိုသည့်အတိုင်း မိမိတို့တပ်မတော်အား တိုက်စွမ်းအားရှိသည့် တပ်မတော်ဖြစ်အောင် တည်ဆောက်ရမည်ဖြစ်ကြောင်းကိုလည်း ယခုလိုပြောကြား ပါသည်-

“Standard Army တည်ဆောက်ရန်အတွက် တပ်များအားခေတ်နှင့်ကိုက်ညီ သည့် ဖွဲ့စည်းမှုအား တဖြည်းဖြည်းလုပ်ဆောင်ရမည်ဖြစ်ပြီး ကျစ်လျစ်ခိုင်မာသည့် တပ်ဖွဲ့စည်းထားရှိမှုနှင့် ဟန်ချက်ညီရေး လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ယနေ့ခေတ်သစ် စစ်ပွဲများအားလေ့လာကြည့်ပါက စစ်မြေပြင် တစ်ခုလုံးကိုစိုးမိုးနိုင်သည့်အသိ(Dominant Battlespace Knowledge)ရရှိရေးနှင့် တိကျသည့်တိုက်စွမ်းအား (Precision Strike) ရရှိရေးတို့ကို အဓိကထားဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် မိမိတို့တပ်မတော် ကိုလည်း မျက်မှောက်ကာလနည်းပညာတိုးတက်မှုများကိုအသုံးချပြီး နိုင်ငံတကာ တပ်မတော်များနှင့် ရင်ပေါင်တန်းနိုင်ရန် ရည်မှန်းချက်ထားဆောင်ရွက်ရမည်ဖြစ်ကြောင်း”ပြောကြားသည်။

တပ်မတော်၏အစဉ်အလာကောင်းဖြစ်သော စည်းကမ်းလိုက်နာမှုနှင့် အမိန့်နာခံ တတ်မှု၏ ရလဒ် ကောင်းများကိုပြောကြားရာတွင်-

“စစ်စည်းကမ်းသည် တပ်မတော်၏ ကျောရိုးမဏ္ဍိုင်ဆိုသည့် ဆောင်ပုဒ်အတိုင်း စည်းကမ်းကိုအခြေပြုပြီး ဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်ပြီး မိမိတို့တပ်မတော် ယနေ့အချိန်အထိ မယိမ်းမယိုင်ရပ်တည် နေနိုင်ခြင်း သည်လည်း စစ်စည်းကမ်းကောင်းမွန်မှုနှင့် အမိန့်နာခံတတ်မှုများကြောင့်ဖြစ်ကြောင်း၊ ယခုဝယ်ယူဖြည့် တင်းပေးလိုက်သည့် လေယာဉ်များနှင့်ပတ်သက်ပြီး စစ်သည်တော်ကျင့်ဝတ်ပါ “မိမိလက်နက်ကို ခင်မင်မြတ်နိုးပါ” ဆိုသည့်အတိုင်း တပ်မတော်(လေ)၏ လက်နက်ဖြစ်သည့် လေယာဉ်၊ ရဟတ်ယာဉ်များကို စည်းကမ်းစနစ်ကျနစွာဖြင့် ကိုင်တွယ်ပျံသန်းဆောင်ရွက်ပြီး တပ်မတော်၏ဂုဏ်အား မြှင့်တင်ဆောင် ရွက်ကြရန်မှာကြားလိုကြောင်း၊ ယနေ့လေယာဉ်၊ ရဟတ်ယာဉ်များတပ်တော်ဝင်နိုင်ခြင်းသည် တပ်မတော်(လေ) ၏ လေကြောင်းစွမ်းအား တိုးမြှင့်ပေးရာရောက်သကဲ့သို့ တပ်မတော်၏နိုင်ငံတော် ကာကွယ်ရေးစွမ်းရည်ပိုမို တိုးတက်လာမည်ဖြစ်သည့်အတွက် တပ်မတော်နှင့်နိုင်ငံတော်အတွက် ထူးခြား လေးနက်သည့် နေ့တစ်နေ့ ဖြစ်ကြောင်း” ပြောကြားသည်။

ယင်းနောက်စစ်ဦးစီးအရာရှိချုပ်(လေ)ဗိုလ်ချုပ်ထွန်းအောင်က လေယာဉ်များအား တပ်တော်ဝင် အဖြစ် ကြေညာသည်။၎င်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထံ ကာကွယ်ရေး ဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်က လေယာဉ်များတပ်တော်ဝင်အထိမ်းအမှတ်အမှတ်တရ လက်ဆောင် ပစ္စည်းအဖြစ် လေယာဉ်၊ ရဟတ်ယာဉ်ပုံစံငယ်များအားပေးအပ်သည်။

ထို့နောက်လေယာဉ်၊ ရဟတ်ယာဉ်များ သရုပ်ပြအုပ်ဖွဲ့ပျံသန်းအလေးပြုခြင်းနှင့် ကျွမ်းထိုး သရုပ်ပြပျံသန်းခြင်းများပြသကြရာ ဦးစွာအချိန်ကိုက်ပျံသန်းအလေးပြု ခြင်းအစီအစဉ်အရ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်တစ်စင်းမှ နိုင်ငံတော်အလံအား ချိတ်ဆွဲပြီး တိုက်ခိုက်ရေးရဟတ်ယာဉ် ၂ စင်းတို့က အစောင့်လိုက်ပါ၍ အုပ်ဖွဲ့ပျံသန်းခြင်း၊ သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ် ၃ စင်းက တပ်မတော်(ကြည်း၊ရေ၊လေ)အလံ များချိတ်ဆွဲလျက်အုပ်ဖွဲ့ပျံသန်းခြင်း၊ ရဟတ်ယာဉ် ၃ စင်းတို့က VIC Formationဟုခေါ်သည့် အင်္ဂလိပ်အက္ခရာ V ပုံသဏ္ဍာန် အုပ်ဖွဲ့ပျံသန်းခြင်း၊ အလတ်စားသယ်ယူ ပို့ဆောင်ရေးရဟတ်ယာဉ်တစ်စင်းနှင့် အမောင်းသင်ရဟတ်ယာဉ်နှစ်စင်းတို့က VIC Formation ဟုခေါ်သည့် အင်္ဂလိပ်အက္ခရာ V ပုံ သဏ္ဍာန်အုပ်ဖွဲ့ပျံသန်းခြင်း၊ အလတ်စား သယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စင်းနှင့် အမောင်းသင်လေယာဉ် ၄ စင်းတို့က Arrow Head Formation ဟုခေါ်သည့်မြားဦးပုံ သဏ္ဍာန် အုပ်ဖွဲ့ပျံသန်းခြင်း၊ အလတ်စား သယ်ယူပို့ဆောင်ရေးလေယာဉ် ၁ စင်းနှင့် ဂျက်တိုက်လေယာဉ် ၂ စင်းတို့က VIC Formation ဟုခေါ်သည့် အင်္ဂလိပ်အက္ခရာ V ပုံသဏ္ဍာန်အုပ်ဖွဲ့ပျံသန်းခြင်း၊ ဂျက်တိုက်လေယာဉ် ၅ စင်းတို့က တပ်မတော်(လေ)အလံဖြစ်သည့် အဝါရောင်၊ အဖြူရောင်၊ အပြာရောင်မီးခိုးများထုတ်လွှင့်၍ Arrow Head Formation ဟုခေါ်သည့် မြှားဦးသဏ္ဍာန် အုပ်ဖွဲ့ပျံသန်းခြင်း၊ ဗုံးကြဲဂျက်တိုက်လေယာဉ် ၁ စင်းနှင့် ကြားဖြတ်တိုက်ခိုက်ရေးဂျက် လေယာဉ် ၂ စင်းတို့က VIC Formation ဟုခေါ်သည့် အင်္ဂလိပ်အက္ခရာ V ပုံသဏ္ဍာန် အုပ်ဖွဲ့ပျံသန်းခြင်းတို့ဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အားပျံသန်း အလေးပြုကြသည်။

ယင်းနောက်လေယာဉ်ကျွမ်းထိုးသရုပ်ပြအစီအစဉ်အားဆက်လက်ပြသရာ ဘက်စုံသုံးအပေါ့စား ဂျက်တိုက် လေယာဉ် ၃ စင်းအုပ်ဖွဲ့လျက် Oblique Loop ခေါ်သည့် စက်ဝိုင်းပုံသဏ္ဍန်ဂျွမ်းထိုးခြင်း၊ တိမ်းစောင်း ဒီဂရီအနည်းငယ်ဖြင့် ၃ စင်းတွဲလျှက်ပျံသန်း သရုပ်ပြခြင်း၊ Level 8 ခေါ်ရေပြင်ညီ အင်္ဂလိပ်အက္ခရာ 8 ပုံသဏ္ဍန်ကွေ့ပတ် ပျံသန်းသရုပ်ပြခြင်း၊ Aileron Roll ခေါ်ဘေးလှိမ့်ကျွမ်းထိုးသရုပ်ပြခြင်း၊ ဘက်စုံသုံး ဂျက်တိုက်လေယာဉ် ၃ စင်းအုပ်ဖွဲ့လျက် Level 8 ခေါ်ရေပြင်ညီ အင်္ဂလိပ်အက္ခရာ 8 ပုံသဏ္ဍန် ကွေ့ပတ် ပျံသန်းသရုပ်ပြခြင်း၊ Combat Turn ခေါ်လှုပ်ရှားစစ်ကစားကွေ့ပတ် ပျံသန်းသရုပ်ပြခြင်း၊ Oblique Loop ခေါ်သည့် စက်ဝိုင်းပုံသဏ္ဍန်ဂျွမ်းထိုးခြင်း၊ Fan Break ခေါ်ယပ်တောင်ပုံ သဏ္ဍန်ဖြန့်ထွက် ပျံသန်း သရုပ်ပြခြင်း တို့ကို ပျံသန်းသရုပ်ပြ ကြသည်။

ထို့နောက် ဇီဝီတဒါနငှက်လွှတ်ခြင်းဆောင်ရွက်ကြရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များ က ငှက်အကောင်ရေ ရ၁ ကောင်တို့အား ဘေးမဲ့လွှတ်ပေး ကြသည်။ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တပ်တော်ဝင် လေယာဉ်များအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြ သည်။ ၎င်းနောက် တပ်တော်ဝင် လေယာဉ်များအား လှည့်လည်ကြည့်ရှုကြပြီး အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကြသည်။

ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သရုပ်ပြအုပ်ဖွဲ့ပျံသန်းမှုတွင် ပါ၀င်သော လေသူရဲများ အားရင်းရင်းနှီးနှီးနှုတ်ဆက်စကားပြောကြားပြီး ဂုဏ်ပြုချီးမြှင့် ငွေများပေးအပ်သည်။ ယနေ့တပ်တော်ဝင်ခဲ့သည့် လေယာဉ်များအနက် Eurocopter ရဟတ်ယာဉ်သည် ခရီးသည်သယ်ဆောင်ခြင်း၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ခြင်းနှင့် ပင်လယ်ပြင်ကင်းထောက်ခြင်းလုပ်ငန်းများ၊ မြေပြန့်ဒေသများ တွင်သာမက မြင့်မားသည့်တောင်ပေါ်ဒေသများတွင်ပါတာဝန်ထမ်းဆောင်နိုင််သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။