တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂျပန်နိုင်ငံ၊ Asahi Shimbun သတင်းဌာနအား လက်ခံတွေ့ဆုံပြီး မေးမြန်းမှုများအားဖြေကြား




(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂျပန်နိုင်ငံ၊ Asahi Shimbun သတင်းဌာနအား လက်ခံတွေ့ဆုံပြီး မေးမြန်းမှုများအားဖြေကြား

နေပြည်တော်၊ ဖေဖေါ်ဝါရီ – ၁၄

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဂျပန်နိုင်ငံ Asahi Shimbun သတင်းဌာန၊ ရန်ကုန်ဌာနခွဲမှ အကြီးအကဲဖြစ်သူ Mr. Ryuta SOMETAYA အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံပြီး မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့သည်။

ထိုသို့တွေ့ဆုံမေးမြန်းရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၁၈ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး တပ်မတော်၏ သဘောထားအမြင်၊ လွှတ်တော်တွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်ဆောင်ရွက်နေမှုနှင့် ဆက်လက်ပါဝင်ဆောင်ရွက်မှုအခြေအနေများ၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ဘင်္ဂါလီအရေးကိစ္စအား တပ်မတော်နှင့်အစိုးရ၏ ဖြေရှင်းဆောင်ရွက်ချက်များအပေါ် နိုင်ငံတကာမှအမှန်အတိုင်း မသိရှိဘဲ စွပ်စွဲပြောဆိုနေမှုအခြေအနေများ၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိစေရန်အတွက် တပ်မတော်မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများ၊ မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံ နှင့် ဂျပန်နိုင်ငံမှ ပါဝင်ကူညီဆောင်ရွက်မှုအခြေအနေများနှင့် စပ်လျဉ်း၍ မေးမြန်းမှုများပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သဘောထားအမြင်များအား ပြန်လည်ရှင်းလင်းပြောကြား ခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။