(၁၆)ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များအစည်းအဝေး (16th ACDFM) တက်ရောက်ရန်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ထွက်ခွာ

ေနျပည္ေတာ္၊ မတ္ ၆

ထုိင္းႏုိင္ငံတြင္က်င္းပျပဳလုပ္မည့္ (၁၆)ႀကိမ္ေျမာက္အာဆီယံတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္မ်ား အစည္းအေ၀း(16th ACDFM) တက္ေရာက္ရန္ႏွင့္ ခ်စ္ၾကည္ေရးခရီး သြားေရာက္ရန္အတြက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္ေသာ ျမန္မာ့တပ္မေတာ္ ကုိယ္စားလွယ္အဖြဲ႕သည္ ယေန႔နံနက္ပုိင္းတြင္ ေနျပည္ေတာ္ေလဆိပ္မွထြက္ခြာၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဦးေဆာင္သည့္ ကုိယ္စားလွယ္အဖြဲ႕အား ဒုတိယတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္း၊ ၫႇိႏႈိင္း ကြပ္ကဲေရးမွဴး(ၾကည္း၊ေရ၊ေလ)ဗုိလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေရ)ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ေနျပည္ေတာ္တုိင္း စစ္ဌာနခ်ဳပ္တုိင္းမွဴး၊ ျမန္မာႏုိင္ငံ ဆုိင္ရာထုိင္းႏုိင္ငံသံ႐ုံး ယာယီတာ၀န္ခံ Mr. Narong Boonsatheanwong ၊ ထုိင္းဘုရင့္ တပ္မေတာ္ေရတပ္စစ္သံမွဴး၊ ေလတပ္စစ္သံမွဴးႏွင့္ တာ၀န္ရွိသူမ်ားကေလဆိပ္တြင္ ပုိ႔ေဆာင္ ႏႈတ္ဆက္ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ဇနီးေဒၚၾကဴၾကဴလွႏွင့္ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း) မွတပ္မေတာ္အရာရွိႀကီးမ်ား အဖြဲ႕၀င္အျဖစ္လုိက္ပါသြားၾကသည္။ ခရီးစဥ္အတြင္း တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္သည္ အာဆီယံတပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္မ်ားအစည္းအေ၀း (16th ACDFM) တက္ေရာက္ျခင္း၊ ထုိင္းဘုရင့္တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ေတြ႕ဆုံေဆြးေႏြးျခင္း ႏွင့္ ထုိင္းႏုိင္ငံအတြင္းရွိ အထင္ကရ ေနရာမ်ားအားလွည့္လည္ၾကည့္႐ႈေလ့လာျခင္းမ်ား ေဆာင္ရြက္သြားမည္ျဖစ္သည္။

 

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ကုိယ္စားလွယ္ အဖြဲ႕သည္ ထုိင္းႏုိင္ငံ၊ ပတၱရားၿမိဳ႕ရွိ U-tapao ေလဆိပ္သုိ႔ေရာက္ရွိရာ ထုိင္းဘုရင့္ တပ္မေတာ္မွ Major General Nopadon Mungkalaton၊ ထုိင္းႏုိင္ငံဆုိင္ရာ ျမန္မာႏုိင္ငံ သံအမတ္ ေဒၚအိအိတင္၊ ျမန္မာစစ္သံ (ၾကည္း၊ေရ၊ေလ) ဗုိလ္မွဴးခ်ဳပ္ ခင္ေဇာ္ႏွင့္ တာ၀န္ရွိသူမ်ားကေလဆိပ္တြင္ ႀကိဳဆုိႏႈတ္ဆက္ၾကသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ မြန္းလြဲပုိင္းတြင္ ထုိင္းဘုရင့္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ General Ponpipat Benyasri ႏွင့္ Royal Cliff Hotel ဧည့္ခန္းမ၌ေတြ႕ဆုံ၍ ႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ရင္းႏွီးမႈဆုိင္ရာ ကိစၥရပ္မ်ားႏွင့္ အာဆီယံအဖြဲ႕အတြင္း ပူးေပါင္းေဆာင္ရြက္ေနမႈဆုိင္ရာကိစၥရပ္မ်ားအား ရင္းႏွီးစြာ ေဆြးေႏြးၾကသည္။ ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ထုိင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္တုိ႔သည္ အမွတ္တရ လက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ေပးအပ္ၿပီး တက္ေရာက္လာၾကသည့္ ႏွစ္ႏုိင္ငံတပ္မေတာ္အရာရွိႀကီးမ်ား ႏွင့္အတူ စုေပါင္းဓာတ္ပုံ႐ုိက္ခဲ့ၾကသည္။

(Unicode Version)

(၁၆)ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များအစည်းအဝေး (16th ACDFM) တက်ရောက်ရန်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ထွက်ခွာ

နေပြည်တော်၊ မတ် ၆

ထိုင်းနိုင်ငံတွင်ကျင်းပပြုလုပ်မည့် (၁၆)ကြိမ်မြောက်အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေး(16th ACDFM)တက်ရောက်ရန်နှင့် ချစ်ကြည်ရေးခရီး သွားရောက်ရန်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှထွက်ခွာကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံ ဆိုင်ရာထိုင်းနိုင်ငံသံရုံး ယာယီတာဝန်ခံ Mr. Narong Boonsatheanwong ၊ ထိုင်းဘုရင့် တပ်မတော်ရေတပ်စစ်သံမှူး၊ လေတပ်စစ်သံမှူးနှင့် တာဝန်ရှိသူများကလေဆိပ်တွင် ပို့ဆောင် နှုတ်ဆက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီးဒေါ်ကြူကြူလှနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှတပ်မတော်အရာရှိကြီးများ အဖွဲ့ဝင်အဖြစ်လိုက်ပါသွားကြသည်။ ခရီးစဉ်အတွင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် အာဆီယံတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များအစည်းအဝေး (16th ACDFM) တက်ရောက်ခြင်း၊ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံဆွေးနွေးခြင်း နှင့် ထိုင်းနိုင်ငံအတွင်းရှိ အထင်ကရ နေရာများအားလှည့်လည်ကြည့်ရှုလေ့လာခြင်းများ ဆောင်ရွက် သွားမည်ဖြစ်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ် အဖွဲ့သည် ထိုင်းနိုင်ငံ၊ ပတ္တရားမြို့ရှိ U-tapao လေဆိပ်သို့ရောက်ရှိရာ ထိုင်းဘုရင့် တပ်မတော်မှ Major General Nopadon Mungkalaton၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ် ဒေါ်အိအိတင်၊ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် ခင်ဇော်နှင့် တာဝန်ရှိသူများကလေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် မွန်းလွဲပိုင်းတွင် ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Ponpipat Benyasri နှင့် Royal Cliff Hotel ဧည့်ခန်းမ၌တွေ့ဆုံ၍ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုဆိုင်ရာ ကိစ္စရပ်များနှင့် အာဆီယံအဖွဲ့အတွင်း ပူးပေါင်းဆောင်ရွက်နေမှုဆိုင်ရာကိစ္စရပ်များအား ရင်းနှီးစွာ ဆွေးနွေးကြသည်။ တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ပြီး တက်ရောက်လာကြသည့် နှစ်နိုင်ငံတပ်မတော်အရာရှိကြီးများ နှင့်အတူ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။