တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရုရှားနိုင်ငံတွင် ဘွဲ့လွန်သင်တန်း၊ ပါရဂူသင်တန်းနှင့် Doctor of Science သင်တန်းများ တက်ရောက်နေသည့် သင်တန်းသားအရာရှိများအား တွေ့ဆုံအမှာစကားပြောကြား 

ေနျပည္ေတာ္၊ ဧၿပီ – ၂၄ 

႐ုရွားဖက္ဒေရးရွင္းႏုိင္ငံသုိ႔ ခ်စ္ၾကည္ေရးခရီးေရာက္ရွိေနသည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္ မွဴးႀကီးမင္းေအာင္လႈိင္သည္ ႐ုရွားႏုိင္ငံတြင္ ဘြဲ႕လြန္ သင္တန္း၊ ပါရဂူသင္တန္းႏွင့္ Doctor of Science သင္တန္းမ်ား တက္ေရာက္ေနေသာ တပ္မေတာ္အရာရွိမ်ားအား ဧၿပီ ၂၃ ရက္ေန႔လယ္ပုိင္းတြင္ ေမာ္စကုိၿမိဳ႕ရွိ Radisson Collection ဟုိတယ္ခန္းမ၌ေတြ႕ဆုံအမွာစကားေျပာၾကားသည္။ 

အဆုိပါေတြ႕ဆုံပြဲသုိ႕ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွဒုတိယဗုိလ္ခ်ဳပ္ႀကီး စုိးထြဋ္ ႏွင့္တပ္မေတာ္ အရာရွိႀကီးမ်ား၊ ျမန္မာစစ္သံ(ၾကည္း၊ေရ၊ေလ)ဗုိလ္မွဴးခ်ဳပ္ ေက်ာ္စိုးမိုး၊ ႐ုရွားႏုိင္ငံတြင္ဘြဲ႕လြန္သင္တန္း၊ ပါရဂူ သင္တန္းႏွင့္ Doctor of Science သင္တန္းမ်ား တက္ေရာက္ေနသည့္ သင္တန္းသား အရာရွိမ်ား တက္ေရာက္ၾကသည္။ 

ထုိသုိ႔ေတြ႕ဆုံရာတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ယခုကဲ့သုိ႔႐ုရွားႏုိင္ငံသုိ႔ ပညာေတာ္သင္ သင္တန္း သားအရာရွိမ်ားအား မိမိတို႔ႏုိင္ငံအတြက္လုိအပ္သည့္ သိပၸံပညာရပ္ႏွင့္ သက္ဆုိင္ေသာအတတ္ပညာမ်ား သင္ယူရန္ေစလႊတ္သင္ၾကား ေစျခင္းျဖစ္ေၾကာင္း၊ မိမိတုိ႔သင္ၾကားခဲ့သည့္ အတတ္ပညာမ်ားအား မိမိတုိ႔ႏုိင္ငံသုိ႔ ျပန္လည္ေရာက္ရွိပါက ႏုိင္ငံေတာ္ႏွင့္တပ္မေတာ္အတြက္ အက်ိဳးရွိစြာအသုံးခ်ႏုိင္ရန္လုိေၾကာင္း၊ စစ္သားဆုိ သည္မွာက်ရာတာ၀န္ကုိ ထမ္းေဆာင္ရမည္ျဖစ္ၿပီး အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ကြာျခားခ်က္မ်ားရွိမည္ျဖစ္ ေၾကာင္း၊ လာေရာက္ပညာသင္ၾကားေနစဥ္ ကာလအတြင္း သင္ၾကားရသည့္ဘာသာရပ္မ်ားကုိ နားလည္ တတ္ကြၽမ္းေအာင္သင္ယူၿပီး အသိပညာ၊ အတတ္ပညာမ်ားႏွင့္ ေပါင္းစပ္ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္မွလာေရာက္ပညာသင္ၾကားေနသူမ်ားတြင္ Doctor of Science ဘြဲ႕ရရွိသည့္ ထူးခြၽန္သည့္သင္ တန္းသားမ်ား မ်ားစြာရွိေၾကာင္း၊ ႀကိဳးစားအားထုတ္မႈ၊ စည္းကမ္း လုိက္နာမႈႏွင့္ အမိန္႔နာခံမႈမ်ားအေပၚမူတည္ ၿပီး တစ္ဦးႏွင့္တစ္ဦးကြာျခားမႈမ်ားရွိေၾကာင္း၊ တပ္မေတာ္အရာရွိမ်ားအေနျဖင့္ ပညာသင္ၾကားျခင္းသာမက အသိပညာႏွင့္ အေတြးအေခၚပညာရပ္မ်ားကုိလည္း အၿမဲမျပတ္ေလ့လာေနရမည္ျဖစ္ကာ ရွိၿပီးသား အေျခခံ ပညာရပ္မ်ားအား အေတြးအေခၚႏွင့္ေပါင္းစပ္ၿပီး ပုိမုိတုိးတက္ေအာင္ ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ ပညာရပ္ပုိင္းဆုိင္ရာမ်ား တုိးတက္ေကာင္းမြန္ေစရန္အတြက္ တပ္မေတာ္အေနျဖင့္ အတတ္ႏုိင္ဆုံးပံ့ပုိး ေဆာင္ရြက္ေပးလ်က္ရွိေၾကာင္း၊ ယခုကဲ့သုိ႔ျပည္ပတြင္ ပညာရပ္အားသင္ၾကားႏုိင္ရန္အတြက္ အခ်ိန္၊ ေငြႏွင့္ လုပ္အား မ်ားေပးဆပ္ထားရေၾကာင္း၊ တုိင္းျပည္ႏွင့္ တပ္မေတာ္အား အက်ိဳးျပဳႏုိင္ေစရန္အတြက္ ပညာမ်ား သင္ၾကားရာတြင္ ထုိက္ထုိက္တန္တန္ ႀကိဳးစားသင္ယူရမည္ျဖစ္ၿပီး သင္ၾကားထားသည့္ ပညာရပ္မ်ားအားလည္း လုပ္ငန္းခြင္တြင္ ထုိက္ထုိက္တန္တန္ အသုံးခ်ႏုိင္ရန္လုိေၾကာင္း၊ မိမိတို႔သည္ ျပည္ပတြင္လာေရာက္ ပညာ သင္ၾကားေနျခင္း ျဖစ္သျဖင့္ သက္ဆုိင္ရာႏုိင္ငံ၏ စည္းမ်ဥ္းစည္းကမ္းမ်ားကုိလုိက္နာရန္လုိေၾကာင္း၊ ထုိ႔အတူ ႐ုရွားႏုိင္ငံတြင္ရာသီဥတုျပင္းထန္သျဖင့္ မိမိတုိ႔၏က်န္းမာေရးကုိထိခုိက္ေစႏုိင္သည့္ ေနထုိင္မႈမ်ားမျပဳ လုပ္ရန္ႏွင့္ မိမိကုိယ္ကုိထိန္းသိမ္းၾကရန္လုိေၾကာင္း မွာၾကားသည္။ 

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ႐ုရွားႏုိင္ငံရွိတကၠသိုလ္ အသီးသီးတြင္သင္တန္းတက္ ေရာက္လ်က္ရွိသည့္ သင္တန္းသား အရာရွိမ်ားအတြက္ စားေသာက္ဖြယ္ရာမ်ားႏွင့္ခ်ီးျမႇင့္ေငြမ်ားေပးအပ္ရာ ေက်ာင္းအလုိက္ကုိယ္စားလွယ္ အရာရွိမ်ားကလက္ခံရယူၾကသည္။ ထုိ႔ေနာက္တပ္မေတာ္ ကာကြယ္ေရးဦးစီး ခ်ဳပ္က ေတြ႕ဆုံပြဲသုိ႔တက္ေရာက္လာၾကသည့္ သင္တန္းသားအရာရွိမ်ားအား ရင္းရင္းႏွီးႏွီး ႏႈတ္ဆက္ခဲ့ၾကသည္။ 

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရုရှားနိုင်ငံတွင် ဘွဲ့လွန်သင်တန်း၊ ပါရဂူသင်တန်းနှင့် Doctor of Science သင်တန်းများ တက်ရောက်နေသည့် သင်တန်းသားအရာရှိများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ ဧပြီ – ၂၄

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံတွင် ဘွဲ့လွန် သင်တန်း၊ ပါရဂူသင်တန်းနှင့် Doctor of Science သင်တန်းများ တက်ရောက်နေသော တပ်မတော်အရာရှိများအား ဧပြီ ၂၃ ရက်နေ့လယ်ပိုင်းတွင် မော်စကိုမြို့ရှိ Radisson Collection ဟိုတယ်ခန်းမ၌တွေ့ဆုံအမှာစကားပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် နှင့်တပ်မတော် အရာရှိကြီးများ၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ)ဗိုလ်မှူးချုပ် ကျော်စိုးမိုး၊ ရုရှားနိုင်ငံတွင်ဘွဲ့လွန်သင်တန်း၊ ပါရဂူ သင်တန်းနှင့် Doctor of Science သင်တန်းများ တက်ရောက်နေသည့် သင်တန်းသား အရာရှိများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယခုကဲ့သို့ရုရှားနိုင်ငံသို့ ပညာတော်သင် သင်တန်း သားအရာရှိများအား မိမိတို့နိုင်ငံအတွက်လိုအပ်သည့် သိပ္ပံပညာရပ်နှင့် သက်ဆိုင်သောအတတ်ပညာများ သင်ယူရန်စေလွှတ်သင်ကြား စေခြင်းဖြစ်ကြောင်း၊ မိမိတို့သင်ကြားခဲ့သည့် အတတ်ပညာများအား မိမိတို့နိုင်ငံသို့ ပြန်လည်ရောက်ရှိပါက နိုင်ငံတော်နှင့်တပ်မတော်အတွက် အကျိုးရှိစွာအသုံးချနိုင်ရန်လိုကြောင်း၊ စစ်သားဆို သည်မှာကျရာတာဝန်ကို ထမ်းဆောင်ရမည်ဖြစ်ပြီး အကြောင်း အမျိုးမျိုးကြောင့်ကွာခြားချက်များရှိမည်ဖြစ် ကြောင်း၊ လာရောက်ပညာသင်ကြားနေစဉ် ကာလအတွင်း သင်ကြားရသည့်ဘာသာရပ်များကို နားလည် တတ်ကျွမ်းအောင်သင်ယူပြီး အသိပညာ၊ အတတ်ပညာများနှင့် ပေါင်းစပ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တပ်မတော်မှလာရောက်ပညာသင်ကြားနေသူများတွင် Doctor of Science ဘွဲ့ရရှိသည့် ထူးချွန်သည့်သင် တန်းသားများ များစွာရှိကြောင်း၊ ကြိုးစားအားထုတ်မှု၊ စည်းကမ်း လိုက်နာမှုနှင့် အမိန့်နာခံမှုများအပေါ်မူတည် ပြီး တစ်ဦးနှင့်တစ်ဦးကွာခြားမှုများရှိကြောင်း၊ တပ်မတော်အရာရှိများအနေဖြင့် ပညာသင်ကြားခြင်းသာမက အသိပညာနှင့် အတွေးအခေါ်ပညာရပ်များကိုလည်း အမြဲမပြတ်လေ့လာနေရမည်ဖြစ်ကာ ရှိပြီးသား အခြေခံ ပညာရပ်များအား အတွေးအခေါ်နှင့်ပေါင်းစပ်ပြီး ပိုမိုတိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပညာရပ်ပိုင်းဆိုင်ရာများ တိုးတက်ကောင်းမွန်စေရန်အတွက် တပ်မတော်အနေဖြင့် အတတ်နိုင်ဆုံးပံ့ပိုး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုကဲ့သို့ပြည်ပတွင် ပညာရပ်အားသင်ကြားနိုင်ရန်အတွက် အချိန်၊ ငွေနှင့် လုပ်အား များပေးဆပ်ထားရကြောင်း၊ တိုင်းပြည်နှင့် တပ်မတော်အား အကျိုးပြုနိုင်စေရန်အတွက် ပညာများ သင်ကြားရာတွင် ထိုက်ထိုက်တန်တန် ကြိုးစားသင်ယူရမည်ဖြစ်ပြီး သင်ကြားထားသည့် ပညာရပ်များအားလည်း လုပ်ငန်းခွင်တွင် ထိုက်ထိုက်တန်တန် အသုံးချနိုင်ရန်လိုကြောင်း၊ မိမိတို့သည် ပြည်ပတွင်လာရောက် ပညာ သင်ကြားနေခြင်း ဖြစ်သဖြင့် သက်ဆိုင်ရာနိုင်ငံ၏ စည်းမျဉ်းစည်းကမ်းများကိုလိုက်နာရန်လိုကြောင်း၊ ထို့အတူ ရုရှားနိုင်ငံတွင်ရာသီဥတုပြင်းထန်သဖြင့် မိမိတို့၏ကျန်းမာရေးကိုထိခိုက်စေနိုင်သည့် နေထိုင်မှုများမပြု လုပ်ရန်နှင့် မိမိကိုယ်ကိုထိန်းသိမ်းကြရန်လိုကြောင်း မှာကြားသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရုရှားနိုင်ငံရှိတက္ကသိုလ် အသီးသီးတွင်သင်တန်းတက် ရောက်လျက်ရှိသည့် သင်တန်းသား အရာရှိများအတွက် စားသောက်ဖွယ်ရာများနှင့်ချီးမြှင့်ငွေများပေးအပ်ရာ ကျောင်းအလိုက်ကိုယ်စားလှယ် အရာရှိများကလက်ခံရယူကြသည်။ ထို့နောက်တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်က တွေ့ဆုံပွဲသို့တက်ရောက်လာကြသည့် သင်တန်းသားအရာရှိများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။