၂၀၁၈-၂၀၁၉ ခုနှစ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား၊ (ကြည်း၊ရေ၊လေ) ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် အားကစားပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ 

ေနျပည္ေတာ္၊ ဇန္န၀ါရီ  ၂၈ 

တပ္မေတာ္သားမ်ား၏ အားကစားစြမ္းရည္ျမႇင့္တင္ေရးႏွင့္ ႏုိင္ငံဂုဏ္ေဆာင္တပ္မေတာ္သား  အားကစား သမားမ်ားေပၚထြက္လာေစေရးအတြက္ တပ္မေတာ္(ၾကည္း၊ေရ၊ေလ) အားကစားၿပိဳင္ပြဲမ်ားအား ႏွစ္စဥ္က်င္းပ ျပဳလုပ္လ်က္ရွိရာ ၂၀၁၈ – ၂၀၁၉ ခုႏွစ္တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ဖလား၊ တပ္မေတာ္(ၾကည္း၊ေရ၊ေလ) ေဘာလုံးၿပဳိင္ပဲြ ဗိုလ္လုပဲြႏွင့္ အားကစားၿပိဳင္ပြဲ ဆုခ်ီးျမႇင့္ျခင္းအခမ္းအနားအား ယေန႔မြန္းလြဲပုိင္းတြင္ ေနျပည္ေတာ္ရိွ ေဇယ်ာသီရိတပ္မေတာ္အားကစားကြင္း၌ က်င္းပျပဳလုပ္ရာ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ တက္ေရာက္ၾကည့္႐ႈအားေပးၿပီး ဆုတံဆိပ္မ်ား ေပးအပ္ခ်ီးျမႇင့္သည္။ 

အဆိုပါေဘာလုံးၿပဳိင္ပဲြဗိုလ္လုပဲြႏွင့္ ဆုခ်ီးျမႇင့္ျခင္းအခမ္းအနားသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ႏွင့္အတူဇနီး ေဒၚၾကဴၾကဴလွ ၊ ဒုတိယတပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္းႏွင့္ဇနီး ၊ ျပည္ေထာင္စု၀န္ႀကီးမ်ားျဖစ္ၾကသည့္ ဒုတိယဗုိလ္ခ်ဳပ္ႀကီးေက်ာ္ေဆြႏွင့္ ဇနီး၊ ဒုတိယဗုိလ္ခ်ဳပ္ႀကီး စိန္၀င္း၊ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ရဲေအာင္ႏွင့္ဇနီး၊ ၫႇိႏႈိင္းကြပ္ကဲေရးမွဴး (ၾကည္း၊ေရ၊ေလ) ဗုိလ္ခ်ဳပ္ႀကီး ျမထြန္းဦးႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္ အရာရိွႀကီးမ်ားႏွင့္ဇနီးမ်ား၊ ေနျပည္ေတာ္တုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး၊ ႏိုင္ငံေတာ္ကာကြယ္ေရး တကၠသိုလ္မွ သင္တန္းသားအရာရိွႀကီးမ်ား ၊ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း၊ေရ၊ေလ) ႐ုံး/ဌာနအသီးသီးမွ အရာရိွ၊ စစ္သည္၊ မိသားစုမ်ား၊ ေနျပည္ေတာ္ တုိင္းစစ္ဌာနခ်ဳပ္ ကြပ္ကဲမႈေအာက္ရိွ တပ္နယ္မ်ားမွအရာရိွ၊ စစ္သည္၊ မိသားစုမ်ား၊ ဖိတ္ၾကားထားသည့္ ဧည့္သည္ေတာ္မ်ား တက္ေရာက္ၾကသည္။ 

တပ္မေတာ္(ၾကည္း၊ေရ၊ေလ)ေဘာလုံးၿပဳိင္ပဲြ (က)အဆင့္ဗိုလ္လုပဲြတြင္ အလယ္ပုိင္းတုိင္း စစ္ဌာနခ်ဳပ္အသင္း ႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)စခန္းမွဴး႐ုံးအသင္းတို႔ ယွဥ္ၿပဳိင္ကစားၾကရာ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ႏွင့္အတူ အခမ္းအနားသို႔တက္ေရာက္လာၾကသူမ်ားက ၾကည့္႐ႈအား ေပးၾကသည္။ 

ၿပဳိင္ပဲြတြင္ တစ္ဖက္ႏွင့္တစ္ဖက္အႀကိတ္အနယ္ယွဥ္ၿပိဳင္ကစားခဲ့ၾကကာ ပထမပုိင္းတြင္ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)စခန္းမွဴး႐ုံးအသင္းက တစ္ဂုိး ဂုိးမရွိျဖင့္ဦးေဆာင္ကစားခဲ့ၿပီး ဒုတိယပုိင္း ပြဲၿပီးဆုံးခါနီးအခ်ိန္ တြင္ႏွစ္ဂုိးထပ္မံသြင္းယူ၍ အလယ္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္ အသင္းအား သုံးဂုိးဂုိးမရွိျဖင့္ အႏိုင္ရရိွသြားသည္။ 

ယင္းေနာက္ ဆုခ်ီးျမႇင့္ျခင္းအခမ္းအနားကုိ က်င္းပျပဳလုပ္ရာ တပ္မေတာ္ (ၾကည္း၊ေရ၊ေလ)စစ္တီး၀ုိင္းအဖြဲ႕က ကြင္းအတြင္း၀င္ေရာက္ေနရာယူၿပီး စစ္ေရးျပမွဴးႀကီး ဦးေဆာင္ေသာ အလံေတာ္အဖြဲ႕ႏွင့္အားကစားအသင္း ၁၇ သင္းမွအားကစားသမားမ်ား ေနရာယူၾကသည္။ ထုိ႔ေနာက္တပ္မေတာ္ (ၾကည္း၊ေရ၊ေလ)ေဘာလုံးၿပဳိင္ပဲြတြင္ (ခ)အဆင့္ ၿပိဳင္ပြဲႏွင့္ (က)အဆင့္ၿပိဳင္ပြဲတြင္ အသန္႔ရွင္းဆံုး ဆုရရွိေသာအသင္းတုိ႔အား တပ္မေတာ္ အားကစား ႏွင့္ ကာယပညာအုပ္ခ်ဳပ္ေရးအဖြဲ႕ ဥကၠ႒၊ စစ္ေရးခ်ဳပ္ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ဆန္းဦးကလည္းေကာင္း၊ (ခ)အဆင့္ ႏွင့္(က)အဆင့္ၿပိဳင္ပြဲတြင္ တတိယဆုရရွိေသာ အသင္းတုိ႔အား ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္က လည္းေကာင္း၊(ခ)အဆင့္ႏွင့္ (က)အဆင့္ ၿပိဳင္ပြဲတြင္ ဒုတိယဆုရရွိေသာ အသင္းတုိ႔အား ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းကလည္းေကာင္း၊ (က)အဆင့္ႏွင့္ (ခ)အဆင့္ၿပိဳင္ပြဲမ်ား တြင္ ေနရာအလိုက္ အေကာင္းဆုံးဆုရရွိသူမ်ားအား ၫႇိႏႈိင္းကြပ္ကဲေရးမွဴး (ၾကည္း၊ေရ၊ေလ)ဗုိလ္ခ်ဳပ္ႀကီး ျမထြန္းဦးကလည္းေကာင္း၊ (ခ)အဆင့္ပထမဆုရရွိသည့္ ကမ္း႐ုိးတန္းေဒသတုိင္းစစ္ဌာနခ်ဳပ္(ဃ) ကုိယ္စားျပဳအသင္းမွ အားကစားသမားမ်ားအား ျပည္ေထာင္စု၀န္ႀကီး ဒုတိယဗုိလ္ခ်ဳပ္ႀကီး ရဲေအာင္ကလည္း ေကာင္း၊ (က)အဆင့္ပထမဆုရရွိေသာ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)စခန္းမွဴး႐ုံးအသင္းမွ အားက စားသမားမ်ား အား ျပည္ေထာင္စု၀န္ႀကီး ဒုတိယဗုိလ္ခ်ဳပ္ႀကီး စိန္၀င္းကလည္းေကာင္း ဆုမ်ားအသီးသီး ေပးအပ္ခ်ီးျမႇင့္ၾကသည္။ 

ထုိ႔ေနာက္ (ခ)အဆင့္ပထမဆုရရွိသည့္ ကမ္း႐ိုးတန္းေဒသတုိင္းစစ္ဌာနခ်ဳပ္(ဃ) ကုိယ္စားျပဳအသင္းအား ျပည္ေထာင္စု၀န္ႀကီး ဒုတိယဗုိလ္ခ်ဳပ္ႀကီး ေက်ာ္ေဆြက တံခြန္စုိက္ ဖလား၊ ဆင့္ပြားဖလားႏွင့္ ေငြသားဆုမ်ားကုိ လည္းေကာင္း၊ (က)အဆင့္ပထမဆုရရွိေသာ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)စခန္းမွဴး႐ုံးအသင္းအား ဒုတိယတပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္းက တံခြန္စုိက္ဖလား၊ ဆင့္ပြား ဖလားႏွင့္ ေငြသားဆုမ်ားကုိလည္းေကာင္း အသီးသီးေပးအပ္ခ်ီးျမႇင့္ၾကသည္။ 

ဆက္လက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က ၂၀၁၈-၂၀၁၉ ခုႏွစ္၊ တပ္မေတာ္(ၾကည္း၊ေရ၊ေလ)အားကစားၿပိဳင္ပြဲမ်ားတြင္ ေရႊတံဆိပ္ ၁၁၉ ခု၊ ေငြတံဆိပ္ ၇၂ ခု၊ ေၾကးတံဆိပ္ ၆၁ ခု စုစုေပါင္း ၂၅၂ ဆုျဖင့္ ဆုတံဆိပ္ အမ်ားဆုံးရရွိေသာ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ေရ) ကုိယ္စားျပဳ အသင္းအား တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္၏ တံခြန္စုိက္ဒုိင္းဆုႏွင့္ ေငြသားဆုမ်ားအား ေပးအပ္ ခ်ီးျမႇင့္သည္။ 

ဆုခ်ီးျမႇင့္ပြဲအခမ္းအနားအၿပီးတြင္ စစ္ေရးျပမွဴးႀကီးဦးေဆာင္ေသာ အားကစားအသင္း ၁၇ သင္းမွ အားကစား သမားမ်ားက ကြင္းအတြင္းမွျပန္လည္ထြက္ခြာၾကရာ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ႏွင့္ တက္ေရာက္လာၾကသူမ်ားက ရင္းရင္းႏွီးႏွီးႏႈတ္ဆက္ၾကၿပီး တပ္မေတာ္(ၾကည္း၊ေရ၊ေလ) အားကစားၿပိဳင္ပြဲအား ေရာင္စုံမီး႐ွဴး မီးပန္းမ်ားပစ္ေဖာက္၍ ေအာင္ျမင္စြာက်င္းပၿပီးစီးခဲ့သည္။ 

၂၀၁၈-၂၀၁၉ ခုႏွစ္ တပ္မေတာ္(ၾကည္း၊ေရ၊ေလ)အားကစားၿပိဳင္ပြဲအား ေဘာလုံးၿပိဳင္ပြဲ၊ လက္ေ၀ွ႕ၿပိဳင္ပြဲ၊ ပုိက္ေက်ာ္ျခင္းၿပိဳင္ပြဲ၊ ေျပးခုန္ပစ္(က်ား/မ)ၿပိဳင္ပြဲ၊ မသန္စြမ္း အားကစားၿပိဳင္ပြဲ၊ ျခင္းလုံးၿပိဳင္ပြဲ၊ ေဘာ္လီေဘာ (က်ား/မ)ၿပိဳင္ပြဲ၊ ဂ်ဴဒုိ(က်ား/မ)ၿပိဳင္ပြဲ၊ ေရကူးၿပိဳင္ပြဲ၊ အေလးမႏွင့္ ကာယဗလၿပိဳင္ပြဲ၊ ၀ူ႐ွဴးၿပိဳင္ပြဲ၊ ကရာေတး ဒုိၿပိဳင္ပြဲ၊ ျမန္မာ့သုိင္းၿပိဳင္ပြဲႏွင့္ တုိက္ကြမ္ဒုိၿပိဳင္ပြဲစသည့္ အားကစားၿပိဳင္ပြဲ ၁၄ မ်ိဳးက်င္းပျပဳလုပ္ခဲ့ျခင္းျဖစ္သည္။ 

(Unicode Version)

၂၀၁၈-၂၀၁၉ ခုနှစ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား၊ (ကြည်း၊ရေ၊လေ) ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် အားကစားပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ 

နေပြည်တော်၊ ဇန်နဝါရီ ၂၈ 

တပ်မတော်သားများ၏ အားကစားစွမ်းရည်မြှင့်တင်ရေးနှင့် နိုင်ငံဂုဏ်ဆောင်တပ်မတော်သား  အားကစား သမားများပေါ်ထွက်လာစေရေးအတွက် တပ်မတော်(ကြည်း၊ရေ၊လေ) အားကစားပြိုင်ပွဲများအား နှစ်စဉ်ကျင်းပ ပြုလုပ်လျက်ရှိရာ ၂၀၁၈ – ၂၀၁၉ ခုနှစ်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဖလား၊ တပ်မတော်(ကြည်း၊ရေ၊လေ) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် အားကစားပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားအား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိတပ်မတော်အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ကြည့်ရှုအားပေးပြီး ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်သည်။ 

အဆိုပါဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်အတူဇနီး ဒေါ်ကြူကြူလှ ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေနှင့် ဇနီး၊ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်မှ သင်တန်းသားအရာရှိကြီးများ ၊ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ရေ၊လေ) ရုံး/ဌာနအသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ တပ်နယ်များမှအရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။ 

တပ်မတော်(ကြည်း၊ရေ၊လေ)ဘောလုံးပြိုင်ပွဲ (က)အဆင့်ဗိုလ်လုပွဲတွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်အသင်း နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)စခန်းမှူးရုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ အခမ်းအနားသို့တက်ရောက်လာကြသူများက ကြည့်ရှုအား ပေးကြသည်။ 

ပြိုင်ပွဲတွင် တစ်ဖက်နှင့်တစ်ဖက်အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ကြကာ ပထမပိုင်းတွင် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)စခန်းမှူးရုံးအသင်းက တစ်ဂိုး ဂိုးမရှိဖြင့်ဦးဆောင်ကစားခဲ့ပြီး ဒုတိယပိုင်း ပွဲပြီးဆုံးခါနီးအချိန် တွင်နှစ်ဂိုးထပ်မံသွင်းယူ၍ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အသင်းအား သုံးဂိုးဂိုးမရှိဖြင့် အနိုင်ရရှိသွားသည်။ 

ယင်းနောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ရာ တပ်မတော် (ကြည်း၊ရေ၊လေ)စစ်တီးဝိုင်းအဖွဲ့က ကွင်းအတွင်းဝင်ရောက်နေရာယူပြီး စစ်ရေးပြမှူးကြီး ဦးဆောင်သော အလံတော်အဖွဲ့နှင့်အားကစားအသင်း ၁၇ သင်းမှအားကစားသမားများ နေရာယူကြသည်။ ထို့နောက်တပ်မတော် (ကြည်း၊ရေ၊လေ)ဘောလုံးပြိုင်ပွဲတွင် (ခ)အဆင့် ပြိုင်ပွဲနှင့် (က)အဆင့်ပြိုင်ပွဲတွင် အသန့်ရှင်းဆုံး ဆုရရှိသောအသင်းတို့အား တပ်မတော် အားကစား နှင့် ကာယပညာအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးကလည်းကောင်း၊ (ခ)အဆင့် နှင့်(က)အဆင့်ပြိုင်ပွဲတွင် တတိယဆုရရှိသော အသင်းတို့အား ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်က လည်းကောင်း၊(ခ)အဆင့်နှင့်  (က)အဆင့် ပြိုင်ပွဲတွင် ဒုတိယဆုရရှိသော အသင်းတို့အား ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းကလည်းကောင်း၊ (က)အဆင့်နှင့် (ခ)အဆင့်ပြိုင်ပွဲများ တွင် နေရာအလိုက် အကောင်းဆုံးဆုရရှိသူများအား ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)ဗိုလ်ချုပ်ကြီး မြထွန်းဦးကလည်းကောင်း၊ (ခ)အဆင့်ပထမဆုရရှိသည့် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်(ဃ) ကိုယ်စားပြုအသင်းမှ အားကစားသမားများအား ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်ကလည်း ကောင်း၊ (က)အဆင့်ပထမဆုရရှိသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)စခန်းမှူးရုံးအသင်းမှ အားက စားသမားများ အား ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းကလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။ 

ထို့နောက် (ခ)အဆင့်ပထမဆုရရှိသည့် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်(ဃ) ကိုယ်စားပြုအသင်းအား ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက တံခွန်စိုက် ဖလား၊ ဆင့်ပွားဖလားနှင့် ငွေသားဆုများကို လည်းကောင်း၊ (က)အဆင့်ပထမဆုရရှိသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)စခန်းမှူးရုံးအသင်းအား ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တံခွန်စိုက်ဖလား၊ ဆင့်ပွား ဖလားနှင့် ငွေသားဆုများကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ကြသည်။ 

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၁၈-၂၀၁၉ ခုနှစ်၊ တပ်မတော်(ကြည်း၊ရေ၊လေ)အားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ် ၁၁၉ ခု၊ ငွေတံဆိပ် ၇၂ ခု၊ ကြေးတံဆိပ် ၆၁ ခု စုစုပေါင်း ၂၅၂ ဆုဖြင့် ဆုတံဆိပ် အများဆုံးရရှိသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြု အသင်းအား တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ တံခွန်စိုက်ဒိုင်းဆုနှင့် ငွေသားဆုများအား ပေးအပ် ချီးမြှင့်သည်။ 

ဆုချီးမြှင့်ပွဲအခမ်းအနားအပြီးတွင် စစ်ရေးပြမှူးကြီးဦးဆောင်သော အားကစားအသင်း ၁၇ သင်းမှ အားကစား သမားများက ကွင်းအတွင်းမှပြန်လည်ထွက်ခွာကြရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တက်ရောက်လာကြသူများက ရင်းရင်းနှီးနှီးနှုတ်ဆက်ကြပြီး တပ်မတော်(ကြည်း၊ရေ၊လေ) အားကစားပြိုင်ပွဲအား ရောင်စုံမီးရှူး မီးပန်းများပစ်ဖောက်၍ အောင်မြင်စွာကျင်းပပြီးစီးခဲ့သည်။ 

၂၀၁၈-၂၀၁၉ ခုနှစ် တပ်မတော်(ကြည်း၊ရေ၊လေ)အားကစားပြိုင်ပွဲအား ဘောလုံးပြိုင်ပွဲ၊ လက်ဝှေ့ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ပြေးခုန်ပစ်(ကျား/မ)ပြိုင်ပွဲ၊ မသန်စွမ်း အားကစားပြိုင်ပွဲ၊ ခြင်းလုံးပြိုင်ပွဲ၊ ဘော်လီဘော (ကျား/မ)ပြိုင်ပွဲ၊ ဂျူဒို(ကျား/မ)ပြိုင်ပွဲ၊ ရေကူးပြိုင်ပွဲ၊ အလေးမနှင့် ကာယဗလပြိုင်ပွဲ၊ ဝူရှူးပြိုင်ပွဲ၊ ကရာတေး ဒိုပြိုင်ပွဲ၊ မြန်မာ့သိုင်းပြိုင်ပွဲနှင့် တိုက်ကွမ်ဒိုပြိုင်ပွဲစသည့် အားကစားပြိုင်ပွဲ ၁၄ မျိုးကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။