တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Omsk မြို့ရှိ JSC Radio Plant သို့ သွားရောက်ကြည့်ရှုလေ့လာ၊ မော်စကိုမြို့သို့ရောက်ရှိ 

ေနျပည္ေတာ္၊ ဧၿပီ ၂၃

႐ုရွားဖက္ဒေရးရွင္းႏုိင္ငံ၊ Omsk ၿမိဳ႕တြင္ ခ်စ္ၾကည္ေရးခရီးေရာက္ရွိေနသည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္ေသာ ျမန္မာ့တပ္မေတာ္ခ်စ္ၾကည္ေရးကုိယ္စားလွယ္အဖြဲ႕သည္ ဧၿပီ ၂၂ ရက္ မြန္းလြဲပုိင္းတြင္ Irkutsk ေလဆိပ္မွထြက္ခြာခဲ့ၿပီး ညေနပုိင္းတြင္ Omsk ၿမိဳ႕သုိ႔ေရာက္ရွိရာ Russia-ASEAN Business Council ဥကၠ႒ Mr. Ivan POLYAKOV ႏွင့္တာ၀န္ရွိသူမ်ားက ေလဆိပ္၌ႀကိဳဆုိ ႏႈတ္ဆက္ ၾကသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ JSC Radio Plant ျပတုိက္သုိ႔ ေရာက္ရွိၾကရာ ျပတုိက္တာ၀န္ခံက JSC Radio Plant ၏သမုိင္းေၾကာင္းႏွင့္ စက္ပစၥည္းမ်ား ထုတ္လုပ္ထားရွိမႈ အေျခအေနမ်ားအားရွင္းလင္းျပသသည္။ ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ JSC Radio Plant သမုိင္းေၾကာင္းႏွင့္ ဆက္သြယ္ေရးက႑၏အေရးပါမႈ Video အား ၾကည့္႐ႈၾကၿပီး စက္႐ုံ အတြင္း လွည့္လည္ၾကည့္႐ႈေလ့လာၾကရာ တာ၀န္ရွိသူမ်ားကလုိက္လံရွင္းလင္းျပသၾကသည္။ ၎ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ အမွတ္တရစုေပါင္းဓာတ္ပုံ႐ုိက္ ၾကသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ MKP-Media International Press Center သုိ႔ေရာက္ရွိၾကၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ Information Agency Siberian News၊ Radio Siberia ၊ Prodvizhenie TV Channel ၊ BRICS TV Channel ၊ Information Agency OMSC HERE သတင္းဌာနမ်ားႏွင့္ ေတြ႕ဆုံ၍ သတင္းမီဒီယာမ်ားကသိရွိလုိသည့္ေမးျမန္းခ်က္မ်ားအား ျပန္လည္ရွင္းလင္း ေျဖၾကားသည္။ ယင္းေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ Russia-ASEAN Business Council ဥကၠ႒ တုိ႔သည္ အမွတ္တရလက္ေဆာင္ပစၥည္းမ်ားအျပန္အလွန္ ေပးအပ္ၾကသည္။

ဆက္လက္ၿပီးတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ ခ်စ္ၾကည္ေရး ကုိယ္စား လွယ္အဖြဲ႕သည္ Omsk ၿမိဳ႕မွဆက္လက္ထြက္ခြာခဲ့ၿပီး ညပုိင္းတြင္ ေမာ္စကုိၿမိဳ႕ရွိ Vnukovo-3 ေလဆိပ္ သုိ႔ ေရာက္ရွိၾကရာ ႐ုရွားဖက္ဒေရးရွင္းႏုိင္ငံ၊ ကာကြယ္ေရး၀န္ႀကီးဌာန၊ ဒုတိယ၀န္ႀကီး Colonel General Alexander V. Fomin ၊ ႐ုရွားႏုိင္ငံဆုိင္ရာျမန္မာႏုိင္ငံသံအမတ္ႀကီး ဦးကုိကုိရွိန္ႏွင့္ တာ၀န္ရွိသူမ်ားက ေလဆိပ္ တြင္ႀကိဳဆုိႏႈတ္ဆက္ခဲ့ၾကသည္။

(Unicode version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Omsk မြို့ရှိ JSC Radio Plant သို့ သွားရောက်ကြည့်ရှုလေ့လာ၊ မော်စကိုမြို့သို့ရောက်ရှိ

နေပြည်တော်၊ ဧပြီ ၂၃

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Omsk မြို့တွင် ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ဧပြီ ၂၂ ရက် မွန်းလွဲပိုင်းတွင် Irkutsk လေဆိပ်မှထွက်ခွာခဲ့ပြီး ညနေပိုင်းတွင် Omsk မြို့သို့ရောက်ရှိရာ Russia-ASEAN Business Council ဥက္ကဋ္ဌ Mr. Ivan POLYAKOV နှင့်တာဝန်ရှိသူများက လေဆိပ်၌ကြိုဆို နှုတ်ဆက် ကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် JSC Radio Plant ပြတိုက်သို့ ရောက်ရှိကြရာ ပြတိုက်တာဝန်ခံက JSC Radio Plant ၏သမိုင်းကြောင်းနှင့် စက်ပစ္စည်းများ ထုတ်လုပ်ထားရှိမှု အခြေအနေများအားရှင်းလင်းပြသသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် JSC Radio Plant သမိုင်းကြောင်းနှင့် ဆက်သွယ်ရေးကဏ္ဍ၏အရေးပါမှု Video အား ကြည့်ရှုကြပြီး စက်ရုံ အတွင်း လှည့်လည်ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများကလိုက်လံရှင်းလင်းပြသကြသည်။ ၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အမှတ်တရစုပေါင်းဓာတ်ပုံရိုက် ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် MKP-Media International Press Center သို့ရောက်ရှိကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် Information Agency Siberian News၊ Radio Siberia ၊ Prodvizhenie TV Channel ၊ BRICS TV Channel ၊ Information Agency OMSC HERE သတင်းဌာနများနှင့် တွေ့ဆုံ၍ သတင်းမီဒီယာများကသိရှိလိုသည့်မေးမြန်းချက်များအား ပြန်လည်ရှင်းလင်း ဖြေကြားသည်။ ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် Russia-ASEAN Business Council ဥက္ကဋ္ဌ တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများအပြန်အလှန် ပေးအပ်ကြသည်။

ဆက်လက်ပြီးတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စား လှယ်အဖွဲ့သည် Omsk မြို့မှဆက်လက်ထွက်ခွာခဲ့ပြီး ညပိုင်းတွင် မော်စကိုမြို့ရှိ Vnukovo-3 လေဆိပ် သို့ ရောက်ရှိကြရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Colonel General Alexander V. Fomin ၊ ရုရှားနိုင်ငံဆိုင်ရာမြန်မာနိုင်ငံသံအမတ်ကြီး ဦးကိုကိုရှိန်နှင့် တာဝန်ရှိသူများက လေဆိပ် တွင်ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။