တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Nongnooch Garden နှင့် 3 Seasons သစ်သီးစက်ရုံသို့သွားရောက်ကြည့်ရှုလေ့လာ

ေနျပည္ေတာ္၊ မတ္ ၈

ထုိင္းႏုိင္ငံတြင္ က်င္းပျပဳလုပ္သည့္(၁၆)ႀကိမ္ေျမာက္ အာဆီယံတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္မ်ား အစည္းအေ၀း (16th ACDFM)သုိ႔တက္ေရာက္ခဲ့ေသာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ဇနီး ေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး စုိးထြဋ္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား၊ ျမန္မာစစ္သံ(ၾကည္း၊ေရ၊ေလ)ဗုိလ္မွဴးခ်ဳပ္ ခင္ေဇာ္ႏွင့္ တာ၀န္ရွိသူမ်ားလုိက္ပါၿပီး မတ္ ၇ ရက္ ညေနပုိင္းတြင္ ပတၱရားၿမိဳ႕ရွိ Nongnooch Garden သုိ႔သြားေရာက္ၾကည့္႐ႈေလ့လာသည္။


တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင္အဖြဲ႕၀င္မ်ားသည္ Nongnooch Garden သုိ႔ ေရာက္ရွိရာ တာ၀န္ရွိသူမ်ားကႀကိဳဆုိႏႈတ္ဆက္ၾကၿပီး ဥယ်ာဥ္အတြင္း ပန္းပင္မ်ားႏွင့္ ေျမအုိးမ်ားအလွဆင္ ထားရွိမႈဥယ်ာဥ္၊ ေမာ္ေတာ္ယာဥ္ျပခန္း၊ Dinosaur Valley ႏွင့္ ရွားပါးသစ္ပင္မ်ားအား စုိက္ပ်ိဳး ထားရွိမႈဥယ်ာဥ္မ်ားအား လွည့္လည္ၾကည့္႐ႈေလ့လာၾကရာ ဥယ်ာဥ္မွတာ၀န္ရွိသူမ်ားက လုိက္လံ ရွင္းလင္းျပသၾကသည္။ 

အဆုိပါ Nongnooch Garden အား ၁၉၅၀ ခုႏွစ္တြင္ အသီးမ်ားႏွင့္ သစ္ခြမ်ား စုိက္ပ်ိဳးထားသည့္ အပူပုိင္း ဥယ်ာဥ္တစ္ခုအျဖစ္ တည္ေဆာက္ခဲ့ျခင္းျဖစ္ၿပီး အမ်ားျပည္သူမ်ား လာေရာက္ေလ့လာ ႏုိင္ရန္ႏွင့္ ကမၻာ့လွည့္ ခရီးသည္မ်ားအား စြဲေဆာင္ႏုိင္ရန္ အတြက္ ဥယ်ာဥ္အတြင္း ထုိင္း႐ုိးရာအိမ္မ်ား၊ အစည္းအေ၀းခန္းမႏွင့္ ဧည့္ခံပြဲခန္းမမ်ား၊ ေရကူးကန္ႏွင့္ စားေသာက္ခန္းမမ်ားအား ထည့္သြင္း တည္ေဆာက္၍ ၁၉၈၀ ခုႏွစ္တြင္ ဥယ်ာဥ္တစ္ခုအျဖစ္ဖြင့္လွစ္ခဲ့ျခင္းျဖစ္သည္။ ယခုအခ်ိန္တြင္ အဆုိပါဥယ်ာဥ္အတြင္း ထုိင္း႐ုိးရာ ယဥ္ေက်းမႈ ဆုိင္ရာျပပြဲမ်ားႏွင့္ ဆင္ျပပြဲမ်ားျပသျခင္းႏွင့္ ႐ုကၡေဗဒ ဥယ်ာဥ္အျဖစ္ သစ္ပင္အမ်ိဳးအစားမ်ိဳးစုံအား စုိက္ပ်ိဳး ထားၿပီး အပင္မ်ိဳးစိတ္ေပါင္း ၂ ေသာင္းခန္႔ စုေဆာင္းထားကာ ကမၻာ့စတုတၳအဆင့္ရွိေသာ ဥယ်ာဥ္တစ္ခု ျဖစ္သည္။ ဗာဆုိင္းနန္းေတာ္ဥယ်ာဥ္ ကဲ့သုိ႔ေသာ ပုံစံတူဥယ်ာဥ္မ်ား၊ အျခားအထင္ကရေနရာမ်ားရွိ ဥယ်ာဥ္ ပုံစံတူမ်ားကုိလည္း ထည့္သြင္း ျပသထားသည္။ ဥယ်ာဥ္အတြင္း တိရစၦာန္႐ုပ္တုမ်ားအား သဘာ၀က်စြာ ထည့္သြင္းထားၿပီး ေန႔စဥ္ကမၻာ့လွည့္ခရီးသည္မ်ားႏွင့္ ထုိင္းျပည္သူမ်ားတစ္ေသာင္းခန္႔ လာေရာက္ေလ့လာ ၾကေၾကာင္း သိရွိရသည္။

ဆက္လက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ယေန႔မြန္းလြဲပုိင္းတြင္ ရေရာင္ခ႐ုိင္ရွိ 3 Seasons သစ္သီးစက္႐ုံသုိ႔ေရာက္ရွိၾကရာ စက္႐ုံမွတာ၀န္ရွိ သူမ်ားက ႀကိဳဆုိ ႏႈတ္ဆက္ၾကၿပီး အစည္း အေ၀းခန္းမတြင္ စက္႐ုံမန္ေနဂ်ာမွ စက္႐ုံမွ သစ္သီးေျခာက္မ်ားႏွင့္ သစ္သီး အမႈန္႔မ်ားထုတ္လုပ္ေနမႈအား ရွင္းလင္းေျပာၾကားၿပီး စက္႐ုံလည္ပတ္ေနမႈဗီဒီယိုဖုိင္အား ျပသသည္။ ရွင္းလင္းေျပာၾကားမႈမ်ားအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က သိရွိလုိသည္မ်ားအားေမးျမန္းၿပီး ယခုကဲ့သို႔လာေရာက္ေလ့လာ ခြင့္ရရွိသည့္အတြက္ေက်းဇူးတင္ရွိပါေၾကာင္း၊ မိမိတုိ႔ႏုိင္ငံသည္လည္း စုိက္ပ်ိဳးေရးႏုိင္ငံ တစ္ခုျဖစ္သျဖင့္ မိမိတုိ႔ႏုိင္ငံတြင္လာေရာက္၍ ရင္းႏွီးျမႇဳပ္ႏွံမည္ဆုိပါက ႀကိဳဆုိပါေၾကာင္း၊ ထုိင္းႏုိင္ငံမွထြက္ရွိသည့္ အသီးအႏွံ မ်ားသည္ ရာသီမေရြးထြက္ရွိေစရန္အတြက္ မ်ိဳး႐ုိးဗီဇျပဳျပင္ထားသည့္အသီးအႏွံမ်ားျဖစ္ေၾကာင္း၊ ျမန္မာႏုိင္ငံ တြင္ယခုကဲ့သုိ႔ သစ္သီးေျခာက္ စက္႐ုံတည္ေဆာက္မည္ဆုိပါက ကုန္ၾကမ္းသီးႏွံမ်ား ရာသီမေရြးရရွိေအာင္ ေဆာင္ရြက္ရန္ လုိေၾကာင္း ေျပာၾကားသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ စက္႐ုံအတြင္း သစ္သီးေျခာက္မ်ား ထုတ္လုပ္ေနမႈ လုပ္ငန္းအဆင့္အဆင့္အား လုိက္လံၾကည့္႐ႈေလ့လာၾကရာ စက္႐ုံမန္ေနဂ်ာမွ လုိက္လံရွင္းလင္း ျပသသည္။ အဆုိပါ 3 Seasons သစ္သီးစက္႐ုံသည္ သရက္သီး၊ ပိႏၷဲသီး၊ မင္းကြတ္သီး၊ ငွက္ေပ်ာသီး၊ ဒူးရင္းသီး၊ နာနတ္သီး အစရွိသည့္ သစ္သီးမ်ားအား ေခတ္မီ နည္းပညာမ်ားအသုံးျပဳၿပီး သစ္သီးမ်ား၏ မူလ အနံ႕အရသာ မပ်က္ယြင္းေစဘဲ အေျခာက္ခံျခင္းႏွင့္ အမႈန္႔ျပဳလုပ္ျခင္းမ်ားကုိေဆာင္ရြက္၍ တစ္ႏွစ္လွ်င္ အေျခာက္ခံၿပီး သစ္သီးကုန္ေခ်ာတန္ခ်ိန္ ၃၀၀ ခန္႔ထုတ္လုပ္ကာ ျပည္ပႏုိင္ငံမ်ားသုိ႔ တင္ပုိ႔ေရာင္းခ် လ်က္ရွိသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ Siam Agro-Food Industry Public Co.Ltd (SAICO) သစ္သီး စည္သြပ္ဗူးထုတ္လုပ္သည့္ စက္႐ုံသုိ႔ ေရာက္ရွိရာ အစည္းအေ၀း ခန္းမတြင္ ထုိင္းႏုိင္ငံ ထုတ္ကုန္မ်ား သေဘၤာျဖင့္ ျပည္ပပုိ႔ေဆာင္ေရးအသင္းဥကၠ႒ျဖစ္သူ စက္႐ုံ ပုိင္ရွင္မွသစ္သီးမ်ားအား စည္သြပ္ဗူး ထုတ္လုပ္ေနမႈအေျခအေနမ်ားအား ရွင္းလင္းေျပာၾကားၿပီး စက္႐ုံလုပ္ငန္းေဆာင္ရြက္မႈ မွတ္တမ္းဗီဒီယုိအား ျပသသည္။ ရွင္းလင္းေျပာၾကားမႈမ်ားအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က သိရွိလုိသည္မ်ားေမးျမန္းၿပီး စားေသာက္ကုန္မ်ားထုတ္လုပ္ရာ တြင္ ဓာတုေဆး၀ါးကင္းလြတ္ထုတ္ကုန္မ်ားျဖစ္ရန္ႏွင့္ ေအာ္ဂဲနစ္သီးႏွံ မ်ားျဖင့္ ထုတ္လုပ္ ႏုိင္ပါက ပုိမုိေကာင္းမြန္ေၾကာင္း၊ မိမိတု႔ိႏုိင္ငံႏွင့္လုပ္ငန္းမ်ား ပူးေပါင္းေဆာင္ရြက္ပါကလည္း ေအာ္ဂဲနစ္ ထုတ္ကုန္မ်ားသာျဖစ္ေစလုိေၾကာင္း ေျပာၾကားၿပီး လုိအပ္သည္မ်ားကုိ အႀကံျပဳ ေဆြးေႏြး ေျပာၾကားသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ စက္႐ုံအတြင္း သရက္သီးႏွင့္ ငွက္ေပ်ာသီး မ်ားအား စည္သြပ္ဗူးထုတ္လုပ္ေနမႈအေျခအေနမ်ားအား လုိက္လံၾကည့္႐ႈေလ့လာၾကရာ စက္႐ုံပုိင္ရွင္က ရွင္းလင္းျပသသည္။ အဆုိပါ Saico သစ္သီးစည္သြပ္ဘူး ထုတ္လုပ္သည့္စက္႐ုံတြင္ နာနတ္သီးႏွင့္ ငွက္ေပ်ာသီးမ်ားကုိ အဓိကထားၿပီး စည္သြပ္ဘူးျဖင့္ထုတ္လုပ္၍ ျပည္ပႏုိင္ငံမ်ားသုိ႔ တင္ပုိ႔ေရာင္းခ်လ်က္ရွိသည့္ စက္႐ုံတစ္ခုျဖစၿ္ပီး စက္႐ုံအေနျဖင့္ တစ္ႏွစ္လွ်င္ကုန္ၾကမ္းတန္ခ်ိန္ တစ္သိန္းခြဲခန္႔ အသုံးျပဳ၍ ကုန္ေခ်ာ ထုတ္လုပ္ႏုိင္ၿပီး စက္႐ုံလုပ္သား ၁၀၀၀ ခန္႔ရွိသည္။ ထုတ္လုပ္ေသာကုန္ေခ်ာမ်ားအား အေမရိကန္ႏွင့္ ဥေရာပသုိ႔ အဓိကတင္ပုိ႔လ်က္ရွိသည္။ ၎ကုမၸဏီ အေနျဖင့္ ထုိင္းႏုိင္ငံတြင္စက္႐ုံႏွစ္ခုရွိၿပီး စက္႐ုံမ်ားအတြက္ လုိအပ္သည့္ ကုန္ၾကမ္းရရွိေရး အတြက္ စုိက္ခင္းဧကေပါင္း ၂၈၀၀၀ ေက်ာ္မွ သစ္သီးမ်ိဳးစုံထုတ္လုပ္ ေပးသြင္းလ်က္ရွိသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Nongnooch Garden နှင့် 3 Seasons သစ်သီးစက်ရုံသို့သွားရောက်ကြည့်ရှုလေ့လာ

နေပြည်တော်၊ မတ် ၈

ထိုင်းနိုင်ငံတွင်ကျင်းပပြုလုပ်သည့်(၁၆)ကြိမ်မြောက် အာဆီယံတပ်မတော် ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေး (16th ACDFM)သို့တက်ရောက်ခဲ့သော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ)ဗိုလ်မှူးချုပ် ခင်ဇော်နှင့် တာဝန်ရှိသူများလိုက်ပါပြီး မတ် ၇ ရက် ညနေပိုင်းတွင် ပတ္တရားမြို့ရှိ Nongnooch Garden သို့သွားရောက်ကြည့်ရှုလေ့လာသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင်အဖွဲ့ဝင်များသည် Nongnooch Garden သို့ ရောက်ရှိရာ တာဝန်ရှိသူများကကြိုဆိုနှုတ်ဆက်ကြပြီး ဥယျာဉ်အတွင်း ပန်းပင်များနှင့် မြေအိုးများအလှဆင် ထားရှိမှုဥယျာဉ်၊ မော်တော်ယာဉ်ပြခန်း၊ Dinosaur Valley နှင့် ရှားပါးသစ်ပင်များအား စိုက်ပျိုး ထားရှိမှုဥယျာဉ်များအား လှည့်လည်ကြည့်ရှုလေ့လာကြရာ ဥယျာဉ်မှတာဝန်ရှိသူများက လိုက်လံ ရှင်းလင်းပြသကြသည်။

အဆိုပါ Nongnooch Garden အား ၁၉၅၀ ခုနှစ်တွင် အသီးများနှင့် သစ်ခွများ စိုက်ပျိုးထားသည့် အပူပိုင်း ဥယျာဉ်တစ်ခုအဖြစ် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အများပြည်သူများ လာရောက်လေ့လာ နိုင်ရန်နှင့် ကမ္ဘာ့လှည့် ခရီးသည်များအား စွဲဆောင်နိုင်ရန် အတွက် ဥယျာဉ်အတွင်း ထိုင်းရိုးရာအိမ်များ၊ အစည်းအဝေးခန်းမနှင့် ဧည့်ခံပွဲခန်းမများ၊ ရေကူးကန်နှင့် စားသောက်ခန်းမများအား ထည့်သွင်း တည်ဆောက်၍ ၁၉၈၀ ခုနှစ်တွင် ဥယျာဉ်တစ်ခုအဖြစ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ယခုအချိန်တွင် အဆိုပါဥယျာဉ်အတွင်း ထိုင်းရိုးရာ ယဉ်ကျေးမှု ဆိုင်ရာပြပွဲများနှင့် ဆင်ပြပွဲများပြသခြင်းနှင့် ရုက္ခဗေဒ ဥယျာဉ်အဖြစ် သစ်ပင်အမျိုးအစားမျိုးစုံအား စိုက်ပျိုး ထားပြီး အပင်မျိုးစိတ်ပေါင်း ၂ သောင်းခန့် စုဆောင်းထားကာ ကမ္ဘာ့စတုတ္ထအဆင့်ရှိသော ဥယျာဉ်တစ်ခု ဖြစ်သည်။ ဗာဆိုင်းနန်းတော်ဥယျာဉ် ကဲ့သို့သော ပုံစံတူဥယျာဉ်များ၊ အခြားအထင်ကရနေရာများရှိ ဥယျာဉ် ပုံစံတူများကိုလည်း ထည့်သွင်း ပြသထားသည်။ ဥယျာဉ်အတွင်း တိရစ္ဆာန်ရုပ်တုများအား သဘာဝကျစွာ ထည့်သွင်းထားပြီး နေ့စဉ်ကမ္ဘာ့လှည့်ခရီးသည်များနှင့် ထိုင်းပြည်သူများတစ်သောင်းခန့် လာရောက်လေ့လာ ကြကြောင်း သိရှိရသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ယနေ့မွန်းလွဲပိုင်းတွင် ရရောင်ခရိုင်ရှိ 3 Seasons သစ်သီးစက်ရုံသို့ရောက်ရှိကြရာ စက်ရုံမှတာဝန်ရှိ သူများက ကြိုဆို နှုတ်ဆက်ကြပြီး အစည်း အဝေးခန်းမတွင် စက်ရုံမန်နေဂျာမှ စက်ရုံမှ သစ်သီးခြောက်များနှင့် သစ်သီး အမှုန့်များထုတ်လုပ်နေမှုအား ရှင်းလင်းပြောကြားပြီး စက်ရုံလည်ပတ်နေမှုဗီဒီယိုဖိုင်အား ပြသသည်။ ရှင်းလင်းပြောကြားမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သိရှိလိုသည်များအားမေးမြန်းပြီး ယခုကဲ့သို့လာရောက်လေ့လာ ခွင့်ရရှိသည့်အတွက်ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့နိုင်ငံသည်လည်း စိုက်ပျိုးရေးနိုင်ငံ တစ်ခုဖြစ်သဖြင့် မိမိတို့နိုင်ငံတွင်လာရောက်၍ ရင်းနှီးမြှုပ်နှံမည်ဆိုပါက ကြိုဆိုပါကြောင်း၊ ထိုင်းနိုင်ငံမှထွက်ရှိသည့် အသီးအနှံ များသည် ရာသီမရွေးထွက်ရှိစေရန်အတွက် မျိုးရိုးဗီဇပြုပြင်ထားသည့်အသီးအနှံများဖြစ်ကြောင်း၊ မြန်မာနိုင်ငံ တွင်ယခုကဲ့သို့ သစ်သီးခြောက် စက်ရုံတည်ဆောက်မည်ဆိုပါက ကုန်ကြမ်းသီးနှံများ ရာသီမရွေးရရှိအောင် ဆောင်ရွက်ရန် လိုကြောင်း ပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် စက်ရုံအတွင်း သစ်သီးခြောက်များ ထုတ်လုပ်နေမှု လုပ်ငန်းအဆင့်အဆင့်အား လိုက်လံကြည့်ရှုလေ့လာကြရာ စက်ရုံမန်နေဂျာမှ လိုက်လံရှင်းလင်း ပြသသည်။ အဆိုပါ 3 Seasons သစ်သီးစက်ရုံသည် သရက်သီး၊ ပိန္နဲသီး၊ မင်းကွတ်သီး၊ ငှက်ပျောသီး၊ ဒူးရင်းသီး၊ နာနတ်သီး အစရှိသည့် သစ်သီးများအား ခေတ်မီ နည်းပညာများအသုံးပြုပြီး သစ်သီးများ၏ မူလ အနံ့အရသာ မပျက်ယွင်းစေဘဲ အခြောက်ခံခြင်းနှင့် အမှုန့်ပြုလုပ်ခြင်းများကိုဆောင်ရွက်၍ တစ်နှစ်လျှင် အခြောက်ခံပြီး သစ်သီးကုန်ချောတန်ချိန် ၃၀၀ ခန့်ထုတ်လုပ်ကာ ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချ လျက်ရှိသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် Siam Agro-Food Industry Public Co.Ltd (SAICO) သစ်သီး စည်သွပ်ဗူးထုတ်လုပ်သည့် စက်ရုံသို့ ရောက်ရှိရာ အစည်းအဝေး ခန်းမတွင် ထိုင်းနိုင်ငံ ထုတ်ကုန်များ သင်္ဘောဖြင့် ပြည်ပပို့ဆောင်ရေးအသင်းဥက္ကဋ္ဌဖြစ်သူ စက်ရုံ ပိုင်ရှင်မှသစ်သီးများအား စည်သွပ်ဗူး ထုတ်လုပ်နေမှုအခြေအနေများအား ရှင်းလင်းပြောကြားပြီး စက်ရုံလုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းဗီဒီယိုအား ပြသသည်။ ရှင်းလင်းပြောကြားမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သိရှိလိုသည်များမေးမြန်းပြီး စားသောက်ကုန်များထုတ်လုပ်ရာ တွင် ဓာတုဆေးဝါးကင်းလွတ်ထုတ်ကုန်များဖြစ်ရန်နှင့် အော်ဂဲနစ်သီးနှံ များဖြင့် ထုတ်လုပ် နိုင်ပါက ပိုမိုကောင်းမွန်ကြောင်း၊ မိမိတု့ိနိုင်ငံနှင့်လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ပါကလည်း အော်ဂဲနစ် ထုတ်ကုန်များသာဖြစ်စေလိုကြောင်း ပြောကြားပြီး လိုအပ်သည်များကို အကြံပြု ဆွေးနွေး ပြောကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် စက်ရုံအတွင်း သရက်သီးနှင့် ငှက်ပျောသီး များအား စည်သွပ်ဗူးထုတ်လုပ်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုလေ့လာကြရာ စက်ရုံပိုင်ရှင်က ရှင်းလင်းပြသသည်။ အဆိုပါ Saico သစ်သီးစည်သွပ်ဘူး ထုတ်လုပ်သည့်စက်ရုံတွင် နာနတ်သီးနှင့် ငှက်ပျောသီးများကို အဓိကထားပြီး စည်သွပ်ဘူးဖြင့်ထုတ်လုပ်၍ ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိသည့် စက်ရုံတစ်ခုဖြြစ်ပီး စက်ရုံအနေဖြင့် တစ်နှစ်လျှင်ကုန်ကြမ်းတန်ချိန် တစ်သိန်းခွဲခန့် အသုံးပြု၍ ကုန်ချော ထုတ်လုပ်နိုင်ပြီး စက်ရုံလုပ်သား ၁၀၀၀ ခန့်ရှိသည်။ ထုတ်လုပ်သောကုန်ချောများအား အမေရိကန်နှင့် ဥရောပသို့ အဓိကတင်ပို့လျက်ရှိသည်။ ၎င်းကုမ္ပဏီ အနေဖြင့် ထိုင်းနိုင်ငံတွင်စက်ရုံနှစ်ခုရှိပြီး စက်ရုံများအတွက် လိုအပ်သည့် ကုန်ကြမ်းရရှိရေး အတွက် စိုက်ခင်းဧကပေါင်း ၂၈၀၀၀ ကျော်မှ သစ်သီးမျိုးစုံထုတ်လုပ် ပေးသွင်းလျက်ရှိသည်။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။